သဌေးကျွန်း ခရီးစဉ်

Adaman  Island ဗမာအခေါ် သူဌေးကျွန်း အကြောင်းကို ရေးမယ်ဆိုပြီး အင်တာနက်ပေါ်မှာ ရှာတော့ ကောင်းကောင်းကန်းကန်း Reference လုပ်စရာ ဓါတ်ပုံ စာ ဘာမှမရှိပါဘူး။ google map  satellite နဲ.သွားရှာတော့မှ ကျေနပ်လောက်တဲ့ မြေပုံပြပြကလေး ရပါတယ်။


ဒါကအနီးကပ်ဆွဲရိုက်ထားတဲ့ပုံပါ။  ကျွန်းဦးမှာဆောက်ထားတာက ကာစီနို။ ဟိုတယ်က တခြားရှိသေးတယ် ထင်တယ်။ အောက်ကပုံမှာတော့ ဂေါက်ကလပ်နဲ. တကျွန်းလုံးကော ခြုံပြီးမြင်ရတယ်။ ကျွန်းက အခုကမှတော်တော်ကြီးမှန်းသိတော့တယ်။ သွားတုန်းက သတိမထားမိဘူး။

အဲ အန်ဒမန်ကျွန်းကိုဘာလို. သဌေးကျွန်းလို. ခေါ်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုပြောပြရရင်  -- ဒီကျွန်းက မြန်မာအစိုးရပိုင်ကျွန်းဖြစ်ပေမယ့် ထိုင်းသဌေးတယောက်က နှစ် ၅၀ စာချုပ်နဲ.ငှားထားတယ်ဆိုပါတယ်။ နဂိုမူလ အကြံအစည်က ကမ္ဘာတဝန်းလုံးက ငွေရှင်ကြေးရှင်များ လာရောက်ပျော်ပါးနိုင်တဲ့ Paradise Island လုပ်မယ်ဆိုတဲ့ အကြံနဲ.ဖြစ်ပါတယ်တဲ့။ ကာစီနိုကြီးလုပ်မယ်ပေါ့။ဒါပေသိ ဘာအကြောင်းကြောင့်လည်းမသိ အင်တာနေရှင်နယ် အသိအမှတ်ပြုကာစီနိုလက်မှတ် မရဘူး ဆိုပါတယ်။ အဲဒီမှာတင် သဌေးခမျာ ခွက်ခွက်လန်အောင် ရှုံးပါရောတဲ့။ ဒါပေမဲ့ ရှုံးခါမှရှုံးရော ဆက်ဖွင့်ထားပါတယ်။ တရက်တရက်မှာ Electricity ဖိုးက ဘတ်တသိန်းလောက်ကုန်တယ်ပြောတယ်။ ဘယ်လောက်ချမ်းသာလဲတော့မသိဘူး။ ခုထိ မမွဲသေးပါဘူး။ မြန်မာပြည်မှာ ခုလေယဉ်လိုင်းထောင်ထားတယ်။ အဲဒါလည်း ရှုံးတာပဲလို.ပြောပါတယ်။ မြန်မာတွေကို အတော်ချစ်ပါတယ်တဲ့။ ကော့သောင်းမှာ လမ်းခင်းပေးတာလဲ အဲဒီသဌေး လေယဉ်ကွင်းဆောက်ပေးတာလဲ အဲဒီသဌေးလို.ပြောပါတယ်။ သူ.ကို အမှီပြုပီး သဌေးကျွန်းလို. ခေါ်တယ်ထင်ပါတယ်။

Adaman Island Resort ဝက်ဘ်ဆိုဒ်လည်းရှိပြီးတော့ Tour Package တွေကို ကြိုတင် ဘုခ် လုပ်လို.ရပါတယ်။ ပရော်ဖက်ရှင်နယ် တွေ ရိုက်တဲ့ ကျွန်းရဲ.ပုံလေးတွေ ကြည့်သွားပါဦး။



လှမလှပဲတွေ.လား။ ကဲကဲ သူများဟာတွေ ယူသုံးပြီးတဲ့နောက်ပိုင်းမှာ ကိုယ်ရိုက်လာတာလေးတွေ ရှယ်လိုက်ပါအုံးမယ်။ မရှယ်ခင် ပြောစရာလေးရှိသေးတယ်။ သဌေးကျွန်းကာစီနိုက ၂၄ နာရီပါ။ ကော့သောင်းနဲ. ရနောင်းကို တစ်နာရီခြားတစ်ခါစီ ဖယ်ရီစက်လှေကလေးတွေနဲ. လာကြိုပါတယ်။ သဌေးကျွန်းသွားဖို. ထိုင်း ဘတ် ၁၀၀ ပဲပေးရပါတယ်။ ပတ်စ်ပို.စ် ဘာညာ ဘာမှ မလိုပါဘူး။ ထိုင်းကော ဗမာကော လာလို.ရတယ်။ ထိုင်းငွေကော မြန်မာငွေကော အသုံးဝင်ပါတယ်။ ဒါပေမဲ့ ထိုင်းဘတ် ပဲ သုံးကြတာပေါ့။ စက်လှေဆိုပေမဲ့ စုတ်စုတ်ပြတ်ပြတ်မဟုတ်ဘူး ခပ်ကြီးကြီး အပျော်စီး လှေလိုလို ဘာလိုလိုနဲ.။  ကော့သောင်းမြို.မ ဆိပ်ကမ်းကနေ စောင့်ရပါတယ်။

ကဲ မင်းသမီးပုံလာမယ်။း)

စထွက်တဲ့အချိန်က ညနေ ၄ နာရီခွဲပါ။ ရောက်ပြီး ၁၅ မိနစ်လောက်ပဲလူစောင့်ပြီး စထွက်ပါတယ်။ လေတဖြူးဖြူးနဲ. မိသားစုနဲ.သွားရရင် ပျော်စရာကြီးနေမှာပဲ။
ဟိုးနောက်ဖက် (ဘယ်ဖက်) မှာ  ပင်လယ်ကူး သင်္ဘောကြီးမြင်တယ်ဟုတ်။ အဲဒီသင်္ဘောက ထိုင်းသဌေးတစ်ယောက် ကာစီနိုလာဆော့ရင်း ရှုံးလို. သင်္ဘောထိုးအပ်ခဲ့တာပါတဲ့။ ၅ နှစ်လောက်ရှိပြီ။ ဘယ်သူမှ ဝယ်မယ့်သူလဲမရှိတော့ ခုလိုကျောက်ချပြီး ပင်လယ်ဝမှာ ရပ်ထားရပါတယ်တဲ့။ အဲဒါကို ပြောပြတဲ့သူက အစောင့်ပါ။ တလမှာ နှစ်ပတ် သင်္ဘောပေါ်သွားအိပ်ပေးရတယ်။ တစ်လ ၂ သောင်း (မြန်မာငွေ) ရတယ်တဲ့။ သင်္ဘောကြီးတစ်စီးလုံး ဦးလေးတစ်ယောက်တည်း မကြောက်ဖူးလားလို.မေးတော့ မကြောက်ဖူးဆိုပဲ။ ဗန္ဒုလ အဖေနဲ.တွေ.ခဲ့တာကိုး။ 
ဟော ရောက်ပါပြီ ဂျပ်တီကို။ ဆိပ်ကမ်းလေးက ကြည့်တော့သာ ငယ်တာ အထဲမှာ မြန်မာအဲယားပို. ထက်အပုံကြီး ခမ်းနားပါတယ်။
ဂျပ်တီက ထွက်တာနဲ. ခုလို ဖယ်ရီကားလေးတွေနဲ. အပေါ်တောင်ထိပ်မှာရှိတဲ့ ကာစီနို အဆောက်အဦးကို ပို.ပေးပါတယ်။ ကားက နာရီဝက် တစ်ခါ လူများရင် ၁၅ မိနစ်တစ်ခါ ထွက်ပါတယ်။ 
ဟောရောက်ပါပြီ။ ဒါကအဝင်ဝပါ။ တော်တော်ကိုကြီးကြီးကျယ်ကျယ်လုပ်ထားတာပဲလို.တွေးမိတုန်းရှိသေး ရေကူးကန် မြင်လိုက်တော့ ထတောင်အော်တယ် အဒေါ်က လှလွန်းလို.တဲ့။
အဲဒီရေကန်ကနေလှမ်းကြည့်လိုက်ရင်စိမ်းစိုနေတဲ့ ကျွန်းရယ်။ ပြာနေတဲ့ ရေကန်လေးရယ်။ အဝေးက မျက်စိတစ်ဆုံး ပင်လယ်ကြီးရယ်က တော်တော်ပနာရပါတယ်။ တော်တော်ခမ်းခမ်းနားနားလုပ်ထားတာပဲ။ ထိုင်းသဌေးခမျာ မမြတ်တာ သနားစရာလို. သဌေးကိုတောင် သနားမိသေးတယ်။
ဒါကတော့ Lounge ပါ။ အပြင်မှာတင် ခမ်းနားတာမဟုတ်ဘူး။ အထဲမှာလည်း ခမ်းနားပါတယ်။ ခရစ်စမတ်နားနီးပြီးမို. ခရစ်စမတ် အကြို အပြင်အဆင်တွေနဲ. အသေအချာလုပ်ထားပုံက ဒီသဌေးဟာ ဒီကာစီနိုကို ပီးပီးရော ထားတာ မဟုတ်ပဲနဲ. အသေအချာလုပ်ထားတယ် ဆိုတာ ထင်ရှားပါတယ်။ မြန်မာဘူဖေးစားသောက်ဆိုင်မှာလည်း စားခဲ့ပါတယ်။ ဘာမှသိပ်မကောင်းပါဘူး။ ဟိုတယ် နဲ. ကာစီနို ဝန်ထမ်းတွေက မြန်မာ ဝတ်စုံကို ပဲဝတ်ကြတာတွေ.ခဲ့ပါတယ်။ ရန်ကုန်ဆီဒိုးနား ထရိတ်ဒါးဓါတ်တောင်သာအုံးမယ်။

ကာစီနို အတွင်းဘက် အားလုံးတော်တော်များများကို မြန်မာ ပစ္စည်းတွေနဲ. အလှဆင်ထားတာတွေ.ရပါတယ်။ အိမ်သာတောင်မှ ထူးထူးဆန်းဆန်း ဒီလို ပုံလေးနဲ.လုပ်ထားတယ်ကြည့်။
အိမ်သာက စင်ကာပူက အိမ်သာတွေလိုပဲ သန်.ရှင်းတောက်ပြောင်နေတာပဲ။ ဟိုတယ် မန်နေဂျာနဲ.တွေ.ခဲ့ပါတယ်။ မြန်မာဘက်က မန်နေဂျာလို.ပြောပါတယ်။ မထင်ရဘူး။ ဘယ်လိုမှမထင်ရဘူး။  မထင်လို. သိပ်တောင် အလေးထားပြီးမကြည့်ခဲ့ဘူး။ လှည့်ထွက်သွားတော့မှ သူနဲ.စကားပြောနေတဲ့ ကိုယ့်မိတ်ဆွေက အဲဒါ ဟိုတယ် မန်နေဂျာလေဆိုတော့မှသိတာ။ ဟီးဟီး။
ဒါကတော့ ရေကူးကန်ဘက်က မြင်ကွင်းပါ။ ရေကူးကန်နားမှာ အစားအသောက်မှာစားလို.ရအောင်လည်း စီစဉ်ပေးထားပါတယ်။ SPA တစ်ခုလည်းတွေ.ခဲ့တယ်။
ယုဇန SPA ပါတဲ့။ လူသူတယောက်မှမတွေ.ခဲ့လို. အဲဒီဘက်ကိုသွားတောင်မသွားခဲ့ဘူး။ အဲဒီ ဟိုတယ်ကနေ ပင်လယ်ဘက်ကို မျှော်ကြည့်ရတာ တော်တော်အရသာရှိတယ်။း)

ကာစီနိုကို ဝင်ခဲ့ပေမယ့် ဓါတ်ပုံမရိုက်ခဲ့ရပါ။ ပစ္စည်းအားလုံးကို အပ်ခဲ့၇တယ်။ လောင်းကစားနဲ. ဘယ်တော့မှ အကျိုးမပေးတတ်တဲ့အတွက် မကစားခဲ့ပါဘူး။ ဟိုကြည့် ဒီကြည့်နဲ.။ ကြည့်လိုက်သမျှကလည်း နိုင်တဲ့လူကို မရှိဘူး။ ခဏလေးနိုင်ပြီး ပြန်ရှုံးသွားကြတာချည်းပဲ။ သိပ်ဝါသနာ မပါတဲ့အတွက် ခဏတဖြုတ်ပဲဝင်ကြည့်ပြီး မိတ်ဆွေတွေကို ဘူဖေးစားဖို.အတွက် ဆော်အော ပါတော့တယ်။ ဒါပေမဲ့ စားကြည့်တဲ့အခါတော့ တော်တော်မကောင်းတာပါ။ ဓါတ်ပုံတောင် မ၇ိုက်ခဲ့တာပဲ ကြည့်။ ဆွဲဆောင်မှုမှမရှိတာ။

ဟိုလျှောက်သွား ဒီလျှောက်သွားနဲ. သွားလိုက်တာ ၈ နာရီခွဲ စက်လှေကို စောင့်လိုက်ရပါတယ်။ နဂို ၇ခွဲ ပြန်မယ်လုပ်ထားတာ။ ပြန်အလာလမ်းမှာ အန်ဒမန် ကလပ် ဆိုင်းဘုတ်ကြီးတွေ.တာနဲ. အားရဝမ်းသာ ဓါတ်ပုံ ဝင်ရိုက်ခဲ့တယ်။

အပြန်အတွက်ကားစောင့်နေတုန်း မီးရှူးမီးပန်းတွေအများကြီး ဖောက်လိုက်တာမြင်ရတယ်။ ရနောင်းဘက်ကပါ။ ကင်မရာ ဘက်ထရီကုန်ခါနီးလို. မရိုက်လိုက်ရဘူး။ အရမ်းလှတယ်။ ဘာလို. ဖောက်တာလဲဆိုတော့ ဘုရင်မ မွေးနေ.ဖြစ်လို. ဆိုလားပဲ။ မှတ်မှတ်ရရပါပဲ။

အပြန်ကျတော့ မိုးတဖွဲဖွဲနဲ.ရွာချတယ်။ စက်လှေကို ချက်ချင်းပဲလေမိုးလုံတဲ့ ရေပေါ်ယှပ်ပြေးယဉ်ပုံစံမျိုးနဲ. ပြောင်းပြီး စီစဉ်ပေးတယ်။ စက်လှေစီးရတာနဲ.တောင်မတူပါဘူး. ဘပ်စ်ကားစီးရသလိုပဲ။ ၁၅ မိနစ်ဆိုရင် ကော့သောင်းကို ရောက်ပါပြီ။   ၇နောင်းမှာ မနက်စောစောတည်းက ဟိုသွားဒီသွား ကော့သောင်းဘက်ကို ပြန်လာ ကော့သောင်းရောက်တော့ သဌေးကျွန်းကို သွားနဲ. တရက်လုံး အနားမရပဲ ပြေးနေခဲ့ရတော့ ခေါင်းအုံးပေါ်ကို ခေါင်းတောင်မချရသေးဘူး။ အိပ်ပျော်သွားတယ် ထင်တာပဲ။ တခါမှရောက်မယ်လို. မျှော်မှန်းမထားတဲ့ နေရာတစ်ခုကို ရောက်သွားတာဖြစ်တော့ အိပ်မက်လား ဘာလားတောင်မသဲကွဲဘူး။ သေချာတာကတော့ အဲဒီညက အိပ်မက်ထဲမှာ သဌေးကျွန်းမှာ အပန်းဖြေတုန်းပဲတဲ့။း)

ဖိုတိုအက်ဆေး-- ရနောင်းပုံပြင်

စာရေးရမှာ ပျင်းတယ်။  ဓါတ်ပုံတွေနဲ. ပုံပဲပြောတော့မယ်။း)

အစက ပြန်ကောက်ရမယ် ရမယ်ဆိုရင်တော့ ကော့သောင်းအထွက်က စလိုက်ကြတာပေါ့နော်။း)     နေ.လည် ၂ နာရီခွဲလောက်က ထွက်လာပါတယ်။ စိတ်ထဲက သိပ်မကြောက်ပဲ ပျော်ပွဲစားထွက်သလို ခံစားရတယ်။း)  စစ်တွေမြောက်ဦး၊ စစ်တွေ ဘူးသီးတောင် ဘက်ကို တသက်လုံးချောင်းပေါက်အောင် သွားနေခဲ့တာ။ ဒီလို နာရီဝက်လှေစီးတာလောက်ကတော့ ပျင်းသေးတယ်။ မြောက်ဦး မောင်တော ဘက်လို ချောင်းရိုး မြစ်ရိုးထဲက သွားရတာ မဟုတ်ပဲနဲ. ပင်လယ်ဝကို ဖြတ်ရတာဖြစ်ပါတယ်။ ဒါပေမယ့် အနားမှာကျွန်းတွေအများကြီးကို တွေ.ခဲ့တယ်။ ကော့သောင်းက အထွက်မှာ ကျွန်းတွေအများကြီး ရှိပြီးတော့ ထိုင်းဘက်ကို မရောက်ခင်မှာ စစ်ဆေးရေးစခန်းတစ်ခုကို ကျွန်းအသေးလေးတစ်ခုမှာ လုပ်ထားတာတွေ.ပါတယ်။
ပင်လယ်ဝဆိုပေမယ့် ပင်လယ်ပြင်ကြီးကို ဖြတ်တာမဟုတ်တော့ မိနစ်ပိုင်းအတွင်းမှာပဲ ထိုင်းဖက်ကမ်းကို လှမ်းပြီးမြင်ရတယ်။ ဘုရား စေတီတွေပါလှမ်းမြင်ရတဲ့အတွက်  တခြားနိုင်ငံတစ်ခုကို သွားနေတယ် လို. ခံစားရခက်ပါတယ်။

 ထိုင်းဖက်ကို မရောက်ခင် အဲဒီကျွန်းလေးမှာ စစ်ဆေးရေး ဝင်ရတယ်။ ခုမြင်ရတဲ့ ရုပ်ပွားတော်ရဲ့ အောက်တည့်တည့်မှာ စခန်းတစ်ခုရှိပါတယ်။ ထိုင်း ရေတပ်က စခန်းချထားတယ်လို.ပြောပါတယ်။ ဓါတ်ပုံရိုက်တော့ ပါလာတဲ့ မိတ်ဆွေက တားတယ်။ ဓါတ်ပုံမရိုက်ရပါဘူးတဲ့။  ခွေးကြီးတစ်ကောင်ကို ကြိုးချည်ထားတယ်။ ပစ္စည်းစစ်ဖို.တဲ့။ ဘုရားစေတီတွေ မြင်ရလို. စိတ်ချမ်းသာနေတဲ့ စိတ်က သေနတ်ကိုင်ထားပြီး မျက်နှာအချိုးမပြေတဲ့ ပြုံးစိစိ ရုပ်တွေနဲ. ထိုင်းစစ်သားတွေကို မြင်ရလို. စိတ်နောက်ကျိသွားတယ်။ စာရွက်စာတမ်း ကိစ္စတွေကို လုပ်ပေးမဲ့သူပါလာတော့ သိပ်မကြာပဲ ပြီးသွားပါတယ်။


ရနောင်းကို စဝင်ပါပြီ။ ချောင်းဖျားမှာမေးတင်ပြီး ဆောက်ထားတဲ့အိမ်လေးတွေတွေ.တယ်။ အဲဒီမှာ လ ဝ က ပုံစံမျိုး စခန်းအသေးတစ်ခုရှိသေးတယ်။ အဲဒီမှာကျတော့ လူကိုယ်တိုင်ဆင်းပြီး ဓါတ်ပုံအရိုက်ခံရပါတယ်။ ကော့သောင်းဘက်က ထုတ်ပေးလိုက်တဲ့ တစ်ခါသုံး နယ်ခြားဖြတ် ပတ်စ်ပို.မှာ သူတို.က တုံးထုပေးမှ တရားဝင်တယ်လို.ပြောတယ်။ အဲဒါတွေရှင်းပြီးတဲ့နောက်ပိုင်းမှ မြစ်ရိုးအတိုင်းအတွင်းဘက်ကို ဝင်လာတဲ့အခါ ရနောင်းဆိပ်ကမ်းကို ရောက်ပါတယ်။ မရောက်ခင်တဲက ငါးနံ.တွေတလှိုင်လှိုင်နဲ.ပါ။ ရောက်ပြီးတဲ့အခါကျတော့ ဓါတ်ပုံမရိုက်နိုင်တော့ဘူး။ အဖေ့နားမှာ စကားများလိုက်တာ။ ၄နှစ်နေမှ ၂ရက်ထဲတွေ.ရတဲ.အဖေ။ တစ်သက်လုံး မဆူမ၇ိုက်ဖူးတဲ့အဖေ။  သမီးတွေအတွက် ပိုက်ဆံကုန်ရင်တောင် အဖိုးတန်တဲ့သမီးတွေဆိုတော့ ပိုက်ဆံကုန်ရတယ်လို.ပြောတဲ့အဖေ။ ကိုယ်ရှာလို.ပိုက်ဆံရရင် ငါ့သမီးတွေ ဘုန်းကံကြောင့် ရလာတဲ့ငွေလို. ပြောတတ်တဲ့အဖေ။ မယှဉ်ထိုက်ဘူးဆိုပေမဲ့  ကိုယ့်အတွက် အဖေက ဘုရားထက်ပိုပြီးအရေးပါပါတယ်။ စကားပြောလို.ကို မကုန်နိုင်ပါဘူး။

ရနောင်းက ငါးနဲ.သင်းတဲ့ မြို.လေးတစ်မြို.ပါ။ ထိုင်းနိုင်ငံမှာ အငယ်ဆုံးမြို.ဖြစ်တယ် လို.သိရတယ်။ စီးပွားရေး ရယ်လို. မယ်မယ်ရရမရှိဘဲ မြန်မာဘက်နဲ. အဆက်အသွယ်လုပ်ပြီး ကုန်သွယ်ကြတာပဲရှိတယ်။ မြန်မာဘက်က ငါးတွေဝယ်တယ်လို.ပြောတယ်။ လူဦးရေ တစ်ဝက်လောက်က မြန်မာတွေဖြစ်တယ်။ ကရင် မွန် ထားဝယ်ဘက်ကလူတွေများတယ်။ အားလုံးသူလိုလို ထိုင်းစကားပြောတတ်ကြတယ်။ သွားရလာရတာ အဆင်ပြေပါတယ်။ လမ်းတွေသန်.သန်.ရှင်းရှင်းရှိတယ်။ မြန်မာဘက်နဲ.တခြားစီပါ။ ရနောင်းဆေးရုံကြီးကို လည်းတွေ.ခဲ့တယ်။ ကော့သောင်းက မြန်မာတွေအားလုံးက ဒီဆေးရုံမှာပဲ ဆေးလာကုကြတယ်တဲ့။ ဈေးချိုတယ်လို.ပြောတယ်။ ပြီးတော့ ဆရာဝန်ကောင်းတယ်။ မြန်မာဆေးရုံက ဈေးကြီးပြီး ဘာဆေးမှလည်း မစုံဘူးတဲ့။ ဟုတ်မှာပေါ့။ ဒီမြို.မှာ အလုပ်သမားတွေအားလုံးနီးပါးက မြန်မာဖြစ်ပါတယ်တဲ့။ အင်း ဒါလည်းဟုတ်မှာပါပဲ။

ဒါကတော့ ရနောင်း က တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ နဂါးနှစ်ကောင်ဘုရားမှာ ရိုက်ထားတာပါ။ လျောင်းတော်မူ ရုပ်ပွားတော်ဖြစ်ပြီး တော်တော်ကြီးပါတယ်။ တောင်ကုန်းလေးပေါ်မှာ ရှိပြီး ရနောင်းကနေ ဘန်ကောက်အသွားအဝေးပြေး ကားလမ်းမပေါ်မှာရှိပါတယ်။ တောင်ပေါ်မှာ မြန်မာလူမျိုးတွေ ဆောက်လုပ်လှူဒါန်းနေတဲ့ စေတီအငယ်တဆူကိုလည်း တွေ.ခဲ့ပါတယ်။
ပါပါ ဘုရားပေါ်က အဆင်းလှမ်းရိုက်ထားတာ  ရနောင်းမှာလည်စရာသိပ်မရှိတာမို. ၂ ခေါက်တောင်ေ၇ာက်ခဲ့ပါတယ်း)  
တောင်ပေါ်က မြင်ရတဲ့ ၇နောင်းမြို.ပြင်ရှုခင်းပါ။
ပျံလွန်တော်မူပြီးနောက် မီးသဂြိုလ်လို.လုံးဝမီးမလောင်ဘူးလို.ပြောကြတဲ့ ရနောင်း နဂါးနှစ်ကောင် ဆရာတော်ကြီးကိုလည်း ဝင်ရောက်ဖူးမျှော်ခဲ့ပါတယ်။ ဆရာတော်ကြီးရဲ. ရုပ်ကလပ်ကို မှန်ခေါင်းထဲမှာ ထည့်ပြီး ပူဇော်ထားတာကိုတွေ.ပါတယ်။ 
ရိုက်ကောင်းလား မရိုက်ကောင်းလား မသိပေမဲ့  ရိုက်ပြီးတော့ ကြောက်တောင်ကြောက်လာပါတယ်။  ကိုယ်ကြည့်တုန်းက ဒီလောက်သေချာမမြင်ရပါဘူး။ မှန်ကနေတဆင့် ဝိုးတိုးဝါးတားပဲမြင်ရတာ။ ဆတ်ဆော့ပြီး ဖလက်ရှ်တွေထည့်ပြီးရိုက်လိုက်တာ အသေအချာကြီးကို မြင်လိုက်ရတော့ အိပ်တောင်မပျော်ဘူးဖြစ်သွားတယ်။ 

နောက်တစ်နေရာ သွားကြတာကတော့ ရေပူစမ်းဖြစ်ပါတယ်။ စနေနေ.သွားတာဖြစ်လို. လူတွေတော့ တော်တော်များများတွေ.ခဲ့ပါတယ်။း)
ရောက်ပါပြီ ရေပူစမ်းကို ဟုတ်ကဲ့ ဒါမျိုးလေးပါ။ ကိုယ်ကတော့ ကိုးရီးယားတို. ဂျပန်ကားတို.မှာ မြင်ရတာလို စမ်းချောင်းလေးက ရေပူတွေ ထွက်နေတယ်ထင်တာ။ မဟုတ်ပါဘူး။ တွင်းလေးနဲ. လုပ်ထားတာ။ ရေက တော်တော်ပူပါတယ်။ ပလုံစီကို ထနေတာပဲ။ ငုံးဥတွေ ကြက်ဥတွေပြုတ်နေတဲ့ မိသားစုတွေလည်းတွေ.ခဲ့တယ်။ ပျော်တော့ပျော်စရာကြီး။ ငုံးဥ ဝယ်ပြုတ်ခဲ့ချင်ပေမဲ့ နေကလည်း အရမ်းပူ ရေကန်ကလည်း အငွေ.တထောင်းထောင်းဆိုတော့ ငုံးဥ မကျက်ခင် လူကျက်သွားမှာစိုးလို. မပြုတ်ခဲ့တော့ဘူး ။ 
ရေပူကန်ထဲကရေတွေကို ခုလိုမျိုး ရေကန်အသေးလေးတွေလုပ်ပေးပြီး  ခြေထောက်စိမ်လို.ရအောင်လုပ်ပေးထားပါတယ်။ ကော့သောင်းမှာလည်းေ၇ပူကန်ရှိပေမဲ့ ခုလိုမျိုးအသေအချာမလုပ်ပေးထားတော့ အရောက်အပေါက်နည်းတယ်လို.ပြောပါတယ်။ ခြေထောက်တွေဘာတွေရေဝင်စိမ်ခဲ့ပါတယ်။ စိမ်ခါစက အတင်းကို ပူတာပဲ။ စိမ်ရင်းစိမ်းရင်းနဲ. မပူတော့ဘူး။ နေလို.ကောင်းလာတယ်။ ထိုင်းတွေက တော့ ရေပူစိမ်ရင်ကျန်းမာရေးနဲ. ညီညွတ်တယ်လို. ယူဆကြတယ် ဆိုပါတယ်။ 
လူကြီးတွေနဲ.ရော လူငယ်တွေနဲ.ပါသွားလို.ကောင်းတဲ့နေရာပါ။ ရေပူစမ်းတစ်ခုတည်းတင်မဟုတ်ဘူး.။ စမ်းချောင်းတစ်ခုပါရှိပြီးတော့ ကြိုးတံတားလေးတွေလုပ်ပေးထားတဲ့အတွက် အပန်းဖြေထွက်နေကြတဲ့ မိသားစုတော်တော်များများကိုလည်းတွေ.ခဲ့ပါတယ်။ စမ်းချောင်းက ရေမကြည်ပေမဲ့ ကျောက်တုံးပေါလို. အရမ်းကြည့်လို.လှတယ်။ 


နောက်ရောက်ခဲ့တာကတော့ ဈေးကြီးထဲကိုပါ။ ဒါပေမယ့် ဟိုဝယ်ဒီဝယ်ဆိုတော့ ဓါတ်ပုံမရိုက်အားဘူးဖြစ်သွားတယ်။း)   
နောက်တစ်နေ.မှာတော့ ငေါင်းဘုန်းကြီးကျောင်းဆိုတာကို လိုက်ပို.ပါတယ်။ ငါးကန်ကြီးရှိတယ်။ အရမ်းလှတယ်လို.ပြောပါတယ်။
ပြောတဲ့အတိုင်းကိုပဲ လှပါတယ်။ အဲဒီအိမ်လေးတွေကို တက်ကြည့်ချင်ပေမယ့် အဲဒါ တရားထိုင်သူတွေအတွက်လို.ပြောပါတယ်။ တောင်ပေါ်မှာရှိတဲ့ လှေကားထစ်ကလေးတွေက အသစ်လုပ်ဆဲ ဖြစ်ပြီး ဘုရားတစ်ဆူတည်မယ်လို.ပြောပါတယ်။ တက်ချင်ခဲ့ပေမဲ. အခြေအနေ မပေးတော့ မတက်ခဲ့ရဘူး။

ရနောင်းမှာတော့ အဲဒါတွေပြီးရင် လည်စရာ ကုန်သလောက်ရှိသွားပြီလို.ဆိုပါတယ်။ မြို.က သိပ်မကြီးဘဲ စိမ်းစိမ်းစိုစိုနဲ.သာယာတယ်။ ချောင်းတွေ မြောင်းတွေမြို.လယ်ကိုဖြတ်ပြီး စီးနေပုံက မြောက်ဦးနဲ. အရမ်းတူတယ်။ နေရာတိုင်းလိုလိုမှာ သင်္ဘောပျက်တွေကို တွေ.ရတယ်။ ဓါတ်ပုံဆရာတွေတွေ.ရင် အတော်လက်ယားမှာသေချာတယ်။ ဓါတ်ပုံရိုက်လို. ကောင်းတဲ့နေရာလေးတွေချည်းပဲ။

အထူးအဆန်းဘာတွေ.ခဲ့လဲဆိုတော့ စာဖတ်သူများမှတ်မိကြမလားမသိဘူး။ ထိုင်းသရဲကား Nanak ဆိုတဲ့ ဇာတ်ကားတကားရှိတယ်လေ။ ယောက်ျားစစ်တပ်ထဲဝင်သွားတော့ မိန်းမက မီးတွင်းထဲ ဆုံးသွားရာက သရဲမ ဘဝနဲ.စောင့်နေတဲ့ဇာတ်ကားလေ။ သူ အိမ်ပေါ်ကနေ လက်အရှည်ကြီးထုတ်ပြီး သံပုရာသီးလှမ်းကောက်တာလေ။ အဲဒါကို သူ.ယောက်ျားမြင်မှ သူ.မိန်းမ သရဲမမှန်းသိသွားတဲ့ကား။ အတင်းကို ငိုရတာ။ အဲဒီ Nanak ဆိုတာကို သူတို.က အစောင့်အရှောက်သဘောမျိုးကိုးကွယ်ကြတယ်လို. သိခဲ့ရပါတယ်။ မြန်မာလိုဆို နတ်စိမ်းသဘောမျိုးဖြစ်သွားတယ်ပေါ့။ ရနောင်းတင်မက ကော့သောင်းဘက်မှာပါ တွေ.ခဲ့တာပါ။ 
ဆိုင်တိုင်းမှာရုပ်တုထားပြီး လဘ်လာဘကောင်းတယ်လို. ယုံကြည်ကြတယ် ဆိုပါတယ်။


WTF (1)   . ဘာတွေရေးထားမှန်းမသိပေမဲ့ အဲဒီ ကြက်မာနဲ. ကြက်ပျော့ဆိုတာတော့ စိတ်ဝင်စားမိသလိုပဲ အဟဲ။


WTF (2)  .. ဒါက ပါတိတ်သွားဝယ်တုံး  ရေးကပ်ထားတဲ့ ကြော်ငြာလေးကို ကြိုက်လို.ရိုက်ထားတာ။း) ပသှူးက ခေါင်းပြတ်ကြီး ဝယ်အုံးမလားဟင်။း)  

အစားအသောက်အနေနဲ.ကတော့ သိပ်ပြီးခံတွင်းတွေ.စရာကောင်းတဲ့ အစားအသောက် မတွေ.ခဲ့ပါဘူး။ ဘန်ကောက်မှာ အစားအသောက်ကောင်းသလောက် ဒီဘက်မှာ လေးလေးပင်ပင်မရှိပါဘူး။ ကောင်းကောင်းကန်းကန်း သင်္ဘောသီးထောင်းတောင် မရောင်းဘူး။    ရေပူစမ်းကို သွားတော့ ငါးကင်တွေတွေ.လို. စားခဲ့တယ်။ သူတို.ငါးကင်က အရိုးလုံးဝမပါပါဘူး။ အသားတုံးချည်းပဲ။ ကြက်သားတုံးကို ကိုက်စားရသလိုပဲ။  စားခါက ကောင်းပေမဲ့ အရိုးလေးကိုက်ရတဲ့ မြန်မာငါးကင်တွေလောက် အရသာမရှိဘူး။ အီလွယ်တယ်။ ငါးက အတင်းကို ကြီးတာပဲ။ လက်တစ်တောင်ကျော်မယ်ထင်တယ်။ ဒါပေမဲ့ ကုန်သွားတာပါပဲ။

နောက်ပေါပေါပဲပဲစားကြတာက ငပိထောင်းနဲ.တို.စရာပါ။ ဒါပေမဲ့ ငါးပိထောင်းကို သကြားထည့်သုံးတယ်နဲ.တူပါတယ။် စပ်ပေမဲ့ ချိုတိုတိုနဲ. အရသာပျက်ရောပဲ။ စားခဲ့တဲ့ အထဲမှာအကြိုက်ဆုံးကလည်း ငါးပိထောင်းပဲ။ ဗမာပါးစပ်နဲ. ကိုက်တဲ့ဆိုင်တစ်ဆိုင်နဲ.တွေ.လို.ပါ။ ငါးပိထောင်းတစ်ပွဲထဲနဲ. ထမင်းစားလို.၇တယ်လို.နာမည်ကြီးတဲ့ဆိုင်ပေါ့။
အဟဲ စားချင်စရာလေးနော်။ ဟင်းရွက်စုံနဲ. ငပိထောင်း။ ပုဇွန်ပြုတ်လေးတောင် ဖြူးပေးထားသေး။ ကောင်းမှကောင်း စပ်မှစပ်ပဲ။း)

၂ညအိပ်ပြီးနောက်နေ.မှာတော့ ကော့သောင်းဘက်ကိုပြန်ခဲ့ပါတော့တယ်။ ၂ရက်နေခဲ့ရာမှာ အဖေ့ကျေးဇူးနဲ. လိုလေးသေးမရှိပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ ပါပါရှိတဲ့နေရာမှာ ငါ့သမီးတွေ ဘယ်တော့မှ မျက်နှာမငယ်စေရဘူး လို.သွားခါနီးပြောပြီး ပါပါက ကျေနပ်နေတယ်။ လွန်ခဲ့တဲ့ ၄နှစ် ပခုက္ကူမှာ ပြန်ခါနီးတုန်းက မျက်ရည်ပိုးပိုးပေါက်ပေါက်နဲ. ထိန်းမရအောင် ကျခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ စိတ်ထိန်းနိုင်လိုက်ပါတယ်။ ပါပါရှေ.က မကျပေမဲ့ လက်ပြကျန်ခဲ့တဲ့ ပါပါကိုကြည့်ပြီး စက်လှေပေါ်မှာ မျက်ရည်ကျလာတယ်။ စိတ်ကို ပြန်တင်းယူရတယ်။
စိတ်တင်းပြီးလက်ပြနေတုန်း ဓါတ်ပုံ၇ိုက်လိုက်သေးတယ်။ ဒါပေမဲ့ လူအုပ်နဲ.ရောနေတော့ မမြင်ရဘူး။ ကိုယ်လည်း မျက်ရည်တွေနဲ. ဝါးလာတော့ မမြင်ရတော့ဘူး။ ကျန်ရစ်ခဲ့တော့ ရနောင်းရေ။ ဒီခရီးစဉ်ကို အမြဲတမ်း သတိရမှာပါ။ အခွင့်အရေးရရင် နောက်တစ်ခေါက် ထပ်လာခဲ့ပါအုံးမယ်။ မိသားစု စုံစုံလင်လင်နဲ.ပေါ့။


ခိုင်ဝေဇံ

ကော့သောင်း သို.တစ်ခေါက်

ပလန် တို. ပလက်တို. ဘာမှ မရှိဘဲနဲ. ရောက်ဖြစ်သွားတဲ့ ၄ရက်ခရီးစဉ်ဖြစ်ပါတယ်။ တစ်ခါမှလည်း ရောက်မယ်လို. စိတ်မကူးဖူးဘူးနဲ. ရောက်ဖြစ်သွားတာပါ။ ရန်ကုန် ကော့သောင်းလေယဉ်မှာသာ လိုက်လာရတယ်။ ငါ ကော့သောင်းကို သွားရမှာပါလား လို. မယုံနိုင်သေးဘူး။ ပြီးခဲ့တဲ့ ၉ လလုံးတောင်ကြီးသွားမယ် လို. ပလန်လုပ်ထား စိတ်ကူးတွေယဉ်ထားပြီးမှ မြန်မာပြည်ပြန်ခါနီး လေးရက်အလိုမှာ ကော့သောင်းကို သွားရမယ်လို. သိရတယ်။ အမလေး ခံစားရတာပေါ့။ တောင်ကြီး အိမ်မက်ပျက်ပြီလေ။ ကလော ကိုသွားမယ်။ ပင်းတယ သွားမယ်။ အပြန်မန္တ္တ္တလေးဝင်ပြီး  မေမြို.တက်မယ် ။ မန်းလေးက ချစ်တနယ်ဂျင်းတွေနဲ. တွေ.မယ်ဆိုပြီး အိမ်မက်တွေ အခါခါ မက်ခဲ့ရတာ။ ရင်ကွဲပက်လက်ပဲ။ အော် ဒါပေမဲ့ မတတ်နိုင်ပါဘူးလေ ဆိုပြီး လိုက်သွားရတာပါ။ လိုက်သာသွားရတယ်။ နဂိုက သတ္တိခဲဖြစ်တော့ ကော့သောင်း ရနောင်းက ထိုင်းနယ်စပ်၊ လူမှောင်ခိုတွေအရမ်းပေါတာ။ အညိုရောင်နယ်မြေနော်လို. လူတိုင်းက ပြောတာနဲ. ကြောက်လိုက်တာ မပြောပါနဲ.။ ညီမက အသက်ကကြီးလှပြီ ဘယ်လူမှောင်ခိုကမှ မကြီးကို မလိုချင်တော့ဘူး ငယ်ငယ်လေးတွေပဲ ကြိုက်တာသူတို.က ဆိုတော့မှ အေး ဟုတ်သားဟ ဆိုပြီး နဲနဲ စိတ်သက်သာရာရပါတယ်။ ဒါပေမယ့် ခပ်လန်.လန်.ပေါ့။

သောကြာနေ. မနက်၆ နာရီကွင်းချိန် လေယဉ်ဟာ အချိန်မှန်ကန်တိကျစွာ( မြန်မာစံတော်ချိန်နဲ.ဆိုရင်ပေါ့လေ) ၈နာရီ အစား ၉နာရီခွဲမှထွက်ပါတယ်။ ထွက်တာတောင် ကျေးဇူးတင်ရအုံးမှာ။ မြန်မာ့လေကြောင်းက တုန်တဲ့ ခါတဲ့နေရာမှာနာမည်ကြီးဆိုပေမယ့် ဒီတစ်ခါ စီးရတာ သိပ်မသိသာပါဘူး။ မြန်မာ့လေကြောင်းကကျွေးတဲ့ ချီးစ် ဆန်းဒဝစ်ခ်ျနဲ. ကွတ်ကီး လေးကို အမ်အေအိုင်က အစားအသောက်ထက် ပိုကောင်းတယ်တောင်ထင်မိသေးတယ်။ ရန်ကုန်ဘက်ကထွက်လာတော့ ရာသီဥတု ကောင်းပေမဲ့ ကော့သောင်းဘက်ရောက်တာနဲ. တိမ်တွေထူလာတာ သတိထားမိတယ်။  ကျွန်းစု ကျွန်းဆွယ်လေးတွေကို လေယဉ်ပေါ်က မြင်နေရတာ တော်တော်လှပါတယ်။ တိမ်ထူတော့ သဲသဲကွဲကွဲတော့  သိပ်မမြင်ရဘူးပေါ့။ တလမ်းလုံး ဒီလေယဉ်မဆိုးပါလားလို. အင်ပရက်ရှင်တက်လာပြီးမှ ရောက်ခါနီး ဝုန်းဆိုတစ်ခေါက်ပြုတ်ကျတာ တစ်ခါတည်း မျက်လုံးက ငယ်ထိပ်ရောက်သွားတယ်။ အဆင်းတော့ ရှောရှောရှူရှူပါ။ လေယဉ်ကွင်းလေးက အရမ်းမသားနားပေမဲ့ သပ်သပ်ရပ်ရပ်ရှိပါတယ်။ လာကြိုတဲ့ လူနဲ.လည်း ဆိုက်ဆိုက်မြိုက်မြိုက်တွေ.ပါတယ်။ ၁၂ခွဲမှာ ကော့သောင်းကို ရောက်ပါတယ်။ သိပ်နေမပြင်းပဲ ရာသီဥတု ကောင်းတယ်။ ၇န်ကုန်လို မပူပါဘူး။ တောင်ကုန်းလေးတွေ ဆင့်ဆင့်ပြီးတွေ.ရတော့ မြောက်ဦးကို သတိရမိပါတယ်။ မိုးခဏ ခဏရွာတယ်တဲ့ ဆောင်းတွင်းမရှိဘူး နွေရယ်မိုးရယ် ပဲလို. ဒရိုင်ဘာဦးလေးကြီးက ပြောပါတယ်။ ခေါင်းမမူး ရင်မတုန်နေမကောင်းမဖြစ်တဲ့အတွက် ဝမ်းသာရပါတယ်။

ပလန်အရ နေ.တွင်းချင်း ရနောင်းဘက်ကို ကူး ဖို.ပါ။ စက်လှေနဲ.ကူးရပါတယ်တဲ့။ စက်လှေလဲ စီစဉ်ထားပြီးပါပြီလို.ပြောပါတယ်။ အဲဒီနောက် မြို.ပတ်ပြီး သဘောင်္ဆိပ်ကို လိုက်ပို.တယ်။ လမ်းတစ်လျှေက်တွေ.ရတာကတော့ တောင်ကုန်းအထပ်ထပ်နဲ. စိမ်းစိမ်းစိုစို မြို.ပါ။ ရန်ကုန်ကို ခြောက်သယောင်း တိုက်ဟောင်းတွေနဲ.မဟုတ်ဘူး။ နှစ်ထပ်အုပ်အိမ်လေးတွေကို သေးသေးကျစ်ကျစ်ဆောက်ထားကြတာတွေ.တယ်။ မြို.အတွင်းပိုင်းရောက်လာတော့ သတိထားမိတာတစ်ခုက မြို.က မြေညီမှာ ဆောက်ထားတာမဟုတ်ဘူး။ အနိမ့်အမြင့်နဲ. တောင်ကုန်းလေးတွေပေါ်မှာမေးတင်ပြီးဆောက်ထားတဲ့ အိမ်နဲ.  လမ်းတွေကလည်း နိမ့်လိုက်မြင့်လိုက်နဲ.ပါ။ မြို.ပြင်မှာပဲတောင်ကုန်းပေါတယ်ထင်တာ။ အမြင့်တနေရာကကြည့်လိုက်ရင် ခေါင်မိုးအထပ်ထပ်နဲ. ကြည့်လို.ကောင်းပါတယ်။ မိတ်ဆွေတော်တော်များများက ဗမာစကားပြောတော့ အဆင်ပြေတယ်။ ထားဝယ်သံ ဝဲဝဲကိုလည်းကြားရတယ်။း)

