ဓညဝတီ ဆိုင် နေရာသစ်

ရခိုင် ဓညဝတီဆိုင်ကို ၅ ထပ် ကနေ ၃ လွှာ ဆိုင်အမှတ် ၃၂ သို.ပြောင်းပြီးဖွင့်လှစ်လိုက်ပါပြီ။ ရဲရင့် စားသောက်ဆိုင် နောက်ဖက်တန်းမှာပါ။ ဆိုင်ဖွင့်ပွဲကို ပြီးခဲ့တဲ့ စနေနေ.က ပြုလုပ်သွားပါတယ်။ မနေ.က စီးတီးဟောသွားရင်းနဲ. တခေါက်ရောက်ခဲ့လို. ဝင်ခဲ့ပါတယ်။ ရခိုင်မုန်.တီသုပ်၊ မရွတ်စိသုတ် ( ဗမာအခေါ်မသိ၊ ပင်လယ်စာတမျိုးပါပဲ)၊ ကျောက်ပွင့်သုပ် တို.ပုံမှန်ရနိုင်ပါတယ်။ ငါးမန်းသားခြောက်သုပ် ရလားလို.မေးဖို.ရာမေ့သွားတယ်။ သွားတုန်းက အဲဒါမေးဖို.သွားပြီးတော့။ ဂီးးးးးးးးးး

ရခိုင်ထွက်ပစ်စည်း စစ်စစ်တွေပဲ အားပြုရောင်းတော့မယ်လို. ဆိုင်ရှင်ကပြောပါတယ်။ ဆိုင်မှာ မရွတ်စိ ၊ ဂုံး ၊ ကျောက်ကျောမျှင် ( အချိုတည်းတဲ့ ကျောက်ကျောမဟုတ်ဘူးနော်) ခြောက်စသည်ဖြင့် စုံစုံလင်လင်တွေ.ခဲ့ပါတယ်။ ရခိုင်ဝက်အူချောင်း၊ တောင် ပိန်းနှဲစေ့ (ပြုတ်စား၊ ချက်စားလို.ရ)၊ ငါးခြောက်တွေလည်းရှိတယ်။ ရခိုင်ငပိထောာင်း တွေလည်း မြင်ခဲ့တယ်။ လူတိုင်းဆိုင်မှာတင်နေတဲ့ ပစ်စည်းတွေ တင်လို.ဘာထူးမှာလဲ။ ရခိုင်ထွက် စစ်စစ်တွေပဲတင်မယ်လို. ပြောလိုက်တယ်။ ကိုယ်ကတော့ အကြံပေးခဲ့တယ်။ ရခိုင်အလံလေးတွေ တင်ရောင်းပါလားလို. ဝယ်ချင်လို.။ ခေါင်းရင်းချိတ်ထားလည်း ရတယ်။ နံရံကပ်ထားလည်းရတယ်။ စတိတ်ရှိုးသွားတုန်းက သူများတွေ အလံသေးသေးလေးကိုင်လာတော့ ကိုယ်မှာ ကိုင်ချင်ရက် စက်စက်ယို ကိုယ့်အလိုနဲ.ကိုယ် တိုက်တွန်းကြည့်တာပါ အဟီး။

တော်တော်များများ ပြောင်းသွားတာ မသိလိုက်ကြလို. ဆော်သြလိုက်တာပါ။ သွားလည်တုန်းရိုက်လာတဲ့ ပုံလေးတွေလည်း တင်ပေးလိုက်တယ်။း)

ဆိုင်သစ်ပုံ




ငပိထောင်းနဲ. တောင်ပိန်းနှဲစေ့
 မရွတ်စိခြောက် ဒီမှာ LaLa လို.ခေါ်တယ်ထင်တယ်။
 ပုံလေး ဝါးသွားတာ ခွင့်လွှတ်ကြပါ။ အဲလို ဝါးသွားရင် စိတ်တယ်မကောင်းဘူး။ ဖုန်းကင်မရာစုတ်လေးနဲ. ရိုက်ပေမဲ့ ထင်းထင်းလင်းလင်းပဲတင်ချင်တာ။ ဧည့်သည်တွေ ဆိုင်မှာ ရောက်နေတာနဲ. အားနာလို. သေချာမရိုက်ခဲ့ရဘူး။ မင်းပြားဝက်အူချောင်းကို သတိရလို. ဝယ်ခဲ့တယ်။ တထုတ် ၅ ကျပ်ပေးရတယ်။ စားကြည့်တော့ တော်တော်ကောင်းပါတယ်။ ကိုယ်က ဆီနဲ. မကျော်ဘူး ဝက်အူချောင်းကို။ ဆီနဲ.ကျော်ရင် မာသွားတယ်။ ရေဖင်ကပ်လေးနဲ. ပြုတ်တာ။ ရေကုန်သွားတော့ ဝက်အူချောင်းကလည်း ဆီတွေထွက်သေးတယ်လေ။ ကိုယ့်ဆီနဲ.ကိုယ်ပြန်ကျော်ပေါ့။ ဒီတော့မှ နူးအိ ပြီး စားလို.ကောင်းတာ။ 

အဲ ကိုယ်စိတ်အဝင်စားဆုံးကတော့ ဒီအရက်ပုလင်းပဲ။ အထဲမှာ မြွေဟောက်တကောင်ပါတယ်။ ကင်းမြီးကောက်တကောင်ပါတယ်။  ကင်းမြီးကောက်၇ဲ. အမြီးကို မြွေဟောက်ကကိုက်တောင်ထားလိုက်သေးတယ်။ ဘယ်လိုများ အဲလိုပုံစံ အတိအကျရအောင် ပုလင်းထဲကို ထည့်ကြလည်းမသိဘူး။ ပုလင်းဝကလဲ သေးသေးလေးဟာကို။ ဒီအရက် သောက်ရဲလားလို.မေးရင် အဲ သောက်ရဲတယ်။ တကယ်တော့ စမ်းကြည့်ချင်တယ်။ ဆေးဖြစ်ဝါးဖြစ်ပေါ့။ အဟီး။  အမှန်တော့ သောက်ချင်လို.မှုတ်ပါဘူး။ ပုလင်းဝယ်ပြီး မြွေနဲ. ကင်းမြီးကောက်ကို ဆွဲထုတ်ကြည့်ချင်လို.။း)

ကဲ တော်လောက်ပြီ။  ဆိုင် ရီဗျူးတွေ ရေးစရာရှိတာကို ပျင်းနေတာနဲ. မရေးရသေးဘူး။ ခုလည်း အိပ်လိုက်အုံးမယ် တေ၇းလောက်။ မျှစ်ပြုတ်နဲ. ငပိထောင်း (စပ်တာပြဲနေတာပဲ ငရုတ်သီးလက်ဆနည်းနည်းပြင်းသွားလို.) စားပြီးတော့ သွေးလေးတွေတက်ပြီး ဗိုက်လေးတွေ နာနေတယ်။ ညနေ ကိုးရီးယား ဘာဘီကျူးသွားစားရအုံးမယ်။

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

အပျင်းကြီးပြီး အလှကြိုက်သူများ ဖတ်ရန်း)

ဒီတစ်ခါ တော့ cosmetic review  တစ်ခု ရှယ်လိုက်ပါ့မယ်။ ရီဗျူးတော့ မဟုတ်ဘူး။ ကောင်းတယ်ထင်လို. ရှယ်ချင်စိတ်ပေါက်လာလို.ပါ။

နဂိုမရှိရင် နဂိုင်းဆွဲထုတ်မယ်လို. ကိုယ်ရေးခဲ့ဖူးတယ်။ အဲ အတင်းမထွက်ထွက်အောင် အားဒမ မဆွဲထုတ်လိုက်နဲ.အုံး။ နဂိုင်းကျိုးသွားမှ ပြသနာတက်အုံးမယ်။ ကိုယ်တော့ လက်လျှော့လိုက်ပြီ။ အတင်းမထုတ်တော့ဘူး။ ကိုယ့်နဂိုင်းက အကုန်ထွက်ပြီးနေပြီဆိုတော့ ကျိုးမသွားအောင် ထောက်ထားရတယ်။ ဟီးဟီး။ အဲဒီတော့ နဂိုင်းထောက်ပစည်း ကောင်းကောင်းလေးများ ရပလားဆို ရှယ်ချင်တယ်။

ကိုယ်တို.မိန်းကလေးတွေ မိပ်ကပ်လိမ်းရင် ဘယ်နှစ်ထပ်လိမ်းရလဲဆိုတာသိလား။

  1. Facial wash
  2. Toner
  3. Moisturizer
  4. Essence
  5. Sunscreen
  6. Foundation
  7. Loose powder
  8. Eyemakeup
  9. Bronzer/Blusher
  10. Lipstick
အဲ အဲလို အဆင့်ဆင့်သွားပါတယ်။ ကိုယ်ကတော့ အတင်းလှချင်ပေမဲ့ ဘယ်တော့မှ အဲဒါတွေပြည့်အောင်မသုံးဘူး။  မျက်နှာသစ်မယ်။  Moisturizer လိမ်းမယ်။ Sunscreen လိမ်းမယ်။ ပြီးရင် ပေါင်ဒါအုပ်ပြီးထွက်တော့တာပဲ။ အဲ မျက်လုံးချယ်ပြီး နှုတ်ခမ်းနီဆိုးတာကတော့ ပုံမှန်ပေါ့။ အဲဒါတွေအကုန်လုံးသာလိမ်းကြည့်ပါလား။ မျက်နှာစီးကပ်စီးကပ်နဲ. တော်တော် နေရခက်တာ။ ဒါတောင် night cream /day cream/ concealer/ primer စတာတွေ အကုန်ချန်ထားခဲ့တာနော်။ အင်မတန်မှ ဗာဟီရ များပါတယ်။ ဘယ်ကလာ ထမင်းချက်ဖို.အချိန်ရှိမလဲ။  မိတ်ကပ်လိမ်းတာနဲ. အချိန်တော်တော် ကုန်နေပြီ။

ကိုယ်ကပျင်းလည်းပျင်းသေး ဆိုတော့ တစ်ခါတလေ မျက်နှာသစ်ပေါင်ဒါအုပ်ပြီး (အိပ်ရာထနောက်ကျလို.) အတင်းအလုပ်ကိုပြေးရတယ်။ ပြီးတော့ နေပူရင် အော် ငါ့နှယ် Sunscreen လေးတော့ မလိမ်းခဲ့မိဘူးလို.ဖြစ်ပြန်ရော။  ခုတော့ ဒီဒုတ်ခတွေ မရှိတော့ဘူး။ BB Cream စသုံးပြီးတည်းကပေါ့လေ။ BB Cream ကို စထွင်တဲ့လူက အင်မတန်အပျင်းကြီးပုံရတယ်။ သူက တစ်ခါတည်း Sunscreen ရော Moisturizer ရော Foundationရော အားလုံးပါပြီးသားပဲ။ မျက်နှာသစ်ပြီးတာနဲ. BB Cream ကောက်လိမ်း ပေါင်ဒါအုပ်ပြီး ပြီးသွားပြီ။ အချိန်အင်မတန်မှ သက်သာပါတယ်။

နောက်တစ်ခုရေးရတဲ့ အကြောင်းရင်းက သုံးတဲ့ အချိန် တစ်လအတွင်းမှာ ဘာလိမ်းထားတာလဲဟင် မျက်နှာပိုဖွေးလာတယ်နော် ဆိုတဲ့ ကွန်မန်. ၃ ခုတိတိ ရလို.ပါ။ တသက်မှာ တခါမှ အမေးမခံရဘူးတော့ လည်း ဒါပစ်စည်း တော်တော်ကောင်းလို.လို. ထင်မိတာ အဆန်းတော့မဟုတ်ပါ။ BB Cream က ပေါင်ဒါအုပ်လိုက်ရင် ဝင်းထွက်သွားတာ မျက်နှာက။ မိတ်ကပ် ကပ်တယ်လို.ဆိုရမှာပေါ့။  ညဘက်လိမ်းရင် သိသိသာသာ ပိုအရောင်ထွက်တယ်။ ညပွဲတွေအတွက်သင့်တော်တယ်။ အရောင်ကလည်း  သူများတွေလို ကိုယ့်အသားအရောင်နဲ. ကိုက်စရာမလိုဘူး။ ၂ မျိုးပဲရှိတယ်။ အရမ်းFair ဖြစ်တဲ့ အသားအရေအတွက်ရယ်။ ကိုယ်တို.လို အသားညို အသားလတ် တွေအတွက်  Nude Color ရယ်ပေါ့။ လိမ်းလိုက်တာနဲ. အသားထဲ စိမ့်ဝင်သွားတယ်။ မျက်နှာ မှာ အထူကြီးတင်ထားတယ်လို.မ ခံစားရဘူး။ အဲတစ်ခုပဲရှိတယ်။ တရက်လုံးနေပြီးရင်တော့ မျက်နှာ နည်းနည်း အဆီပြန်သလို ပြောင်ပြောင်လေး ဖြစ်သွားတတ်တယ်။ တချို.က အဲလိုဖြစ်မှ ကြိုက်တယ်လို. ပြောတာပဲ။ ကိုယ်နဲ.ကတော့ သိပ်မသိသာဘူး။ အသားအရေ ခြောက်လို.ဖြစ်မယ်။

ကိုယ်သုံးတဲ့ BB Cream က ကိုးရီးယားက ထုတ်တာ။ ကိုးရီးယားမှာ အရမ်းနာမည်ကြီးတယ်လို. ပြောတာပဲ။ The Face Shop ကဝယ်တာပါ။ Youtube မှာရှာကြည့်တော့ The Face Shop  BB Cream အကြောင်း ရီဗျူး တစ်ခု နှစ်ခုပဲတွေ.ပါတယ်။ ထုတ်တာ မကြာသေးလို.လဲဖြစ်ပါလိမ့်မယ်။  တခြား  BB Cream တွေလည်း အများကြီှးရှိသေးတယ်။ တခြား Brand တွေကပေါ့။ စမ်းသုံးကြည့်ပေါ့နော်။ ကိုယ်တို.လို. အပျင်းကြီးပြီး အလှကြိုက်တဲ့ လူတွေနဲ. ကိုက်လို. ရှယ်လိုက်တာ။ 
ီတစ်ဘူးကို ၃၂ ကျပ်လားမသိဘူး ပေးရတယ်။ ကိုယ်က ဟိုတို.စိ တို.စိ ဒီတို.စိ တို.စိနဲ. လေး ငါးမျိုးဝယ်လာတော့ ဘယ်ဟာက ဘယ်လောက်လဲမမှတ်မိဘူး။ ခု Sale တွေချနေတော့ ၂၉ ကျပ်လောက်ပဲ ပေးရမယ်နဲ.တူတယ်။
Packaging က လှပါတယ်။ ရွှေရောင်ဘူးလေး။ SPF 30 ပါ။
စမ်းသုံးကြည့်ပေါ့နော်။ ကောင်းတယ်ဆိုရင်လဲ ပြန်ပြောကြပါအုံး။ 
 နောက်ဝယ်လာကတော့ လိမ်မော်သီး။း)


အမှန်ကတော့ Hand Cream ဘူးလေးပါ။ ချစ်လို.ဝယ်လာတာ။ လိမ်မော်နံ.လေးကို ကြိုက်လို.။ ပန်းသီးတို.  Peach  တို.ရှိသေးတယ်။ တစ်ဘူးကို ၁၀ ပဲပေးရတယ်။း)

နောက်ဝယ်လာတာက False Eyelashes  တွေ။ ကိုယ်က စိတ်ကူးပေါက်ရင် ကောက်တပ်ပြီး အပြင်ထွက်တတ်တယ်။ တခြား Brand က ဆို အဝိုင်းကြီးတွေ မည်းမည်းထူထူကြီးတွေ။ မလှဘူး။ ဒါလေးက ပေါ့ပေါ့ပါးပါးလေးဆိုတော့ မဆိုးဘူး ဆိုပြီး နှစ်ခုတောင် ဝယ်လာခဲ့တယ်။ တစ်စုံမှ ၂ ကျပ်ခွဲထင်တယ်။ ဈေးချိုတယ်။

