ARE THEY HUMAN????

ဘာပြောရမလဲ ဆိုတာစဉ်းစားတုန်းရှိသေးတယ်။ ပြောစရာစကား ရှာမတွေ.လို.။ အရပ်ကတို.ကို မေးပရစေ။ ဗိုက်ဆာလို. ပေါင်မုန်.ခိုးစားမိတဲ့ ကလေးလေးတယောက်အတဇွက် အကြီးမားဆုံး အပြစ်ဒဏ်ကဘာဖြစ်နိုင်လဲ။

အီရန်မှာဈေးထဲမှာ ပေါင်မုန်. ခိုးစားမိတဲ. ၈နှစ်သား ကလေးတယောက်ကို ပေးတဲ့အပြစ်ကတော့ ကိုရမ်ကျမ်းရဲ.အလိုအရ သူ.လက်နှစ်ဘက်လုံးကို ကားနဲ.ကြိတ်ပြီး ဖြတ်ပစ်လိုက်ဖို.ပါ။ အဲဒီ ဓါတ်ပုံထဲမှာပါတဲ့ လူတွေကို သေသေချာချာကြည့်မိတယ်။ လူတွေမှဟုတ်ကြသေးရဲ.လားလို.။ အဲဒီကလေးရဲ.မျက်လုံးတွေကို ကျွန်တော် ရင်မဆိုင်ရဲဘူး။ သူ.ကို ကျွန်တော် တောင်းပန်ချင်တယ်။

Image Hosted by ImageShack.us


သူ.ကိုရက်ရက်စက်စက်လုပ်ခဲ့ကြတဲ့ လူတွေရဲ.ကိုယ်စား သူ.ကို ကျွန်တော်တောင်းပန်ချင်တယ်။

ရပ်ကြည်.ရုံကြည်.ခဲ့ကြပြီး ဘာမှဝင်မပြောခဲ့ကြတဲ့ လူတွေရဲ.ကိုယ်စား ကျွန်တော်တောင်းပန်ချင်တယ်။

ခွင်.လွှတ်ခြင်းထက် အပြစ်ပေးခြင်းကို အလေးပေးတဲ့ ဘာသာတရား တခုရဲ.ကိုယ်စား ကျွန်တော် တောင်းပန်ချင်တယ်။

ဘာသာတရားကို ခုတုံးလုပ်ပြီး လုပ်ချင်ရာလုပ်ခဲ့ကြတဲ့ လူတစုကို မတားဆီးနိုင်ခဲ့တဲ့ ဥပဒေရဲ.ကိုယ်စား သူ.ကို ကျွန်တော်တောင်းပန်ချင်တယ်။

ဖြစ်ပြီးသွားမှ ကြည့်သနားရုံကလွဲပြီး ဘာမှလုပ်မပေးနိုင်တော့တဲ့ လူတွေကိုယ်စားသူ.ကို ကျွန်တော် တောင်းပန်ချင်တယ်။

မလှတဲ့ ဘ၀တခုကို ဖန်တီးပေးခဲ့တဲ့ ကံတရားရဲ.ကိုယ်စားသူ.ကို ကျွန်တော် တောင်းပန်ချင်တယ်။

ဘ၀တခုကို မမြှင်.တင်ပေးနိုင်ရင်နေပါစေ။ ဆွဲတော့မချချင်ပါဘူး။ ဗုဒ္ဒဘာသာဖြစ်ရတာ အရမ်းကို ကံကောင်းတယ်လို.ခံစားရတယ်။ ကိုယ့်ဘာသာတရားကို ကိုယ်တန်ဖိုးထားတတ်ပါစေ။

မရေးတာကြာပြီ။ ဒီတခါ မရေးဖြစ်တာကကျတော့ internet bill မဆောင်လို. service အဖြတ်ခံလိုက်ရလို.။့ ဟီးဟီး။

ရှားရှားပါးပါး high school ကသူငယ်ချင်းတွေနဲ. ပြန်ဆုံဖြစ်တယ်။ စစ်တွေကို ပြန်ရောက်သွားသလို ခံစားရတယ်။ ရေအြင်းလေးတခုလုံး သောက်သောက်ရိုက်သွားအောင် ပြောကြတာ စကားက။ ပြောစရာတွေကလည်း မကုန်နိုင်ဘူး။ စားသောက်ပြီးတော့ ဒူးရင်းသီး နားသွား merlion နားမှာ ဓါတ်ပုံတွေ ရိုက်ကြတာပေါ့။ အမှတ်တရပါပဲ။

ညဘက် hand phone နဲ.ရိုက်တာဆိုတော့ photo quality ကမကောင်းဘူး။ ကျွန်တော်တို.လို ၀ါးလေလှလေ အဖွဲ.နဲ.ကတော့ အကိုက်ပေါ့။

Image Hosted by ImageShack.us


Image Hosted by ImageShack.us



Image Hosted by ImageShack.us

စိုင်းထီးဆိုင် သို.မဟုတ် a legend

မရေးဖြစ်တာကြာပြီ။ ပျင်းနေတာလည်းပါတယ်။ မအားတာလည်းပါတယ်။ အားနေရင် ပျင်းပြီးမလုပ်ချင်ဘူး။ အလုပ်များရင်တော့ စိတ်ကရောက်တယ်။ ဟီးဟီး။

ရေးစရာရှာမရတာလည်းပါတယ်။ ကျွန်တော်က တကယ်စိတ်ထဲက မနေနိုင် မထိုင်နိုင်ဖြစ်တော့မှ ရေးချင်တာ။ အားတိုင်းယားတိုင်း လွယ်လွယ်နဲ.ရေးချင်တာ မဟုတ်ဘူး။ စိုင်းထီးဆိုင် ဆုံးပြီလို.ကြားကတည်းက ရေးချင်တာ။ နှမြောလို.ပါ။ အနုပညာလောကမှာ ဒီလို လူမျိုးတယောက် နောက်ထပ် ပေါ်လာဖို.ဆိုတာ တော်တော်မလွယ်တဲ့ ကိင်္စပါ။ ရိုးရိုးသားသား နာမည်ပျက်မရှိပဲနဲ. တသက်လုံး ဂုဏ်သိခ္ခာရှိရှိနေသွားနိုင်ခဲ့တာ လွယ်တာမဟုတ်ဘူး။ လူသေပေမဲ့ နာမည်သေသွားမှာတော့ မဟုတ်ပါဘူး။

စိုင်းထီးဆိုင်အသံက ဂရုဏာသံ။ သူ.အသံကိုနားထောင်ရင် ပီတိ တမျိုးခံစားရတယ်။ ရိုးသားမှုတွေပါတယ်လို.ထင်တယ်။ ကျက်သရေရှိတဲ့ အသံလို.ပြောလို.ရတယ်။ ကျွန်တော်တို. ရခိုင်က အိမ်မှာ မနက်စောစော ပရိတ်ခွေဖွင့်ပြီးတာနဲ. နားထောင်လို.ရတဲ့ သီချင်းတွေထဲမှာ စိုင်းထီးဆိုင်သီချင်း ၊ ဟေမာနေ၀င်းသီချင်းတွေပါတယ်။ ဇော်ဝင်းထွဋ်တို. လေးဖြူတို. သီချင်းတွေကို မဖွင့်ရဘူး။ စောစောစီးစီး လေးဖြူရဲ. စုန်းမသီချင်းသွားနားထောင်လို. အရိုက်ခံရသေးတယ်။ ကိုထီးရဲ. သီချင်းတွေက ဘ၀သီချင်းတွေများတယ်။ Reality နဲ. နီးစပ်တယ်။ Down to Earth ဖြစ်တယ်။ ကိုယ့်လို တိုင်းရင်းသားဖြစ်လို. ပိုပြီး သူ.သီချင်းတွေကို ခင်တွယ်မိတယ်လို.ထင်တာပဲ။

ပိုက်ဆံလေး သိန်းလေး ငါးဆယ်လက်ထဲမှာ ရှိရင် ခွေထုတ်လို. ရတဲ့ ဒီခါတ်ကြီးထဲမှာ အိမ်ပြင်ကို ထွက်လိုက်ရင် အဆိုတော် လေး ငါးယောက်ကို ခလုတ်မတိုက်ပဲနဲ. လမ်းထိပ်ကို မရောက်ဘူး။ မျက်စောင်းမထိုးလိုက်နဲ. ထိုးလိုက်ရင်း အဆိုတော်နဲ. တိုးနေတော့တာကိုး။ Rap နဲ. Hip Hop ကိုကြိုက်ခဲ့ဖူးပါတယ်။ သူတို.လုပ်လို.နားကိုမထောင်တော့ဘူး အခု။ ဘာဖြစ်လို.များ ghetto soldier တွေ wannabe nigga တွေလုပ်ချင်ကြရတာလဲ။ Emo တွေကိုလည်း တော်တော်မျက်စိနောက်လာတယ်။ EMOs are just big losers. ကျွန်တော်က Goth ကိုကြိုက်တယ်။ ကြိုက်တာပဲရှိတာ မကိုးကွယ်ဘူး။ အနက်ဝတ်လို. Emo လားလို.အမေးခံရရင် စော်ကားတယ်လို. ခံစားရတယ်။ အနက်ကိုချစ်တာ ကိုးကွယ်တာ Emo နဲ. ဘာမှမဆိုင်ပါဘူး။ အနက်ကို တကယ်ချစ်လို. စွဲစွဲမြဲမြဲ ၀တ်တာ။ အော်.......... ပြောရင်းပြောရင်း ဘယ်တွေရောက်ကုန်မှန်း မသိတော့ဘူး။

ခုနောက်ပိုင်းဆုံးသွားတဲ့ အနုပညာရှင်တွေထဲမှာ ဒွေးနဲ. စိုင်းထီးဆိုင်ကိုတော်တော် နှမြောတယ်။ တတ်နိုင် ပေါ်က်ပြားလေးနဲ. သချိုင်းကမြေပုံကို ပြန်တူးပြီး မြန်မာပြည်က အနုပညာလောက ခေါတ်ပျက်နေပုံကို သ်ီချင်းစပ်ခိုင်းလိုက်ချင်စမ်းတယ်။ တကယ်လုပ်နေတဲ့ လူတွေကို မဆိုလိုဘူးနော်။ ကိုယ့်ဟာကို ပါရမီရှိတယ်လို. ထင်နေရှာကြတဲ့ နလပိန်းတုံးများကိုပဲ ဆိုလိုတာပါ။ ၇ ရက်သားသမီးတွေကို နားဒုက္ခပေးရင် သေချာပေါက် ငရဲကိုရောက်ပါတယ်။ မယုံရင်စမ်းကြည့်ကြပေါ့။

POLYTECHNIC APPLICATION PERIOD

ဒီနေ. စိတ်ကောင်းလေးဝင်တုန်း ကုသိုလ်ကောင်းမှုလုပ်တဲ့အနေနဲ. ပညာဒါနလေး လုပ်မယ်စိတ်ကူးတယ်။ သာဓုခေါ်ကြပါ။ Polytechnic ကိုစိတ်ဝင်စားပြီး information လိုချင်သူများအတွက်ပါ။ Poly အကြောင်းကို ရှင်းတာကနောက် အရေးကြီးတာ အရင်လုပ်ရအောင် Application Period တွေကိုဖော်ြuပေးလိုက်ပါတယ်။

Temasek Poly
October 2008 Intake
1st of March to 15th April 2008 (now)
ချစ်လှစွာသောTemasek ကျေင်းတော်ကြီးရဲ. Application Period စနေပါပြီ။ Website ကိုပေးထားပါတယ်။
http://www.tp.edu.sg/home/admissions/adm_exercise/dae_intake.htm
လိုအပ်တဲ့ requirements တွေကိုကြည့်လို.ရပါတယ်
http://www.tp.edu.sg/home/admissions/is.htm requirements
ဒါကတော့ Application form ကို download လုပ်လို.ရတဲ့ link ပါ။ International students တွေအတွက် Engineering courses ကိုပဲ offer လုပ်ထားတယ်။
http://www.tp.edu.sg/home/admissions/is.htm

Nanyan Poly
April 2008 Intake
November 2007(closed)
ှုIntake တခုပဲရှိတယ်။ လာမဲ့ November ကျမှ apply လုပ်တော့ပေါ့။
http://www.nyp.edu.sg/?studentApplicants/internationalstudents_courseapplication1.html

Singapore Poly
September 2008 Intake
May မှ Details တွေသိရတော့မယ်ဆိုတော့ လိုအပ်တဲ့စာရွက်စာတမ်းလေးတွေကို အဆင်သင့်လုပ်ထားကြတော့ပေါ့။
http://www.spi.edu.sg/howToApply.htm

Entrance ဖြေရမှာကို မမေ့ပါနဲ.။ Test date တွေကိုဒီမှာကြည့်လို. ရတယ်။
http://www.spi.edu.sg/testSchedule.htm
ိ
Ngee ann Poly
April 2008 Intake
14 December 2007 to 31st Januray 2008( closed)
သူ. Intake ကတော့ တခုပဲရှိတယ်။

Republic Poly
April 2009 Intake
1st October 2008 to 14 October 2008
Application Period ကအရမ်းကို တိုတာတွေ.ရပါတယ်။ Entrance exam လဲဖြေရမယ်။ Details ကိုဒီ website မှာကြည့်လို.ရတယ်။
http://myrp.edu.sg/dae/foreign/

နောက်ပြီးတော့ tution grant ရှိသေးလားမေးနေသူများအတွက် သိရမှာက ရှိပါသေးတယ်။ စိတ်မပူပါနဲ.။ Temasek, Ngee ann နဲ. Singapore Poly တွေမှာ သေချပေါက်ရတယ်။
Nanyang ကတော့ Merit ကိုကြည်.မယ်လို.ပြောပုံထောက်တော့ အားလုံး ၁၀၀ % ရချင်မှရမယ်လို.ထင်တယ်။ တော်တဲ.သူပဲ ရမယ်ဆိုတဲ့သဘော (စိတ်မှန်း)။
Republic က
course တိုင်းမရပေမဲ့ ဗမာအများစုပြိုက်တဲ့ Engineering courses တွေကရတယ်ဆိုတော့ စိတ်ပူစရာမရှိဘူး။

တြားသိချင်တာတွေရှိရင် charcoalkhine@gmail.com ကို မေးလို.ရပါတယ်။ တတ်နိုင်သလောက်တော့ပြောပြရသေးတာပေါ့။

ဆက်စပ်တွေးခေါ်နိုင်စွမ်း

Popping အကြောင်းရေးမလို. data စုနေတာကြာပြီ။ Data ကလည်း စုလေပိုများလေ ဖြစ်နေတယ်။ Popping လို.ပြောလိုက်တာနဲ. Locking တွေ Droppingတွေ ပြီးတော့ Breakdancing ကအစ Underground အဆုံး နောက်ဆက်တွဲပေါ်တဲ့ Liquid Popping တို. Robot dance တို.ကိုပါ ရှင်းရတော့မယ်။ တွေးရင်း တွေးရင်း ရင်မောလာတာနဲ. ရပ်ပြီးရေလေးပြေးသောက်ရတယ်။ မဖြစ်ပါဘူး။ Topic ကကျယ်လွန်းအားကြီးတယ်။ စောတည်းက ဆက်စပ်မတွေးမိရင်ကောင်းသား။ Popping တခုတည်း အကြောင်းကိုရိုးရိုးလေး တွေးပြီး လုပ်လိုက်ရင်ပြီးတဲ့ဟာကို ဆက်စပ်ပြီးရှည်ရှည်ဝေးဝေးတွေ စဉ်းစားလိုက်တာ ရေးချင်စိတ်ကုန်သွားတယ်။ အဲဒါကြောင့် တခါတလေ ရိုးရိုးရှင်းရှင်းလေးပဲ စဉ်းစားပြီးလုပ်တာကောင်းတယ်။ ဟိုးအဝေးကြီးကို ကြည့် ပြီး ပူပန်နေလို.ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။