နောက်တော့ ထိုင်းနဲ. အဓိကရ ဆက်သွယ်ရေးပွိုင့်ဖြစ်တဲ့ သင်္ဘောဆိပ်ကို ရောက်လာပါတယ်။ သမ္မာန်တွေ စက်လှေအသေးတွေကို ရှုတ်ရှက်ခတ်ပြီးတွေ.ရတယ်။ ဆိုင်ကယ်တက္ကစီတွေလည်းတွေ.တယ်။ ဆိုင်ကယ်ကို အသုံးများကြတာတွေ.တယ်။ ဆိပ်ခံတံတားက မြို.မ တံတားလို.ခေါ်တယ်။ ကိုယ်က ငှက်အသေးလေးနဲ.ကူးရမယ်ထင်တာ စက်လှေစီစဉ်ထားပါတယ်လို.ပြောပါတယ်။ ကော့သောင်းနဲ. ၇နောင်းဟာ တစ်ဖက်တစ်ကမ်းဖြစ်ပြီးတော့ စက်လှေနဲ.ကူးရပါတယ်။ ၄၅ မိနစ်လောက်ကြာတယ်လို. ဆိပ်ကမ်းတာဝန်ခံက ရှင်းပြပါတယ်။ မသွားခင် တစ်ခါသုံးပတ်စ်ပို. ပုံစံနဲ. အစိမ်းရောင်း စာအုပ်ကလေးတွေထုတ်ပေးပါတယ်။ ကင်မရာကိုကြည့် လှလှနေ လို.ပြောပြီး ဓါတ်ပုံရိုက်ပြီးတော့ ထုတ်ပေးတယ်။ အဲဒီစာအုပ်နဲ. တစ်ခါသွားရင် ပတ်စ်ပို.ရှိစရာမလိုပါဘူး။ ၇ ရက်အတိ နေလို.ရပါတယ်။ ထိုင်းဘက်ကိုရောက်ရင် ဆိပ်ကမ်းစစ်ဆေးရေးစခန်းမှာ ဝင်ပြီးသူတို.လက်မှတ်ယူပြီးရင်ပြီးပြီ လို.ပြောပါတယ်။ ကိုယ်တိုင်ပိုက်ဆံမပေးခဲ့ရလို. ပိုက်ဆံပေးရတယ် မပေးရဘူး။ ဘယ်လောက်ဘာညာ မသိခဲ့ပါဘူး။ ပေးရတယ်တယ်လို.တော့ ထင်မိတာပဲ။

ဒီလိုနဲ.ပဲ ရနောင်းဘက်ကိုကူးခဲ့ပါတယ်။ ခုကော့သောင်းအကြောင်းကို သတ်သတ်ရေးတာဖြစ်လို. ရနောင်းကအပြန်ပဲတန်းပြီးတော့ ရေးလိုက်တော့မယ်။ အမှန်က ရနောင်းက တနင်္ဂနွေ နေ.နေ.လည် ၃ခွဲလောက် ပြန်ရောက်ပါတယ်။  ရောက်ပြီး သူဌေးကျွန်းကို မိတ်ဆွေတွေက လိုက်ပို.တယ်။ သတ်သတ်ပဲရေးတော့မယ်။ အဲအကြောင်းကို။ အစကတော့ တနင်္လာနေ. မနက်စောစောလေယဉ်နဲ.ထွက်ဖို.ဖြစ်ပါတယ်။ ဒါပေမဲ့ ညတည်းက မိုးတစီစီနဲ. ရွာပြီး မုန်တိုင်းရှိတယ် ဆိုလေတော့ အီးကျယ်ကျယ်ပေါက်ရင်တောင် လေယဉ်ခရီးစဉ်ဖျက်သိမ်းလေ့ရှိတယ် ဆိုတဲ့ မြန်မာ့လေကြောင်း မလာမှာကို စိုးရိမ်ရပါတယ်။ ဒါပေမယ့် လာတော့လာရှာပါတယ်။  ၁၀ နာရီကွင်းချိန်းလေယဉ်ဟာ ၂နာရီခွဲမှရောက်လာတာပါ။ ကိုယ်တွေကတော့ စိတ်စောပြီး မနက်တည်းက ပြင်ဆင်စောင့်နေကြတာမို. အချိန်ရတုန်း ကော့သောင်းကို လည်ရအောင် လို. လိုက်ပို.သူက အကြံပေးတာကြောင့် မိုးတဖွဲဖွဲရွာနေတဲ့ ကြားက လိုက်လည်ခဲ့တာပါ။ ရောက်ဖြစ်ခဲ့တာကို ကျေးဇူးတင်ရပါမယ်။ လည်စရာပတ်စရာ သိပ်မရှိဘူးဆိုပေမယ့် တရက်တည်းနဲ.တော့ ဘယ်လုံလောက်ပမလဲနော်။ နောက်တစ်ရက်လောက် ထပ်နေခဲ့ရရင်စုံမယ်လို. စိတ်ကူးမိပါတယ်။ အခွင့်အရေးရရင် နောက်တစ်ခေါက်သွားချင်ပါသေးတယ်။း) ဓါတ်ပုံတွေ တင်ပေးလိုက်ပါတယ်။

လေယဉ်ပေါ်က လှမ်းရိုက်ထားတာပါ။ မစီးလှတာ ကြာပြီဖြစ်တဲ့ မြန်မာ့လေကြောင်း။း)


ရောက်ပါပြီရှင်။


စည်ကားတဲ့ ကော့သောင်းဆိပ်ကမ်း


မြို.မတံတားကိုသွားမယ် ဆိုလို. အကြီးကြီးမှတ်တာ။ ဒါလေးပဲ။ အထင်မသေးနဲ.။ နာမည်ကြီးတံတားနော် ။ သေးတာ ကြီးတာ အဓိကမဟုတ်ဘူး။ သင်္ဘောကပ်လို.ရရင် ပြီးတာပဲ။


ရနောင်းအထွက် စက်လှေပေါ်ကမြင်ရတဲ့ ကော့သောင်း။း)
မြန်မာနိုင်ငံရဲ.တောင်ဖက်အဖျား က ဘုရင့်နောင် (ယခင်ဝိတိုရိယ အငူ)။ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကိုယ်က အနောက်ဖက်က လာပြီး တောင်ဖက် ဆုံးအပိုင်းကိုရောက်ခဲ့ပြီ။ မြောက်နဲ.အရှေ. ကိုရောက်အောင်သွားပါအုံးမယ်။း)

အဖျားလေးကိုသွားပြီး အမှတ်တရရိုက်တာပါ။ နောက်ကကျွန်းကတော့ သူဌေးကျွန်းဖြစ်ပါတယ်။

ကော့သောင်း ပြည်တော်အေးဘုရား။ တောင်ကုန်းလေးပေါ်မှာရှိပြီးအလွန်သာယာပါတယ်။ ကော့သောင်းမြို.ရှုခင်းကိုကြည့်ချင်ရင် အလှဆုံးမြင်နိုင်တဲ့နေရာပါ။ ထိုင်းဘက်ကလာရင် မြစ်ဝကနေ ရွှေရောင်ဝင်းနေတဲ့ ဘုရားကြီးကို အရင်ဆုံးမြင်ရတာ အလွန်ကျက်သရေရှိပါတယ်။ 
စေတီကနေ N 97 ဟန်းဖုန်းနဲ.ရိုက်တာပါ။ ဖုန်းနဲ.ရိုက်တယ်လို.တောင်ထင်ရဘူး။ ကြည်နေတာပဲ။ ဒါကြောင့် အိုင်ဖုန်းမသုံးတာပေါ့။ အဟင်း။း)
ဘုရားရင်ပြင်နဲ. ရပ်တော်မူစေတီတော်။ မိုးတဖွဲဖွဲရွာနေတဲ့ကြားက ဒီလောက်ကြည်ကြည်လင်လင်မြင်ရတာ ကံကောင်းလို.။
တောင်ပိုင်းရှင်မယ်တော်ကြီးကို သော့ပိတ်ထားပါတယ်။ မယ်တော်ကြီးခမျာသနားစရာ။

သော့ပိတ်ထားလည်း မယ်တော်ကြီးကို အလွတ်မပေးပဲ သံတံခါးကြားလက်သွင်းပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ်။ ဟီးဟီး။ မယ်တော်ကြီးကတော်တော်ကို ချောပါတယ်။

 ဘုရင့်နောင်နှင့်အမှတ်တရ။ ဘုရင့်နောင်ပန်းခြံက ဘုရင့်နောင်အငူရှိတဲ့ နေရာအနီးက တောင်ကုန်းပေါ်မှာ လုပ်ထားတာပါ။ ထိုင်းဘက်ရှိတဲ့ ပင်လယ်ဝကို မျက်နှာမူထားပြီး  ဓါးဆွဲထုတ်တဲ့ပုံလုပ်ထားတာကြောင့် ထိုင်းကို လာမထိနဲ. ချမှာနော်လို.ပြောနေသလိုပဲ။ ဟိုကတော့ သူတော့ကို သရော်တယ်လို.ခံစားရတော့မှာပဲ။ (ခုတော့ ကိုယ်တို.က ခံလှည့်ပေါ့လေ) အတိတ်ကတော့ သူတွေက ခံရတာကိုး။ ဒါကတော့ကိုယ့်အမြင်ပေါ့လေ။ ဟီးဟီး။ အင်မတန်ခန်.ညားပါတယ်။ ကော့သောင်းဘက်မြစ်ကမ်းကို လှေကပ်တာနဲ. ထီးထီးကြီးမြင်ရတာပါ။ ပုံမှာ အရမ်းဝနေတယ်။ ဝမှာပေါ့။ ရောက်ပြီးကတည်းက ၁၂ ပေါင်တိုးလာတာကိုး။

 ကျန်တဲ့တချို.နေရာတွေကို ရောက်ခဲ့ပေမယ့် ဓါတ်ပုံမရိုက်ဖြစ်တာရယ်။ သိပ်ပြီးတော့ အရေးမပါတဲ့နေရာတွေဖြစ်တာရယ်ကြောင့် မဖော်ပြတော့ပါဘူး။ ရေပူစမ်းရှိတယ်၊ရေတံခွန်ရှိတယ်လို.ပြောပါတယ်။ ထိုင်းဖက်မှာရေပူစမ်းကို ကြီးကြီးကျယ်ကျယ်လုပ်ထားတာမို. ဒီဖက်မှာမလုပ်ထားဘူးလားမေးတော့ ဘာမှရှိဘူးတဲ့။ တောနက်ထဲမှာလို.ပြောတယ်။ ရေတံခွန်ကလည်း ဝေးတယ်တဲ့။ နောက် ပုလုံးတုံးတုံး ကမ်းခြေဆိုတာရှိသတဲ့။ နာမည်ကြားတာနဲ.သွားချင်နေပြီး။ တံတားရှည်ကြီး ဆောက်နေတယ်တဲ့။ ဘာလို.ဆောက်မှန်းတော့ မသိရဘူး။ မရောက်ဖြစ်ခဲ့ပါဘူး။

မနက်စာ စားခဲ့ရတဲ့ ရဲစခန်းနာက လဖက်ရည်ဆိုင်ကို အမှတ်ရပါတယ်။ ဆိုင်နာမည် မသိပါ။ အဲဒီမှာ လဖက်ထမင်းကြော် (ကောင်းမှကောင်း) ၊ ဝက်သားပေါက်စီ၊ အမဲကင်နဲ. အာပုံ စတာတွေကို အသကုန်တီးခဲ့တာပေါ့။ နေ.လည်စာ စားခဲ့တဲ့ ဆိုင်နာမည်က စမိုင်းပါ။ အရမ်းဖော်ရွေပြီး စားပွဲထိုးအားလုံးက လက်အုပ်လေးတွေချီပြီး ထိုင်းလိုနှုတ်ဆက်ပါတယ်။ ဗွီအိုင်ပီအခန်းမှာ မိတ်ဆွေတွေက ဧည့်ခံကျွေးမွေးပါတယ်။ ဖော်ရွေမှုကို အသိအမှတ်ပြုပေမဲ့ အစားအသောက်အပိုင်းမှာတော့ ပုဇွန်တုတ်ကြီးဟင်း ကလွဲရင် သိပ်ပြီးခံတွင်းမတွေ.ပါဘူး။ ကမ်းနားမြို.ဖြစ်တာကြောင့် ပင်လယ်စာ အရမ်းပေါပါတယ်။ ဒါပေမဲ့ ထမင်းဟင်းချက်တဲ့အခါကျတော့ ထိုင်းလိုလို ဗမာလိုလို ရောကုန်ပြီးတော့ ချိုတိုတိုကြီးတွေဖြစ်ကုန်တယ်ထင်တယ်။ တစ်ညတည်းခိုခဲ့တာက သင်္ဘောဆိပ်က Honey Bear ဆိုတဲ့ တည်းခိုခန်းမှာပါ။ သန်.သန်.ရှင်းရှင်းသပ်သပ်ရပ်ရပ် ရှိတဲ့ အတွက် စိတ်ချမ်းသာရပါတယ်။ ဒါပေမဲ့ အိမ်သာထဲမှာ အမျိုးသမီးသုံးပစ္စည်းထည့်ရင် ၅ သိန်း။ မှန်ကွဲရင် ၁သိန်း၊ ဘေစင်ရေပိုက်ပျက်လျင် ၂ သိန်း။ အိပ်ရာခင်းပြဲလျင် ၂ သောင်း၊ မွေ.ရာအထူပျက်လျင် ၇သောင်းစသည်ဖြင့် စာရင်းတစ်ခုကို ခေါင်းရင်တည့်တည့်ကပ်ပေးထားတဲ့အတွက် သိပ်မလှုပ်ရဲပါ။ စောင်ကို ကိုယ်ပေါ်တင်ပြီး အသာလေးပဲအိပ်ရတယ်။ တော်ကြာပြဲသွားရင် လျော်နေရမှာစိုးလို.။း(

အလာလေယဉ်ကတော့ မိုးတွေရွာနေတဲ့ကြားက ဆင်းပြီးတိမ်နဲ.တိုက်လိုက် ပြုတ်ကျလိုက်နဲ. ဆိုးရွားတာကြောင့် ၁ နာရီခွဲတိတိ ကိုယ့်အသက်ကလွဲပြီး ဘယ်ဒင်းကိုမှ စိတ်ထဲမရောက်ပါဘူး။ တစ်သက်လုံးပေါင်းရင်တောင် ဒီလောက်ဘုရားစာများများမဆိုဖူးဘူးထင်တာပဲ။ ရန်ကုန်ကို အသက်နဲ.ရောက်လာတာ ကံကောင်းပါ။ တိုက်ရိုက် ကားလမ်းမရှိဘူး။ ကားစီးချင်ရင် ကော့သောင်းကနေ ဘိတ် သို.မဟုတ် ထားဝယ်ကို ရေကြောင်းကသွားလို.ရပါတယ်တဲ့။ ပြီးမှအဲဒီကနေ မွန် ကိုဖြတ်ပြီး ၇န်ကုန်ဘက်ဝင်တာပါ။ လမ်းမှာ ဓါးမြပြောတယ်လို. ဝန်ထမ်းတစ်ယောက်က ပြောပြတယ်။ မြန်မာ့လေကြောင်း လေယဉ်ကြီးကြီးလေး ဝယ်နိုင်ပါစေ လို.သာဆုတောင်းပေးရတော့မှာပဲ။

ခိုင်ဝေဇံ

ပြည်တော်ပြန် ခရီးမှတ်တမ်းဂျီး (ဇာတ်သိမ်းပိုင်း)

အီ ပြည်တော်ပြန် ခရီးမှတ်တမ်းဂျီးကို စင်္ကာပူမှ ရန်ကုန်သို. အသွားတွင် စရမည်ဖြစ်ပေသိ မရှောင်သာမလွှဲသာသော အကြောင်းကြောင့် အလွန်တရာမှပင် အမှတ်တရ ဖြစ်ဖွယ် ရှိလှသဖြင့် ရန်ကုန်မှ စင်္ကာပူသို. အပြန်ခရီးဖြင့် အစဖွင့်လိုက်ရတော့သတည်း။ WTF!! :(


ရက်ကား ၁၄ လကား ဒီဇင်ဘာ အနည်းငယ်ချမ်းအေးစပြုလာသည်မှာ မိုးရွားပြီးတည်းကဖြစ် ၂ ရက်နှင့် တပိုင်းရှိပြီ။ အကျွနုပ်သည် မသွားခင်၂ရက်ကမှ သံချဆေး အတင်း force လုပ် အတိုက်ခံထားရဖြင့် သံ ကို မြွေထက်ကြောက်သူဖြစ်သည့်အတိုင်း  သံများပါးစပ်မှ မထွက်စေရန် အလို.ငှာ ရခိုင်တို.ထုံးစံအတိုင်း လည်ပင်းတွင် ထုံးနှင့် ဆနွင်း ရောစည်းသုံးချက်ထားပြီးသကာလ ဒုတိယ အရံအတားအဖြစ် သော့ ၃ ချောင်းကို လည်ပင်းမှာ ဆွဲတစ်ညလုံးထိုင်နေရ်ခဲ့သည်ဖြစ်ရာ မသွားခင်တနေ.တွင် နုံးချိ၍ နေမကောင်းဖြစ်လျက်ရှိ ၏ ။ လေယဉ်ကွင်းဆင်းချိန်မှာ နေမပွင့်သေးသော မနက်စောစောဖြစ်သောကြောင့် ၄နာရီမှထက ဟိုထုပ် ဒီသိမ်းစသည်များကို ပြုလုပ်ရ ၏ ။ သို.နှင့် ၅ နာရီအတိတွင်  အိမ်မှ ထွက်ခွာရာ ၆ နာရီ မထိုးခင် မင်္ဂလာဒုံ အင်တာနေရှင်နယ် အဲယားပို. ကြီးသို. ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေတော့သည်။  လူအများမှာလည်း တဖွဲဖွဲရောက်ရှိလာကြပြီ ဖြစ်၏။ ပြသနာအစမှာ ဝင်ရမည့် အပေါက်ကို ရှာရခြင်းဖြစ် ၏ ။ အလိုအလျောက်ပွင့်သော အော်တို တံခါးမှ ဝင်မည်ကြံရာ တံခါးမပွင့်သောကြောင့် လူအများရှေ. ရှိုးတိုးရှန်းတန်း အတန်ငယ်ဖြစ်ရ ၏ ။ မော်၍ကြည့်သောအခါ ”တံခါးပေါက်ပျက်နေသည်၊မသုံးရ” ဟူ၍ ရေးထားကြောင်းတွေ.ရဧ။်။ ကွေ.ပတ်ခါ တခြားတစ်ပေါက်မှ ဝင်သွားရဧ။်။ လူများရောက်ရှိနေသော်လည်း ကောင်တာ မဖွင့်သေး။ လူများစုစုရုံးရုံး ရှိနေသောနေရာကို သွား၍  ထိုင်ကြဧ။်။ ထိုင်ရာအနီး တွင် ကောင်တာ တစ်ခုကို တွေ.မိသော်လည်း ဘာသိဘာသာ မေ့မော၍ တောင်တောင်အီအီပြောနေကြလေဧ။်။ လူများ ထိုကောင်တာကို ပိုက်ဆံလေးတွေ ကိုင်လျက် ဝင်သည်ကို မြင်မှ ထိုကောင်တာဖက်ကို တစ်ခေါက်လျှောက်ကာ ကပ်ထားသော စာများကို ဖတ်ကြည့်မိဧ။် ။ ကောင်တာတွင်  "AirPort Service Charge" ဟု စာလုံးကြီးကြီးဖြင့် ရေးကပ်ထားဧ။်။ နောက်ထပ်ကပ်ထားသော စာတစ်ရွက်ကို ဖတ်ကြည့်မိရာ အင်္ဂလိပ်လို  ယူအက်စ် ဒေါ်လာကို စုတ်လျင်၊ ညစ်နွမ်းနေလျင်၊ မှင်စွန်းနေလျင်၊ တိပ် ကပ်ထားလျှင် လက်မခံ ဟု ရေးထားသည်ကို တွေ.ဧ။် ။ တခြားဘာစာမှ မကပ်ထားသဖြင့် မိမိတို. လူမျိုးများ လုပ်ရန်မလို နိုင်ငံခြားသားအတွက်သာဖြစ်သည်ဟု ကိုယ့်ဟာကို ကောက်ချချဧ။်။ နောက်မှ အားလုံးလုပ်ရမည်။ မြန်မာပိုက်ဆံသုံးထောင်ကျသင့်သည်ဟု ကြားမှ နဖူးရိုက်ကာ ဖတ်သီဖတ်သီဖြင့် ပြေးလုပ်ရလေဧ။်။