ဒီ Face Shop က တခြား  Skin Care တွေစမ်းသုံးကြည့်ပေမဲ့ ဘာမှ စိတ်တိုင်းမကျပါ။ အများကြီးပဲ သုံးကြည့်ပါတယ်။ ခု BB Cream က ပထမဆုံး ကြိုက်တဲ့ Product  ဆိုပါတော့။
အဲဒီနေ.က အိမ်ရှေ.က Shopping Mall မှာဈေးဝယ်ထွက်ရင်း ဝင်စားခဲ့တာ။ ဆိုင်က  Shin ToKyo  ပါ။ ဆူရှီနဲ.ခေါက်ဆွဲတွေပေါ့။ Clementi City Vibe မှာရှိပါတယ်။ တခြား ဘာမှသိပ်မကောင်းပေမဲ့ Seafood Tomyam Soup ထဲမှာတော့ စားဖူးသမျှ ဂျပန်ဆိုင်ထဲမှာ အကောင်းဆုံးပဲ။ ကိုယ်ကတော့ extra chilli နဲ.မှာတယ်။ နဂိုကလည်း တော်တော်စပ်ပါတယ်။ ပုဇွန် ငါး ကင်းမွန် ခရု Crayfish  စသည်ဖြင့် စုံစုံလင်လင်ပါတယ်။ အဓိကကတော့ Soup တော်တော်ကောင်းတယ်။ ရောက်ရင် မှာစားဖို.မမေ့ပါနဲ.။း)
ဘာပဲရေးရေး အစားအသောက်ပုံလေးနဲ. ဇာတ်သိမ်းရတာ အရမ်းကို အရသာရှိတာပဲ။း)

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

ထိုင်းဆိုင်ကောင်းကောင်းရှာနေသူများအတွက်

စာမေးပွဲ ၂ဘာသာပြီးသွားပြီ။ ဖြေနိုင်လား မဖြေနိုင်ဘူးလားဆိုတော့ သိဘူးပဲ။ မေးခွန်းခက်တယ်။ အယင်နှစ်တုန်းက မေးထားတာတွေနဲ. ကလည်း တခြားစီ။ အောင်မှာပါ (ထင်တာပဲ မော်ဒရေးရှင်းနဲ.ပဲဖြစ်ဖြစ်ပေါ့) ။ ၂ဘာသာဖြေပြီးတော့ ပေါ့မသွားဘဲ ပိုလေးလာတယ်။ နောက် ၂ဘာသာကျန်သေးတယ်လေ။ ဒီဘာသာတွေကတော့ ကိုယ့်အားကိုယ်ကိုး ငါ့မြင်းငါစိုင်းပဲ။ စစ်ကိုင်းလည်းမရောက် ပဲခူးလဲမရောက် ကြံတောရောက်မှာ မြင်ယောင်သေး။

ခုဖြေပြီးတဲ့ ၂ ဘာသာက အဖော်ရှိတယ်လေ။ လင်းလင်းနဲ. အေးသီတာသော်။ ခွင့်တွေယူပြီး bukit batok က မက်ဒေါ်နယ်မှာ စာလုပ်ကြပါကောလား။ စာလုပ်တာကနည်းနည်း အတင်းချတာက များများဖြစ်နေတယ်။ မင်္ဂလာဆောင်မဲ့အကြောင်းပြောပြီး စိတ်ကူးနဲ. ဝတ်စုံတွေရွေးကြ။ ဖိတ်စာတွေရိုက်ကြ၊ ဟိုတယ်တွေရွေးကြနဲ. ဖြစ်ချင်တိုင်းကိုဖြစ်နေတာ။ ဖိတ်စာကို ပေလွှာလိုလိပ် ကြိုးနဲ.ချည်ပြီးမှ ပေးချင်တာတွေရော ကမ်းခြေမှာမင်္ဂလာဆောင်မယ်ဆို ခရုခွံအကြီးကြီးမှာရေးပြီးပေးမှာဆိုတာရော၊ bottle message လိုမျိုး ပုလင်းထဲမှာ စာရွက်လေးလိပ်ထည့်ပြီးဖိတ်မယ်ဆိုတာရော အိုင်ဒီယာအကုန်ပဲ ထုတ်လိုက်ကြတာ။ ဘာဖြစ်သေးတုန်း။ စိတ်ကူးယဉ်တာ ပိုက်ဆံပေးရတာမှမဟုတ်တာ။ အဲ အချိန်တော့ ကုန်သွားတယ်။

ပထမတရက်စာလုပ်တော့ လင်းလင်းကပြောတယ်။ သူ.သူငယ်ချင်းတွေညွှန်းတဲ့ ယိုးဒယားဆိုင်တစ်ဆိုင်ရှိတယ်တဲ့။ အရမ်းဈေးချိုပြီး အရမ်းကောင်းတယ်လို.ပြောတယ် သွားစားရအောင်တဲ့။ ဘယ်ရမလဲ လာထားပေါ့။ ရတယ်သွားမယ်လို. ဆိုပြီး ညနေတာ လင်းလင်းတို.အတွဲနဲ. ဆိုင်လိုက်ရှာကြရော။ သူတို.ကလည်း လည်တယ်တယ်၊ လိပ်စာညွန်တဲ့လူကလည်း အသုံးကမကျ၊ ဆိုတော့ ရှာလိုက်တာ ဖတ်ဖတ်မော မတွေ.ဘူး။  မတွေ.လေ မစားရသရွေ.အိမ်မပြန်ဘူးဟ ဆိုပြီးရှာချင်လေပဲ (စာကျအဲလို ဇွဲမရှိဘူး။ တလွဲဆံပင်ကောင်းနေတာ) နောက်ဆုံး တက်ကစီငှားလိုက်တော့မှ ကိစပြတ်သွားတယ်။

ရောက်သွားတော့လည်း စမ်းတဝါးဝါး ဟိုရှာဒီရှာ  ခြေတိုမှ သွားတွေ.တော့တာကိုး။ ဆိုင်က ဟော်ကာဆန်တာက ဆိုင်သေးလေးပါ။ မီနူးတောင် မရှိဘူး။ ပုံလေးတွေကပ်ထားတာပဲ ရှိတယ်။ ကိုယ်တို.က ၃ ယောက်စာ ဟင်းလေးပွဲပေါ့။ တုံယမ်းရယ်။ beef with basil ရယ် ပင်လယ်စာသုပ်ရယ် ကန်စွန်းရွက်ကြော်ရယ်မှာကြတယ်။ အားလုံးက ၅ ကျပ် သို. ၄ ကျပ်လောက်ပဲပေးရတယ်။ ထမင်းသုံးပွဲနဲ. ဟင်းလေးပွဲကို ၂၁ကျပ်ကျတယ်။ ဟင်းပွဲလည်း ကြီးတယ်။ ကိုယ့်ခုံကို လာမချပေးဘူး။ ကိုယ်ကသွားယူရတာ။

 သူတို.တုံယမ်းက အုန်းနို.နဲ. ချက်တဲ့ တုံယမ်းပါ. ကိုယ်ဘယ်တော့မှ တဇွန်းမြည်းပြီးရင် ဆက်မသောက်ဘူး။ ကိုယ်က အချဉ် ပဲကြိုက်တာ။ ဒါပေမဲ့ ခုတုံယမ်းကတော်တော် အရသာရှိတယ်။ ချဉ်ချဉ် စပ်စပ် လေးလေး ဆိမ့်ဆိမ့်လို.ပြောရမယ်။ ပုဇွန် ကင်းမွန်တွေပါတယ်။
ဒါကပင်လယ်စာသုပ်။ ပင်လယ်စာသုပ်ဆိုပေမဲ့ ကင်းမွန်ပဲပါတယ်။ ပုဇွန်မပါဘူး။ မြေပဲတွေ သောင်းပြောင်းပါတယ်။ ကိုယ်က မြေပဲမကြိုက်ဘူး။ ဖယ်စားရတယ်။ ဒါပေမဲ့ အစပ်အဟပ် အပေါ့အငန်ကတော့ ကိုယ့်ပါးစပ်နဲ. တိုင်းသုပ်ထားသလားမှတ်ရတယ်။ တော်တော်ကောင်းတယ်။ အစပ်အတော်ပဲ။ တအားကြီး မစပ်ဘူး နည်းနည်း ရှူးရှဲဖြစ်ရုံလောက်ပေါ့။
ဒါကတော့ အမဲသားကို ပဲသီးနဲ. တရုတ်နံနံနဲ. ချက်ထားတာ။ ရောက်ရင် စားဖြစ်အောင် စားကြည့်ကြပါ။  အမဲသားမစားတဲ့လူအတွက် ကြက်သားရှိတယ်။  စပ်စပ်ကလေးနဲ. အင်မတန်စားလို.ကောင်းတယ်။
ဒါကတော့ ကြက်သားပဲသီး အစပ်ချက်။ နောက်တနေ.မှာ တခေါက်သွားစားကြသေးတယ်လေ။ အဲနေ.ကတော့ ဒေါ်အေးသီတာသော်က အမဲသားမစားပါဘူးဆိုတဲ့အတွက် ကြက်သားချက်ပဲ ဝယ်ခဲ့လိုက်တယ်။ အမဲသားလောက်မကောင်းဘူး။
ဒါက ပင်လယ်စာ ကြာဇံသုပ် ။ပုဇွန် အကောင် ကြီးကြီး၃ ကောင်ပါတယ်။ ကင်းမွန်လဲပါတယ်။ ကြာဇံလေးကလဲ တဆတ်ဆတ်နဲ. စားလို.ကောင်းတယ်။ ၅ကျပ်ပဲပေးရတယ်။  တောက်   ငါ့နှယ် ဓါတ်ပုံ၇ိုက်တာ ပုဇွန်တွေပါမလာဘူးကွာ။ ရင်နာထှာ။
ကစွန်းရွက်ကြော်လဲ ပွဲမသေးပါဘူး။ လေးကျပ်တည်းပေးရတယ်။ သူများဆိုင်မှာဆို အနည်းဆုံး ၆ ကျပ်ကစတာ။ အရွက်ကြော်ကို အထင်မသေးနဲ.။ စင်္ကာပူမှာ အရွက်က ဝက်သားထက်ဈေးကြီးတယ်။

ချုပ်ပြောရရင်တော့ စားရတာ တော်တော်အားရပါတယ်။ ဗမာပါးစပ်နဲ. ကိုက်မှာကတော့ အသေအချာပဲ။ ဖတ်ထိုင်းကြော်လေး စားခဲ့ချင်ပေမဲ့ ဟင်းတွေဘက်ကို ပိုအားသန်နေတော့ မစားခဲ့ရဘူး။ နောက်တခေါက်ပေါ့။ အရသာ၊ ဈေးနှုန်းတွေကို သူများနဲ. ယှဉ်ကြည့်လိုက်ရင် ၁၀မှာ ၈ လောက်တန်းရတယ်။ နောက်အိမ်ပြောင်းရင် bukit batok  ပဲပြောင်းမယ်။ အဲဆိုင်နားကို ဟော်ကာဆန်တာ ကြီးမှနည်းတာမဟုတ်ဘူး။ ဟိုဘက်ဒီဘက် အပြိုင် ဆိုင်တွေတန်းစီနေတာပဲ။ ငှက်ပျောသီး လက်တတောင်လောက်ရှည်တာတွေကို ကြော်ပြီးရောင်းနေတဲ့ မလေးဆိုင်ရှိတယ်။ ငှက်ပျောသီးကြော်ဝယ်စားခဲ့ကြသေးတယ်။  ပြီးတော့ တိုရှည် ပလာတာ ဒန်ပေါက် ရှယ်ရောင်းနေတဲ့ ကုလားဆိုင်အကြီးကြီးရှိတယ်။ တောက် ရှယ်ပဲ။ အဲနားမှာ အိမ်ငှားနေတဲ့လူတွေတော့ နတ်ပြည် ရောက်သလို နေမှာပဲ။ ထိုင်းဆိုင်စားပြီးတော့  တိုရှည်လည်း စားခဲ့သေးတယ်။ အဟီး။

အေးသီတာသော် စားမနိုင်တော့ ဘယ်ရမလဲ ကူစားပေးပစ်တာပေါ့။ ပြီးတော့ ဗိုက်ဆံ့သေးလားဆိုတော့ အင်းတဲ့ နည်းနည်းတဲ့။ အဲဒါနဲ. ရိုဂျက်ဆိုင်သွားပြီး တစ်ပွဲဝယ်လိုက်တယ်။ ဓါတ်ပုံရိုက်ဖို.ရာ မေ့သွားတယ်။ မဆိုးပါဘူး။ ပုံမှန်လေးပေါ့။
 ဈေးနှုန်း ကိုကြည့် ။ ဈေးချိုတယ်နော်။း)
ဆိုင်နေရာပါပြောပြလိုက်မယ်။  Bukit Batok mrt မှာ ရှိတဲ့ Bus Interchange  ကနေ ၆၁ သို. ၇၇ (တခြားကားတွေလည်းရှိတယ်) စီးသွားပါ။ BLK 283 လို.ရေးထားတဲ့ မှတ်တိုင်ကို ရောက်တဲ့ကားတွေအားလုံးစီးလို.ရတယ်။ ပြီးတော့ ဘလော့ ၂၈၃ ကို တန်းမြင်ရလိမ့်မယ်။ အဆုံးထိ ဘလော့နောက်ဖက်ကို လျှောက်သွားပါ။ မျက်နှာချင်းဆိုင်ဖွင့်ထားတဲ့ ဟော်ကာဆန်တာအကြီးကြီး ၂ ခုမြင်ရမယ်။ ဒါဆို ထိုင်းဆိုင်ကို ရှာလို.လွယ်သွားပါပြီ။

ဆိုင်ကို ညွှန်းပေးတဲ့ လင်းလင်းနဲ. ကိုသန်းဝင်းစိုးတို.အတွဲကို ကျေးဇူးအထူးတင်ရှိပါတယ်။

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

ဒုတိယ အကြိမ်မြောက် စင်္ကာပူ ရခိုင်စတိတ်ရှိုး အမှတ်တရ

အေနှစ်က အယင်နှစ်ကနဲ.မတူပါ။ အယင်နှစ်က က ကိုယ်က ကြည့်ရေနိမှရာ ပရိတ်သတ်တစ်ယောက်အနေနဲ. ရောက်ဖြစ်ခပြီးကေ ရွီးနေနေရာမှာ တယောက်ကိုလေ့ မညှာ ပရိတ်သတ်အမြင်နဲ. ရွီးခပါရေ။ အေနှစ်ခါ က ပေါင်းနီရေ ဘော်ဘော်သရဲ အုပ်စုတိထဲမှာ စတိတ်ရှိုးစီစဉ်ရေလူ တစ်ယောက်စ နှစ်ယောက်စ ပါခါ သူရို.အခက်အခဲ သူရို.ပြသနာတိ ဘလောက်ရင်ဆိုင်ခ ကတ်ရလေ ဆိုစော်ကို မြင်ပြီးကေ စာနာနားလည်ပီးရေစိတ်နည်းနည်းပါးပါး နဲ.ရွီးရေလို.ဆိုနိုင်ပါရေ။  ယကေလေ့သင့် မကောင်းဆိုကေတော့ မကောင်းလို.ပြောပါဖို. (ဘော်ဘော်သရဲများ သီးခံကတ်ပါ) ဟီးဟီး။ အယင်တောင်းပန်ပြီးခါမှ ခေါင်းကို တူနဲ.ထုလိုက်မေ။ ဓါတ်ပုံတိကို ကြုံရာကျရ ရသမျှလူပက ဆွဲလို.သုံးပါဖို.။ ဟီးဟီး။ စလိုက်မေ ယဂေ။