ဆက်စပ်တွေးတောနိုင်စွမ်းကတော့ ကျွန်တော့်မှာအပြည့်ရှိတယ်။ အမေ့ဆီက ရတာတွေလေ။ ကျွန်တော်က အမေတူသမီး။ ဒါပေမဲ့ အမေနဲ.ရုပ်ချင်းလေး နည်းနည်းဆင်တာကလွဲလို. အမေလှသလို မလှဘူး။ နူးညံ့သိမ်မွေ.တဲ့ gene တွေမရဘူး။ ၀မ်းနည်းတတ်တာ မျက်ရည်လွယ်တာ။ သနားတတ်တာ တွေတော့တူတယ်။ အဖေ့ဆီက ရတာက စာဖတ်တဲ့ဝါသနာ လို.ပြောလို.ရတယ်။ ဆိုးတာ မိုက်တာ ကတော့ ကြည့်ရတာ ဟိုဘက်ဒီဘက် နှစ်မျိုးလုံးက မကောင်းတဲ့ gene တွေပေါင်းသွားပုံရတယ်။ တာတေလန်အောင်တော့ မမိုက်သေးဘူးထင်တာပဲ (ကိုယ့်ဟာကိုယ်)။ တခါတလေ ဆို လိမ္မာတယ်လို.တောင် ထင်မိသလိုလိုပဲ။ ဟီးဟီး။ တာတေလန်လုလန်ခင်နီးပါး (အမှန်ကတော့ လန်ကိုလန်တာ) ဆိုးတဲ့ ညီမတယောက်ရှိတော့ သူနဲ.ယှဉ်ပြီး ကျွန်တော်ကလူလိမ္မာကြီးလုပ်ရတယ် အိမ်မှာဆိုရင်။

အဓိကပြောချင်တဲ့ အကြောင်းတောင်မေ့သွားပြီ။ အော် ဆက်စပ်တွေးခေါ်မှုအကြာင်း။ ဆက်စပ်တွေးတတ်တဲ့ (စိတ်မှန်းလေးနဲ.) နေရာမှာ အမေ့တို. ညီအစ်မ တတွေကို မီတဲ့လူ ခပ်ရှားရှားနေမှာပါ။ တနေ.ပေါ့ အမေနဲ. အဒေါ်နဲ. TV ထိုင်ကြည့်နေကြတယ်။ ကျွန်တော်ကတော့ လူလိမ္မာကြီးလုပ်ပြီး TV ရှေ.မှာစာအုပ်တအုပ်နဲ. ကြည့်လိုက် ကျက်လိုက် လုပ်နေတာ။ ပြနေတာက ကိုးရီးယားကား။ ခေါတ်ကားပေါ့။ မေ.သွားပါပြီ မင်းသားမင်းသမီးတွေ။ အမေတို.က အခါးရည်လေးသောက်လိုက် လဖက်သုပ်လေးစားလိုက်နဲ. စကားပြောနေကြတယ်။ ကျွန်တော်က တခြား channel တစ်ခုကိုပြောင်းပြီးဖွင့်လိုက်ကော။ သူတို.နှစ်ယောက်လုံးက စကားများနေတော့ မသိလိုက်ဘူး။ လာနေတဲ့ကားက တရုတ်ကား ခေါတ်ဟောင်းကားကြီး။ လေတွေ မိုးတွေ မုန်တိုင်းတွေကျပြီးတော့ မြစ်ထဲမှာပေါ့။ TV ပြန်ကြည့်တော့ သူတို.နှစ်ယောက်လုံးနည်းနည်းတော့ လည်သွားတယ်။ ခဏနေကျတော့မှ အမေကပြောတယ်။ ဟဲ့ အဲဒါနောက်ကြောင်းပြန်နေတာတဲ့။ အဒေါ်ကလည်း ဟုတ်တယ် ဟုတ်တယ်တဲ့။ ဒီကောင်မလေးက ဟိုမင်းသမီးရဲ. အမေငယ်ငယ်တုန်းကလေတဲ့။ ဟိုကလေးလေးက မင်းသမီးလေ။ အော် ဒီလိုကိုး ဆိုပြီးတော့ ဆက်စပ်တွေးတောသွားလိုက်တာ ထွက်လာတဲ့ ဇာတ်လမ်းက နဂို original ထက်မညံ့ပါဘူး။ ကျွန်တော်မှာ ရယ်လိုက်ရတာ ပြောမနေနဲ.။

popping ကနေ ဘယ်တွေရောက်ကုန်မှန်းတောင်မသိတော့ဘူး။ နောင်အားမှပဲ အေးအေးဆေးဆေး ရေးတော့မယ်။

