သူငယ်ချင်းတစ်ယောက် ကောင်းမှုနဲ. KISEKI ကိုရောက်သွားပါတယ်။ Orchard Road က The Heeren Center အောက်ထပ်မှာ ရှိတဲ့ outlet ပါ။ သွားတာ က တနင်္လာနေ.။ လူနည်းတယ်။ အေးအေး ဆေးဆေးတိတ်ဆိတ်ပြီးတော့ စကားပြောလို. ကောင်းတဲ့နေရာပါ။ ဆာကူရာတို.လို ရှုပ်ရှပ်ခပ်ပြီး ပုဇွန်လေးတစ်ကောင်ရဖို. လုမနေရဘူး။ ဆိုင်ရဲ. အပြင်အဆင် သားနားတယ်။ အရမ်း COZY ဖြစ်တယ်။ စဝင်တာနဲ. ပိုက်ဆံရှင်းရတယ်။ ဆိုင်ရဲ. AMBIENCE က ၁၀ ပေးရင် ၉ ရနိုင်တယ်။
စဝင်ဝင်ချင်းသတိထားမိတာကတော့ ဆာရှီမီ ကောင်တာပါ။ နဂိုတည်းက ဆူရှီ ဆာရှီမီ ကြိုက်တဲ့သူဆိုတော့ ဘယ်မှမသွားခင် ဆူရှီကောင်တာ သွားပြေးကြည့်ပါတယ်။ ငါးတွေလတ်တယ်။ ဆဲလ်မွန်၊ တူနာ လောက်ပဲ မှတ်မိတယ်။ Threadfin တွေ.သလို.ပဲ။ ပြည်ကြီးငါး။ ဒါလောက်ပဲမှတ်မိပြီး ကျန်တာတွေကတော့ ဘာငါးလဲ သိပ်မသေချာတော့ဘူး။ ကြည့်ရုံပဲ ကြည့်ပြီး ဘာမှ မယူသေးပဲနဲ. တစ်ဆိုင်လုံး လျှောက်ကြည့်သေးတယ်။ အဲဒါ က အကျင့်။ မစားသေးခင် အားလုံး စုံပလုံစိ နေအောင်ကြည့်သေးတာ။ ပြီးမှ ဘာပြီးရင် ဘာစားမယ် ဆိုတာကို စိတ်ကူးနဲ. အစီအစဉ်ဆွဲတယ်။ စားကောင်းတာတွေအားလုံးပါအောင်ပေါ့။ ဘူဖေးဆိုင်ရောက်ရင် ထမင်းကြော်တို. ကြက်သားကြော်တို. ပေါပေါပဲပဲနေရာတိုင်းမှာ ရတာတွေ မစားဖြစ်တော့ဘူး။ မစားဖူးတာ ဆန်းတာလေးတွေ လိုက်စားကြည့်တာပေါ့။
ဆိုင်က တော်တော်ကြီးပြီးတော့ သားနားတယ်။ ဝင်သွားတာနဲ. ကောင်တာလေးတွေ ကိုယ်စီတွေ.တယ်။ အကင်ကောင်တာ၊ ဆူရှီ နဲ. ဆာရှီမီကောင်တာ၊ Salad ကောင်တာ။ ပြီးတော့အရွက် ပုဇွန်တွေကို ကျော်ပေးတဲ့ တာပန်ယာကီလိုပုံစံမျိုး ကောင်တာ၊ Pasta ကောင်တာရယ်။ ဆာတေးကောင်တာ။ ထမင်းဟင်းစားချင်သူတွေအတွက်ကောင်တာတစ်ခု။ ပြီးတော့ စွပ်ပြုတ် နဲ. ဟော့ပေါ့ကောင်တာ။ နောက် ဒင်းဆမ်း ကောင်တာ။ အအေးနဲ. အိုက်စကရင်း အချိုပွဲကောင်တာတွေ တွေ.ခဲ့တယ်။ အဟီး ဒါမျိုးကျ စုံစိနေအောင် မှတ်မိတယ်တွေ.လား။ ထုံးစံအတိုင်း စကားသိပ်မများပဲ ဓါတ်ပုံလေးတွေ ပေးကြည့်ပါမယ်။
ဒါကတော့ ဆိုင်တွင်း အပြင်အဆင် လက်လှမ်းမီသမျှ ရိုက်ခဲ့တာ။
ဆူရှီကောင်တာ။ ရိုက်တဲ့အချိန်က ဆိုင်သိမ်းချိန်ဖြစ်လို. ကုန်တောင်ကုန်တော့မယ်။
ဆာရှီမီငါးတွေ အများကြီးထဲက ကြိုက်တာလေးတွေပါ။ လတ်ဆတ်တဲ့အတွက် စားရတာ အရသာရှိပါတယ်။ တူနာ ငါးကတော့ အစိမ်းမဟုတ်ဘူး။ Soya ဆော့စ်လေးထဲ့ပြီး Seasame seeds လေးတွေဖြူးပေးထားပြီး ကြက်သွန်မြိတ်ကလေး တော့စ်လုပ်ထားတယ်။ တူနာ သိပ်မကြိုက်ပေမဲ့ ခုကမွှေးပြီး (သူများကတော့ ညှီတယ်တဲ့ ဟီးဟီး) ပိုချိုတော့ စားခဲ့တာ အများကြီးပဲ။