အစခါက စာမေးပွဲနဲ.တရက်တည်းကျလို. မလားဗျယ်လို.နီစော်ပါ။ ဇာနှစ်နာရီလေးဆိုမှာ ၂ နာရီလတ်။ အကျွန်.စာမေးပွဲက ၁၂နာရီကပင် ၂နာရီထိဆိုခါ ပွဲက ရခိုင်သားနာရီနဲ.ဆိုကေ ၃နာရီ မဟုတ်ကေ ၄နာရီလောက်မှ စဖြစ်ဖို.လို.တွက်ပြီးကေ စာမေးပွဲတောင် ပပြောင့်မဖြေနိုင်ခ။ အိမ်ကို ပုပါအောင်ပြီးပြီးကေ ရီမိုးချိုး အလှဆင်ခီရရေ။ အင်းကျီချေတစ်လုံးထုတ်ထားရေပြန်မှာ ရာသီဥတုပူလို. ချွေးတိ အကွင်းပြတ်နဲ. ပျက်လားခရေ အလှ။ ယော် ဇာဝတ်ရဖို.လေး ဆိုပြီးကေ အဝတ်ဗီဒို ဖြိုဗျယ်ရှာမှာ တခါလေ့ မဝတ်ရသိရေ (မဝတ်ဝံ့လို.) တာဇံအင်းကျီတထည် ထွက်ပါလတ်တေ။ ထားဖို.ရှိသိလာ တာဇံအင်းကျီဝတ်ပြီးကေ စားပါလခရေမနားယေ။ ညီမကလေ့ လားဖို.ခါမှ သူပါလိုက်ဖို.ဆိုပြီးကေ စောင့်လိုက်ရသိခါ ၃နာရီခွဲလောက်ခါမှ ရောက်လားပါရေ။ အကျွန်ရောက်ခါ ဆီမီးခွက်ကနီတုန်းပါသိ။ ယော် ငါ့စောင့်နီရှိဖို.လို. စိတ်ကထင်မိသိယင့်။ ခန်းမစီစဉ်ထားစော် သဘောကျပါရေ။ နေရာသန်.ပြန်.ပြီးကေ လားရစော်လေ့ မခက်ခဲ (တက်ကစီနဲ.လားစော်ကိုး)။ အယင်နှစ်က အင်ဖော်မတ်တစ် ခန်းမပိုင် မပူ။ အေးအေးဆေးဆေးပွဲကို enjoy လုပ်လို.ရရေ။ မြတ်ရှင်က အိမ်က ကြာဆံသုပ်လာဖို.လတ်။ နေရာလေ့ ယူထားပီးလို. မြတ်ရှင်ပါးကို လားခမှာ ရောက်ခနီးမှ ဇာက ဆလိုက်မီးထွန်းစော်တိုင်တစ်ချောင်း လမ်းလည်တတည့်မှာ ရောက်နီရေမသိ ဝှန်ကြီးသတ်မရို.ထုံးစံအတိုင်း ခွီးကျကျရေ ခလုံ.သတ်လခစော်။ ခြီထောက်မကျိုးကံကောင်း။ ဘရိတ်တိုင်းမှာ ယင်းဆလိုက်မီးတိုင်ကို နှစ်ခေါက်လောက် လားလို.ကျောက်ပခယင့်။ ဝင်ခါကပင် ဂွင်နဲ.ဝင်လားစော်အရာ မပြောဂေ့။ ရှက်စချေနဲ. ပထမပိုင်းမှာ လှုပ်တောင်မလှုပ်ဝံ့ဖြစ်လားရေထော။

 စတိတ်စင် (အပြင်အဆင်ကောင်းလှပါရေ)
အနောင်ဆာများ (ကိုထွန်းအေးကျော်၊ အေးမြတ်သူ၊ အောင်မျိုးဥ)
 အဖွင့် ဗုဒပူဇနိယ အက
ရခိုင်သဇင်နဲ. ရခိုင်သမ (သဇင်တုလာ စစ်လာ အရေးမကြီးပါ.. ပန်စော်လူဇာလောက် အလေးထားလေ ဆိုစော်က ပိုလို.အရေးကြီးပါရေ)

ပထမဆုံးတေးခြင်းအနေနဲ. ဝင်းကိုခိုင်နဲ. ညှာစိမ်းခိုင်ရို.က ရက်ခပူရ ( လက်ကွက်ပျက်နီလို. ကကြီးအောက်မှာ ခခွေးထည့်လို.မရရေဘဝကိုရောက်နီပါကြောင်း)  ကြေးမုံတေးခြင်းနဲ. စလို.ဖွင့်ပါရေ။  နှစ်ယောက်လုံးအဆိုကောင်းပါ။ ယဂေလေ့သင့် ညှာစိမ်းခိုင်ဝတ်ထားရေ ရွှေရောင်အင်းကျီနဲ. ရွှေရောင်ခါးပတ်ကို ကြည့်လို. စိတ်ဓါတ်ကျလားပါရေ။ အေသူချေ ဝတ်စော်စားစော်ကို ဗွီစီဒီတိ ဓါတ်ပုံတိမှာကြည့်ခါကပင် သတိထားမိပါရေ။ ရွှေရောင်ငွေရောင်မပါကေ မဝတ်ပါ။ ဇာတ်သမ ဝတ်ပိုင်ဖြစ်နီစော်တော့ မကောင်းပါ။ မီးရောင်အောက်မှာ ပေါ်အောင်ဝတ်ရဖို.ဆိုစော်ကိုတော့ နားလည်ပါရေ။ အလှပချေ ဖြစ်တေအတွက်နဲ. အေပိုင် အရောင်တပြောင်ပြောင်တိ မဝတ်ပဲနဲ. ဝတ်တတ်စားတတ်ဆိုကေတော့ ကောင်းလှလီပါဖို.။ အဖွင့်တေးခြင်းတစ်ပုဒ်ဆိုပြီးရေနောက်မှာ စကောမ အဖွဲ.က စပြီးကေ ဆိုပါရေ။ အဆိုတော် မင်းမင်း ကတော့ခါ အယင်နှစ်ကထက် ပိုလို. လှလားပိုင်တော့တွိယင့်။ မျက်စိကို အမည်းဆွဲပြီးကေ ဘယ်ဖက်ထင်ရေ မျက်ခုံးမှာ piercing ချေတစ်ခု တပ်ထားစော်တွိရေ။ သူနဲ.လိုက်ပါရေ။ အဲ ဝမ်းချေကလေ့ နည်းနည်းပိုလို.ပူလားရေ။ သူ.အသံကကောင်းပါရေ။ ရော့ခ်ဆိုဆို ရခိုင်တေးခြင်းဆိုဆို။ ကျားဟိန်းပိုင် ဆိုလားလို. နားပိတ်ထားရစော်တစ်ခုရာရှိရေ။ မှားမိလို. တေးခြင်းကို ဆိုပလိုက်စော် ဆဲ စော်နဲ.တတူတူဗျယ်။ ဒေါသကြီးရေ လူတိနဲ.ကျကေ နှစ်ပိုင်းကျိုးကျဖို. တေးခြင်းရာမလား။ ဆဲနီစော်လာချင့်ဆိုမှာ မဟုတ် မှားမိလို.ဆိုစော်လတ်။ အော် အထူးထူး။ ငရို.ကော ကောင်းခေတ်နောက်ကျလားယာ။ အိမ်းတစ်ခုသတိထားမိစော်က အဆိုတော် vocal သံကောင်းမကြားရ ဆိုင်းသံ တိ ကောင်းဆူရေ။ ဇာကို ညှိယူရဖို.လဲတော့မပြောတတ်။  တေးခြင်း စာသားကို နားမလည်ပဲ နားအူရေ ကကောင်း။
ဝင်းကိုခိုင်နဲ. ညှာစိမ်းခိုင်

စောနှင်းနွယ်
မင်းမင်း (စကောမ)
ဖီလင် ဖီလင်း) ဟီးဟီး

နောက်တစ်ယောက်ကတော့ စောနှင်းနွယ်ပါ။ ရရိုးချေပဲ ဝတ်ထားပြီးကေ ရခိုင်သမ အစစ်ရုပ်ချေနဲ. ချစ်ကောင်းထမန်းချေ။ ထွက်လာစော်နဲ. နွယ်ချိုဖိုးခေါင်ရိုးမတောင်လေ နဲ.ထွက်ပလိုက်စော် စင်အောက်ကပြိုပါရေ။ မြတ်ရှင်လို.လင်မယားကြည့်လိုက်မှာ ကနီကတ်ပျယ် နှစ်ယောက်။ အသံက ကကောင်းနောင်းစော်ရာမနား။ ရခိုင် တေးခြင်းတိနဲ.လိုက်ပါရေ။ ညှာစိမ်းခိုင်အသံကတော့ ပေါ့ပ်တိလေ့ ဆိုလို. နိုင်ရေ။ နှစ်ယောက်လုံး အသံပိုင်းမှာ ပြောစရာမရှိပါ။ စောနှင်းနွယ် ဆုငွေတိ အများကြီးရလားရေထင်ရေ။  အကျွန်ရို.မမချေတိ တစ်ဝိုင်းထိုင်နီကတ်စော်က စစ်နိုင်ကို မျှော်နီကတ်ပျယ်။ ပုံ.ပုံ.ရို.က ထိုနားက ချောင်းကြည့် အေနားက ချောင်းကြည့်နဲ.ပင်။ စစ်နိုင်ကို မမည်းချေ မမည်းချေ လှမ်းလို.မြင်ရရေ ဟာမိုနီ လိုက်ဆိုနီစော်။ ကင်မရာနဲ. ဇုမ်းလေ့ ဆွဲလို.မရ။ တာဇံမပိုင် ပုံစံမျိုးနဲ. ရှိကိုလေ့ ထွက်လို.ရိုက်ဖို.ကောင်းဖို.မဟုတ်နဲ.ပင် ကကောင်းဂွကျလားရေ။

