ရေတွေတ၀ုန်းဝုန်းနဲ.
ပိတောက်တွေပြုံးနေတာတောင်
ကွန်ပြူတာ တလုံးနဲ.
ခပ်ပြုံးပြုံးကြီးလုပ်ပြီး
ငုတ်တုတ် မိုးလင်းတော့မယ်ထင်ပါရဲ့။
( Online သူငယ်ချင်းတယောက်ဆီက )
ပိတောက်တွေပြုံးနေတာတောင်
ကွန်ပြူတာ တလုံးနဲ.
ခပ်ပြုံးပြုံးကြီးလုပ်ပြီး
ငုတ်တုတ် မိုးလင်းတော့မယ်ထင်ပါရဲ့။
( Online သူငယ်ချင်းတယောက်ဆီက )
ငုတ်တုတ်မိုးလင်းမယ် ထင်ရင်မှားသွားမှာပေါ့။ ဒါကတော့ သင်္ကြန်နောက်ဆက်တွဲ။ အဲဒီနေ. night shift ကထွက်တာဆိုတော့ မနက်ကတည်းက ကုလားသေ ကုလားမော အိပ်လိုက်တာ ညနေမှနိုးလို. ညမှ Online မှာလူတွေကို ရေလိုက်လောင်းတာ။ ဗွမ်း ဆိုပြီးတော့။ ဟီးဟီး။ တော်တော်များများက အလိုက်သိကြပါတယ်။ ရေပြန်လောင်းကြတယ်။ အိုးမဲတွေလိုက်သုတ်ကြတယ်။ ရေလောင်းတော့မယ်ဟေ့ ဗွမ်းဆိုတာကိုမှ ရှောင်တယ်ဟေ့ မထိလိုက်ဘူး ဆိုတယ့် အကောင် ကရှိသေးတယ်။ မုန်.လုံးရေပေါ်ကျွေးတယ်ဟေ့ စားလိုက် ဆိုတော့ အား ငရုတ်သီးစိမ်း ကိုက်မိလို. စပ်တယ်တဲ့။ ပျော်စရာတော့ကောင်းသား။ Onlineမှာ သင်္ကြန်ကျရတာ။
Onlineမှာသတ်ကြတာ ရှိသေးတယ်။ ပါးချတယ်ဟဲ့ နင့်ကို ဆိုတော့ လက်နဲ.ကာလိုက်တယ်တဲ့ အမယ်။ သဘောကတော့ မထိဘူးပေါ့။ အဲလိုနဲ. သတ်ရင်းသတ်ရင်း ဆေးရုံရောက်သွားတာလဲ ရှိတယ်။ Onlineမှာရေလာလောင်းကြတဲ့ သူငယ်ချင်းကောင်း ယောင်းမတွေကိုကော၊ ယောက်ဖတွေကိုကော ကျေးဇူးတင်ပါတယ်။ ( မီးသတ်ပိုက်နဲ. အသက်ထွက်အောင် မျက်နှာတည့်တည့်ကို ထိုးတယ်ဟဲ့ ဆိုတဲ့ မန္တလေး က သောက်ကမြင်းမ သန္တာ မပါ။)
0 comments:
Post a Comment