အဟီး သွားရည်ယိုချင်စရာလေး။
နောက် Salad ကောင်တာ ကိုသွားကြည့်တယ်။
ပင်လယ်စာကြိုက်သူဆိုတော့ ထုံးစံအတိုင်း Salad ကောင်တာက ပြုတ်ပြီး အအေးခံထားတဲ့ Cold Crab ပုဇွန်နဲ. Oyster တွေယူချလာတယ်။ အဲဒီလောက်ထိ အရသာမရှိပါဘူး။ လတ်ပေမဲ့ ပလိန်း ပြုတ်ပြီးတော့ ရေခဲပေါ်တင်ထားတာဆိုတော့ နည်းနည်းတော့ ဖွယ်တာပေါ့။ ဒါပေမယ့် စားလို.ရပါတယ်။
နောက်စားဖြစ်ခဲ့တာက တယ်ရီယာကီ ဆော့စ်နဲ. ကင်ထားတဲ့ ပုဇွန်ကင်နဲ. အမဲသား၊ ဝက်သားလွှာတွေဖြစ်ပါတယ်။ ဆော့စ်က အရသာရှိတယ်။ အကင်တွေကို median rare လောက်ပဲလုပ်ပေးပါတယ်။ အရမ်းကျက်အောင် ကင်ချင်ရင် ကင်တဲ့သူကို ပြောခဲ့ရပါတယ်။
ပဲပင်ပေါက် ပဲရွက်ကြော်။
ဆာတေးက စားလို.ကောင်းတယ်။ အများကြီးရှိပေမဲ့ ဗိုက်တင်းနေပြီဆိုတော့ ကုန်သလောက်ပဲယူခဲ့တယ်။
နောက်ဟော့ပေါ့ စားတယ်။ ချိုတိုတို ဆိုယာဆော့စ်နဲ.လုပ်ပေမဲ့ သောက်လို. ကောင်းတယ်။ စွပ် ၁၀ မျိုးလောက်ရှိတယ်။ ပါတာလေးတွေကတော့ သိပ်မကွာပါဘူး။ Seafood စွပ်ပဲ သောက်ခဲ့တယ်။
နောက်ဆုံး Main Course အစာပိတ်ကတော့ ဂျပန်စတိုင် ကြက်ဥကြော်ဖြစ်ပါတယ်။ ကြက်ဥကို အထဲက Ham ထည့်ပြီးတော့ အပေါ်က katsuobushi (dried bonito flakes) လေး ဖြူးထားတာ။ စားလို.ကောင်းတယ်။ ဆိုင်ရဲ. ရီဗျူးတွေ ဖတ်ကြည့်တော့မှ ဒီဟင်းက Major Highlight ဖြစ်တာသိတယ်။
နောက်အချိုပွဲတွေလာမယ်။
ဒီနားမှာကတော့ Black and white chocolate fondue sauce တွေလုပ်ပေးထားတယ်။ နဂိုတည်းက ချောကလက် ကရေဇီ မဟုတ်လို. မစားဖြစ်ခဲ့ဘူး။
အိုက်စကရင်နဲ.ကိတ်ကောင်တာ။
နည်းနည်းပဲစားခဲ့တယ်။ အဲလောက်ထိ အချိုပွဲခရေဇီမဟုတ်လို.ပါ။ ပြီးတော့ အစားအသောက်တွေမကုန်ရင် ပိုက်ဆံပြန်ပေးရမယ်လို.ရေးထားတာကြောင့်လဲ ဇွတ်မယူရဲဘူး။ ဟီးဟီး။
စိတ်ဝင်စားလို. စားချင်သူများ Kiseki ဆိုင်ရဲ. ရီဗျူးတွေ လိပ်စာ ဒီတေးလ်တွေကို ဒီမှာကြည့်လို.ရပါတယ်။
ဈေးနှုန်းကတော့ 35$ per pax ပါ။ ဘူဖေးအချိန်ကတော့ ညနေ ၆နာရီကနေ ၁၀နာရီခွဲထိပါ။
ဆိုင်ရှေ.မှာအမှတ်တရ
ဒီဆိုင်ကို ၁၀ မှာ ၇ လောက် rate လုပ်ထားပါတယ်။ အဓိကတော့ Great Ambience. အစားအသောက်လတ်ဆတ်တယ်။ ဆားဗစ် ကောင်းတယ်။ သူငယ်ချင်း အရင်း ၃ ၄ ယောက်နဲ. စကားလက်ဆုံကျဖို.ပဲ ဖြစ်ဖြစ် မွေးနေ.ပွဲလုပ်ဖို.ပဲဖြစ်ဖြစ်၊ Business Partners တွေနဲ. စားရင်းသောက်ရင်း အလုပ်အကြောင်းဆွေးနွေးဖို.ပဲ ဖြစ်ဖြစ် သင့်တော်ပါတယ်။
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ
1 comments:
i m going to kisaki tmr.. heehee... will take fotos too..
Post a Comment