စာမေးပွဲ ၂ဘာသာပြီးသွားပြီ။ ဖြေနိုင်လား မဖြေနိုင်ဘူးလားဆိုတော့ သိဘူးပဲ။ မေးခွန်းခက်တယ်။ အယင်နှစ်တုန်းက မေးထားတာတွေနဲ. ကလည်း တခြားစီ။ အောင်မှာပါ (ထင်တာပဲ မော်ဒရေးရှင်းနဲ.ပဲဖြစ်ဖြစ်ပေါ့) ။ ၂ဘာသာဖြေပြီးတော့ ပေါ့မသွားဘဲ ပိုလေးလာတယ်။ နောက် ၂ဘာသာကျန်သေးတယ်လေ။ ဒီဘာသာတွေကတော့ ကိုယ့်အားကိုယ်ကိုး ငါ့မြင်းငါစိုင်းပဲ။ စစ်ကိုင်းလည်းမရောက် ပဲခူးလဲမရောက် ကြံတောရောက်မှာ မြင်ယောင်သေး။
ခုဖြေပြီးတဲ့ ၂ ဘာသာက အဖော်ရှိတယ်လေ။ လင်းလင်းနဲ. အေးသီတာသော်။ ခွင့်တွေယူပြီး bukit batok က မက်ဒေါ်နယ်မှာ စာလုပ်ကြပါကောလား။ စာလုပ်တာကနည်းနည်း အတင်းချတာက များများဖြစ်နေတယ်။ မင်္ဂလာဆောင်မဲ့အကြောင်းပြောပြီး စိတ်ကူးနဲ. ဝတ်စုံတွေရွေးကြ။ ဖိတ်စာတွေရိုက်ကြ၊ ဟိုတယ်တွေရွေးကြနဲ. ဖြစ်ချင်တိုင်းကိုဖြစ်နေတာ။ ဖိတ်စာကို ပေလွှာလိုလိပ် ကြိုးနဲ.ချည်ပြီးမှ ပေးချင်တာတွေရော ကမ်းခြေမှာမင်္ဂလာဆောင်မယ်ဆို ခရုခွံအကြီးကြီးမှာရေးပြီးပေးမှာဆိုတာရော၊ bottle message လိုမျိုး ပုလင်းထဲမှာ စာရွက်လေးလိပ်ထည့်ပြီးဖိတ်မယ်ဆိုတာရော အိုင်ဒီယာအကုန်ပဲ ထုတ်လိုက်ကြတာ။ ဘာဖြစ်သေးတုန်း။ စိတ်ကူးယဉ်တာ ပိုက်ဆံပေးရတာမှမဟုတ်တာ။ အဲ အချိန်တော့ ကုန်သွားတယ်။
ပထမတရက်စာလုပ်တော့ လင်းလင်းကပြောတယ်။ သူ.သူငယ်ချင်းတွေညွှန်းတဲ့ ယိုးဒယားဆိုင်တစ်ဆိုင်ရှိတယ်တဲ့။ အရမ်းဈေးချိုပြီး အရမ်းကောင်းတယ်လို.ပြောတယ် သွားစားရအောင်တဲ့။ ဘယ်ရမလဲ လာထားပေါ့။ ရတယ်သွားမယ်လို. ဆိုပြီး ညနေတာ လင်းလင်းတို.အတွဲနဲ. ဆိုင်လိုက်ရှာကြရော။ သူတို.ကလည်း လည်တယ်တယ်၊ လိပ်စာညွန်တဲ့လူကလည်း အသုံးကမကျ၊ ဆိုတော့ ရှာလိုက်တာ ဖတ်ဖတ်မော မတွေ.ဘူး။ မတွေ.လေ မစားရသရွေ.အိမ်မပြန်ဘူးဟ ဆိုပြီးရှာချင်လေပဲ (စာကျအဲလို ဇွဲမရှိဘူး။ တလွဲဆံပင်ကောင်းနေတာ) နောက်ဆုံး တက်ကစီငှားလိုက်တော့မှ ကိစပြတ်သွားတယ်။
ရောက်သွားတော့လည်း စမ်းတဝါးဝါး ဟိုရှာဒီရှာ ခြေတိုမှ သွားတွေ.တော့တာကိုး။ ဆိုင်က ဟော်ကာဆန်တာက ဆိုင်သေးလေးပါ။ မီနူးတောင် မရှိဘူး။ ပုံလေးတွေကပ်ထားတာပဲ ရှိတယ်။ ကိုယ်တို.က ၃ ယောက်စာ ဟင်းလေးပွဲပေါ့။ တုံယမ်းရယ်။ beef with basil ရယ် ပင်လယ်စာသုပ်ရယ် ကန်စွန်းရွက်ကြော်ရယ်မှာကြတယ်။ အားလုံးက ၅ ကျပ် သို. ၄ ကျပ်လောက်ပဲပေးရတယ်။ ထမင်းသုံးပွဲနဲ. ဟင်းလေးပွဲကို ၂၁ကျပ်ကျတယ်။ ဟင်းပွဲလည်း ကြီးတယ်။ ကိုယ့်ခုံကို လာမချပေးဘူး။ ကိုယ်ကသွားယူရတာ။
ဒါကပင်လယ်စာသုပ်။ ပင်လယ်စာသုပ်ဆိုပေမဲ့ ကင်းမွန်ပဲပါတယ်။ ပုဇွန်မပါဘူး။ မြေပဲတွေ သောင်းပြောင်းပါတယ်။ ကိုယ်က မြေပဲမကြိုက်ဘူး။ ဖယ်စားရတယ်။ ဒါပေမဲ့ အစပ်အဟပ် အပေါ့အငန်ကတော့ ကိုယ့်ပါးစပ်နဲ. တိုင်းသုပ်ထားသလားမှတ်ရတယ်။ တော်တော်ကောင်းတယ်။ အစပ်အတော်ပဲ။ တအားကြီး မစပ်ဘူး နည်းနည်း ရှူးရှဲဖြစ်ရုံလောက်ပေါ့။
ဒါကတော့ အမဲသားကို ပဲသီးနဲ. တရုတ်နံနံနဲ. ချက်ထားတာ။ ရောက်ရင် စားဖြစ်အောင် စားကြည့်ကြပါ။ အမဲသားမစားတဲ့လူအတွက် ကြက်သားရှိတယ်။ စပ်စပ်ကလေးနဲ. အင်မတန်စားလို.ကောင်းတယ်။
ဒါကတော့ ကြက်သားပဲသီး အစပ်ချက်။ နောက်တနေ.မှာ တခေါက်သွားစားကြသေးတယ်လေ။ အဲနေ.ကတော့ ဒေါ်အေးသီတာသော်က အမဲသားမစားပါဘူးဆိုတဲ့အတွက် ကြက်သားချက်ပဲ ဝယ်ခဲ့လိုက်တယ်။ အမဲသားလောက်မကောင်းဘူး။
ဒါက ပင်လယ်စာ ကြာဇံသုပ် ။ပုဇွန် အကောင် ကြီးကြီး၃ ကောင်ပါတယ်။ ကင်းမွန်လဲပါတယ်။ ကြာဇံလေးကလဲ တဆတ်ဆတ်နဲ. စားလို.ကောင်းတယ်။ ၅ကျပ်ပဲပေးရတယ်။ တောက် ငါ့နှယ် ဓါတ်ပုံ၇ိုက်တာ ပုဇွန်တွေပါမလာဘူးကွာ။ ရင်နာထှာ။
ကစွန်းရွက်ကြော်လဲ ပွဲမသေးပါဘူး။ လေးကျပ်တည်းပေးရတယ်။ သူများဆိုင်မှာဆို အနည်းဆုံး ၆ ကျပ်ကစတာ။ အရွက်ကြော်ကို အထင်မသေးနဲ.။ စင်္ကာပူမှာ အရွက်က ဝက်သားထက်ဈေးကြီးတယ်။
ချုပ်ပြောရရင်တော့ စားရတာ တော်တော်အားရပါတယ်။ ဗမာပါးစပ်နဲ. ကိုက်မှာကတော့ အသေအချာပဲ။ ဖတ်ထိုင်းကြော်လေး စားခဲ့ချင်ပေမဲ့ ဟင်းတွေဘက်ကို ပိုအားသန်နေတော့ မစားခဲ့ရဘူး။ နောက်တခေါက်ပေါ့။ အရသာ၊ ဈေးနှုန်းတွေကို သူများနဲ. ယှဉ်ကြည့်လိုက်ရင် ၁၀မှာ ၈ လောက်တန်းရတယ်။ နောက်အိမ်ပြောင်းရင် bukit batok ပဲပြောင်းမယ်။ အဲဆိုင်နားကို ဟော်ကာဆန်တာ ကြီးမှနည်းတာမဟုတ်ဘူး။ ဟိုဘက်ဒီဘက် အပြိုင် ဆိုင်တွေတန်းစီနေတာပဲ။ ငှက်ပျောသီး လက်တတောင်လောက်ရှည်တာတွေကို ကြော်ပြီးရောင်းနေတဲ့ မလေးဆိုင်ရှိတယ်။ ငှက်ပျောသီးကြော်ဝယ်စားခဲ့ကြသေးတယ်။ ပြီးတော့ တိုရှည် ပလာတာ ဒန်ပေါက် ရှယ်ရောင်းနေတဲ့ ကုလားဆိုင်အကြီးကြီးရှိတယ်။ တောက် ရှယ်ပဲ။ အဲနားမှာ အိမ်ငှားနေတဲ့လူတွေတော့ နတ်ပြည် ရောက်သလို နေမှာပဲ။ ထိုင်းဆိုင်စားပြီးတော့ တိုရှည်လည်း စားခဲ့သေးတယ်။ အဟီး။
အေးသီတာသော် စားမနိုင်တော့ ဘယ်ရမလဲ ကူစားပေးပစ်တာပေါ့။ ပြီးတော့ ဗိုက်ဆံ့သေးလားဆိုတော့ အင်းတဲ့ နည်းနည်းတဲ့။ အဲဒါနဲ. ရိုဂျက်ဆိုင်သွားပြီး တစ်ပွဲဝယ်လိုက်တယ်။ ဓါတ်ပုံရိုက်ဖို.ရာ မေ့သွားတယ်။ မဆိုးပါဘူး။ ပုံမှန်လေးပေါ့။
ဆိုင်ကို ညွှန်းပေးတဲ့ လင်းလင်းနဲ. ကိုသန်းဝင်းစိုးတို.အတွဲကို ကျေးဇူးအထူးတင်ရှိပါတယ်။
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ
0 comments:
Post a Comment