စာရေးရမှာ ပျင်းတယ်။ ဓါတ်ပုံတွေနဲ. ပုံပဲပြောတော့မယ်။း)
ပင်လယ်ဝဆိုပေမယ့် ပင်လယ်ပြင်ကြီးကို ဖြတ်တာမဟုတ်တော့ မိနစ်ပိုင်းအတွင်းမှာပဲ ထိုင်းဖက်ကမ်းကို လှမ်းပြီးမြင်ရတယ်။ ဘုရား စေတီတွေပါလှမ်းမြင်ရတဲ့အတွက် တခြားနိုင်ငံတစ်ခုကို သွားနေတယ် လို. ခံစားရခက်ပါတယ်။
ထိုင်းဖက်ကို မရောက်ခင် အဲဒီကျွန်းလေးမှာ စစ်ဆေးရေး ဝင်ရတယ်။ ခုမြင်ရတဲ့ ရုပ်ပွားတော်ရဲ့ အောက်တည့်တည့်မှာ စခန်းတစ်ခုရှိပါတယ်။ ထိုင်း ရေတပ်က စခန်းချထားတယ်လို.ပြောပါတယ်။ ဓါတ်ပုံရိုက်တော့ ပါလာတဲ့ မိတ်ဆွေက တားတယ်။ ဓါတ်ပုံမရိုက်ရပါဘူးတဲ့။ ခွေးကြီးတစ်ကောင်ကို ကြိုးချည်ထားတယ်။ ပစ္စည်းစစ်ဖို.တဲ့။ ဘုရားစေတီတွေ မြင်ရလို. စိတ်ချမ်းသာနေတဲ့ စိတ်က သေနတ်ကိုင်ထားပြီး မျက်နှာအချိုးမပြေတဲ့ ပြုံးစိစိ ရုပ်တွေနဲ. ထိုင်းစစ်သားတွေကို မြင်ရလို. စိတ်နောက်ကျိသွားတယ်။ စာရွက်စာတမ်း ကိစ္စတွေကို လုပ်ပေးမဲ့သူပါလာတော့ သိပ်မကြာပဲ ပြီးသွားပါတယ်။
ရနောင်းကို စဝင်ပါပြီ။ ချောင်းဖျားမှာမေးတင်ပြီး ဆောက်ထားတဲ့အိမ်လေးတွေတွေ.တယ်။ အဲဒီမှာ လ ဝ က ပုံစံမျိုး စခန်းအသေးတစ်ခုရှိသေးတယ်။ အဲဒီမှာကျတော့ လူကိုယ်တိုင်ဆင်းပြီး ဓါတ်ပုံအရိုက်ခံရပါတယ်။ ကော့သောင်းဘက်က ထုတ်ပေးလိုက်တဲ့ တစ်ခါသုံး နယ်ခြားဖြတ် ပတ်စ်ပို.မှာ သူတို.က တုံးထုပေးမှ တရားဝင်တယ်လို.ပြောတယ်။ အဲဒါတွေရှင်းပြီးတဲ့နောက်ပိုင်းမှ မြစ်ရိုးအတိုင်းအတွင်းဘက်ကို ဝင်လာတဲ့အခါ ရနောင်းဆိပ်ကမ်းကို ရောက်ပါတယ်။ မရောက်ခင်တဲက ငါးနံ.တွေတလှိုင်လှိုင်နဲ.ပါ။ ရောက်ပြီးတဲ့အခါကျတော့ ဓါတ်ပုံမရိုက်နိုင်တော့ဘူး။ အဖေ့နားမှာ စကားများလိုက်တာ။ ၄နှစ်နေမှ ၂ရက်ထဲတွေ.ရတဲ.အဖေ။ တစ်သက်လုံး မဆူမ၇ိုက်ဖူးတဲ့အဖေ။ သမီးတွေအတွက် ပိုက်ဆံကုန်ရင်တောင် အဖိုးတန်တဲ့သမီးတွေဆိုတော့ ပိုက်ဆံကုန်ရတယ်လို.ပြောတဲ့အဖေ။ ကိုယ်ရှာလို.ပိုက်ဆံရရင် ငါ့သမီးတွေ ဘုန်းကံကြောင့် ရလာတဲ့ငွေလို. ပြောတတ်တဲ့အဖေ။ မယှဉ်ထိုက်ဘူးဆိုပေမဲ့ ကိုယ့်အတွက် အဖေက ဘုရားထက်ပိုပြီးအရေးပါပါတယ်။ စကားပြောလို.ကို မကုန်နိုင်ပါဘူး။
ရနောင်းက ငါးနဲ.သင်းတဲ့ မြို.လေးတစ်မြို.ပါ။ ထိုင်းနိုင်ငံမှာ အငယ်ဆုံးမြို.ဖြစ်တယ် လို.သိရတယ်။ စီးပွားရေး ရယ်လို. မယ်မယ်ရရမရှိဘဲ မြန်မာဘက်နဲ. အဆက်အသွယ်လုပ်ပြီး ကုန်သွယ်ကြတာပဲရှိတယ်။ မြန်မာဘက်က ငါးတွေဝယ်တယ်လို.ပြောတယ်။ လူဦးရေ တစ်ဝက်လောက်က မြန်မာတွေဖြစ်တယ်။ ကရင် မွန် ထားဝယ်ဘက်ကလူတွေများတယ်။ အားလုံးသူလိုလို ထိုင်းစကားပြောတတ်ကြတယ်။ သွားရလာရတာ အဆင်ပြေပါတယ်။ လမ်းတွေသန်.သန်.ရှင်းရှင်းရှိတယ်။ မြန်မာဘက်နဲ.တခြားစီပါ။ ရနောင်းဆေးရုံကြီးကို လည်းတွေ.ခဲ့တယ်။ ကော့သောင်းက မြန်မာတွေအားလုံးက ဒီဆေးရုံမှာပဲ ဆေးလာကုကြတယ်တဲ့။ ဈေးချိုတယ်လို.ပြောတယ်။ ပြီးတော့ ဆရာဝန်ကောင်းတယ်။ မြန်မာဆေးရုံက ဈေးကြီးပြီး ဘာဆေးမှလည်း မစုံဘူးတဲ့။ ဟုတ်မှာပေါ့။ ဒီမြို.မှာ အလုပ်သမားတွေအားလုံးနီးပါးက မြန်မာဖြစ်ပါတယ်တဲ့။ အင်း ဒါလည်းဟုတ်မှာပါပဲ။
ဒါကတော့ ရနောင်း က တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ နဂါးနှစ်ကောင်ဘုရားမှာ ရိုက်ထားတာပါ။ လျောင်းတော်မူ ရုပ်ပွားတော်ဖြစ်ပြီး တော်တော်ကြီးပါတယ်။ တောင်ကုန်းလေးပေါ်မှာ ရှိပြီး ရနောင်းကနေ ဘန်ကောက်အသွားအဝေးပြေး ကားလမ်းမပေါ်မှာရှိပါတယ်။ တောင်ပေါ်မှာ မြန်မာလူမျိုးတွေ ဆောက်လုပ်လှူဒါန်းနေတဲ့ စေတီအငယ်တဆူကိုလည်း တွေ.ခဲ့ပါတယ်။
ပါပါ ဘုရားပေါ်က အဆင်းလှမ်းရိုက်ထားတာ ရနောင်းမှာလည်စရာသိပ်မရှိတာမို. ၂ ခေါက်တောင်ေ၇ာက်ခဲ့ပါတယ်း)
တောင်ပေါ်က မြင်ရတဲ့ ၇နောင်းမြို.ပြင်ရှုခင်းပါ။
ပျံလွန်တော်မူပြီးနောက် မီးသဂြိုလ်လို.လုံးဝမီးမလောင်ဘူးလို.ပြောကြတဲ့ ရနောင်း နဂါးနှစ်ကောင် ဆရာတော်ကြီးကိုလည်း ဝင်ရောက်ဖူးမျှော်ခဲ့ပါတယ်။ ဆရာတော်ကြီးရဲ. ရုပ်ကလပ်ကို မှန်ခေါင်းထဲမှာ ထည့်ပြီး ပူဇော်ထားတာကိုတွေ.ပါတယ်။
ရိုက်ကောင်းလား မရိုက်ကောင်းလား မသိပေမဲ့ ရိုက်ပြီးတော့ ကြောက်တောင်ကြောက်လာပါတယ်။ ကိုယ်ကြည့်တုန်းက ဒီလောက်သေချာမမြင်ရပါဘူး။ မှန်ကနေတဆင့် ဝိုးတိုးဝါးတားပဲမြင်ရတာ။ ဆတ်ဆော့ပြီး ဖလက်ရှ်တွေထည့်ပြီးရိုက်လိုက်တာ အသေအချာကြီးကို မြင်လိုက်ရတော့ အိပ်တောင်မပျော်ဘူးဖြစ်သွားတယ်။
နောက်တစ်နေရာ သွားကြတာကတော့ ရေပူစမ်းဖြစ်ပါတယ်။ စနေနေ.သွားတာဖြစ်လို. လူတွေတော့ တော်တော်များများတွေ.ခဲ့ပါတယ်။း)
ရောက်ပါပြီ ရေပူစမ်းကို ဟုတ်ကဲ့ ဒါမျိုးလေးပါ။ ကိုယ်ကတော့ ကိုးရီးယားတို. ဂျပန်ကားတို.မှာ မြင်ရတာလို စမ်းချောင်းလေးက ရေပူတွေ ထွက်နေတယ်ထင်တာ။ မဟုတ်ပါဘူး။ တွင်းလေးနဲ. လုပ်ထားတာ။ ရေက တော်တော်ပူပါတယ်။ ပလုံစီကို ထနေတာပဲ။ ငုံးဥတွေ ကြက်ဥတွေပြုတ်နေတဲ့ မိသားစုတွေလည်းတွေ.ခဲ့တယ်။ ပျော်တော့ပျော်စရာကြီး။ ငုံးဥ ဝယ်ပြုတ်ခဲ့ချင်ပေမဲ့ နေကလည်း အရမ်းပူ ရေကန်ကလည်း အငွေ.တထောင်းထောင်းဆိုတော့ ငုံးဥ မကျက်ခင် လူကျက်သွားမှာစိုးလို. မပြုတ်ခဲ့တော့ဘူး ။
ရေပူကန်ထဲကရေတွေကို ခုလိုမျိုး ရေကန်အသေးလေးတွေလုပ်ပေးပြီး ခြေထောက်စိမ်လို.ရအောင်လုပ်ပေးထားပါတယ်။ ကော့သောင်းမှာလည်းေ၇ပူကန်ရှိပေမဲ့ ခုလိုမျိုးအသေအချာမလုပ်ပေးထားတော့ အရောက်အပေါက်နည်းတယ်လို.ပြောပါတယ်။ ခြေထောက်တွေဘာတွေရေဝင်စိမ်ခဲ့ပါတယ်။ စိမ်ခါစက အတင်းကို ပူတာပဲ။ စိမ်ရင်းစိမ်းရင်းနဲ. မပူတော့ဘူး။ နေလို.ကောင်းလာတယ်။ ထိုင်းတွေက တော့ ရေပူစိမ်ရင်ကျန်းမာရေးနဲ. ညီညွတ်တယ်လို. ယူဆကြတယ် ဆိုပါတယ်။
လူကြီးတွေနဲ.ရော လူငယ်တွေနဲ.ပါသွားလို.ကောင်းတဲ့နေရာပါ။ ရေပူစမ်းတစ်ခုတည်းတင်မဟုတ်ဘူး.။ စမ်းချောင်းတစ်ခုပါရှိပြီးတော့ ကြိုးတံတားလေးတွေလုပ်ပေးထားတဲ့အတွက် အပန်းဖြေထွက်နေကြတဲ့ မိသားစုတော်တော်များများကိုလည်းတွေ.ခဲ့ပါတယ်။ စမ်းချောင်းက ရေမကြည်ပေမဲ့ ကျောက်တုံးပေါလို. အရမ်းကြည့်လို.လှတယ်။
နောက်ရောက်ခဲ့တာကတော့ ဈေးကြီးထဲကိုပါ။ ဒါပေမယ့် ဟိုဝယ်ဒီဝယ်ဆိုတော့ ဓါတ်ပုံမရိုက်အားဘူးဖြစ်သွားတယ်။း)
နောက်တစ်နေ.မှာတော့ ငေါင်းဘုန်းကြီးကျောင်းဆိုတာကို လိုက်ပို.ပါတယ်။ ငါးကန်ကြီးရှိတယ်။ အရမ်းလှတယ်လို.ပြောပါတယ်။
ပြောတဲ့အတိုင်းကိုပဲ လှပါတယ်။ အဲဒီအိမ်လေးတွေကို တက်ကြည့်ချင်ပေမယ့် အဲဒါ တရားထိုင်သူတွေအတွက်လို.ပြောပါတယ်။ တောင်ပေါ်မှာရှိတဲ့ လှေကားထစ်ကလေးတွေက အသစ်လုပ်ဆဲ ဖြစ်ပြီး ဘုရားတစ်ဆူတည်မယ်လို.ပြောပါတယ်။ တက်ချင်ခဲ့ပေမဲ. အခြေအနေ မပေးတော့ မတက်ခဲ့ရဘူး။
ရနောင်းမှာတော့ အဲဒါတွေပြီးရင် လည်စရာ ကုန်သလောက်ရှိသွားပြီလို.ဆိုပါတယ်။ မြို.က သိပ်မကြီးဘဲ စိမ်းစိမ်းစိုစိုနဲ.သာယာတယ်။ ချောင်းတွေ မြောင်းတွေမြို.လယ်ကိုဖြတ်ပြီး စီးနေပုံက မြောက်ဦးနဲ. အရမ်းတူတယ်။ နေရာတိုင်းလိုလိုမှာ သင်္ဘောပျက်တွေကို တွေ.ရတယ်။ ဓါတ်ပုံဆရာတွေတွေ.ရင် အတော်လက်ယားမှာသေချာတယ်။ ဓါတ်ပုံရိုက်လို. ကောင်းတဲ့နေရာလေးတွေချည်းပဲ။
အထူးအဆန်းဘာတွေ.ခဲ့လဲဆိုတော့ စာဖတ်သူများမှတ်မိကြမလားမသိဘူး။ ထိုင်းသရဲကား Nanak ဆိုတဲ့ ဇာတ်ကားတကားရှိတယ်လေ။ ယောက်ျားစစ်တပ်ထဲဝင်သွားတော့ မိန်းမက မီးတွင်းထဲ ဆုံးသွားရာက သရဲမ ဘဝနဲ.စောင့်နေတဲ့ဇာတ်ကားလေ။ သူ အိမ်ပေါ်ကနေ လက်အရှည်ကြီးထုတ်ပြီး သံပုရာသီးလှမ်းကောက်တာလေ။ အဲဒါကို သူ.ယောက်ျားမြင်မှ သူ.မိန်းမ သရဲမမှန်းသိသွားတဲ့ကား။ အတင်းကို ငိုရတာ။ အဲဒီ Nanak ဆိုတာကို သူတို.က အစောင့်အရှောက်သဘောမျိုးကိုးကွယ်ကြတယ်လို. သိခဲ့ရပါတယ်။ မြန်မာလိုဆို နတ်စိမ်းသဘောမျိုးဖြစ်သွားတယ်ပေါ့။ ရနောင်းတင်မက ကော့သောင်းဘက်မှာပါ တွေ.ခဲ့တာပါ။
ဆိုင်တိုင်းမှာရုပ်တုထားပြီး လဘ်လာဘကောင်းတယ်လို. ယုံကြည်ကြတယ် ဆိုပါတယ်။
WTF (1) . ဘာတွေရေးထားမှန်းမသိပေမဲ့ အဲဒီ ကြက်မာနဲ. ကြက်ပျော့ဆိုတာတော့ စိတ်ဝင်စားမိသလိုပဲ အဟဲ။
WTF (2) .. ဒါက ပါတိတ်သွားဝယ်တုံး ရေးကပ်ထားတဲ့ ကြော်ငြာလေးကို ကြိုက်လို.ရိုက်ထားတာ။း) ပသှူးက ခေါင်းပြတ်ကြီး ဝယ်အုံးမလားဟင်။း)
