အလုပ်တွေများနေလို. အသစ်မတင်ဖြစ်ဘူး။ ဒီတစ်ရက်နှစ်ရက်ကနေလို.ထိုင်လို.ကောင်းနေတယ်။ အမေနဲ.အဖေကို webcam မှာတွေ.လိုက်ရလို.တော်တော်ဝမ်းသာသွားတယ်။ တော်တော်ဝမ်းသာတာမဟုတ်ဘူး။ အတင်းကိုဝမ်းသာတာ။ အမေကမျက်ရည်ကျတယ်။ ကျွန်တော်လည်းကျတာပေါ့။ ဘာသားနဲ. ထုထားတာမို.လို.လဲ။ အမေတို.က နယ်မှာဆိုတော့ Internet သုံးလို.ရတာမဟုတ်ဘူး။ တခါတလေ ရန်ကုန်လာမှ တွေ.ရတာ။ အဖေ့ကိုဆို မျက်နှာမမြင်ရတာ တနှစ်ကျော်ပြီ။ Oversea မှာနေရတာ မမိုက်ပါဘူး။ တခါတလေ ဆားနဲ.ပဲစားရစားရ( ပြောတာပါ။ အတိဿယ၀ုတ္တိ အလင်္ကာလေးပေါ့။) မိသားစှနဲ.အတူတူနေချင်စိတ်တွေပေါက်မိတယ်။ အခုမှ အရင်အတူတူနေတုန်းက အချိန်တွေကိုတန်ဖိုးထားရကောင်းမှန်းသိလာတယ်။
ကျွန်တော်ကတော်တော်မလိမ္မာတဲ.သမီးထဲမှာပါတယ်။ ဒီအသက်အရွယ်အထိ မိဘတွေကို ကော်ဖီလေးတောင်ဖျော်မတိုက်ဖူးဘူး။ ပြန်လည်းပြောတယ်။ လိမ်သလားလဲ မမေးနဲ.။ ပိုက်ဆံတွေလည်းခိုးခဲ့တယ်။ ကျောင်းသွားတယ် ကျောင်းသွားတယ် ဆိုပြီး သူငယ်ချင်းတွေနဲ. ဖဲသွားသွားရိုက်လိုက်၊ ဆိုင်ကယ်တစီးနဲ.မန္တလေး တခွင်ပြဲပြဲစင်အောင် လျှောက်သွားပြီး အလေလိုက်လိုက်နဲ. ကူဖော်လောင်ဖက်မဖြစ်ခဲ့တဲ့သမီး၊ အချိန်တန်လည်း အိမ်ပြန်မရောက်တဲ့သမီး။ ယောကေ်ျားလိုလို မိန်းမလိုလိုနဲ. လူမိုက်လုပ်ခဲ.တဲ.သမီး။ ဆိုးခဲ့ မိုက်ခဲ့ မိဘကိုဒုက္ခပေးတဲ့ သမီး။ ခှအဲဒီအချိန်တွေပြန်ပေးမယ်ဆိုရင် တန်ဖိုးထားပြီး ကောင်းကောင်းမွန်မွန် ဖြစ်အောင် နေချင်ပါသေးတယ်။
အမေမျက်ရည်ကျတာမြင်တော့ စိတ်ထဲမှာမကောင်းဘူး။ အသိတခုကလည်း ၀င်လာတယ်။ အမေ လွမ်းရကျိုးနပ်တဲ့ သမီဖြစ်အောင် ကြိုးစားရအုံးမယ်လို.။
သမီးမိုက်
Posted by khine wai zan
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment