အနောက်သို.ခရီးသွား ဖိုတို အက်ဆေး ၁

အေး လိုက်တဲ့ အအေး။ အရိုးထဲတောင် စိမ့်ပြီးဝင်တယ်။ အင်းကျီ ၃ ထပ် ခေါင်းစွပ် မာဖလာ လက်အိတ် ဝတ်ထားတာတောင် ရခိုင်ဆောင်းကို အံမတုနိုင်ဘူး။ ရန်ကုန်မှာ ပူသမျှ စစ်တွေကျမှ ခိုက်ခိုက်တုန်။ ခုလို မနက်စောစောစီးစီး သုံးဘီးဆိုင်ကယ် ပေါ်မှာဆို မပြောနဲ.တော့။ လေက ဝှီးဝှီးနဲ.  အသားကို ဖြတ်ခုတ်နေသလားမှတ်ရတယ်။ သွားရတဲ့ ခရီးက မြောက်စံပြကနေ သင်္ဘောဆိပ် ကိုသွားတာ။ အဲဒါ စစ်တွေမှာ မြို.အစနဲ. အဆုံးပဲ။ ဆိုင်ကယ်တဝုန်းဝုန်းနဲ.ဆောင့်တာ ကလဲ ရှိသေးတယ်။ မြောက်ဦးကို သွားမယ်လေ။ ချောင်းဆိုးလွန်းလို. အသံတောင်မထွက်ဘူး။ ဒီအအေးနဲ. ဒီအဆုပ်နဲ.ကတော့ တွေ.နေပြီ။ သူများတွေက အသည်းနုတယ်တဲ့ ကိုယ်တွေက အဆုပ်နုတယ်လေ။ လေလေး ဝှီးခနဲကို ချောင်းက ဆိုးပြီးသား နှာက စီးပြီးသားပဲ။

ဒုန်းဒိုင်းဘုန်းဘိုင်းနဲ. နာရီဝက်လောက်နေတော့ သင်္ဘောဆိပ်ကိုရောက်လာတယ်။ လွန်ခဲ့တဲ့ ၁၄နှစ်က နောက်ဆုံး ခရီးသွားခဲ့စဉ်ကနဲ. တူတူပါပဲ။ ဘာအဆောက်အအုံအသစ်မှ လုပ်ထားတာ မတွေ.ဘူး။ ရေပေါ်လျှပ်ပြေးယဉ်ဆိုလား ဘာလားနဲ. သွားချင်ပေမဲ့ လိုချင်တဲ့ဒိတ်မရတဲ့အတွက် ရိုးရိုးသင်္ဘော (နာမည်မေ့ကုန်ပြီ) နဲ.သွားရမှာ။ နေ.တဝက်ကြာမယ်တဲ့။ မတတ်နိုင်ဘူး။ ဒီဘက်တခေါက်ရောက်ပြီးမှ မြောက်ဦး မရောက်ဘူးဆိုမကောင်းဘူးလေ။ သွားမယ်ဟဲ့ ၂ ညအိပ်ကြာပေ့စေ ဆိုပြီးသွားတာ။ အခန်းတခန်းရတယ် ဆိုလို. ၆၀၀၀ နဲ.ယူလိုက်တယ်။ အခန်းသွားကြည့်လိုက်တော့ ခုတင်လေးတလုံးပဲပါတယ်။ ဒီတိုင်း ငုတ်တုတ်ထိုင်ရတာထက်စာရင် ဆိုပြီး အခန်းယူလိုက်တယ်။

ရနာရီခွဲမှာ သင်္ဘော စထွက်ပါတယ်။ အချိန်ကတော့ တိကျတယ်။ ခရီးသွားတွေထဲမှာ တောင်းတွေခြင်းတွေ တပုံကြီးနဲ. အမေကြီး အဖွားကြီး များတာ သတိထားမိတယ်။ အားလုံးနီးနီးက ဘေထုတ်က အနွေးထည် အထူတထည်စီနဲ. ရိုးရိုးထမီလေးနဲ. စောင်ပါးလေးတထည်လောက်ပဲ ခြုံထားတယ်။ ဘယ်လိုလုပ်များ နွေးပါ့မလဲ လို.ကြားက စိတ်ပူမိပြန်တယ်။ သင်္ဘောက ဆွေးမြေ.နေတဲ့ သင်္ဘော အအိုအဟောင်းကြီး။ အောက်က ကြမ်းခင်းသံပြား တွေတောင် သံချေးကိုက်ပြီး ပြတ်ကျမတတ် ပါးနေတယ်။ ဝိတ်များတဲ့ ကိုယ့်ဘိုးတော် လမ်းလျှောက်ရင်း ဂျွတ်ဆို ရေထဲပြုတ်ကျသွားမှာ စိုးရိမ်နေရတယ်။












ထွက်တာနဲ. ဟိုဘက်ကမ်းက ဆန်စက် အအေးခန်းစကရုံတွေကို ဖြတ်အပြီးမှာ ဆတ်ရိုးကျ ချောင်းဝကို မြင်ရတယ်။ မြစ်ဝကို ထွက်လိုက်တာနဲ. စင်ရော်အုပ်ကို သတိထားမိတယ်။ မပွင့်တပွင့်နေရောင်အောက်မှာ စင်ရော်လေးတွေပျံနေတာကို ကြည့်ရတာ ကဗျာ တပုဒ်ဖတ်ရသလိုပဲ။


ကိုယ်က ရေသာမကူးတတ်တာ ရေလမ်းခရီးသွားရတာ ကြိုက်တယ်။ မြစ်ကြောင်းတလျှောက်ပြောပါတယ်။ ပင်လယ် သမုဒ္ဒရာ ဆိုရင်တော့ ဟင့်အင်း။ မြစ်ကမ်းဘေးလေးကို ကြည့်ပြီး သင်္ဘောစီးရတာ ပျင်းစရာကောင်းတယ် လို. မထင်ဘူး။ စိတ်အရမ်းအေးချမ်းတယ်။

ဒီပုံကိုဆို ပန်းချီကားလားတောင် ထင်မိတယ်။ ဓါတ်ပုံထဲမှာ ပဲ အရာရာဟာ ပိုလှနေသလားမသိ။ ဒါပေမဲ့ အပြင်မှာလည်း အလှက မလျော့ပါဘူး။ 
ဒါကတော့ ပုဏ္ဏားကျွန်း အဝင်ဝမှဖူးရတဲ့ ဦးရာဇ်တောင် စေတီမြင်ကွင်းပါ။ စိမ်းစိုပြီး မြင်ရတာ ကျက်သရေရှိတယ်။




သင်္ဘောက ကျွန်းပတ်ဆိုတော့ ပုဏ္ဏားကျွန်းမှာရပ်တယ်။ ကားလမ်းနဲ.တခါသွားတုန်းကပဲ ဖြတ်သွားဖူးပြီး သင်္ဘောနဲ. မရောက်ဘူးသေးဘူး။ တခေါက်တော့ ရောက်ချင်သေးတယ်။ ခုတော့ သင်္ဘောဆိပ်ကိုပဲ ဓါတ်ပုံရိုက်ခဲ့ရတာပေါ့။


