မပျော်နိုင်တဲ့သင်္ကြန်

သင်္ကြန်တောင်ကျပြီ။ အသက်ကြီးလာလို.ထင်တယ်။ အရင်တုန်းကလို စိတ်မလှုပ်ရှားတော့ဘူး။ ပျော်လည်းမပျော်တော့ဘူး။ ရေလဲမစိုလိုက်ဘူး။ ဒီလိုနဲ. ပဲသင်္ကြန်တနှစ်ပြီးသွားဦးမှာပါပဲ။ အသက်တနှစ်ကြီးလာတာ အဖတ်တင်တာပေါ့။ စဉ်းစားနေတာ ဒီနှစ် သင်္ကြန် ရန်ကုန်မှာ စည်မှစည်ပမလားလို.။ မစည်သင့်ဘူးထင်တာပဲ။း)

ပြန်တော့ပြန်ချင်တယ်။ အိမ်ကိုသတိရလို.။ သင်္ကြန်မှာ တအားမပျော်တတ်တာ ငယ်ငယ်တည်းကပဲ။ သူများတွေ အရူးထတာပဲ ကြည့်နေတာ။ လည်လဲမလည်ဘူး။ ပျော်တော့ပျော်တယ်။ ရေလောင်းရတာ ကြိုက်လို.။ ငယ်ငယ်က ခွက်စုတ်နဲ. လောင်းရတဲ့ သင်္ကြန်ကိုအလွမ်းဆုံးပဲ။ ရခိုင်မှာတုန်းကပေါ့။

မပျော်ဘူး ဆိုလို. သံဝေဂ ရနေတယ် မထင်နဲ. အုံး။ အဝေးကြီး။ ရိပ်သာဝင်ဖို.လည်း စိတ်ကူးမရှိပါဘူး။ ဘုရား တရားနဲ. ဝေးနေတာ ကြာပေါ့။ အလုပ်မရခင်တုန်းက ပဲလုပ်ဖြစ်တာ။ ရလည်းပြီးရော ဘယ်တွေေ၇ာက်သွားမှန်း မသိဘူး။ စိတ်ပုတီးတောင်ပျောက်နေတာ ကြာပေါ့။ ဒီတရက် နှစ်ရက် မှာရုတ်တရက်သေသွားရင် သေချာပေါက် ငရဲရောက်မှာ။ အကုသိုလ် များလွန်းလို.။ လူက ပူလောင်နေတာပဲ။ စိတ်ရော လူပါမအေးချမ်းဘူး။ နှစ်သစ်မှာပျော်ပါစေ လို. ဆုတောင်းပေးတဲ့လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မကြာခင် အဆင်ပြေသွားမယ်လို. မျှော်လင့်တာပါပဲ။

0 comments: