လမ်းဘေးစာ လို.ပြောလို. အထင်သေးပြီးပြောတယ် မထင်ပါနဲ.။ တမြတ်တနိုးကို စားခဲ့တာပါ။ ဒီလို လမ်းဘေးစာတွေလောက် စားလို.ကောင်းတာ၊ အမယ်စုံတာ မရှိဘူး။ မုန်.ဈေးတန်းတွေ.လို.ကတော့ ပျော်မှပျော်ပဲ။ တချို.က ပြောတယ်။ လမ်းဘေးက ဟာတွေမစားနဲ.တဲ့။ ရောဂါဖြစ်တယ်တဲ့။ ကိုယ့်အထင်ကတော့ ပူပူနွေးနွေး ခုကမီးဖိုပေါ်ကချတာဆိုရင် အကုန်ကောင်းတာပဲ။ ပိုးသေပြီးသား။ ရွေးစားပေါ့။ ဆိုင်ခန်းကြီးဘယ်လောက်ပဲ သားနားသားနား အရသာမကောင်းလို.ကတော့ ဘယ်သူမှ စားမှာမဟုတ်ဘူး။ လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ မြို.တစ်မြို.ရဲ့ Culture ကိုသိချင်ရင် လမ်းမှာ ဘာမုန်.တွေရောင်းလဲ ကြည့်ရတယ်လို. Andrew Zimmons ထင်ပ သူ.ရဲ. အစားအသောက် Chanel တစ်ခုမှာပြောသွားတယ်။ ဆိုင်ကြီး ကနားကြီးသွားပြီ ဟော့ပေါ့တွေစားတာထက် ရေမုန်.၊ မုန်.ပေါင်း၊ မုန်.ဖက်ထုပ်တွေကို လမ်းဘေးက ဆိုင်တွေ အော်ရောင်းသည်တွေဆီမှာ ဝယ်စားလိုက်ချင်တယ်။ ဘုရားပွဲမုန်.ဈေးတန်းတစ်ခုမှာ ရောင်းနေတဲ့ မုန်.မျိုးစုံထဲက ဟိုဟာနည်းနည်း ဝယ်စားလိုက် ဒီဟာနည်းနည်းဝယ်စားလိုက် လုပ်ရတဲ့ အရသာက ဘယ်ဟိုတယ်တက်စားတာနဲ.မှ မလဲနိုင်ဘူး။
ဒီတစ်ခေါက်ရန်ကုန်ပြန်တုန်းက မှတ်မှတ်ရရ စားခဲ့ သောက်ခဲ့တာလေးတွေကို ပြန်တင်ပေးလိုက်ပါတယ်။
ရန်ကုန်လမ်းဘေးစာ
Posted by khine wai zan 0 comments
KISEKI Japanese Buffet Restaurant Review
သူငယ်ချင်းတစ်ယောက် ကောင်းမှုနဲ. KISEKI ကိုရောက်သွားပါတယ်။ Orchard Road က The Heeren Center အောက်ထပ်မှာ ရှိတဲ့ outlet ပါ။ သွားတာ က တနင်္လာနေ.။ လူနည်းတယ်။ အေးအေး ဆေးဆေးတိတ်ဆိတ်ပြီးတော့ စကားပြောလို. ကောင်းတဲ့နေရာပါ။ ဆာကူရာတို.လို ရှုပ်ရှပ်ခပ်ပြီး ပုဇွန်လေးတစ်ကောင်ရဖို. လုမနေရဘူး။ ဆိုင်ရဲ. အပြင်အဆင် သားနားတယ်။ အရမ်း COZY ဖြစ်တယ်။ စဝင်တာနဲ. ပိုက်ဆံရှင်းရတယ်။ ဆိုင်ရဲ. AMBIENCE က ၁၀ ပေးရင် ၉ ရနိုင်တယ်။
စဝင်ဝင်ချင်းသတိထားမိတာကတော့ ဆာရှီမီ ကောင်တာပါ။ နဂိုတည်းက ဆူရှီ ဆာရှီမီ ကြိုက်တဲ့သူဆိုတော့ ဘယ်မှမသွားခင် ဆူရှီကောင်တာ သွားပြေးကြည့်ပါတယ်။ ငါးတွေလတ်တယ်။ ဆဲလ်မွန်၊ တူနာ လောက်ပဲ မှတ်မိတယ်။ Threadfin တွေ.သလို.ပဲ။ ပြည်ကြီးငါး။ ဒါလောက်ပဲမှတ်မိပြီး ကျန်တာတွေကတော့ ဘာငါးလဲ သိပ်မသေချာတော့ဘူး။ ကြည့်ရုံပဲ ကြည့်ပြီး ဘာမှ မယူသေးပဲနဲ. တစ်ဆိုင်လုံး လျှောက်ကြည့်သေးတယ်။ အဲဒါ က အကျင့်။ မစားသေးခင် အားလုံး စုံပလုံစိ နေအောင်ကြည့်သေးတာ။ ပြီးမှ ဘာပြီးရင် ဘာစားမယ် ဆိုတာကို စိတ်ကူးနဲ. အစီအစဉ်ဆွဲတယ်။ စားကောင်းတာတွေအားလုံးပါအောင်ပေါ့။ ဘူဖေးဆိုင်ရောက်ရင် ထမင်းကြော်တို. ကြက်သားကြော်တို. ပေါပေါပဲပဲနေရာတိုင်းမှာ ရတာတွေ မစားဖြစ်တော့ဘူး။ မစားဖူးတာ ဆန်းတာလေးတွေ လိုက်စားကြည့်တာပေါ့။
ဆိုင်က တော်တော်ကြီးပြီးတော့ သားနားတယ်။ ဝင်သွားတာနဲ. ကောင်တာလေးတွေ ကိုယ်စီတွေ.တယ်။ အကင်ကောင်တာ၊ ဆူရှီ နဲ. ဆာရှီမီကောင်တာ၊ Salad ကောင်တာ။ ပြီးတော့အရွက် ပုဇွန်တွေကို ကျော်ပေးတဲ့ တာပန်ယာကီလိုပုံစံမျိုး ကောင်တာ၊ Pasta ကောင်တာရယ်။ ဆာတေးကောင်တာ။ ထမင်းဟင်းစားချင်သူတွေအတွက်ကောင်တာတစ်ခု။ ပြီးတော့ စွပ်ပြုတ် နဲ. ဟော့ပေါ့ကောင်တာ။ နောက် ဒင်းဆမ်း ကောင်တာ။ အအေးနဲ. အိုက်စကရင်း အချိုပွဲကောင်တာတွေ တွေ.ခဲ့တယ်။ အဟီး ဒါမျိုးကျ စုံစိနေအောင် မှတ်မိတယ်တွေ.လား။ ထုံးစံအတိုင်း စကားသိပ်မများပဲ ဓါတ်ပုံလေးတွေ ပေးကြည့်ပါမယ်။
ဒါကတော့ ဆိုင်တွင်း အပြင်အဆင် လက်လှမ်းမီသမျှ ရိုက်ခဲ့တာ။
နောက်စားဖြစ်ခဲ့တာက တယ်ရီယာကီ ဆော့စ်နဲ. ကင်ထားတဲ့ ပုဇွန်ကင်နဲ. အမဲသား၊ ဝက်သားလွှာတွေဖြစ်ပါတယ်။ ဆော့စ်က အရသာရှိတယ်။ အကင်တွေကို median rare လောက်ပဲလုပ်ပေးပါတယ်။ အရမ်းကျက်အောင် ကင်ချင်ရင် ကင်တဲ့သူကို ပြောခဲ့ရပါတယ်။
Posted by khine wai zan 1 comments
စားမယ်သောက်မယ် (ရန်ကုန်)
ကဲ အခုမှပဲ ရေးချင်လို. လက်ယားနေတဲ့ စိတ် ကလေး ပြေတော့ထင်တယ်။ နိုင်ငံခြားမှာနေတဲ့သူတွေ ဗမာပြည်ကို ပြန်ချင်တဲ့ အကြောင်းအရင်းနှစ်ခုရှိပါတယ်။ တစ်ခုမှ မိသားစုကို သတိရလို.။ နောက်တစ်ခုက အစားအသောက် ကောင်း စားချင်လို.။ ကျန်တဲ့ သူငယ်ချင်းတို. ဘာတို.ဆိုတာက နောက်မှလာတာ။ ကိုယ့်အတွက်ကတော့ ၁ နဲ. ၂ ရယ်လို.တောင်ပြောလို.မရဘူး။ နှစ်ခုလုံးတန်းတူပဲ။ အဟီး။ အမေကြားရင်တော့ သတ်ချင်အုံးမယ်။
လွန်ခဲ့တဲ့ ၂၀၀၆ တုန်းက ဗမာပြည်ကို နောက်ဆုံးပြန်ခဲ့ပါတယ်။ စစ်တွေကိုလည်းရောက်ခဲ့တယ်။ မန္တလေးကိုလည်း ရောက်ခဲ့တယ်။ ခုလို ဓါတ်ပုံတွေ လည်း စမရိုက်သေး၊ ဘလော့တွေလည်း စမရေးသေးတော့ ရောက်ခဲ့တာပဲ ရှိတယ်။ အမှတ်တရ ကြည့်စရာ ဓါတ်ပုံတောင် မရှိပါဘူး။ အရမ်းနောင်တရတယ်။ ရခိုင်ကို နောက်တစ်ခေါက်ရောက်ဖြစ်ဖို.ဆိုတာလွယ်တာမဟုတ်ဘူး။ အဖိုးဆုံးတုန်းက တောင်မရောက်နိုင်ခဲ့ပါဘူး။ ဓါတ်ပုံလေးတစ်ပုံတောင်တွဲမရိုက်ခဲ့ရဘူး။ ဒီနှစ်တော့ အဲဒီလို မဖြစ်စေရဘူး ဆိုပြီးတော့ စလေယဉ်ဆင်းတည်းက ရိုက်လိုက်တဲ့ ဓါတ်ပုံ၊ ကင်မရာနဲ.တစ်မျိုး ဖုန်းနဲ.တစ်မျိုး လူတွေလည်းအေးအေးမနေရဘူး။ ဒါပေမဲ့ ခုအလွမ်းပြေပြန်ကြည့်တိုင်း ကိုယ်တစ်ခေါက်အိမ်ပြန်ရောက်သွားသလို ခံစားရလို. ဝမ်းသာရတယ်။ မရိုက်မဖြစ်ရိုက်ခဲ့တာတွေကတော့ အစားအသောက်တွေပါပဲ။း) ရေးချင်တာ ကြာပေမဲ့ ခရီးစဉ်အကြောင်းတွေအရင်ရေးဖို. ဆုံးဖြတ်လိုက်တယ်။ ခုမှပဲစရတော့မယ်။ ကဲလာပြီ။
ပရစ်ကြော်။ အထင်မသေးနဲ.နော် ဒါတစ်ကောင် ၅၀ တောင်ပေးရတာ။ နှစ်ထောင်ဖိုးစားခဲ့တယ်။ ကိုယ်တွေက ဒီမှာ ပိုက်ဆံ တစ်ကျပ် ငါးမူး သုံးပြီးနေလာတာ။ ဟိုရောက်တော့ အသေးဆုံးက ၅၀ ဆိုတော့ စားရမှာလန်.တောင်လန်.နေတယ်။ ပရစ်ကြော်က သိပ်တော့ မကောင်းဘူး။ ရခိုင်ဘက်မှာဆိုရင် အတောင်တွေ ခြေထောက်တွေဖြုတ်ပြီးမှ ကျော်ရောင်းတာ ဒီမှာက အဲဒီအတိုင်းကြီး။ စားတော့လည်း ဝင်သွားတာပါပဲ။
နောက်နေ.မနက်ကျတော့ ပြည်ကြီးငါးသုပ် ရခိုင်အခေါ် ရီကြက်သုပ် ။း) ကောင်းမကောင်းကို ပုံသာကြည့်တော့။ ရခိုင်တွေကတော့ ပုံလေးမြင်တာနဲ. ချဉ်ချဉ်စပ်စပ် အရသာလေး ခံစားရမယ်ထင်တယ်။ ရေးရင်းနဲ.တောင် တံတွေးတွေ ခဏခဏမျိုချရတယ်။ အင်း ဒုက္ခ ဒုက္ခ။