စောနှင်းနွယ်ပြီးခါမှ စစ်နိုင်ထွက်ပါရေ။ စစ်နိုင်ကို အအီးချေ စကားပင် ပြောပါဖို.လား ထင်စော်။ မဆိုးပါ။ ပပေါက်ရရောက် ပရိတ်သတ်နဲ. အပေးအယူမျှအောင် ပြောဖို.ဆိုဖို. တတ်ယင့်။ ရရင်းနှနှီး ခင်ခင်မင်မင်ပြောတတ်စော်ကို သတိထားမိပါရေ (ကိုယ့်လူကို အမွှန်းတင်နီစော်) ရယ်ကေမလှလို. လူများကပြောကေလေ့သင့် အကျွန်က ချစ်ကောင်းထမန်းချေ မြင်ပါယင့်။ ဟီးဟီး။ အသားမည်းကေလေ့ အဆီခဲ။ ချိုရှိရေဆိုစော် ယင်းပိုင်လူတိ မနားယေ။  မင်းလေ့ ရခိုင် ငါလေ့ ရခိုင် တေးခြင်းနဲ. ပထမဆုံး ဖျော်ဖြေလားပါရေ။ အသံကတော့ ပြောစရာမရှိပါ။ စကားပြောစော်အသံကိုက ကောင်းစော်။ အောက်က မမချေတိ (အကျွန်ရို.အုပ်စု) ပြိုရေ ပြိုရေ အေပိုင်။ ဆုချကတ်စော်လူတိလေ့များပါရေ။ နောက် စင်္ကာပူက ပွဲတိုင်းကျော် မေကြီးနဲ. တွဲလို. စုံတွဲ တေးခြင်းတစ်ပုဒ် ဆိုလားပါသိရေ။ မေကြီး နောက်တစ်ပုဒ်ဆိုကေ မမချေတိ ပါးမှာ ချောင်းလို. အသတ်ခံရဖို.ဗျယ် အရာ။ မြတ်ရှင်ရို. လင်မယားကတော့ ဖေ့သာဆုချကတ်တေမြင်ရေ။
စစ်နိုင် + မေကြီး
စင်္ကာပူက ရခိုင်သားချေ ဖြစ်တေ မောင်မောင်ဆိုစော် အသစ်တစ်ယောက်လေ့ တွိပါရေ။ သူကိုယ်တိုင်ရွီးထားရေ တေးခြင်းတိကို ဆိုလားပါရေ။ တေးခြင်းချေတိ နားထောင်လို.မဆိုးပါ။ ပရိတ်သတ်တိ သဘောကျကတ်စော်ကို တွိပါရေ။ ယင်းပိုင် အသစ်ချေတိကို တင်ပီးစော် အိုင်ဒီယာလေ့ မဆိုးပါ။
ပထမတဆင်း(
ဒုတိယတဆင်း( နှစ်ဆင်လုံးသဘောမကျပါ ဝတ်စုံကို
နောက်တစ်ယောက်က ညှာစိမ်းခိုင်ပါ။ ရိုးမရံစီံနဲ.ဖွင့်လားရေ။ အသံကောင်းကောင်းရေ။ နောက်အာရိယန်နွယ် တေးခြင်းနဲ. ကုလားက ကပြီးကေ သီဆိုလားပါရေ။ ကစော်မလှလို. ပြောစော်မဟုတ်ပါ။ အာရိယန်နွယ်လို. ပီးထားရေ ခေါင်းစဉ်ကို အားနာဖို.ပြောစော်ပါ။ ရှာကီရာ တေးခြင်းကို ပေါ်တင်ကော်ပီလုပ်ထားရေ အပြစ်က တစ်မှု၊ အာရိယန်နွယ်ဆိုပြီးကေ belly Dance (arabic) အက ကို ကလားရေအပြစ် ကတစ်မှု ၊ ပေါင်းနှစ်မှုနဲ. မကျေနပ်ဖြစ်မိပါရေ။ သူ.ကို ကြိုက်လာစော် အေအာရိယန်နွယ် ကော်ပီခွေ မထွက်ခင် အထိပါ။ ရိုးမရံစီ ကိုကောင်းအားရရေ။ ခုဆိုလားရေ တေးခြင်း ၅ ပုဒ် ၆ ပုဒ် မှာ ရိုးမရံစီက လွဲပြီးကေ အားလုံး ကော်ပီတေးခြင်းတိပါ။ အာရိယန်နွယ်ကို ဆိုနီခါ ရှင်းရှင်းပြောရကေ ယင်းနားက စလုံး လူမျိုးတိ အခန်းထဲဝင်လာဖို.စော်ကို ကောင်းကြောက်လားရေ။ အော်ရီဂျင်နယ် ရှာကီရာ တေးခြင်းက လူတိုင်းသိ တေးခြင်းဖြစ်လို.ပါ။ သို.သော်လည်း သူကလိုက်တေအခါ မှာ entertaining ဖြစ်စော်ကတော့ အထူးပြောစရာမရှိပါ။ ပရိတ်သတ်ကို ကြည့်လိုက်တေအခါ ရခိုင်အလံချေတိ တချို.ကိုင်ထားစော်တွိပါရေ။ တခုတောင်လိုချင်ရေ။ နောက်ပွဲတိမှာ ရခိုင်အလံချေတိ ရောင်းပီးကေ ကောင်းပါဖို.။ ဝယ်လို. ကိုင်ထားချင်ရေ။ဝင်းကိုခိုင်ပြီးစော်နဲ. ပထမပိုင်းပြီးပါရေ။

နောက်ဝင်းကိုခိုင်အလှည့်။ သူက ဝါရင့်ဆိုခါ ဇာတေးခြင်းကို ဆိုရဖို.ဆိုစော် နားလည်ပြီးသား။ ရေမြေခြားလို. ပိုလွမ်းရေနဲ. ဖွင့်ပိုက်စော် မျက်ရည်တိ ဘာတိ ကျချင်လားရေ။ နောက် ဆိုက်ဘေးရီးယားကို နှစ်ခေါက်တောင် ဆိုလားရေ။ ဇာနှစ်ခေါက်ဆိုဆို ကောင်းရေ။ ဝင်းကိုခိုင်က ပြုံးပြုံးရွှင်ရွှင်နဲ. စင်ထက်မှဆိုကေ နီတတ်ပါရေ။ အားလုံးက လေးစားပြီးသား အနုပညာ အနှစ်ပြည့်ရေလူဆိုခါ ပရိတ်သတ်ကတော့ တပျင်းအားပီးစော်ဗျယ်။  ပထမပိုင်း မှာ တေးခြင်း ၃ ပုဒ် ဆိုလားရေ။ ဆုချရေလူတိလေ့များရေ။

ပထမပိုင်းကို enjoy အလှပ မဖြစ်ခရေ အကြောင်းရင်းက ဝမ်းဆာလို.ပါ။ နောက်တစ်ခုက စကောမ က မင်းမင်းချေ ဆိုနီခါ အေဖက်က ပရိုဂျက်တာမှာ ဓါတ်ပုံတိ နဲ. ဆလိုဒ်ရှိုးတိ ပေါ်လာရေ။ အက်ဆီးဒန်. လား တမင်ပြချင်စော်လားတော့မသိပါ။ ယဂေလေ့သင့် ယော ဇာတိပြနီလေ ဆိုပြီးကေ အားလုံးက အဆိုတော်ပါးကို အာရုံမရောက်ပဲ ယင်း ဖက်ကိုပဲ လှမ်းကို ကြည့်နီကတ်ခါ distract လုပ်တေပုံစံမျိုးဖြစ်လားရေ။ ဆိုရရေလူက ဖီးလ် အောက်ပါဖို.။ မနည်းကြာပြီးခါမှ ပျောက်လားပါရေ။ နောက်တစ်ခုက မိုးထကပင် တစ်ခုလေ့ မစားရသိခါ ဝမ်းဆာလို.သီဖို.ဗျယ်။ ဘရိတ်တိုင်းမှာ မုန်.ကျွေးဖို.ဆိုလိုစောင့်နီမှာ ယော် ဆာဒင်းcurry puff တစ်ခုတည်းရာ ၇လတ်ထော။ သီမနားဂု။ အာလူး ဆိုကေတော်သိရေ အဂုစော်က အကျွန်မကြိုက်ဆုံး ဆာဒင်းနဲ.သိ။ မြတ်ရှင်ကြာဇံသုပ် ယူခလို.တော်သိရေ။ စားပြီးလို. ဝမ်းယက် အီးလာခါမှ နီသာထိုင်သာရှိလားရေ။ နောက်တစ်ပွဲခါ ဝမ်းစကေ ဝစော်ချေတစ်ခုကျွေးပါ။ အယင်နှစ်က ထမင်းနဲ. ခရမ်းသီးချက်တောင်မှ ဝမ်းဆာကေ (ဝမ်းဆာကေ) စားကောင်းဖို.သိ။ အေဂုမှ မစို.မပို.ကျရေ။
 Boooo for Curry Puff.. အရာလူမပြောကေ့ ဇံဇံ မာန်ပါနီစော်ကြည့်

စားသောက်ပြီးစော်နဲ. အဆိုတော်တိနဲ. ဓါတ်ပုံရိုက်ဖို. စိုင်းပြင်းရရေ။ အဓိက တားဂတ်က စစ်နိုင် နဲ. ဝင်းကိုခိုင်။ စစ်နိုင်က ရှောရှောရှူရှူ ရိုက်ပါဆိုပြီးကေ အရိုက်ခံပါရေ။ ပုံ.ပုံ.ရို.က ပြိုရေ။ လူများတိက အနားချေမှာကတ်လို. ထုံးစံအတိုင်း နိုင်ငံတော် အလေးပြုပို.စ်နဲ. ရိုက်နီကတ်စော်။ အေညီအေးမ တိက မြင်စော်နဲ. လက်တိ ကိုင်သတ်ပစ်ဆိုခါ စစ်နိုင်လေ့ စကေကြောက်လားလား မဆိုနိုင်။ ညီမကတော့ ပြောရေ ကောင်းမကျေနပ်လတ် ဓါတ်ပုံထဲမှာ ကြည်ကြည်နူးနူး ပုံ မပေါက်လို.ဆိုကာ။ ပေါက်ဖို.လား ထိုမှာ တယောက် ကြောက်လို.ကျမ်းနီဗျာယ်။ အကျွန်နဲ. ရိုက်စော်ပုံမှာတော့ခါ နှစ်ယောက်စလုံးလှရေ ( အသူထင်ထင်မထင်ထင်)။ အကျွန်နဲ. စစ်နိုင် ကောင်းလိုက်တေ ပြောလို.ပြောစော်မဟုတ်။ ဟီးဟီး။ မယုံလာ။ နီအုံးသိ ပြမေ။


......... တစ်



....နှစ်



...သုံး


..


ဘွားဟားဟားဟား။ မတူလာပြော။ အတွဲနဲ.မတူလာပြော။ ဒင်နာစားဖို.လားကတ်တေ အတွဲနဲ. မတူလာပြော။း)  ရည်းစားမြင်ကေ ဒုတ်ပိုင်းနဲ. ကောက်လို. အသတ်ခံရဖို.သိ။

အဲ ဝင်းကိုခိုင်ကတော့ ခပ်တည်တည်ပါ။ တတောက်ကြီးကျမ်းလို.။ လက်လေ့ မကိုင်စီချင်လာမသိ။ အတင်းအားဒမ ကိုင်ပစ်ခကေလေ့ ကိုယ့်ကို ချစ်ခင်နှစ်သက်တေပုံ မပြဆိုခါ နည်းနည်းဖီးလ်အောက်လားလို. အတွဲပုံ မတင်ပါဗျယ်။ နားလည်ပီးလို.ရပါရေ။ အားလုံးကသူနဲ.တွဲလို. ရိုက်ချင်ကတ်တေ ဆိုခါ သူ.အတွက် အဆန်းမဟုတ်ပျယ် ညီးငွေ.လားလို. ဖြစ်ပါဖို.။ ဝါရင့်တိမှာ ဖြစ်တတ်တေ ရောဂါပါရာ။ ယဂေလေ့သင့် အဂုပိုင် လူချင်းတွိလိုက်တေ ပွဲအပြီးမှာ အကျွန်စော် officially စစ်နိုင် ပရိတ်သတ်ဖြစ်လားပါရေ။ ယပြီးကေ ပတ်ပျယ် မွိပျယ် ရိုက်ကတ်သိရေ။ ကိုယ့်သူက ရိုက် သူ.ကိုယ်ကရိုက်နဲ.ပင်။ ရခိုင်သားတိ ကင်မရာကိုင်စော်လူတိယေ များသလားမမီးကေ့။ ကျော်ဖြိုးဝေရို.က ပြောင်းအရှည်ကြီးနဲ. ညှာစိမ်းခိုင်ရို. စောနှင်းနွယ်ရို.ကို အနီးကပ်ဆွဲရေအရာ။ ကိုကျော်ဝင်းခိုင်မှာတော့ခါ မျက်နှာ ရှုံ.ရှုံ.မဲ့မဲ့နဲ. ၇ှိဆုံးက ကောင်းရိုက်တေမြင်ရေ။ ကိုယ်ရို.နောက်ဖက်ကလူတိတောင်မှ အေလောက် နားတိအူပါစော် သူ.ခမျာ ဆောင်းဘောက်ရှိတတည့်က ရိုက်ရစော် ဘလောက် နားတိအူမေမသိ။

ဒုတိယပိုင်းကိုလေ့ စကောမ နဲ.ပဲ စပြီးကေ ဆိုပါရေ။ သူ.ခမျာ အစဆိုခါ လူခေါ်ရရေ။ စစ်နိုင်နဲ.တွဲပြီးကေ ဆိုလားရေ တေးခြင်းချေတစ်ပုဒ်မှာ နှစ်ယောက်လုံးကောင်းရေ။ တေးခြင်းအအီးတိကိုလေ့ ဆိုနိုင်စော်တွိရရေ။ အေနှစ်ခါ ခေါ်စော် အဆိုတော်တိ အားလုံးကို ကျေနပ်တေ ကြိုက်တေ။ နောက်နှစ်ခါ ဒိုးအ်ရီကို ရအောင်ခေါ်ကတ်ပါမေ။ အကျွန်စပွန်ဆာပီးမေ။ ဟီးဟီး။ ဒိုးအ်ရီ ကိုကြိုက်ပါရေ။ ဒုတိယ ဝင်းကိုခိုင် ဗျယ်ယေ။ ဒုတိယပိုင်းမှာ စစ်နိုင်က ပြေပါစီ တေးခြင်းကို ဆိုရေ။ အဘာလေး လက်တိမြှောက်ပလိုက်ရစော် ညောင်းပါရေ။ အကျွန်၇ို. မမချေ အုပ်စု (RGP) က လူတိတစ်ဝိုင်းထိုင်နီစော် မမချေတိ ဆုချကတ်မေ ဆုချကတ်မေ နဲ.ပင် အားလုံးပေါင်းလို. ဆုချဖြစ်လားပါရေ။ ညှာစိမ်းခိုင်နဲ.တွဲလို. အရာတစ်ပုဒ်ဆိုရေ။ ယပြီးကေ မှတ်မှတ်ရရ ပရိတ်သတ်တယောက် အတွက် မွေးနေ.တေးခြင်းကို ဆိုပီးပါရေ။ ဘလောက် စိတ်သဘောထားကောင်းလေ ကြည့်ယေ။း) ဟီးဟီး။ အရာအဆိုတော် တစ်ယောက်လေ့ မလုပ်ပီး ယင်းပိုင်။ အကျွန်ရို.ပြေပါစီကို နောက်တစ်ခေါက် လားလို. တေးခြင်းတောင်းခီမှာ မရခ။း(  အရာဆုချအုံးသိလို. ပြောရေလတ်။ ညှာစိမ်းခိုင်လေ့ အမိ တေးခြင်းကို နှစ်ခေါက်ဆိုလားရေ။ ဝင်းကိုခိုင်လေ့ ဆိုက်ဘေးရီးယားကို နှစ်ခေါက်ဆိုလားရေ၊ စောနှင်းနွယ်လေ့ နွယ်ချိုဖိုးခေါင်ကိုနှစ်ခေါက်ဆိုလားရေ ဇာဖြစ်လို. စစ်နိုင်က ပြေပါစီကို နှစ်ခေါက်မဆိုပဲ နီရဖို.လေး။ စစ်နိုင်နဲ.တောင်မတွိက အဆိုတော်စောင့်တိက မရလို.ပြောလိုက်လတ်။ ရတနာကျော်ဆန်းပက ယင်းလူတိ အသူတိလေးဆိုစော် ကို နာမည်မီးဗျယ် ချောင်းလို. သတ်ဖို.လားဖို.လတ် ညီမက ပြောနီယင့်။

