ဆံပင်ညှပ်လိုက်တယ်။ စာမေးပွဲနီးလာပြီဆိုတော့ ခေါင်းပူပြီး စိတ်တွေရှုပ်နေလို.။ နှမြောတော့ နှမြောသား အနှစ်နှစ်အလလ မွေးလာရတာ ဒီပြောင်းဖူးမွှေးဆံပင်လေးကို။း(
Vivo City မှာ နေ.လည်စာသွားစားတုံးက တွေ.ခဲ့တာ။ Jay Park ပုံလေး။ သဘောကျသကွယ်။ အဟီး။
မွေးသဖခင် ကျေးဇူးရှင်ဆီက သမီးနှစ်ယောက်အတွက်လက်ဆောင်။ အဖေကို ချစ်ကြတာလဲမပြောနဲ.။း) အဲ ကြွားတယ်ထင်ရင် မျက်စိမှိတ်ပြီးကျော်ကြည့်ကြပါ။ ကြွားရအောင် Ipad က ခေတ်တောင်နောက်ကျနေပြီ။ Ipad ၂ ပဲထွက်တော့မယ့်ဟာကို။
Zenko Shoes. Clementi Mall ဝယ်တာ။ အရောင်လေးစိုနေတာပဲ။ ၂၀ ပဲပေးရတယ်။ လုံးဝ ခြေထောက်မနာစေရဘူး။ အသစ်ဖွင့်တဲ့ ကလီမန်တီ မောလ် ရောက်ပြီးပြီလား။ လာခဲ့လေ လိုက်ပို.မယ်။ အဟီး။ အိမ်ရှေ.တင်မို.လို.။ ဆိုင်တွေတော့ တစ်အားအစုံကြီးမဟုတ်ဘူး။ ဒါပေမဲ့ မဆိုးပါဘူး။ ဈေးဝယ်လို.ကောင်းတယ်။း)
အကြိုက်ဆုံးရေခဲမုန်.။ နေ.တိုင်းဝယ်မစားနိုင်ဘူး။ ဈေးကြီးတယ်။ အရမ်းစားလို.ကောင်းတယ်။ သူဈေးကြီးတာက Eva Longoria ကြော်ငြာခပေးရလို.ဈေးကြီးတာဖြစ်မယ်။ ကြယ်နီရေခဲချောင်းကို ပိုကြိုက်တယ်။း)
Pepper Lunch မှာ Double Beel Rice သွားစားတယ်။ နောက်မစားတော့ဘူး။ မကောင်းဘူး။ ဆားမပါဘာမပါနဲ.။ နောက်ဆိုသွားတဲ့နေရာ ဆားဘူးလေးဆောင်သွားရရင်ကောင်းမလား စဉ်းစားနေတယ်။ ပေါ့လွန်းလို.။း(
ခုနလေးတင် Chewy Junior တွေ.လို. ဝယ်လာခဲ့တယ်။ အပေါ်ဆုံးက Mango Cheese Flake နဲ. Oreo, အောက်က Blueberry နဲ. Blueberry Cheese. Durian လေးစားချင်တာ ကုန်သွားပြီ။ နောက်ဆို ဒီလို စိတ်ဝင်စားလို.ကောင်း စားလို.လဲကောင်းတဲ့ Street Food ဆိုင် ရီဗျူးလေးတွေ ရေးရမယ်။ Chewy Junior ရှိမယ်။ Tori Q ရှိမယ်။ တခြား Bubble Tea ဆိုင်လေးတွေရှိမယ်။ ဈေးလည်းသိပ်မကြီးဘူး။
ရေးစရာမရှိလို. ရှိတဲ့ တိုလီမုတ်စ လေးတွေကို ကောက်ပြီးတင်လိုက်တာ။ နောက်ရေးမဲ့တော့ပစ်က
Top 8 Things I wear most . ဘာရယ်လို.တော့ မဟုတ်ဘူး။ Youtube မှာ လုပ်နေကြလို. ပျော်စရာကြီး ဆိုပြီး လုပ်ကြည့်မလို.။ တို.များငယ်ငယ်တုန်းက အပိုင်း (၅) လည်းဆက်ရအုံးမယ်။ ဘီးစီး သကွယ်။
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ
0 comments:
Post a Comment