အိမ်က ကျောက်မြောင်းမှာ ဆိုတော့ ရခိုင်ပေါတယ်။ အောက်ဆင်းရင် ရခိုင်စကားပဲ ကြားရတာ။ အနီးအနား ဈေးရောင်းတဲ့ လူတွေ ဘာညာဆိုရင် ရခိုင်စကား အကုန်နားလည်တယ်။ ရခိုင်စာလည်း အတော်ပေါတယ်။ အိမ်လည်သွားရမဲ့အိမ်တွေက လည်း အပေါသား။ အဲဒါနဲ. အိမ်လည်ပြန်လာရင်း ရခိုင်မုန်.တီတစ်ဆိုင်တွေ.ပါလေရော။ ဒါနဲ. ဝင်အုပ်ပစ်လိုက်တယ်။ အသုပ်ကတစ်ပွဲ အရည်ကတစ်ပွဲ နှစ်ပွဲစလုံး ဝက်ဆီဖတ်နဲ.း)
အဟဲ မနာလိုမဖြစ်နဲ.နော်။ လက်ရာကပုံမှန်ပါပဲ။ ဒါပေမဲ့ မစားရတာ ကြာပြီဆိုတော့ အင်မတန်မှကို ကောင်းတယ်လို. ခံစားရတယ်။း)
ဒါနဲ.ပဲ ဗိုက်ကလေးပွတ်ပြီးပြန်လာတော့ အိမ်မရောက်ခင်လေးမှာ ဝက်သားတုတ်ထိုးဆိုင်နဲ.တည့်တည့် တိုးပါရောလား။ ဟမ်မလေး ကိုယ့်ဗိုက်ကိုယ်ပြန်ငုံ.ကြည့်ပြီး စဉ်းစားခန်းဝင်လိုက်ပါသေးတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း စားချင်တဲ့ စိတ်က နိုင်တာပါပဲ။ အဲဒါနဲ.ပဲ နောက်တစ်ခေါက် ဝင်စားတာပေါ့။
တစ်ချောင်းငါးဆယ်နဲ. ပုံမှန် ဝက်သားတုတ်ထိုးပါ။ တအားအကောင်းကြီးလည်း မဟုတ်ပေမဲ့ စားချင်တာ စားလိုက်ရတော့ စိတ်ချမ်းသာသား။ ဗိုက်ကတော့ ကွဲတောင်ထွက်မယ်။ အမေက ကိုယ့်သမီးအကြောင်းကိုယ်သိ အစာကြေဆေးတွေ ဝမ်းပိတ်ဆေးတွေ တစ်ထုပ်ကြီးဝယ်ထားတာ တွေ.ခဲ့လေရဲ့။
နောက်နေ.မှာ အမေက ခင်ပြုံးရီမုန်.တီဆိုင်နဲ. အသုပ်ဆိုင် ကို ခေါ်သွားပါတယ်။ နာမည်ကြီးမင်းလမ်းဆိုင်ရဲ. ညီမဆိုပဲ။ မင်းလမ်းမှာတော့ မစားဖူးပေမဲ့ တီဗွီမှာ ပါသွားတာကိုတော့ ကြည့်လိုက်ရတယ်။ အဲဒီဆိုင်လည်း ကျောက်မြောင်းမှာပဲဆိုတော့ ကား ၅ မိနစ်တောင် မစီးရဘူး ရောက်သွားတယ်။ ဆိုင်ရှေ.မှာ ရေခဲစိမ်ထားတဲ့ ကျောက်ပုဇွန်တွေ ရေကင်း(ရခိုင်အခေါ်၊ ဗမာအခေါ်သိဘူး) တွေ ခရုတွေ အများကြီးတွေ.