အစားအသောက်အနေနဲ.ကတော့ သိပ်ပြီးခံတွင်းတွေ.စရာကောင်းတဲ့ အစားအသောက် မတွေ.ခဲ့ပါဘူး။ ဘန်ကောက်မှာ အစားအသောက်ကောင်းသလောက် ဒီဘက်မှာ လေးလေးပင်ပင်မရှိပါဘူး။ ကောင်းကောင်းကန်းကန်း သင်္ဘောသီးထောင်းတောင် မရောင်းဘူး။ ရေပူစမ်းကို သွားတော့ ငါးကင်တွေတွေ.လို. စားခဲ့တယ်။ သူတို.ငါးကင်က အရိုးလုံးဝမပါပါဘူး။ အသားတုံးချည်းပဲ။ ကြက်သားတုံးကို ကိုက်စားရသလိုပဲ။ စားခါက ကောင်းပေမဲ့ အရိုးလေးကိုက်ရတဲ့ မြန်မာငါးကင်တွေလောက် အရသာမရှိဘူး။ အီလွယ်တယ်။ ငါးက အတင်းကို ကြီးတာပဲ။ လက်တစ်တောင်ကျော်မယ်ထင်တယ်။ ဒါပေမဲ့ ကုန်သွားတာပါပဲ။
နောက်ပေါပေါပဲပဲစားကြတာက ငပိထောင်းနဲ.တို.စရာပါ။ ဒါပေမဲ့ ငါးပိထောင်းကို သကြားထည့်သုံးတယ်နဲ.တူပါတယ။် စပ်ပေမဲ့ ချိုတိုတိုနဲ. အရသာပျက်ရောပဲ။ စားခဲ့တဲ့ အထဲမှာအကြိုက်ဆုံးကလည်း ငါးပိထောင်းပဲ။ ဗမာပါးစပ်နဲ. ကိုက်တဲ့ဆိုင်တစ်ဆိုင်နဲ.တွေ.လို.ပါ။ ငါးပိထောင်းတစ်ပွဲထဲနဲ. ထမင်းစားလို.၇တယ်လို.နာမည်ကြီးတဲ့ဆိုင်ပေါ့။
အဟဲ စားချင်စရာလေးနော်။ ဟင်းရွက်စုံနဲ. ငပိထောင်း။ ပုဇွန်ပြုတ်လေးတောင် ဖြူးပေးထားသေး။ ကောင်းမှကောင်း စပ်မှစပ်ပဲ။း)
၂ညအိပ်ပြီးနောက်နေ.မှာတော့ ကော့သောင်းဘက်ကိုပြန်ခဲ့ပါတော့တယ်။ ၂ရက်နေခဲ့ရာမှာ အဖေ့ကျေးဇူးနဲ. လိုလေးသေးမရှိပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ ပါပါရှိတဲ့နေရာမှာ ငါ့သမီးတွေ ဘယ်တော့မှ မျက်နှာမငယ်စေရဘူး လို.သွားခါနီးပြောပြီး ပါပါက ကျေနပ်နေတယ်။ လွန်ခဲ့တဲ့ ၄နှစ် ပခုက္ကူမှာ ပြန်ခါနီးတုန်းက မျက်ရည်ပိုးပိုးပေါက်ပေါက်နဲ. ထိန်းမရအောင် ကျခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ စိတ်ထိန်းနိုင်လိုက်ပါတယ်။ ပါပါရှေ.က မကျပေမဲ့ လက်ပြကျန်ခဲ့တဲ့ ပါပါကိုကြည့်ပြီး စက်လှေပေါ်မှာ မျက်ရည်ကျလာတယ်။ စိတ်ကို ပြန်တင်းယူရတယ်။
စိတ်တင်းပြီးလက်ပြနေတုန်း ဓါတ်ပုံ၇ိုက်လိုက်သေးတယ်။ ဒါပေမဲ့ လူအုပ်နဲ.ရောနေတော့ မမြင်ရဘူး။ ကိုယ်လည်း မျက်ရည်တွေနဲ. ဝါးလာတော့ မမြင်ရတော့ဘူး။ ကျန်ရစ်ခဲ့တော့ ရနောင်းရေ။ ဒီခရီးစဉ်ကို အမြဲတမ်း သတိရမှာပါ။ အခွင့်အရေးရရင် နောက်တစ်ခေါက် ထပ်လာခဲ့ပါအုံးမယ်။ မိသားစု စုံစုံလင်လင်နဲ.ပေါ့။
ခိုင်ဝေဇံ
1 comments:
arr kya tal, aku lo share tar, kyay zu tin par tin ti. :D
Post a Comment