နောက်ဆုံး ဝင်းကိုခိုင်ဆိုဖို.အလှည့်ကျရေ. အကျွန်ရို.အားလုံးက အားပါနီကတ်ဗျယ် ၇ိုးရာက မမကို အဆိုတော်အားလုံး ဝိုင်းလို. ဆိုပြီးကေ ပွဲသိမ်းစီချင်ရေ။ ဝင်းကိုခိုင်ဆိုနီတုန်း အကျွန်ရို.အုပ်စု ရိုးရာက မမနဲ.ပင် အော်နီကတ်ပျယ် ပွဲအတွက် လိုက်ကူပီးနီရေ လူတိကလေ့ ဆိုဖို.လတ်လို. ပြောရေအတွက် အားလုံးက လက်တပြင်ပြင်နဲ. ကဖို.စောင့်နီကတ်တေ။ ယေမှာ ဝင်းကိုခိုင်တစ်ယောက်တည်း မဟာနွယ်နဲ. ပွဲသိမ်းလားပါရေ။ ရိုးရာကမမက သူ.တေးခြင်းမဟုတ်တေအတွက်နဲ. မဆိုချင်လားမသိလို. စိတ်က ဖြစ်မိပါရေ။ ပွဲအသိမ်းမှာ ကျန်စော်အဆိုတော်တိ တစ်ယောက်လေ့ မပါပဲနဲ. ဝင်းကိုခိုင်တစ်ယောက်တည်းနဲ.သိမ်းလားပါရေ။ ။ စိတ်ညိုညင်လားကေလေ့ ××လာပါလာ ရောက်အောင်လာ ရခိုင်ဗဟိုစည်ကြီး တီးချိန်မှာ လာပါလာ ရောက်အောင်လာ ရခိုင်ဆိုတဲ့အသိ ရှိရင်လာ××  ဆိုစော်နဲ. အကျွန်ရို.မမချေတိအားလုံး ဝုန်းကနဲထဗျယ် အော်ကတ်တေပိုင် နောက်က ကနီရေလူအားလုံးလေ့ ရှိကို ပြိုလို.ဆင်းပါလတ်ကတ်တေ။ စိတ်တိကြွပြီးကေ ဝုန်းဝုန်းနဲ.ပင်ခုန်ကတ်စော် ဒေါက်ဖိနပ်စီးထားစော်တောင်ခြေထောက်နာ၇ဖို.မှန်းမသိ။ အရေးထဲမှာ တာဇံအင်းကျီိကို ပြုတ်မကျအောင် ထိန်း၇သိရေ။ ဟေးဆိုကေ ပွဲပြီးလာစော်နဲ. စိတ်ကကျန်သိရေ။ ရိုးရာက မမ ကို တ နီတုန်းသိ၊ ဝင်းကိုခိုင်က စင်အောက်ရောက်လားဗျယ်။ ထားဖို.ရှိသိလားယဂေ။ ရိုးရာက မမကို ကိုယ့်စော်ကို ဆိုဗျယ် ကိုယ့်စော်ကို က ကတ်တေဗျယ်။ ပွဲရှိန်မသီသိရေ လူတိကလေ့ အားလုံးဝိုင်းလို.ဆိုကတ်တေ။ ပျော်ကောင်းထမန်းပါ။ ယပြီးခါမှ စိတ်က ကျေနပ်လားခရေ။

 မဟာနွယ်း)

ပျော်ကြီးကျများး)
အေနှစ်ပွဲ အစီအစဉ်ကို သဘောကျပါရေ။ အနောင်ဆာတိက မလိုအပ်ပဲနဲ. ကောင်းနေရာမယူပဲနဲ. အဆိုတော်နဲ. ပရိတ်သတ်ကို လွှတ်ထားပီးစော် ကောင်းပါရေ။  ကချင်ရေလူတိ နောက်မှာ ကကတ်လို.ပြောထားစော်လေ့ ကောင်းပါရေ။ ပန်းလာပီးစော်တိ၊ ဖေ့သာဆုချလူတိကို လိုက်ထိန်းပီးပြိးကေ ကြပ်မပ်ပီးစော်လေ့ သဘောကျပါရေ။ အေနှစ်ခါ ပွဲထိန်းကောင်းပါရေ။  ကြော်ငြာနဲ. စပွန်ဆာ အင်ဖော်မေးရှင်းတိကို ပရိုဂျက်တာနဲ. ထိုးပြစော်အစီအစဉ်လေ့ ကောင်းပါရေ။ (မလိုအပ်ပဲနဲ. ပရိုဂျက်တာကို မဖွင့်မိဖို.ပဲ သတိထားရပါဖို.။ ကိုယ့်ပြချင်ရေ ဆလိုဒ်ကို အယင်ဖွင့်ပြီးခါမှ ပရိုဂျက်တာနဲ. ကော်နက်လုပ်စီချင်ပါရေ) နောက်ထပ် ရီဟာဇယ်လုပ်တယ် ဓါတ်ပုံတိ ၊ ကြိုတင်ပြင်ဆင် အကတိုက်ကတ်စော်ပုံတိကို ပြချင်ကေ ဘရိတ်တိုင်းမှာ ဖြစ်ဖြစ် ပွဲအပြီးမှာ ဖြစ်ဖြစ်လုပ်ပီးစော် ပိုကောင်းပါဖို.။ ပါးဝင်ကူညီရေလူအားလုံးကို ကျေးဇူးတင်ရေ သဘောမျိုး ကိုယ်ရို. အားထုတ်ရရေ အပိုင်းချေတိကို ပြချင်ရေ သဘောမျိုးဆိုကေလေ့သင့် တေးခြင်းဆိုနီခါ ဖွင့်ပြထားကေ ပရိတ်သတ်က ဇာကိုကြည့်ရမှန်းမသိ ဖြစ်လားတတ်ပါရေ။

နောက်ဆုံးပြောချင်စော်ကတော့ အဂုပိုင်ပွဲဖြစ်မြောက်အောင် စီစိုင်ပီးရေ တာဝန်ရှိရေလူတိ အားလုံးကို ကျေးဇူးတင်ပါရေ။ နောက်နှစ်ခါလေ့ လုပ်ဖြစ်အောင်လုပ်ပါလို. တိုက်တွန်းချင်ပါရေ။ အဆိုတော်တိ အားလုံးကိုလေ့ ကျေးဇူးတင်ပါရေ။ အနှစ်ရှိရေ အဆိုတော်တိ ချည်းပါဗျာယ် အေနှစ်ခါ။ ကောင်းပျော်ပခပါယင့်။ ကိုယ့်မိတ်ဆွေသူငယ်ချင်းအများကြီးနဲ.လည်းတွိခပါရေ။


 RGP member များ (တစ်ယောက်နှစ်ယောက်မှလွဲရွေ.)
စားနိုင်ကေကိုယ့်ဖို.
ခိုင်ဝေဇံ
( ဓါတ်ပုံ ခရက်ဒစ်  = ကျော်ဖြိုးဝေ ၊ ကိုဇော်ရီ၊ ကိုဇော်ဇော်ဝင်း၊ မြတ်ရှင်)