တယ်။ အလုပ်လုပ်တဲ့ ခလေးမလေးတွေက ၄ တန်း ၅ တန်း အရွယ်လေးတွေပါ။ သနပ်ခါးလေးတွေ အဖွေးသားနဲ. ယူနီဖောင်းလေးတွေ ဝတ်ပေးထားတယ်။ ကျောင်းမတက်ကြရဘူးလားလို. အတွေးပေါက်မိတယ်။ ၅ ယောက်လောက်ရှိပါတယ်။ ငွေရှုင်းတဲ့ကောင်တာမှာ ထိုင်တဲ့ အပျိုပေါက် ၂ ယောက်ကတော့ အတော်ကြီးမျက်နှာထား တင်းတဲ့အတွက် ဆိုင်ရှင် အမျိုးလား သားသမီးလားပဲ။ ဆိုင်ကတော့ အခမ်းနားကြီးလည်း မဟုတ်ပါဘူး။ ဆိုင်ခမ်းနားဖို.လဲ မလိုဘူး။ ရှင်းရှင်းပြောရရင် သန်.ရှင်းလား မသန်.ရှင်းလားဆိုတာတောင် သိပ်ဂရုမစိုက်ဘူး။ စားလို.ကောင်းရင်ပြီးရော။ ရှင်းတယ်နော်။
ဘာရှိလဲ သွားစပ်စုတဲ့ အမေ။ မုန်.တီ ဟင်းရည်အိုးကြီးက လက်၃ဖက်စာလောက်ရှိတယ်။ နည်းတာကြီးမဟုတ်ဘူး။ ဓါတ်ပုံကတော့ ဝေဝေဝါးဝါးပဲ ထွက်လာတယ်။ မပူပါနဲ. အစားအသောက်တွေတော့ ရှယ်ရိုက်ခဲ့တာပေါ့။
ရခိုင်လို မြောင်ခရုပေါ့။ ဗမာတွေကတော့ ခရုပဲခေါ်မယ်ထင်တယ်။ သူတို.က သိပ်ခွဲသိတာ မဟုတ်ဘူး။ မောင်တော ဘူးသီးတောင်ဘက်က စားခဲ့ရတဲ့ ခရုတွေကို သတိရတယ်။ မျှစ်အနုလေးနည်း ကြက်သဟင်း ရွက်ကလေးနဲ. ဟင်းချိုချက်တာ ချိုမှချို။ ခုဟာကလည်း မဆိုးပါဘူး။ ခရု အကောင်ကြီးတယ် အသားရှိတယ်။
အာပူလျှာပူသုပ်ကတော့ ရှယ်ကောင်းတယ်။ ဟင်းရည်လည်း ရှယ်ကောင်းတယ်။ ဝက်ဆီဖတ်လည်း ရှယ်ကောင်းတယ်။
သင်္ဘောသီးသုပ်ကတော့ သိပ်မကြိုက်ပါဘူး။ အတင်းလှအောင်လှီးထားတော့ အဖတ်ကတွေက ရှည်ပြီး စားရတာ တန်းလန်းကြီးနဲ.။ ရခိုင်သုပ်တော့ စစ်သလားမမေးနဲ.။ အရသာ ကောင်းပါတယ်။ တန်ဆာအဆင်လွန်သွားလို. သိပ်မကြိုက်တာ။
ပုဇွန်သုပ်လည်း ကောင်းတယ်။ ဒါပေမဲ တစ်ပွဲ ၄၀၀၀ ဆိုတာကတော့နည်းနည်းဈေးကြီးတာပေါ့။ စလုံး ၇ ကျပ် ၈ ကျပ်လောက်သွားကျတယ်ထင်တယ်။ ကျန်တဲ့ဟာတွေကတော့ မဆိုးပါဘူး။ ဈေးချိုတယ်လို. ပြောလို.ရတယ်။
ဆိုင်မှာစားချင်တာများလွန်းအားကြီးလို. ကပေါက်တိ ကပေါက်ချာစားပြီး အစပ်အဟပ်လည်း မတည့်ပါဘူး။ ဒါတောင် စားကောင်းတယ်။း) စားချင်တာ မှာစားပြီး အချိုပွဲကတော့ ခေါပျဉ်မုန်.ပါ။
