ရေးစရာတွေ ပေါပါလျက် မအားတော့ (အလုပ်ကြီးအကိုင်ကြီး - ဇူးမား ဆော့တယ်) မရေးဖြစ်တာ အတော်ကြာပြီ။ ဘလော့ဂါလုပ်စားရတာ လွယ်တယ်မထင်နဲ.။ လူတွေက ကိုယ့်ဆို အလကားနေရင်း ကုန်ကြမ်းရှာတယ်မှတ်တာကိုး (အမှန်ကတော့ ဟုတ်တယ်)။ ဒါပေသိ ဘယ်ဟာတွေကို ရေးသင့်တယ် မရေးသင့်ဘူးဆိုတာကိုတော့ သတိထားရတာပေါ့။ ခုဟာက ကိုယ့်ရှေ. အီးလေးပေါက်မိရင်တောင် ဟဲ့ ငါအီးပေါက်တာကို ဘလော့ထဲထည့်မရေးရဘူးနော် ဆိုပြီး ငိုကြီးချက်မဖြစ်ကုန်ကြရော။ အဟီး။ သိပါတယ်။ ရေးပါဘူး။ တကယ်တည်းမှပဲ။ ဒါပေမဲ့ ကိုယ့်ဘလော့ကို နည်းနည်းပါးပါး ဂရုစိုက်ပြီးလာဖတ်တာကို သိရတော့ ဝမ်းသာပါတယ်။
ဒီနေ.သင်္ကြန်သွားတယ်။ ရေးသေးဘူး အဲဒီအကြောင်းကို ဓါတ်ပုံစုလိုက်အုံးမယ်။ ပြီးမှ ရေးမယ်။ စိတ်ချ။ အသကုန်ရေးမှာ မညှာဘူး။ ညှင်းညှင်းညှင်း။
ခုတော့ အစားအသောက်အကြောင်းနည်းနည်းပြန်ကောက်အုံးမယ်။ တမြန်မနေ.ညနေက မခင်ငြိမ်းချမ်းက ဖုန်းခေါ်တယ်။ မိန်းကလေးတွေစုပြီးအပြင်ထွက်တစ်ခုခုစားမယ်တဲ့။ အဲ့ အမနဲ. တစ်ကြိမ်ပဲ ဆုံဖူးပါတယ်။ အရမ်းယဉ်ကျေးတယ်။ စကားပြောရင် ကြီးကြီးငယ်ငယ် ပါ ထည့်ထည့်ပြီးပြောတယ်။ ခင်စရာကောင်းပါတယ်။ ဘယ်နှစ်ခေါက်ပဲဆုံဖူးဖူး တစ်ခုခုစားမယ် ဆိုတာ ပါမှတော့ ထုံးစံအတိုင်း လာထားပေါ့။ လာခဲ့မယ် အမလို.။ ပြီးတော့ အလုပ်စောစောဆင်းပြီး Bugis ကိုရောက်သွားပါလေရော။ ထုံးစံအတိုင်း ကလေးတစ်အုပ်နဲ.ပေါ့။ ရောက်တော့ ဆိုင်တစ်ဆိုင်ကို ခေါ်သွားတယ်။ ဗမာဆိုင်တဲ့။ တရုတ်မတွေရောင်းတာပါ။ ငါးစားလို.ကောင်းတယ်တဲ့။ Bugis Village ထောင့်က KFC ဆိုင်နားမှာ ဆိုတာပဲမှတ်မိတယ်။ ကျောက်ဖြူသူက ဦးဆောင်ပြီးခေါ်သွားတယ်။ ငါးအင်မတန်စားကောင်းတဲ့ အကြောင်း သူဆို အတင်းလာချင်လွန်းလို. ခဏခဏ လာကြောင်းစသည်ဖြင့် ရွှန်းရွှန်းဝေ အင်ထရိုဝင်ပါတယ်။ ဆားဗစ်မကောင်းတဲ့အကြောင်းလည်းကြိုပြောထားတယ်။ ဆားဗစ်ကတော့ အောချလောက်ပါပေတယ်။ စောင့်ရတာကြာ။ ရေတောင်းတာတောင်ချမပေး။ မျက်နှာထားကတင်း စသည်ဖြင့်ပေါ့။ သို.သော်လည်း စားကောင်းရင် ပြီးတာပဲ ဆိုပြီး အောင့်အီးသည်းခံပြီး စောင့်ရတော့တာပေါ့။ စောင့်ရတာက ၄၅ မိနစ်လောက်တောင် ရှိတယ်နဲ.တူတယ်။
ငါးက သုံးကောင်၊ ဟင်းနှစ်ပွဲ၊ ဝက်နားရွက်သုပ်က တစ်ပွဲ မှာပါတယ်။ လူက ၆ယောက်။ ဒါတောင်မှ ငါး၎ ကောင်မှာမလို. နောက်မှ မကုန်မှာစိုးလို. အတင်းထိန်းထားရတယ်။ အားလုံးက စားမယ် ဆိုတာကြီးပဲ။ ဗိုက်ဆာလွန်းအားကြီးလို. တော်တော် အိနြေ္ဒ မဆောင်နိုင်တွေ ဖြစ်ကုန်ကြတယ်။ တော်တော်ကြာလို. နှုတ်ခမ်း တွေ တစ်တောင်လောက်စူထွက်ပြတဲ့ အခါ ဟင်းတစ်ပွဲ လာချပါတယ်။ စားမယ်ဟဲ့ သောက်မယ်ဟဲ့ လုပ်နေကြတာကို တားပြီးဓါတ်ပုံ အရင်ဖမ်းရိုက်ရတယ်။ စမယ်။
Sour Plum Fish Soup.
ကြောက်စရာကြီးလို.မထင်နဲ.။ ကိုယ်က အဲဒီငါးခေါင်းကို စားခဲ့တာ။ ဟင်း ဟင်း ဟင်း ။ မြန်မာလိုပြန်တော့ ဆားငံစေ့ ငါးပေါင်းပေါ့။ တော်တော် အရသာရှိတယ်။ အဲဒီငါးနဲ.တွဲစားဖို. ဟင်းရည်ခွက်ကြီးပေးသေးတယ်။ ငါးပေါ်မှာ ဆမ်းပြီး ပူပူလေးခပ်သောက်ပေါ့။ အဲ ကျန်တဲ့ ဟင်းတွေမလာသေးဘူး။ ငါးကအရိုးထွက်နေပြီ။
ဒီငါးကတော့ မစားရညှော်ခံငါး ။ ဝိုင်းမှားပြီးတော့ လာချပေးတာ။ ဓါတ်ပုံတွေဝိုင်း ရိုက်နေတုန်း လာပြန်ဆွဲသွားတော့ လက်တောင်ရှက်သွားတယ်။း(
နောက်ဟင်းပွဲကတော့ ကိုက်လန်ခရုဆီပုံစံမျိုး။ ဆိုးပါဝူး။ အကောင်းကြီးတော့ မဟုတ်ဘူး။
နောက်တစ်ပွဲကတော့ ငါးသံပုရာပေါင်းလို. ခေါ်မှာပေါ့။ ဆိုင်မှာ မြန်မာတရုတ်ဆိုင် ဆိုတော့ တရုတ်အစားအသောက်ဖြစ်ပေမဲ့ မြန်မာအကြိုက် ချဉ်စပ်လေးတွေ လုပ်ထားတာ။ စလုံးတော်တော်များများလာစားကြတာတွေ.တယ်။ ဈေးလည်းနည်းနည်းကြီးတယ်။ ဒါပေမယ့် စားပျော်ပါတယ်။
ဒါကတော့ ကန်စွန်းရွက် ကို Sambal Sauce နဲ.ကြော်တာ။ စားလို.ကောင်းတယ်။
နောက်ငါးကတော့ ဘာခေါ်မှန်းတော့မသိဘူး။ မဆလာတွေနဲ.ချက်တာထင်တယ်။ ငါးရောက်လာတော့ စားလို.တောင် ပြီးနေပြီ။ မကုန်နိုင်တော့ဘူး။ သိပ်တောင်မမြည်းခဲ့ရဘူး။
ဝက်နားရွက်သုပ်ကတော့ စိတ်နာလို.ဓါတ်ပုံတောင်မရိုက်ခဲ့ဘူး။ ကိုယ် မှာပြီးတော့ စားလို.မကောင်းလို.။ ဖွယ်ဖွယ်ကြီး မြန်မာတရုတ်ဖြစ်ပြီး မြန်မာကြိုက်လေးတောင် မသုပ်တတ်ဘူး။ လွန်လွန်းတယ်။
အဲ မကုန်ဘူး မကုန်ဘူး နဲ. စားလိုက်ကြတာ အရိုးတွေချည်းထွက်သွားတယ်။ ဟီးဟီး။ သိပ် ကျွေးချင်စရာ ကောင်းတာပဲ။ ဝက်ကလေးတွေလို ခြံခတ်ပြီး ကျွေးထားဖို.ကောင်းတယ်။
စားသောက်လည်းပြီးမှ သိတာက မခင်ငြိမ်းချမ်းမွေးနေ.မို.ကျွေးတာပါတဲ့။ ကြိုလည်းပြောမထားဘူး။ စိတ်ထဲကတော့ ကျိတ် ဝမ်းသာနေတာပေါ့ (ဟယ် ငါပိုက်ဆံမကုန်တော့ဘူး) ဆိုပြီးတော့။ ဘာလက်ဆောင်မှလည်း မပေးလိုက်ရဘူး။ အားနာစရာ အရမ်းကောင်းတယ်။ အမရေ ကျေးဇူးပါပဲ။ ဒီဘလော့ပို.စ်ပဲ လက်ဆောင်အဖြစ်ပေးလိုက်မယ်။ နောက်တစ်ပွဲစားဖို. စောင့်မယ်အမ။ ပွဲကြီးနော် ပွဲကြီး။း)
ကျောက်ဖြူသူနဲ.မွေးနေ.ရှင်
အားလုံးသူတို.နှစ်ယောက်စားထားတာ။ ရှေ.က ပန်းကန်များသက်သေရှိကြောင်း။
သွယ်ဇင်
စားသောက် ဟီးဟီးဟားဟားနဲ. လမ်းရောက်မှ မေးဖို. သတိရတာက ဆိုင်နာမည်။ ဘာတုန်းဆိုတော့ သိဘူးတဲ့။ အေးရော။ Bugis Village ထောင့်လေးမှာ ရှိပါတယ်။ စားချင်ရင် လိုက်ပို.ပေးမယ်။ ဆိုင်နာမည် မသိတာ ဆောရီး။ ဟီး။
ကျောက်ဖြူသူရေ လုပ်ပါအုံး အုပ်စုပုံလေး။ အချောအလှ တွေနဲ. ပို.စ်ကို အဆုံးသတ်ချင်လို.။း)
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