ကျွန်တော်ကြိုက်တဲ့ movie website များ

ကျွန်တော်ကရုပ်ရှင်ကြည့်တာ ၀ါသနာပါတယ်။ ကျွန်တော့်အလုပ်က တပါတ်ကို အနဲဆုံး ၃ ရက်လောက်နားရတာ ဆိုတော့ ခိုင်တို.ကအချိန်သူဌေးဖြစ်နေတယ်။ ဒီတော့ online ကရုပ်ရှင်တွေ အများကြီးကြည့်ဖြစ်တယ် ဆိုပါတော့။ ဗမာကားသိပ်မကြည့်ဖြစ်ဘူး။ ကျန်တာအကုန်ကြည့်တယ်။ ဘာရယ်လို.ဟုတ်ပါဘူး။ ကြိုက်တဲ့သူရှိရင် သွားကြည့်လို.ရအောင် link လေးပေးမလို.။

English movies ကောင်းကောင်းတွေရှိတာက http://movie6.net/movie-/
အဲဒီ link ကခုလောလောလတ်လတ် ထွက်တဲ့ကားတွေအကုန်ရှိတယ်။ movie တွေရဲ. resolution ကတော့ ဒီလောက်မကောင်းဘူး။ အသစ်ထွက်တဲ့ ကားကောင်းတွေချည်းပဲ စုထားတာ။

Chinese, Korea Japan movies တွေကောင်းတာက crunchyroll မှာ။ တော်တော်စုံတယ်။
http://www.crunchyroll.com/drama
Index နဲ.ရှာရလွယ်အောင်လုပ်ပေးထားတယ်။ loading လုပ်တာလည်း မြန်တယ်။ ဇာတ်ကားတော်တော်များများက quality ကောင်းတယ်။ ကျွန်တော့် favorite ကားတွေကတော့

1. My wife is a gangster
2. Into the mirror
3. Shaolin Soccer
4. Ringu
5.Naked ambition

တခြားကောင်းတဲ့ Horror movie ကားတွေ အများကြီးရှိသေးတယ်။ ကျွန်တော်က Drama ဆိုရင်သိပ်မကြည့်ချင်ဘူး။ ငိုရလို.။ အထူးသဖြင့် မိဘမိတ္တာအကြောင်းတို.၊ မောင်နှမ အကြောင်းတို.ဆိုရင် အရမ်းကိုငိုချင်တာ။ My fragile little heart and weak soul just cant take the sad endding story. ဒါကြောင့် ကိုယ့်အကြောင်းကိုယ်သိ Horrorတို. Action တို. Comedy တို.ပဲကြည့်တာ။ အမေနဲ.တူတာလေ မျက်ရည်လွယ်တာက။ ငယ်ငယ်တုန်းက မှုန်ရွှေရည် သွားကြည့်တယ် အမေနဲ.။ ကျွန်တော့် မှာဝမ်းနည်း လွန်းလို. ၀တ်လာတဲ့ ထမီတောင် ချွတ်ပြီးမျက်ရည်သုတ်ရတဲ့ ဘ၀ရောက်သွားတယ် (ကလေးပဲရှိသေးတာနော်)။ အမေကလုသုတ်လိုက် သမီးကလုသုတ်လိုက်နဲ. လုပ်လိုက်ကြတာ ထမီက နှစ်ခြမ်းပြဲရော။ ဖြစ်ပြုံ ဖစ်ပုံ။ ဒါကြောင့် Drama ဆိုမကြည့်ဘူး။

တခြားကောင်းတဲ့ website တခုက http://aznv.tv/en/
resolution အကောင်းဆုံးပဲ။ တကယ့် TV ကြည့်ရသလိုပဲ။ သူက download အရင်လုပ်ရသေးတယ်။ ပြီးရင်တော့ right click လုပ်ပြီး save as လုပ်လိုက်ရုံပဲ။ loading ကစက္ကန်.ပိုင်းပဲကြာတယ်။ တော်တော်မိုက်တယ်။ သူကကျတော. series တွေများတယ်။ crunchyroll ကတကားချင်းတွေများတယ်။ ဒီ website နဲ.ကြည့်ရတာအရမ်း စိတ်ချမ်းသာတယ်။

တခြားကြည့်လို.ကောင်းတဲ့ website တွေအများကြီးရှိအုံးမှာပါ။ ဒါတွေက ကိုယ်တိုင်သုံးပြီးမှကြိုက်လို. recommend ပေးတာ။ ဒီထက်ကောင်းတဲ့ website တွေရှိရင် အသိပေးကြပါအုံး။

သမီးမိုက်

အလုပ်တွေများနေလို. အသစ်မတင်ဖြစ်ဘူး။ ဒီတစ်ရက်နှစ်ရက်ကနေလို.ထိုင်လို.ကောင်းနေတယ်။ အမေနဲ.အဖေကို webcam မှာတွေ.လိုက်ရလို.တော်တော်ဝမ်းသာသွားတယ်။ တော်တော်ဝမ်းသာတာမဟုတ်ဘူး။ အတင်းကိုဝမ်းသာတာ။ အမေကမျက်ရည်ကျတယ်။ ကျွန်တော်လည်းကျတာပေါ့။ ဘာသားနဲ. ထုထားတာမို.လို.လဲ။ အမေတို.က နယ်မှာဆိုတော့ Internet သုံးလို.ရတာမဟုတ်ဘူး။ တခါတလေ ရန်ကုန်လာမှ တွေ.ရတာ။ အဖေ့ကိုဆို မျက်နှာမမြင်ရတာ တနှစ်ကျော်ပြီ။ Oversea မှာနေရတာ မမိုက်ပါဘူး။ တခါတလေ ဆားနဲ.ပဲစားရစားရ( ပြောတာပါ။ အတိဿယ၀ုတ္တိ အလင်္ကာလေးပေါ့။) မိသားစှနဲ.အတူတူနေချင်စိတ်တွေပေါက်မိတယ်။ အခုမှ အရင်အတူတူနေတုန်းက အချိန်တွေကိုတန်ဖိုးထားရကောင်းမှန်းသိလာတယ်။


ကျွန်တော်ကတော်တော်မလိမ္မာတဲ.သမီးထဲမှာပါတယ်။ ဒီအသက်အရွယ်အထိ မိဘတွေကို ကော်ဖီလေးတောင်ဖျော်မတိုက်ဖူးဘူး။ ပြန်လည်းပြောတယ်။ လိမ်သလားလဲ မမေးနဲ.။ ပိုက်ဆံတွေလည်းခိုးခဲ့တယ်။ ကျောင်းသွားတယ် ကျောင်းသွားတယ် ဆိုပြီး သူငယ်ချင်းတွေနဲ. ဖဲသွားသွားရိုက်လိုက်၊ ဆိုင်ကယ်တစီးနဲ.မန္တလေး တခွင်ပြဲပြဲစင်အောင် လျှောက်သွားပြီး အလေလိုက်လိုက်နဲ. ကူဖော်လောင်ဖက်မဖြစ်ခဲ့တဲ့သမီး၊ အချိန်တန်လည်း အိမ်ပြန်မရောက်တဲ့သမီး။ ယောကေ်ျားလိုလို မိန်းမလိုလိုနဲ. လူမိုက်လုပ်ခဲ.တဲ.သမီး။ ဆိုးခဲ့ မိုက်ခဲ့ မိဘကိုဒုက္ခပေးတဲ့ သမီး။ ခှအဲဒီအချိန်တွေပြန်ပေးမယ်ဆိုရင် တန်ဖိုးထားပြီး ကောင်းကောင်းမွန်မွန် ဖြစ်အောင် နေချင်ပါသေးတယ်။

အမေမျက်ရည်ကျတာမြင်တော့ စိတ်ထဲမှာမကောင်းဘူး။ အသိတခုကလည်း ၀င်လာတယ်။ အမေ လွမ်းရကျိုးနပ်တဲ့ သမီဖြစ်အောင် ကြိုးစားရအုံးမယ်လို.။