ဟီးဟီး နှိပ်စက်တယ်လို. မပြောရဘူးနော်။ အရမ်း အရမ်းကို အရသာရှိပါတယ်။ ကောက်ညင်းစီးစီး ထန်းညက်ရည် ချိုချို ပျောင်းပျောင်းနဲ. အုန်းသီးဖြူးထားတာ။ တီရာမီစုတို. မာဖင်း တို. အဆော့တစ်ကိတ်ဆိုတာတွေ ခြေဖျားတောင်လိုက်မမီဘူး။ မုန်.ဆောင်းလေးလဲ သောက်ခဲ့သေးတယ်။
စားခဲ့တဲ့ စားစရာတွေနဲ.ယှဉ်ရင် ဈေးချိုပါသေးတယ်။ မဆိုးဘူး။ နောက်တစ်ခေါက်သွားစားသေးတယ်။ ပုံတစ်ခါတည်း ပေါင်းတင်လိုက်မယ်။
ဒါကတော့ နာမည်ကြီးတံငါသည် ဟင်းလို.ပြောပါတယ်။ တုန်ယမ်းဟင်းရည်နဲ. ဟော့ပေါ့လို လုပ်ထားပေးထားတာတွေ.တယ်။ ပင်လယ်စာ အစုံပါတယ်။ ဒီကဟာတွေထက်စာရင် ကောင်းတာပေါ့။ ဂဏန်းအသားရှိတယ်။ ပင်စိမ်းနဲ.မွှေးမွှေးလေးနဲ. အရသာရှိတယ်။း) တစ်ပွဲ ၅၀၀၀ ပါ။ ပုဇွန်သုပ်တစ်ပွဲတည်းကို ၄၀၀၀ ပေးရတာနဲ. စာရင် ဒါက ပိုတန်တယ်လို.ပြောလို.ရတယ်။
နောက်တစ်ခုကတော့ ဂဏန်း အခွံပျော့ကို ကျော်တာ။ ကြွပ်ကြွပ်ကြော်တာမဟုတ်ဘူး။ ရခိုင်စတိုင် နနွင်း ပေါပေါနဲ. ငရုတ်သီးခြမ်းလေးနဲ. ချိုစပ်လေးကြော်တာ။ အလွန်ကောင်းဧ။် လို.ပြောရမယ်။
း) ကျန်တဲ့ဟင်းတွေရှိသေးပေမဲ့ မတင်တော့ပါဘူး။ အရမ်းများသွားမှာမို.လို.။ ဒါပေမယ့် တင်စရာရှိတာတော့ ကျန်သေးတယ် ။
မှတ်မိလား ဟင်။ စောလှိုင်မုန်.လို. ခေါ်တယ် ရခိုင်လို။ ဗမာရှိမရှိမပြောတတ်ဘူး။း) စစ်တွေသွားတုန်းကတောင် မစားလိုက်ရဘူး။ ခုစားခဲ့ရလို. ဝမ်းတွေသာနေတာ။ နောက် မစားမဖြစ်စားခဲ့တာကတော့ လှော်စာ (ဗမာလို ဆန်ချိုအေး ထင်ပ)။
မစားရတာကြာပြီဆိုတော့ ၁ပွဲနဲ. မဝလို. ၂ ပွဲဆင့်သောက်ခဲ့တယ်။း) ရေခဲလေးထည့်ပေးထားတာ ကောင်းပါတယ်။ ချိုချိုအေးအေးမွှေးမွှေးလေးပေါ့။ ဘယ်တော့မှ နောက်တစ်ခေါက်သောက်ရမယ် မသိဘူး။ ဒီကလူတွေကတော့ နှိပ်စက်ပါပေတယ်လို. ဆဲနေကြမလားပဲ။ နောက်ထပ်တင်မဲ့ အစားအသောက်တွေရှိသေးပေမဲ့ တစ်ခါတင်ရတာ မကောင်းလို. နှစ်ပိုင်းခွဲလိုက်အုံးမယ်။ ဒီလောက်ပဲ ကြည့်ပြီး သွားရည်ယိုကြအုံးပေါ့နော်။း)
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ
Posted by khine wai zan 0 comments

















