ထိုနောက် Boarding Pass ရယူရန် အမ်အေအိုင်ကောင်တာသို. တန်းစီသွားရာ ပစ္စည်းများကို စစ်ဆေးသော ကောင်တာကို ဖြတ်ရ၏။ လေဆိပ်သစ်ကြီးပြုပြင်ပြီးမှ ပထမဆုံးရောက်သွားသည်ဖြစ်ရာ အမောင်တောင်မှန်း မြောက်မှန်းမသိ မျက်စိသူငယ်ဖြစ်နေ၏။ စစ်ဆေးသော ကောင်တာ မရောက်ခင် အမင်္ဂလာ ခွေးဟောင်သံ တစ်သံ ကြားရ၏။ ဂိန်ညောင် ဂိန်ညောင်အော်လျင်တောင် ကြားရတာ ကျက်သရေရှိအုံးမည် အနှီ ပဂ္ဂိုလ်သည် အထုတ်များကို စစ်ဆေးသော စက်ထဲသို. ထည့်နေသော ကောင်လေးတစ်ယောက်ကို သံကုန်အော်နေလေ၏။ ဟေ့ကောင် မင်းဘာကောင်လဲ ဘယ်ကလဲ အဲယားပို.စ်ပတ်စ် ပါလို.လား ထွက်သားစမ်း ခွေးမသား စသည်ဖြစ့် လေဆိပ်ကို မှအားမနာ ဆဲရေး၏။ ထို.နောက် ဝတ်ထားသော အင်္ကျီ အကွက်ကို လူအများရှေ.တွင်ပင် ချွတ်ချ၍ စီကျူရတီ ယူနီဖောင်းနှင့်လဲလှယ်ဝတ်ဆင်လေ၏။ နိုင်ငံခြားသား ဧည့်သည်သုံးယောက်မှာ အံ့သြောထိတ်လန်.ကာ လှည့်ကြည့်ကြ၏။ ထိုစဉ် ခွေးဘီလူးကို နက်ကတိုင်ဆွဲထားသော ရုပ်ရည်ရှိသည့် လူဝကြီးတစ်ယောက် လာကာ ညီလေး ဒါအကို.လု အကို တို.အထုပ်တွေဆွဲခိုင်းထားတာ ဟုလှမ်းပြောရာ ထိုခွေးသည် တဝုတ်ဝုတ်အသံ မှချက်ချင်း တအီအီ အစာတောင်းသံလေးကို ပြောင်း၍ နတ်သံနှောကာ အော် ညီလေး မသိလို.ပါအကိုကြီး စိတ်မရှိပါနဲ. တာဝန်အရ မို.လို.ပါ  ညီလေး ဝင်သွားဝင်သွားဟူ၍ သွားဖြဲကာ ပြော၏။ ရုပ်ရှင်ရိုက်လျင် အကယ်ဒမီများရှင် ဖြစ်နိုင်ခြေရှိပေ၏။ နောက်တယောက်မှာ အကျွနုပ်အလှည့်ဖြစ်သည့်အားလျော်စာ ပစ္စည်းများကို တင်လိုက်ရာ အသလွတ်လှမ်းကာ နင်ဘယ်ကလဲ သွားမှာလား လိုက်ပို.တာလား ဘယ်မှာတုံး ပတ်စ်ပို.စသည်ဖြင့် ယဉ်ကျေးစွာ လှမ်းနှုတ်ဆက်လေ၏။ အိတ်ကို ပြန်ယူ၍ ပတ်စ်ပို.ထုတ်မည်ပြုရာ အိတ်တောင် မကိုင်ရသေး အေး ပါရင် ပြီးတာပဲ သွားတော့ ဟုပြောသဖြင့် အလွန်တော်သော် စီကျူရတီဟု မှတ်ချက်ချရ၏။ သို.သော်လည်း ကြည်လင်နေသော စိတ်မှာ ခွေးဟောင်သံ ကြောင့် နောက်ကျိသွားပြီဖြစ်၏။ အမ်အေအိုင်ကောင်တာတွင် တန်းစီနေခိုက် ခုနက ခွေးဘီလူး နက်ကတိုင်ဆွဲကြီးသည် အရှေ.လျှောက်လိုက် အနောက်မျှော်လိုက်ဖြင့် ဟန်ရေးပြလျက်ရှိ၏။ နောက်မှ သေချာကြည့်မိရာ ဒါရိုက်တာကြီး စင်ရော်မောင်မောင် ဖြစ်ပေတော့၏။ ခုမှ မျက်မြင်ကိုယ်တွေ. ရုပ်ရည်မြင်ဖူးသည်ဖြစ်ရာ မေသန်းနုကို အင်မတန်သနားမိလေ၏။  အနှီ စင်ရော်မောင်မောင်သည် အကျွနုပ်ဘေးမှ တန်းစီနေကြသော လူများကို ဗွီဒီယို ရိုက်ရန် ကင်မရာမင်းအား မှာကြားလျက်ရှိ၏။ အပြောကို နားစွင့်ရာ အမ်အေအိုင် ကြော်ငြာရိုက်ကူးရန်အတွက်ဖြစ်ကြောင်းသိရ၏။  အမ်အေအိုင်လေယဉ်မှ ကောင်တာထိုင်မမတို.မှာ နဂိုမျက်နှာကြောက တင်းတင်းကနေ ဗွီဒီယို ရိုက်နေကြောင်းသိ၍ အတင်းမျက်နှာချိုထားသော်လည်း ချိုပုံမကျ သဖြင့် ဒါရိုက်တာမှ ညီမလေး နည်းနည်းပြုံးလေ ဟု ၃ ခေါက်တိတိ ပြောယူရ၏။ ခရီးသည်မှာ ဘုမသိ ဘမသိ ရိုက်ခွင့်လည်းမတောင်း ပဲ မျက်နှာနားကပ်၍ ကင်မရာကြီး ဗြုန်းခနဲရောက်လာသဖြင့် တောင်ပြေးရမလိုလို မြောက်ပြေးရမလိုလို ဖြစ်ကုန်၏။ ဒါရိုက်တာမ အန်တီ ပြုံးပြုံးလေး နေပါအုံး ဟု လိုအပ်သည်များကို ညွှန်ကြားပြသနေရာ ခရီးသည်မှာ စိတ်ပိန်ကာ ပြုံးမဲ့မဲ့ကြီးဖြစ်နေလေ၏။

ထိုနောက် ကံကောင်းလှစွာသော အကျွနုပ် အလှည့်သို.အရောက်တွင် အဲယားပို. ကြီးတစ်ခုလုံး မီးပျက်သွားတော့၏။ မျက်ထားတင်းသော ကောင်တာ မမသည် မာန်အနည်းငယ်လျှော့ကာ ဆောရီးနော် မီးပြတ်သွားလို. စစ်စတမ်ကျသွားတယ် ဟု တောင်းပန်စကားဆိုလေ၏။ ၂ မိနစ်ခန်. အကြာတွင် မီးပြန်လည် ရလာ၏။ ၄င်းနောက် အကျွနုပ် မှာ အလွန်တရာ ခေါင်းခဲဖွယ်ကောင်းသော ပြသနာနှင့် ထိပ်တိုက်ကြုံရတော့လေသတည်း။ ဖြစ်ပုံမှာ ဒီဖောင်း ( D Form) လုပ်မလာမိခြင်းဖြစ်၏။ မိမိပေါ့လျော့မှုနှင့်ဆိုင်သော်လည်း မြန်မာပြည်ကို မပြန်သည်မှာ ကျောင်းသားဘဝတည်းက ဖြစ်၍ ပြန်သောအခါတိုင်း ဒီဖောင်းလုပ်ရန်မလိုခဲ့။ သတိလည်းမထားမိဘဲ မေ့မေ့လျော့လျော့နေခဲ့သည်ဖြစ်ရာ ထိုကျမှ ပြသနာတက်ပြီဖြစ်ကြောင်းသိ၏။ အနည်းငယ်စိတ်ပူလာကာ ပတ်ဝန်းကျင်ကို သတိ မထားနိုင်ပဲ ဟိုမေးဒီစမ်းနှင့် ပြသနာကို ဘယ်လိုဘယ်ပုံ ရှင်းရမည့်အကြောင်းကို မေးမြမ်းစုံစမ်းမိ၏။ ထူးဆန်းသည်မှာ ကောင်တာမမသည် မေးသမျှကို ဖြေ၍  မျက်နှာက သကာကဲ့သို.ချိုထားကြောင်းဖြစ်၏။ အင်မီဂရေးရှင်း အော့ဖစ်စ်ကို သွားပါဟူ၍  ဖြေလိုက်၏။ သူတို.သဘောတူက Boarding Pass ထုတ်ပေးမည် မတူလျှင် ထုတ်၍ မရဟူ၏။ စိတ်တွေမူးဝေနောက်ကျိလာပြီး အလောသုံးဆယ် လှည့်ထွက်လိုက်ရာ မျက်စိမှာ စူးရှသွား၍  ဘယ်တုန်းက ဘယ်လို ရောက်နေ မှန်းမသိသော ကင်မရာကြီးကိုတွေ.ရ၏။ သည်တော့မှာ ကောင်တာ မမ မျက်နှာချို ရခြင်းအကြောင်းရင်းကို သဘောပေါက်လေ၏

သို.သော်လည်း Boarding Pass မရသေးသဖြင့် ဘာကိုမှ ဂရုမစိုက်နိုင် ဗိုက်ကလေးကိုတောင် ရှပ်အောင် အသက်မအောင့်နိုင်ပဲ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် အင်မီဂရေးရှင်း အော့ဖစ်စ်သို.ပြေးရလေ၏။ အင်မီဂရေးရှင်း ဝန်ထမ်းတစ်ယောက်နှင့်လမ်းတွင်တွေ.ရာ သူကရှင်းပြ၏။ ဒီလိုလေ ဒီဖောင်းဆိုတာက စသည်ဖြင့် ရာဇဝင်ကို စာတင်၍ ရှင်းပြရာ တရားနာရလေ၏။ နောက်ဆုံးမှ လိုရင်းကို ရောက်၏။ ဦးတို.ကူညီနိုင်တယ် နှစ်သောင်း ဟူ၏။  သို.နှင့် သူခေါ်သွား၍ သူ.ရုံးခန်းကို ရောက်ရှိသွားရာ အိမ်သာနား အကြိုအကြားတွင် လေးပေပတ်လည်မျှရှိသည်ဟု ခန်.မှန်းရသော ခမ်းနားလှသည့် အင်မီဂရေးရှင်း အော့ဖစ်စ်တော်ကြီးကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ.ရလေ၏။ ဝင်သွားရာ ” ဆရာ ဒီမှာ ပါလာပြီ စောစောစီးစီး ဒီဖောင်းလုပ်မလာလို.တဲ့” ဟူ၍ အရေးတယူမိတ်ဆက်ပေးခြင်းကို ခံရလေ၏။ အောဖစ်ဆာ ဟုထင်ရာသူမှာ ဥပဓိရုပ်ကောင်း၏။ ညီမက ဘာလို. မလုပ်လာရတာလဲ ဟုအေးအေးဆေးဆေးပြောသဖြင့် အားတက်ကာ မသိနားမလည်ကြောင်းရှင်းပြရလေ၏။ ထိုနောက် မိမိကိုယ်ကို အသက်သိပ်မကြီးသေးဟု ထင်သော လူမျိုးဖြစ်သည့်အားလျော် အမှန်တကယ် လူသက်နှင့်တွက်လျင် ကိုယ့်ထက် ၄ နှစ်လောက်ကြီးမည်ထင်ရသောသူကို ဦးဟု ခေါ်မိရာ ဒီရုပ်နဲ. ဒီရုပ်နဲ.ကိုများ ဦးဟုခေါ်ရဲသလားဟု စဉ်းစားမိ၍လား မဆိုနိုင် မျက်နှာမှာ နေထိသောပန်းသို. နွမ်းသွားလေတော့၏။ ထိုမှ အစပြု၍ စကားပြောအဆင်မပြေတော့။ လိုရင်းမှာ လိုက်ပို.သောသူများ မပြန်သေးလျှင် ပြန်ခေါ်လာရန် ဖြစ်၏။ ထိုနောက် နားမလည်၍ ပြန်မေးမိလျှင် ငါခုနက ညဉ်းကို ပြောထားတယ်လေ မမှတ်မိဘူးလားဟူ၍ ပြန်ပြော၏။ ဘာမှလည်းသူက ရေရေရာရာ မပြောပြသဖြင့် လူမှာ ကိုယ့်ကိုယ်ကို နလပိန်းတုံးသကဲ့သို. ခံစားရလေ၏။ ထိုနောက် ဖတ်သီဖတ်သီ ပြေးကာ အမေ့ကို ပြန်ခေါ်ရ၏။ ကိုယ့်သမီး အကြောင်းကိုယ်သိ သောမိခင်မှာ လေယဉ်ထွက်မှ ပြန်လေ့ရှိသဖြင့် စောင့်နေမည်ကို သိပြီးသားဖြစ်၏။ ထုံးစံအတိုင်း အပူလွှမ်းသော ဘာပြသနာဖြစ်ပြန်ပြီလဲမသိဘူး ဆိုသော မျက်နှာပန်းဖြင့်ပြေးလာ၏။ ထို.နောက် လေယဉ်ကွင်း အတွင်းထဲကို ဝင်ရသော ဝမ်းတူး ကဒ် ဆိုသော ကဒ်ပြားကို မှတ်ပုံတင်နှင့် လဲလှယ်ရယူရန်ဖြစ်၏။ ထိုမှာ အရစ်ခံရသေး၏။ ဝန်ထမ်းကဒ်ပါမှ ပေးမယ် လုပ်နေသဖြင့် အင်မီဂရေးရှင်း နှင့် ကိုင်ပေါက်မှ ကဒ်ကို စွန်.ကြဲတော်မူ၏။ ထိုနောက် အင်မီဂရေးရှင်း အော့ဖစ်စ် ကို ပြန်ပြေးရပြန်၏။ အောဖစ်ဆာမှ ဘာကြောင့် Boarding Pass မယူလာရသလဲ ဟု မာန်တော်မူ၏။ အမေကပါ ဝိုင်းဆဲသဖြင့် သူမှ မပြောတာ ယူရမယ်လို. ဆိုတော့ အမေ့ကို ပြန်ပြောရာ ကိုယ်တော်ချောမှာ ဆတ်ဆတ်ခါ၍ နာတော်မူက ”နင့်ကို ငါတို.က လက်မှတ်မထိုးပေးရင် နင်ငိုယိုပြီးပြန်သွားရမယ် နားလည်လား“ စသည်ဖြင့် ချိုချိုသာသာပြောလေသည်။ ထိုနောက် Boarding Pass ကိုပြေးယူကြရပြန်သည်။ ပြီှးမှ အပေါ်ပြန်တက်၍ ရုံးပြန်သွားရပြန်ရာ ဒီမှာ ခဏစောင့်ဟုပြောကာ တခွန်းမှပင်မဟ လှည့်လည်းမကြည့်ဘဲ အမျက်တော်ရှနေလေတော့၏။ အကျွနုပ်က လည်း ပါးစပ်ဆတ်ဆော့ကာ ဘယ်လောက်ထိ စောင့်ရအုံးမှာလဲ လေယဉ်က ၈ နာရီနော် ဟုသွားမေးရာ လူကြီးကို စောင့်ရအုံးမှာ သူ.လက်မှတ်ပါမှဖြစ်မှာ ဟု ခပ်ထန်ထန်ပြော၏။ လူကြီး ဘယ်သူလဲဟု မေးလိုက်ရာ ဦး xx နင်သိလို.လား ဟု ခပ်ရွဲ.ရွဲ.မေး၏။ သိဘူးဟု ပြန်ဖြေလိုက်ရာ ကြောင်ကြည့်နေလေ၏။ 

အမေ့မှာ ဘယ်လိုလုပ်ပေးရမလဲ မသိဘူး သား စသည်ဖြင့် မြန်မာပြည်သူ ပီသစွာ မျက်နှချိုသွေးနေလေသည်။ မရတော့ ပြီ လူကြီးနှင့် ကိုင်ပေါက်ချင်သည်ဟု အထင်ရသွားသဖြင့် ဘုကြီးပဲ ကျနေတော့သည်။ အမှန်က ကိုယ်က ပါးစပ်ဆော့ပြီး သွားမေးတာ။ လူကြီးဘယ်တော့လာမလဲဟု သွားမေးရာ မသိဘူး ဟုဖြေ၏။ လေယဉ်အချိန်မီပမလားဆိုတော့  မပြောတတ်ဘူးဟု ဆို၏။ အမေကား မျက်နှာပျက်နေပြီ။ သည်အချိန်တွင် လူကြီးဝင်လာလေ၏။ ဘာဖြစ်ကြတာလဲ ဟုဆို၏။ ထိုနောက် ပတ်စ်ပို. အားကြည့်ကာ အော် စစ်တွေကလားဟု မေး၏။ စစ်တွေအိမ်နှင့်ကပ်လျက် လဝက ခြံဝင်းကြီးဖြစ်ကြောင်း သတိရလာ၏။ အမေက ဒီိထိပ်ပြောင်ကို မြင်ဖူးတယ် ဟူသောအကြည့်နှင့် လက်ကုတ်၏်။ အေးအေးဆေးဆေးပဲ ပြောကာ လက်မှတ်ထိုးပေးလိုက်၏်။ စစ်တွေဘယ်မှာနေလဲ ဆိုတော့ ဂေါက်ကွင်းနားမှာ ဟုဖြေရာ ခေါင်းတညိတ်ညိတ်နှင့် လုပ်နေကာ ကဲကဲ နောက်ကျနေမယ်သွား ဟုပြော၏။ အမေ့ဖက်သို.လှည့်ကာ တွေ.လား လူကြီး က သဘောကောင်းပါတယ်  အောက်ကလူတွေကသာ မပြည့်အိုးဘောင်ဘင်ခတ်တာ ဟူ၍ ရသလောက်နှက်ပြီး လူကြီးကန်မထုတ်မီ ကော့ကော့ ကော့ကော့နှင့် ရှေ.က ပြေးနှင့်၏။ အမေကား မျက်နှာ ထားစရာမရှိ မျက်နှာငယ်အောင်လုပ်သွားသော သမီးဖြစ်သူကို လက်ပင်မပြပဲ အမျက်တော်ရှကာ ပြန်သွားလေတော့၏။

အင်မီဂရေးရှင်း ကောင်တာတွင် တန်းစီရပြန်၏။ ကောင်တာရှိ ကိုကို မများမှာ တလောက လုံးသူ.ဆန်စားနေရသောမျက်နှာများဖြင့်ဖြစ်၏။ ပေါင်မုန်.စားသော အင်္ဂလိပ်များကို မူ အထူးတလည် ပြုံးပြကြ၏။  ထိုငရဲခန်းကို ဖြတ်ကျော်ပြီးသောအခါ အမ်အေအိုင် လေယဉ် ဂိတ်အထိကို သွားလို.ရပြီဖြစ်၏။ စောင့်၍ မကြာမီ အချိန်အတွင်းမှာပင် ပုတု ကွတ ခြေသိမ်ဖင်လိမ် နှာယောက်ကောက် နာဖူးမောက်သော အမ်အေအိုင် လေယဉ်မယ်တို.သည် အလိမ့်လိမ့်အလူးလူးဖြင့် လှိုင်းမူးသကဲ့သို.  လမ်းလျှောက်လာကြကုန်၏။ မကြာသော ကာလအတွင်းမှာပင် လေယဉ်တက်ခွင့်ရရှိရာ လေယဉ်တက်သော လမ်းတလျှေက်တွင် ဝန်ထမ်းသုံးဦးတို.အား ၃ ခေါက် လေယဉ်မောင်မယ်များကို နှစ်ခေါက်ခန်.စီ မိမိတို. ကိုင်ဆောင်လာသော ပတ်စ်ပို. နှင့် လေယဉ် ခုံနံပါတ်ကို ပြသကြရလေ၏။ အားလုံးကလည်း လေယဉ်လက်မှတ်ကို ကြည့်ကာ လေယဉ်အတွင်းဘက်သို. လက်ပြ၍ ဒီဘက်မှာပါရှင် ဒီဘက်မှာပါခင်ဗျာဟူ၍ ပြောကြကုန်၏ ။ အံ့ဘွယ် ဆားဗစ်ပင်ဖြစ်တော့၏။

ထူးထူးဆန်းဆန်း လေယဉ်မောင် ၃ယောက်တွေ.သဖြင့် အံ့သြမိသေး၏။ မြန်မာလေယဉ်မောင်များမှာ ထူးဆန်းလှသည်။ ချောတဲ့တစ်ယောက်က ပေမမီ ဒေါက်မမီ၊ ပေမီဒေါက်မီတယောက်က မချောစသည်ဖြင့်လက်ရွေးစင်တွေ ရွေးထားပုံရသည်။ မြန်မာပြည်မှာ ချောတဲ့သူ ဒီလောက်ရှားရော့သလားဟု ကြားထဲက ရင်နာမိသေး၏။ တယောက်သော လေယဉ်မောင်မှာ စိတ်ပုတီးစက်ကလေး တချပ်ချပ်ဖြင့် လေယဉ်ကို သုံးပတ်ပတ်၍ လမ်းလျှောက်ကာ ပြန်ဝင်သွား၏။ အော် ဘေးအန္တရာယ်ကင်းအောင်နေမှာပေါ့ကို သာဓုခေါ်ရ၏။  လေယဉ်မောင်၊မယ် တို.သည် အလွန်ထူးဆန်းသော နားထောင်၍ ကောင်းသည့် အင်္ဂလိပ်စကား တစ်မျိုးဖြင့် လေယဉ်တွင် announcement များပြုလုပ်ကြ၏။ အင်္ဂလိပ်များကို တိုင် စူးစူးစိုက်စိုက် ကြီးနားထောင်လျင်တောင် နဝေတိမ်တောင် ဖြစ်နေပုံ ပေါ်ကြသဖြင့် အတော်အဆင့်မြင့်သော အင်္ဂလိပ်စကားပေပဲဟု  ကောက်ချက်ချရ၏။ တစ်ခါ ဘေးနားမှ အညာသား မြန်မာရုပ် စစ်စစ်ကြီးနှင့် ကွမ်းစားတတ်သော ဦးလေးက ငပိသံဖြင့် အင်္ဂလိပ်ကို ပြောကာ လေယဉ်မယ်လေးမှလည်း ငပိသံဖြင့် ပြန်၍ပြောကာ ဘာလိုမှန်းမသိ ပတ်ချာလည်ရိုက်ကုန်ကြ၏။ ဘီယာတစ်ခွက်လို.ပြောပါက ပြီးမည့်ကိစ္စကို အနှီဦးလေးမှ one cup of beer ဟုပြောကာ ဂေါ်လီရိုက်ကုန်ကြသည်မှာ မနေနိုင်သော ကိုယ်က ဝင်၍ ဥိးလေးက ဘီယာသောက်ချင်တာတဲ့ အမဟု ဗမာနှစ်ယောက်ကို ဗမာလို ဘာသာပြန်ပေးလိုက်တော့မှ ရပ်သွားကြ၏။ အံ့ဘွယ်သုတပဲ။ ဒီဒုက္ခတွေကို ဘယ်နှစ်နှစ်လောက် ကြာကြာခံရအုံးမလဲမသိ။ တခေါက်သွားရင်တစ်ခေါက် စိတ်ကုန်ရ၏။ အိမ်း ဒီလောက်နဲ.ပဲ ပြန်တော်ပြန်ခန်း ဇတ်လမ်းရဲ. ဇာတ်သိမ်းပိုင်းကို အရင်တင်ပြပေးလိုက်ပါ၏။ ဇာတ်လမ်းအစကတော့ နောက်များမှ ပေါ့နော။း)

ခိုင်ဝေဇံ