ဆောင်းဦးမြစ်ပြင်မို.လားမသိ။ သင်္ဘောကလဲ ငြိမ့်တယ်။ ဒီရေတက်နဲ.တိုးတော့ မြန်မြန်ရောက်မယ်ဆိုလို. ဝမ်းသာရသေးတယ်။ အေးအေး ငြိမ့်ငြိမ့်ဆိုတာ အဲတာမျိုးနေမှာ။ ကိုယ်အိပ်ပျော်သွားတယ်။ နိုးတော့ ပတဲ ကိုရောက်နေပြီတဲ့။ ဒါဆို ပတဲဆိပ်ကမ်းမှာ ငါးကင်နဲ. ဂြိတ်ချေ (ခရုအသေးတမျိုး) ဝယ်စားရတော့မယ်။ စဉ်းစားတာတောင်နောက်ကျသေး ယောင်းမက ဝယ်လာပြီးနေပြီ။ ခရုအသေးလေးကို ကလော်ပြီး စားဖို. ရှောက်ပင်က ဆူးအရှည် အကြီး တချောင်း ထည့်ထားပေးတယ်။း) အဲဒါက ပတဲကို ဝင်ရင် စားကိုစားရမဲ့ ဒေသအစားအစာပဲ။ ဝမ်းသွားတာ မသွားတာ နောက်ထား။ ငါးက ချိုချက်ကတော့ ပြောမနေနဲ.။ မြစ်ငါးချိုချိုကို ဆား နနွင်းလေးလူးပြီး ထင်းမီးမှာ ကင်ထားတာ။ ဘယ်က ဘာဘီကျူးနဲ.မှ မလဲနိုင်ဘူးကော။

သိပ်မကြာပါဘူး။ မြောက်ဦးကိုရောက်ပါတယ်။ ရှေးဟောင်းယဉ်ကျေးမှု မြောက်ဦးမြို.ဆိုတဲ့ စာတန်းကို တွေ.တည်းက နည်းနည်း မျက်ရည်က ဝိုင်းချင်တယ်။ မြောက်ဦးနဲ. ပတ်သက်၇င် လွမ်းစရာတွေသိပ်များတယ်။ မြောက်ဦးက ပြောင်းတဲ့နေ.တုန်းက  ကားဂိတ်မှာ မျက်ရည်တွေတွေကျပြီး တဗြဲဗြဲ ငိုခဲ့တာ သတိရသေးတယ်။ သွားမဲ့ လူကလဲ ငိုသလို ကျန်ခဲ့တဲ့ လူတွေကလည်း ငိုကြတယ်။ ခုတော့ တခေါက်ပြန်ရောက်လာပြီ။ ၈ တန်းနှစ်တနှစ်တည်း တက်ခဲ့တယ်ဆိုပေမဲ့ သံယောဇဉ်အမျှင်တွေ တသီတတန်းကြီးနဲ. မြို.။ စက်ဘီးတစီးနဲ. ရွာရိုးကိုးပေါက် လျှောက်ကျောင်းပြေးခဲ့တဲ့မြို.။ မကြီးမငယ်နဲ. လက်ဆည်ကန်မှာ ရေနစ်ခဲ့တဲ့မြို.။





မြောက်ဦးကို ချစ်ပေမဲ့ မြောက်ဦးက အစားအသောက်တွေ မကောင်းတာတော့ အတင်းပြောရမယ်ထင်တယ်။ ဟိုတည်းကိုက ဒီရောက်ရင် ဘယ်ဆိုင်မှာ ဘာက ကောင်းတာရယ်လို. ထောက်ပြ လို.ရတဲ့ဆိုင် တဆိုင်မှ မရှိဘူး။ စားသောက်ဆိုင် ကောင်းကောင်းမရှိတာကိုပြောပါတယ်။ နေ.လည်စာကို သင်္ဘောဆိပ်က ဆိုင်တဆိုင်မှာ ဖြစ်သလို စားလိုက်တယ်။ ရောက်တာနဲ. ဟိုလုပ်ဒီလုပ်နေတာနဲ. အချိန်က ၂နာရီလောက်ဖြစ်သွားတယ်။ ၈နာရီ ညမထွက်ရ အမိန်.ရှိတယ်တဲ့။ ဒီတော့ မာန်ငါးပါးဖြစ်ဖြစ် မြန်မြန်သွားဖူးရအောင် ဆိုပြီးတော့ ဟိုတယ်မှာ check-in သွားလုပ်ကြတယ်။

တည်းတဲ့ဟိုတယ်က ရွိုင်ရယ် ပဲလေ့စ် ဟိုတယ်ပါ။ ခုမှ အသစ်စဖွင့်ခါစ ပဲရှိပါသေးတယ်။ မြို.ထဲနဲ. မနီးမဝေးမှာရှိပြီးတော့ ဟိုတယ်ကို မြောက်ဦးထုံးစံ နှစ်ဆောင်တွဲ အိမ်ခန်းလေးတွေ ဆောက်ထားတာပါ။ တညကို တသောင်း ၂ ထောင်လားပဲ ပေးရတဲ့ အတွက် အရမ်းဈေးချိုတယ်လို.ပြောလို.ရပါတယ်။ ဟိုတယ်က ရေပူရေအေး အဲယားကွန်း ဟီတာ အားလုံးပါတယ်လို.ဆိုပါတယ်။ အဲဒါတွေအားလုံးပါလဲ ပါပါတယ်။ ဖွင့်လို.မရတာ ပဲရှိတာ။ ဟိုတယ်က အသစ်စဆောက်ပြီးတည်းက ရခိုင် အရေးအခင်းဖြစ်ပြီး နီုင်ငံခြားသား  ဧည့်သည်တွေကို လာခွင့် ပိတ်လိုက်တော့ တည်းတဲ့လူ အရမ်းနည်းပြီး အဆင်မပြေဖြစ်နေပါတယ်တဲ့။ ဒုက္ခရောက်ကြတာတော့ တမြို.လုံးပါပဲတဲ့။ ရေနွေး ရေအေး စက်တွေပါပေမဲ့ Central Heating System နဲ.ဆိုတော့ သုံးချင်တယ်ဆိုရင် မီးစက်အကြီးတလုံးနှိုးရမှာတဲ့ အဲ့တော့ ဧည့်သည်က ၂ခန်းတည်းကို မီးစက်ကြီးနဲ.ဆို မကိုက်လို. ရေနွေးမပေးနိုင်ပါဘူးတဲ့။ ရေနွေးလိုချင်တယ်ဆိုတော့ ဓါတ်ဗူးလေးနဲ. ပလက်စတစ်ပုံးလေးနဲ.တော့ လာပေးရှာပါတယ်။ ရေနွေးလေးစပ်ပြီး ချိုး၇အောင်ပေါ့။ ညဘက်ချမ်းတော့ လည်း ဟီတာ မဖွင့်ပေးနိုင်ပေမဲ့ မီးပုံလေး နဲ. မီးလှုံလို. ရအောင် စီစဉ်ပေးတယ်။ ဝန်ထမ်းတွေလည်း ဆက်ဆံရေးကောင်းတဲ့အတွက် ရောက်ရင် သွားတည်းဖို. recommend ပေးလိုက်ပါတယ်။
မော်ဒယ်ကတော့ ယောင်းမ ပေါ့။း)

စင်္ကာပူမှာ ပြွတ်သိပ်ကျပ်တည်းနေရတာကြောင့် ခုလိုကျယ်ကျယ်ဝန်းဝန်းကို တသောင်းကျော်ကျော်လေးနဲ. နေလို.ရတာ အင်မတန် တန်တယ် လို.ခံစားပြီး အင်မတန် အားရပါတယ်။ ရေချိုးခန်းတောင် စလုံးက အိပ်ခန်းလောက်ကျယ်တယ်။  ဧည့်သည် အနည်းအများကို လိုက်ပြီး ဈေးနှုန်းပြောင်းရင် ပြောင်းပါလိမ့်မယ်။

မာန်ငါးပါးကို ဖူးဖို. စထွက်တော့ ၃နာရီထိုးနေပီ။ ဘယ်အရင်သွားမလဲဆိုတော့ စန္ဒာမုနိတဲ့။း) ဒီလိုနဲ. ပဲ မာန်ငါးပါးကို ဖုတ်ပူမီးတိုက် နောက်ကကျားလိုက်သလို ဖူးခဲ့ရတဲ့ ၅နာရီကြာ ဘုရားဖူးခရီးစပါတော့တယ်။

အပိုင်း(၂) ကနောက်နေ.ပေါ့။

ခိုင်ဝေဇံ

၂၀၁၁မှာ ဘာဝတ်ကြမလဲ။

အဟဲ Fashion အကြောင်းနည်းနည်းရေးကြည့်မလားလို.။  ဂဲနဲ.မပေါက်ရဘူးနော်။း)

အစကတော့ Fashion နဲ.ကိုယ်နဲ.က ကတုံးနဲ.ဘီးပဲ။  ဘယ်တော့မှ အရေးမစိုက်ဘူး။ ဘာမှန်းလည်းမသိဘူး။ ရှင်းရှင်းပြောရရင် အဲလိုမသိတာ (သိအောင် မလုပ်တာ) ကိုဘဲ ဂုဏ်ယူတယ်။ တို.က Innocent  ဆိုပြီးတော့။ ဝတ်တဲ့ စားတဲ့လူတွေ.ရင် အမလေး ပဲများလိုက်တာ တို.လို ရိုးရိုးသားသားမဟုတ်ဘူးလို. ပြောတယ်။ ဒါပေမဲ့ စိတ်ကတော့ သူများတွေများ ဝတ်တတ်လိုက်တာလို. ကျိတ်တွေးတာပေါ့။ တီရှပ်နဲ. ဂျင်းဆိုတော်ရောပေါ့။ နဂိုကမှ မလှတာကို အတင်းသွားဝတ်တော့ ပိုဆိုးတော့မယ်ဆိုတဲ့ စိတ်အခံတွေနဲ. မဝတ်မစားရဘဲ ငယ်နုစဉ် ဆယ်နှစ်လောက် ဘဝမှာ ပလိန်းကြီးနဲ.နေလိုက်ရတယ်။ ညီမလေးများ သတိထားအတုယူကြနော်။ နောက်မှနောင်တ ရမယ်။

Fashion အကြောင်းထက်  Fashion Trend အကြောင်းလို.ပြောရင် ပိုမှန်မယ်။ 2011 မှာ ဘယ်လိုပုံမျိုးတွေ ခေတ်စားမယ် ဆိုတာပေါ့။ တချို.က အရမ်း  Trend နောက်လိုက်တဲ့လူတွေရှိတယ်။ ပေါ်သမျှဝယ်တာ ခေတ်စားသမျှဝယ်တာပေါ့။ အဲလိုမျိုးကြီးလဲ အစွန်းရောက်စရာမလိုပါဘူး။ ကိုယ်နဲ.လိုက်တာ ကိုယ်ကြိုက်တာရှိရင် ဝတ်လိုက်။ မကြိုက်တာပယ် သိထားတော့ ကောင်းတာပေါ့။ ဘာတွေခေတ်စားမလဲဆိုတာကို ဆုံးဖြတ်တဲ့ လူတွေကတော့  Fashion Designer တွေပဲထင်ပါတယ်။ Trend Setter လို.ခေါ်မှာပေါ့။ ကိုယ်ကြည့်တာကတော့ Fashion Runaway ပေါ်မှာ အမြင်များတဲ့ ဒီဇိုင်းတွေ ကို ဒီနှစ်ခေတ်စားမှာ လို.သတ်မှတ်တယ်။ ဘယ်သူက အော်ရီဂျင်နယ်တို. ဘယ့်နှယ်ဖြစ်ပြီး တယောက်လိုက်လုပ်ရင်အားလုံး မော်ဒယ်ရှိုးမှာ အဲဒါတွေကြီး ပါလာရတယ် တို.ဘာတို.ကို မသိဘူး။ Gucci, Chanel, Prada ဘာညာသာရကာ စသည်ဖြင့် လူတိုင်းက စောင့်ကြည့်ရတဲ့ ဖက်ရှင် ဆရာကြီး ကုမ်ပဏီများ ရှိတယ် ဆိုပါစို.။ ပြီးတော့ အဲဒါကို အတုယူပြီးတော့ တခြား တွေက လိုက်တုကြတာပါပဲ။ ထင်တာပဲ။ အန်းနီးဝေး ထားလိုက်တော့ ဒီနှစ် ခေတ်စားမယ့်  Trendလေးတွေကိုပြောပြပါမယ်။ 2011 Spring/Summer Fashion Trend ပေါ့။ ကိုယ်တွေက Asia မှာဆိုတော့ အတင်း ချမ်းနေတာမှ မဟုတ်တာ။ စလိုက်ရအောင်

၁။  Late 50's Early 60's Style




အဘွားတို.ခေတ်တုန်းက ဒီဇိုင်းတွေ ပြန်ခေတ်စားမှာပေါ့။ ၁၉၅၀ ၁၉၆၀ မှာခေတ်စားခဲ့တဲ့ ပုံတွေကတော့ မိန်းကလေး အရမ်းဆန်တဲ့ အေလိုင်း စကပ်တွေပါ။ အရှည်မဟုတ်ဘူး။ ခြေသလုံးတဝက်လောက် ရောက်တဲ့ စကပ် ဖားဖားတွေပေါ့။ အဲ ကိုယ်တို. အရပ် ၅ ပေ ၂ သာသာ လူ.ဂွစာများကတော့ ဘယ်လောက်ပဲခေတ်စားစား ဝတ်လို.ရမယ် မထင်ဘူး။ အရပ်ပုတော့ လိုက်မှာမဟုတ်ဘူး။ တခါတလေကျတော့ ပေါ်တိုင်းကိုယ်နဲ.လိုက်တာမဟုတ်ဘူး။

၂။ 70's High Waisted Flare Pants


၁၉၇၀ ခုနှစ်တွေတုန်းက ခေတ်စားခေတ်တဲ့ ခေါင်းလောင်း ဘောင်းဘီ ပွပွကြီးတွေ မှတ်မိအုံးမှာပေါ့။ ဟိုအင်္ဂလိပ်မရှည်ရှည်တွေနဲ.တော့ အင်မတန်စမတ်ကျတယ်။ ကိုယ်တွေဝတ်ရင် အပေါ်အင်းကျီတောင် ဝတ်ဖို.လိုမှာမဟုတ်ဘူး။ ရင်ခေါင်းလေးတင်ချိတ်ထားလိုက်ရင် အတော်ပဲ။ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်တွေနဲ.တော့ လိုက်လိမ့်မယ်။ ကိုယ်က အရမ်းကြိုက်တယ် ဒါပေမဲ့ ဝတ်လို.မရဘူး။း(

၃။ Floral print

အပွင့်အခက်လေးတွေပါတဲ့ Floral တွေက ဘယ် Spring/Summer မှာမဆို ခေတ်စားပြီးသားပဲ။ အရောင်စုံအသွေးစုံတယ်။ အသက်အရွယ်ငယ်ရင် ဝတ်လို.ပိုလိုက်တာပေါ့။ သတိထားဖို.က အပွင့်အပွင့်တွေက ကိုယ့်လက်သီးဆုပ်ထက်ကြီးရင် မဝတ်ပါနဲ.။ ကြည့်ရအရမ်းဆိုးတယ်။ အပွင့်နုပ်ကလေးတွေပါတဲ့ ဂါဝန် စကပ် ဘလောက်စ် ဒါမှမဟုတ် အင်းကျီနဲ.စကပ်ဘောင်းဘီ တွဲထားတိုတဲ့ Romperတို. Playsuit တို. Jumper တို.ရှိတယ်။ အဆင်အသွေးလှတာလေးကို ရွေးဝယ်တတ်ရင် ဈေးလဲချိုတယ်။ ကြည့်လို.လဲလှတယ်။ ကိုယ်က ကြိုက်တယ်။
လှတယ်နော်။ မလှဘူးလား။ ကြိုက်တယ်။ ဒါပေမဲ့ မဝတ်ဘူး။ အပွင့်ကြီးလို. ကိုယ့်ရဲ. Proportion ပျက်သွားမယ်။
အပွင့်အနုပ်အသေးလေးတွေ ရွေးဝတ်ပါ။
၎။ Nautical Stripes


အစင်းကြောင်းလေးတွေပါတဲ့ အင်းကျီတွေကတော့ ရာသီမရွေးခေတ်စားတာပါပဲ။ ကိုယ်က အစတည်းက ကြိုက်တယ်။ ဆောင်းလဲဒါပဲ ဝတ်တာပဲ။ ခုတော့ အသားပါးပါးလျားလျား အေးတာလေးတွေရွေးဝတ်ပေါ့။ အားလုံးနဲ. လိုက်တာများတယ်။ အရပ်ပုရင် ဘေးတိုက် အစင်းကျားကြီးတွေကို မဝတ်ပါနဲ.။ အစင်းသေးတဲ. အဆင်လေးတွေရွေးဝတ်။ ကိုယ်ကခွေးပစ်ဒုတ်လောက်ပဲရှိလို. ပုတဲ့လူတွေအတွက်ပဲ enphasize လုပ်ပြောချင်တယ်။း)

၅။ Color Blocking
ကာလာ ဘလော့ လုပ်တယ်ဆိုတာက အရမ်းကို Bold ဖြစ်တဲ့အရောင်နှစ်ရောင်ကို တွဲစပ်ဝတ်တာကိုခေါ်တယ်။ ဥပမာ အနီရောင် တောက်တောက်နဲ. လိမ်မော်ရောင်တောက်တောက်၊ အပြာရောင်နဲ.အစိမ်းရောင် စသည်ဖြင့် အရောင်ပြင်းပြင်းတောက်တောက်တွေကို အပေါ်အောက် တွဲဝတ်တာမျိုးပေါ့။ ဝတ်ရဲဖို.လိုပါတယ်။ အဝတ်မတတ်ရင် ခွေးလိုက်ဆွဲမယ်ထင့်။ ကိုယ်က ဝတ်တော့ဝတ်ချင်တယ်။ သတ်တိ မွေးနေတာ တစ်နှစ်ကျော်ပြီ။ ခုထိမဝတ်ရဲသေးဘူး။း) အရောင်ပြင်းတာမကြိုက်လို.လဲပါမယ်။ ကိုယ်တွေက ဖွတ်ရောင်မှိုင်းတိုင်းတိုင်းလေးမှ လှတယ်ထင်တာ။း)

၆။ Maxi Dress/Floppy Hat


Maxi Dress ဆိုတာက လွတ်လွတ်လပ်လပ် ကြိုးပျောက် သို. ကြိုးတကိုင်း ဂါဝန်ရှည်လေးတွေကို ပြောတာ။ ဝတ်ချင်တာ သေလုနေတာပဲ။ ဒါပေမဲ့ ဝတ်ကြည့်လိုက်ရင် အောက်က လူတယောက်စာလွတ်နေတယ် ဂါဝန်ရှည်လွန်းလို.။ အော်လ်တာ မလုပ်ပဲနဲ. ဝတ်လို.ရမယ်မထင်။ အရပ်ပုသူများရဲ. ဒုတ်ခဆိုပါတော့။ ဘယ်နွေမဆို ဒါကခေတ်စားတာပဲ။ အရင် တုန်းက တော့ Fedora ဦးထုပ်လေးတွေနဲ. တွဲပြီးတော့တွေ.တယ်။ ဒီနှစ်တော့ ဦးထုပ်အကြီး Floppy Hat လေးတွေ ခေတ်စားမယ်တဲ့။

၇။ Sheer/Lace/Nude

ထူးထူးဆန်းဆန်းနှစ်စပိုင်းမှာ စခေတ်စားလာတာကတော့ အသားရောင် နုနုလေးတွေ အပါးသားလေးတွေ နဲ. ၂၀၁၀ ရဲ. ခေတ်အစားဆုံး ဇာ တွေ ကိုတွေ.နေရပါတယ်။ ကိုယ်ကနဂိုက အသားရောင်ကြိုက်တော့ တခါတည်း သကာတွေ.နေတယ်။ အပါးသားကတော့ ဝတ်ဖို.အစီအစဉ်မရှိဘူး။ ကိုယ်လုံးလေးက မလှတဲ့အပြင် အထဲက ဝတ်ဖို.အင်းကျီ ကိုမစဉ်းစားချင်လို.။ ဇာလည်းမကြိုက်ဖူး။ ဇာက လူတိုင်းနဲ.မလိုက်ဖူး။ ဝရင် ဇာမဝတ်ပါနဲ.။ ပိုဝတယ်ထင်ရတယ်။ တခါတလေ accesseries နဲ. တွဲတာများသွားရင် ပုံစံက Cheap ဖြစ်သွားတတ်တယ်။
အဲ မော်ဒယ်တွေဆိုတော့ အထဲက အင်းကျီပါပါ မပါပါ အရေးမပါဘူး။ အပြင်မှာ ဝတ်ချင်ရင်တော့ တခုခုခံဝတ်ကြပေါ့ အောက်က။
နျု ဆို ဗမာလိုရေးရင် မှန်လား။ အဟီး။ ကိုယ့်ရဲ. Personal Favorite အရောင်ပေါ့။
ရီဟားနားတို.လှတိုင်း ငါလှမှာပဲ မအောက်မေ့နဲ.အုံး။ ဇာက လူရွေးတယ်။

၈။ ဖိနပ် (Gladiator Sandal/Kitten heels/ Clogs)

Gladiator Sandal ကတော့ လူတွေရင်းနှီးပြီးသား ၂၀၁၀ က အရမ်းပေါက်တဲ့ Trend ပါ။ စီးလို.လဲကောင်း ကြည့်လို.လဲလှတော့ ဈေးကွက်မှာ ကြာကြာခံတာနေမှာပေါ့။ ကိုယ်ကကြိုက်တယ်။ ဒါပေမဲ့ ထုံးစံအတိုင်း အရပ်ပုရင် သိပ်ပြီး လည်ပင်းရှည်တဲ့ ကြိုးနဲ.ဖိနပ်တွေမစီးပါနဲ.။ ပိုပုတယ်လို.ထင်ရတတ်တယ်။ ဥပမာ ပုံမှာပါတဲ့ အောက်ဆုံးက ဘယ်ဘက်စွန်က ဖိနပ်ပုံစံမျိုးပေါ့။

 
Kitten Heels ကတော့ ဖိနပ်ဦးချွန် ဒေါက် ၁လက်မလောက် အသေးလေးနဲ. ဖိနပ်တွေခေါ်တာပါ။ တော်တော်များများမှာ ဒီဖိနပ်တွေက ရှိတတ်တယ်။ သူသူ ငါငါ စီးနေတဲ့ ဖိနပ်လေးတွေ။ ကိုယ်ကြိုက်တယ်။ ဒါပေမဲ့ နည်းနည်းတော့ ဒီဇိုင်းေ၇ွးရတယ်။ ဖိနပ်အရံတိုင်းနဲ.မလှဘူး။ ကိုယ်က ဒေါက်လုံးဝမရှိရင် မရှိ။ ရှိရင်လည်း ၃ လက်မလောက်ရှိတဲ့ဟာပိုကြိုက်တယ်။ ၅ လက်မဒေါက်လောက်ကျတော့လည်း မစီးနိုင်ဘူး။
Clogs ကတော့ အဲလို ခုံထူဒေါက်ကြီးတွေကိုပြောတာ။ ကြိုက်ပါဘူး။ ပုံဒုံးကြီး။ လမ်းလျှောက်ရင် အုတ်ခဲဆွဲပြီးလမ်းလျှောက်သလိုနေမှာပေါ့။ ၂၀၀၈ ၂၀၀၉ တုံးက တခေတ်စားလိုက်သေးတယ်ကော။ ရန်ကုန်မှာလည်း တော်တော်စီးလိုက်ကြသေးတယ်။ မူယာကျော် ဆိုတဲ့ ပိန်ပိန်ညောင်ညောင် ပဲများတဲ့ကောင်မလေးဟာ အဲဒါစီးပြီးကျောင်းလာတာ အုတ်နီခဲမှာ ဗျိုင်းနားနေတာနဲ.တူသလိုလို၊ ခြေသလုံးကဖြင့်ပုလွေရိုးကို ပန်းအိုးထိုးထားတာနဲ. တူသလိုလို ကြည့်ရကိုဆိုးတယ်။ သိဘူး။ ကြိုက်ဖူးဆို ကြိုက်ဖူးပဲ။ မုန်းထှာ။

အင်းနောက်ထပ်ဘာများရှိသေးလဲမသိ။ ဂျင်းအကြောင်းတော့ မပြောတော့ဘူး။ အဲဒါကတော့ ရာသီမရွေးပဲဟာကို။ ပေါ်သမျှဝယ်ဝတ်ဖို.ပြောတာမဟုတ်ပါဘူး။ ခုခေတ်စားတယ်ဆိုတဲ့ အဝတ်အစားတွေကလည်း လူတိုင်းလိုလိုမှာတစ်ထည်စ နှစ်ထည်စ ရှိပြီးသားတွေပါတယ်။ ဂျောင်ထဲ ထိုးထားမိ၇င် ဖုတ်ဖတ်ခါပြီး ထုတ်ဝတ်ပေါ့။ အသစ်တွေဝယ်စရာမလိုဘူး။ ရှိပြီးသားလေးတွေကို တွဲပြီးဝတ်ဖို.ပြောတာ။ အသားရောင် အင်းကျီလေး တထည်ဝယ်လိုက်တယ်၊ အစင်းလေးမရှိလို. တထည်ဝယ်လိုက်တယ် ဆိုတာမျိုးဆိုရတယ်။ အပွင့်ဆိုလို. အပွင့်လိုက်ဝယ်။ အပါးသားဆိုတော့ အပါးသားလေးကလည်းဝယ်တယ်။ ဇာ ဆိုတော့ ဇာဇာ ဇာနဲ.ဇာ တွေ ဝယ် လိုက်တယ်။ ဂါဝန်ရှည်ဆိုတော့ ဂါဝန်ရှည်တခါ ဝယ်ရပြန်တယ် ဆိုရင်တော့ လလယ်လောက်ဆို မြက်စားနေရမယ်ထင်တယ်။

ပြောလက်စနဲ. အရပ်ပုပြီး အကောင်သေးတဲ့ ကိုယ့်လို မိန်းကလေးများ အဝတ်အစားဝတ်ရင် သတိထားရမဲ့ အချက်လေးတွေကို ပြောပြပါ့မယ်။ ကိုယ်အရပ် ၅ပေ၂လက်မရှိပါတယ်။ အလေးချိန် ၁၀၆ ပေါင်ရှိတယ်။ ကိုယ်လုံးကတော့ general အနေနဲ. Hour Glass (အထင်မကြီးလိုက်နဲ.အုံး) ထဲမှာပါပါတယ်။ ရိုးရိုး ချောချောမွေ.မွေ. Hour Glass တော့မဟုတ်ဘူး။ ဟိုနား အထစ်အထစ် ဒီနားအထစ်အထစ်နဲ. Hour Glass ပါ။ မိန်းကလေးတွေကိုယ်လုံးကို general အားဖြင့်လေးမျိုးခွဲထားတယ်။
Banana=  ပိန်ပိန်ပါးပါး ဟိုဟာမရှိဒါမရှိ တပြောင့်တည်းလေးပေါ့။အထင်မသေးနဲ.။ ခုခေတ်က သူတို.ခေတ်။
Apple= အပေါ်ပိုင်းလက်ပြင်ကြီးတယ်။ဝရင် အဆီတက်လာရင် လက်မောင်းရင်ဘတ်တွေစတက်တယ်။
Pear=အောက်ပိုင်းခိုင်တာပေါ့။ရင်ဘတ်သေးတယ်။ အဆီတက်ရင် ခါး ပေါင်တွေစတက်တယ်။
Hourglass=အချိုးညီတယ်။ ခြုံပြောတာပေါ့။ ဥပမာ ၃၈-၂၇-၃၈ ဆိုတာမျိုးတွေ။ ကိုယ်က general ထဲမှာပဲပါတာ။  ဘယ်လောက်လဲဆိုတာသိပေမဲ့ မပြောပြတော့ဘူး။ ၃၈နဲ. ၂၇ကြားမှာ ၃၉ တို. ၃၅ တို.ထပ်ပါသေး။ အဟေး အဟေး။ အတွန်.လေးတွေနဲ.ပေါ့ကွယ်။

ပန်းသီးမလေးများ ကြိုးတကိုင်းမဝတ်ကြပါနဲ.။ ကြိုးပျောက်တွေမဝတ်ကြပါနဲ.။ မလိုက်ပါဘူး။ အောက်ပိုင်းကို အသားပေးရတယ်။ ကြိုးတကိုင်းထက်လက်ပြတ် လက်စကတွေနဲ. ပိုသင့်တော်ပါတယ်။

သစ်တော်သီးမလေးများ လက်ဖောင်းလေးတွေဝတ်ရင်ကြည့်ကောင်းတယ်။ လက်ပြတ်လည်းရပါတယ်။ အောက်ပိုင်းကိုတော့ အကျပ်မဟုတ်ပဲ ဘောင်းဘီ Flare လေးများဝတ်ပေးရပါတယ်တဲ့။

နာရီဖန်ခွက်တွေကတော့ တချို.ကျ ဘာဝတ်ဝတ်လှတယ်။ တချို.ကလည်း ဘာဝတ်ဝတ်လှကို မလှဘူးတဲ့။ ကိုယ်ကနောက်က အုပ်စုထဲမှာပါတယ်။ လူတိုင်းကိုယ်လုံးကိုယ်ပေါက်တယောက်နဲ.တယောက်နဲ.မတူပါဘူး။ အကြမ်းအားဖြင့် သာခွဲထားရခြင်းဖြစ်ပါတယ်။

ပြောလက်စနဲ. ကိုယ်တို.လို ခွေးပစ်တုတ်ကလေးများ ဆောင်၇န်ရှောင်ရန်လေးတွေပြောလိုက်ပါ့မယ်။

၁။ ခုခေတ်မှာ ခါးပတ်အကြီးကြီးတွေ ရင်ခေါင်းတင်ပတ်တာ သိပ်ခေတ်စားတယ်။ အရပ်ပုရင် အကြီးကြီးတွေ လုံးဝမပတ်ပါနဲ.။ အပြားကြီးတွေက ပိုပုတယ်လို.ထင်ရစေတယ်။
၂။ အင်းကျီ အပေါ်တရောင် စကပ်အောက်တရောင် အရမ်းကွဲတာမဝတ်ပါနဲ.။ (ဥပမာ အဖြူနဲ.အမည်း) အရောင် မကွဲတာလေးတွေရွေးဝတ်ပါ။
၃။အပွင့်ကြီးကြီးကားကားတွေမဝတ်ပါနဲ.။
၎။လူတကိုယ်လုံး ဝင်လိုက်လို.ရတဲ့ အိပ်ကြီးများ မကိုင်ပါနဲ.။ အိတ်ကလူထက်ကြီးနေရင် ခိုးရာလိုက်ဖို.စောင့်နေသလိုပဲ။ အိတ်ကိုယ်နဲ. ဖစ်ဆိုဒ်လေးများကိုင်ပါ။ (ဒါပေမဲ့ ကိုယ်က အိတ်ကြီးကြိုက်တယ်)
၅။ဒေါက်ဖိနပ်လေး စီးတတ်အောင်လေ့ကျင့်ကြစမ်းပါ။
၆။သုံးလေးထပ်မဝတ်ပါနဲ။ ခြေအိတ်အရှည်စွပ် အပေါ်ကဘောင်းဘီ သို.စကပ်ထပ်ဝတ်၊ အင်းကျီတခါဝတ်၊ အပေါ်က ဆွယ်တာထပ်ဝတ် ခါးပတ်ပါ ပတ်လိုက်အုံး။ အိတ်ကြီးကိုင် ပြီးရင် လှပြီ ဟဲ့ ပေါ့။ မလှပါဘူး။ စင်္ကာပူမှာ ဒီလောက်ပူတာ အဲလိုတွေဝတ်ရင် အပူလောင်ပြီး သေရချည်ရဲ.။ ဝတ်တဲ့လူတွေရှိပါတယ်။
၇။ ပုတဲ့လူများ legging ဝတ်ရင်မလိုက်ဖူးလို.ပြောပေမဲ့ သဘောမတူဘူး ကိုယ်ကတော့။ သက်တောင့်သက်သာရှိလွန်းလို. သဘောကျတယ်။ ဒါပေမဲ့ legging ကို ဘောင်းဘီလိုတော့ မဝတ်ကြပါနဲ.။ တချို.မလေးမ တရုတ်မတွေတွေ.တယ်။ တအား အပေါစားပုံပေါက်တယ်။ အဲဒါမျိုးဝတ်လိုက်ရင်။ ပုံမှန်ကတော့ Tunic လို.ခေါ်တဲ့ တင်ပါးဖုံးတဲ့ ဘလောက်စ်အရှည်လေးတွေနဲ.ဆို ကြည့်ကောင်းပါတယ်။ အရမ်း အင်းကျီအကျပ်နဲ.လည်းမဝတ်ပါနဲ.တဲ့။
၈။ ခြေချင်းဝတ်အထက်ရောက်တဲ့ ကြိုးတွေနဲ. ဖိနပ်တွေမစီးပါနဲ.။ ဖိနပ်အပိတ်တွေထက် ဒေါက်မြင့်ကွင်းထိုးဖိနပ်မျိုးက အရပ်ပိုရှည်တယ်လို.ထင်ရတယ်တဲ့။

ကဲ သိသမျှအကုန်ဝေလိုက်တာပါ။ ဆက်ရင် နောက်ထပ် ၁၀ မျက်နှာလောက်ရသေးပေမဲ့ ဒုတ်ခပေးတော့ဘူးနော်။ တတ်လွန်းလို.ဆရာလုပ်တာမဟုတ်ပါဘူး။ ကိုယ်လဲ ဝတ်ချင်သလိုဝတ်တာပဲ။ ကိုယ်လှတယ်ထင်ပြီးရော။ အရေးကြီးတာက ကိုယ်စိတ်ချမ်းသာဖို.ပဲကို.။

ခိုင်ဝေဇံ

ဓညဝတီ ဆိုင် နေရာသစ်

ရခိုင် ဓညဝတီဆိုင်ကို ၅ ထပ် ကနေ ၃ လွှာ ဆိုင်အမှတ် ၃၂ သို.ပြောင်းပြီးဖွင့်လှစ်လိုက်ပါပြီ။ ရဲရင့် စားသောက်ဆိုင် နောက်ဖက်တန်းမှာပါ။ ဆိုင်ဖွင့်ပွဲကို ပြီးခဲ့တဲ့ စနေနေ.က ပြုလုပ်သွားပါတယ်။ မနေ.က စီးတီးဟောသွားရင်းနဲ. တခေါက်ရောက်ခဲ့လို. ဝင်ခဲ့ပါတယ်။ ရခိုင်မုန်.တီသုပ်၊ မရွတ်စိသုတ် ( ဗမာအခေါ်မသိ၊ ပင်လယ်စာတမျိုးပါပဲ)၊ ကျောက်ပွင့်သုပ် တို.ပုံမှန်ရနိုင်ပါတယ်။ ငါးမန်းသားခြောက်သုပ် ရလားလို.မေးဖို.ရာမေ့သွားတယ်။ သွားတုန်းက အဲဒါမေးဖို.သွားပြီးတော့။ ဂီးးးးးးးးးး

ရခိုင်ထွက်ပစ်စည်း စစ်စစ်တွေပဲ အားပြုရောင်းတော့မယ်လို. ဆိုင်ရှင်ကပြောပါတယ်။ ဆိုင်မှာ မရွတ်စိ ၊ ဂုံး ၊ ကျောက်ကျောမျှင် ( အချိုတည်းတဲ့ ကျောက်ကျောမဟုတ်ဘူးနော်) ခြောက်စသည်ဖြင့် စုံစုံလင်လင်တွေ.ခဲ့ပါတယ်။ ရခိုင်ဝက်အူချောင်း၊ တောင် ပိန်းနှဲစေ့ (ပြုတ်စား၊ ချက်စားလို.ရ)၊ ငါးခြောက်တွေလည်းရှိတယ်။ ရခိုင်ငပိထောာင်း တွေလည်း မြင်ခဲ့တယ်။ လူတိုင်းဆိုင်မှာတင်နေတဲ့ ပစ်စည်းတွေ တင်လို.ဘာထူးမှာလဲ။ ရခိုင်ထွက် စစ်စစ်တွေပဲတင်မယ်လို. ပြောလိုက်တယ်။ ကိုယ်ကတော့ အကြံပေးခဲ့တယ်။ ရခိုင်အလံလေးတွေ တင်ရောင်းပါလားလို. ဝယ်ချင်လို.။ ခေါင်းရင်းချိတ်ထားလည်း ရတယ်။ နံရံကပ်ထားလည်းရတယ်။ စတိတ်ရှိုးသွားတုန်းက သူများတွေ အလံသေးသေးလေးကိုင်လာတော့ ကိုယ်မှာ ကိုင်ချင်ရက် စက်စက်ယို ကိုယ့်အလိုနဲ.ကိုယ် တိုက်တွန်းကြည့်တာပါ အဟီး။

တော်တော်များများ ပြောင်းသွားတာ မသိလိုက်ကြလို. ဆော်သြလိုက်တာပါ။ သွားလည်တုန်းရိုက်လာတဲ့ ပုံလေးတွေလည်း တင်ပေးလိုက်တယ်။း)

ဆိုင်သစ်ပုံ




ငပိထောင်းနဲ. တောင်ပိန်းနှဲစေ့
 မရွတ်စိခြောက် ဒီမှာ LaLa လို.ခေါ်တယ်ထင်တယ်။
 ပုံလေး ဝါးသွားတာ ခွင့်လွှတ်ကြပါ။ အဲလို ဝါးသွားရင် စိတ်တယ်မကောင်းဘူး။ ဖုန်းကင်မရာစုတ်လေးနဲ. ရိုက်ပေမဲ့ ထင်းထင်းလင်းလင်းပဲတင်ချင်တာ။ ဧည့်သည်တွေ ဆိုင်မှာ ရောက်နေတာနဲ. အားနာလို. သေချာမရိုက်ခဲ့ရဘူး။ မင်းပြားဝက်အူချောင်းကို သတိရလို. ဝယ်ခဲ့တယ်။ တထုတ် ၅ ကျပ်ပေးရတယ်။ စားကြည့်တော့ တော်တော်ကောင်းပါတယ်။ ကိုယ်က ဆီနဲ. မကျော်ဘူး ဝက်အူချောင်းကို။ ဆီနဲ.ကျော်ရင် မာသွားတယ်။ ရေဖင်ကပ်လေးနဲ. ပြုတ်တာ။ ရေကုန်သွားတော့ ဝက်အူချောင်းကလည်း ဆီတွေထွက်သေးတယ်လေ။ ကိုယ့်ဆီနဲ.ကိုယ်ပြန်ကျော်ပေါ့။ ဒီတော့မှ နူးအိ ပြီး စားလို.ကောင်းတာ။ 

အဲ ကိုယ်စိတ်အဝင်စားဆုံးကတော့ ဒီအရက်ပုလင်းပဲ။ အထဲမှာ မြွေဟောက်တကောင်ပါတယ်။ ကင်းမြီးကောက်တကောင်ပါတယ်။  ကင်းမြီးကောက်၇ဲ. အမြီးကို မြွေဟောက်ကကိုက်တောင်ထားလိုက်သေးတယ်။ ဘယ်လိုများ အဲလိုပုံစံ အတိအကျရအောင် ပုလင်းထဲကို ထည့်ကြလည်းမသိဘူး။ ပုလင်းဝကလဲ သေးသေးလေးဟာကို။ ဒီအရက် သောက်ရဲလားလို.မေးရင် အဲ သောက်ရဲတယ်။ တကယ်တော့ စမ်းကြည့်ချင်တယ်။ ဆေးဖြစ်ဝါးဖြစ်ပေါ့။ အဟီး။  အမှန်တော့ သောက်ချင်လို.မှုတ်ပါဘူး။ ပုလင်းဝယ်ပြီး မြွေနဲ. ကင်းမြီးကောက်ကို ဆွဲထုတ်ကြည့်ချင်လို.။း)

ကဲ တော်လောက်ပြီ။  ဆိုင် ရီဗျူးတွေ ရေးစရာရှိတာကို ပျင်းနေတာနဲ. မရေးရသေးဘူး။ ခုလည်း အိပ်လိုက်အုံးမယ် တေ၇းလောက်။ မျှစ်ပြုတ်နဲ. ငပိထောင်း (စပ်တာပြဲနေတာပဲ ငရုတ်သီးလက်ဆနည်းနည်းပြင်းသွားလို.) စားပြီးတော့ သွေးလေးတွေတက်ပြီး ဗိုက်လေးတွေ နာနေတယ်။ ညနေ ကိုးရီးယား ဘာဘီကျူးသွားစားရအုံးမယ်။

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

အပျင်းကြီးပြီး အလှကြိုက်သူများ ဖတ်ရန်း)

ဒီတစ်ခါ တော့ cosmetic review  တစ်ခု ရှယ်လိုက်ပါ့မယ်။ ရီဗျူးတော့ မဟုတ်ဘူး။ ကောင်းတယ်ထင်လို. ရှယ်ချင်စိတ်ပေါက်လာလို.ပါ။

နဂိုမရှိရင် နဂိုင်းဆွဲထုတ်မယ်လို. ကိုယ်ရေးခဲ့ဖူးတယ်။ အဲ အတင်းမထွက်ထွက်အောင် အားဒမ မဆွဲထုတ်လိုက်နဲ.အုံး။ နဂိုင်းကျိုးသွားမှ ပြသနာတက်အုံးမယ်။ ကိုယ်တော့ လက်လျှော့လိုက်ပြီ။ အတင်းမထုတ်တော့ဘူး။ ကိုယ့်နဂိုင်းက အကုန်ထွက်ပြီးနေပြီဆိုတော့ ကျိုးမသွားအောင် ထောက်ထားရတယ်။ ဟီးဟီး။ အဲဒီတော့ နဂိုင်းထောက်ပစည်း ကောင်းကောင်းလေးများ ရပလားဆို ရှယ်ချင်တယ်။

ကိုယ်တို.မိန်းကလေးတွေ မိပ်ကပ်လိမ်းရင် ဘယ်နှစ်ထပ်လိမ်းရလဲဆိုတာသိလား။

  1. Facial wash
  2. Toner
  3. Moisturizer
  4. Essence
  5. Sunscreen
  6. Foundation
  7. Loose powder
  8. Eyemakeup
  9. Bronzer/Blusher
  10. Lipstick
အဲ အဲလို အဆင့်ဆင့်သွားပါတယ်။ ကိုယ်ကတော့ အတင်းလှချင်ပေမဲ့ ဘယ်တော့မှ အဲဒါတွေပြည့်အောင်မသုံးဘူး။  မျက်နှာသစ်မယ်။  Moisturizer လိမ်းမယ်။ Sunscreen လိမ်းမယ်။ ပြီးရင် ပေါင်ဒါအုပ်ပြီးထွက်တော့တာပဲ။ အဲ မျက်လုံးချယ်ပြီး နှုတ်ခမ်းနီဆိုးတာကတော့ ပုံမှန်ပေါ့။ အဲဒါတွေအကုန်လုံးသာလိမ်းကြည့်ပါလား။ မျက်နှာစီးကပ်စီးကပ်နဲ. တော်တော် နေရခက်တာ။ ဒါတောင် night cream /day cream/ concealer/ primer စတာတွေ အကုန်ချန်ထားခဲ့တာနော်။ အင်မတန်မှ ဗာဟီရ များပါတယ်။ ဘယ်ကလာ ထမင်းချက်ဖို.အချိန်ရှိမလဲ။  မိတ်ကပ်လိမ်းတာနဲ. အချိန်တော်တော် ကုန်နေပြီ။

ကိုယ်ကပျင်းလည်းပျင်းသေး ဆိုတော့ တစ်ခါတလေ မျက်နှာသစ်ပေါင်ဒါအုပ်ပြီး (အိပ်ရာထနောက်ကျလို.) အတင်းအလုပ်ကိုပြေးရတယ်။ ပြီးတော့ နေပူရင် အော် ငါ့နှယ် Sunscreen လေးတော့ မလိမ်းခဲ့မိဘူးလို.ဖြစ်ပြန်ရော။  ခုတော့ ဒီဒုတ်ခတွေ မရှိတော့ဘူး။ BB Cream စသုံးပြီးတည်းကပေါ့လေ။ BB Cream ကို စထွင်တဲ့လူက အင်မတန်အပျင်းကြီးပုံရတယ်။ သူက တစ်ခါတည်း Sunscreen ရော Moisturizer ရော Foundationရော အားလုံးပါပြီးသားပဲ။ မျက်နှာသစ်ပြီးတာနဲ. BB Cream ကောက်လိမ်း ပေါင်ဒါအုပ်ပြီး ပြီးသွားပြီ။ အချိန်အင်မတန်မှ သက်သာပါတယ်။

နောက်တစ်ခုရေးရတဲ့ အကြောင်းရင်းက သုံးတဲ့ အချိန် တစ်လအတွင်းမှာ ဘာလိမ်းထားတာလဲဟင် မျက်နှာပိုဖွေးလာတယ်နော် ဆိုတဲ့ ကွန်မန်. ၃ ခုတိတိ ရလို.ပါ။ တသက်မှာ တခါမှ အမေးမခံရဘူးတော့ လည်း ဒါပစ်စည်း တော်တော်ကောင်းလို.လို. ထင်မိတာ အဆန်းတော့မဟုတ်ပါ။ BB Cream က ပေါင်ဒါအုပ်လိုက်ရင် ဝင်းထွက်သွားတာ မျက်နှာက။ မိတ်ကပ် ကပ်တယ်လို.ဆိုရမှာပေါ့။  ညဘက်လိမ်းရင် သိသိသာသာ ပိုအရောင်ထွက်တယ်။ ညပွဲတွေအတွက်သင့်တော်တယ်။ အရောင်ကလည်း  သူများတွေလို ကိုယ့်အသားအရောင်နဲ. ကိုက်စရာမလိုဘူး။ ၂ မျိုးပဲရှိတယ်။ အရမ်းFair ဖြစ်တဲ့ အသားအရေအတွက်ရယ်။ ကိုယ်တို.လို အသားညို အသားလတ် တွေအတွက်  Nude Color ရယ်ပေါ့။ လိမ်းလိုက်တာနဲ. အသားထဲ စိမ့်ဝင်သွားတယ်။ မျက်နှာ မှာ အထူကြီးတင်ထားတယ်လို.မ ခံစားရဘူး။ အဲတစ်ခုပဲရှိတယ်။ တရက်လုံးနေပြီးရင်တော့ မျက်နှာ နည်းနည်း အဆီပြန်သလို ပြောင်ပြောင်လေး ဖြစ်သွားတတ်တယ်။ တချို.က အဲလိုဖြစ်မှ ကြိုက်တယ်လို. ပြောတာပဲ။ ကိုယ်နဲ.ကတော့ သိပ်မသိသာဘူး။ အသားအရေ ခြောက်လို.ဖြစ်မယ်။

ကိုယ်သုံးတဲ့ BB Cream က ကိုးရီးယားက ထုတ်တာ။ ကိုးရီးယားမှာ အရမ်းနာမည်ကြီးတယ်လို. ပြောတာပဲ။ The Face Shop ကဝယ်တာပါ။ Youtube မှာရှာကြည့်တော့ The Face Shop  BB Cream အကြောင်း ရီဗျူး တစ်ခု နှစ်ခုပဲတွေ.ပါတယ်။ ထုတ်တာ မကြာသေးလို.လဲဖြစ်ပါလိမ့်မယ်။  တခြား  BB Cream တွေလည်း အများကြီှးရှိသေးတယ်။ တခြား Brand တွေကပေါ့။ စမ်းသုံးကြည့်ပေါ့နော်။ ကိုယ်တို.လို. အပျင်းကြီးပြီး အလှကြိုက်တဲ့ လူတွေနဲ. ကိုက်လို. ရှယ်လိုက်တာ။ 
ီတစ်ဘူးကို ၃၂ ကျပ်လားမသိဘူး ပေးရတယ်။ ကိုယ်က ဟိုတို.စိ တို.စိ ဒီတို.စိ တို.စိနဲ. လေး ငါးမျိုးဝယ်လာတော့ ဘယ်ဟာက ဘယ်လောက်လဲမမှတ်မိဘူး။ ခု Sale တွေချနေတော့ ၂၉ ကျပ်လောက်ပဲ ပေးရမယ်နဲ.တူတယ်။
Packaging က လှပါတယ်။ ရွှေရောင်ဘူးလေး။ SPF 30 ပါ။
စမ်းသုံးကြည့်ပေါ့နော်။ ကောင်းတယ်ဆိုရင်လဲ ပြန်ပြောကြပါအုံး။ 
 နောက်ဝယ်လာကတော့ လိမ်မော်သီး။း)


အမှန်ကတော့ Hand Cream ဘူးလေးပါ။ ချစ်လို.ဝယ်လာတာ။ လိမ်မော်နံ.လေးကို ကြိုက်လို.။ ပန်းသီးတို.  Peach  တို.ရှိသေးတယ်။ တစ်ဘူးကို ၁၀ ပဲပေးရတယ်။း)

နောက်ဝယ်လာတာက False Eyelashes  တွေ။ ကိုယ်က စိတ်ကူးပေါက်ရင် ကောက်တပ်ပြီး အပြင်ထွက်တတ်တယ်။ တခြား Brand က ဆို အဝိုင်းကြီးတွေ မည်းမည်းထူထူကြီးတွေ။ မလှဘူး။ ဒါလေးက ပေါ့ပေါ့ပါးပါးလေးဆိုတော့ မဆိုးဘူး ဆိုပြီး နှစ်ခုတောင် ဝယ်လာခဲ့တယ်။ တစ်စုံမှ ၂ ကျပ်ခွဲထင်တယ်။ ဈေးချိုတယ်။

ဒီ Face Shop က တခြား  Skin Care တွေစမ်းသုံးကြည့်ပေမဲ့ ဘာမှ စိတ်တိုင်းမကျပါ။ အများကြီးပဲ သုံးကြည့်ပါတယ်။ ခု BB Cream က ပထမဆုံး ကြိုက်တဲ့ Product  ဆိုပါတော့။
အဲဒီနေ.က အိမ်ရှေ.က Shopping Mall မှာဈေးဝယ်ထွက်ရင်း ဝင်စားခဲ့တာ။ ဆိုင်က  Shin ToKyo  ပါ။ ဆူရှီနဲ.ခေါက်ဆွဲတွေပေါ့။ Clementi City Vibe မှာရှိပါတယ်။ တခြား ဘာမှသိပ်မကောင်းပေမဲ့ Seafood Tomyam Soup ထဲမှာတော့ စားဖူးသမျှ ဂျပန်ဆိုင်ထဲမှာ အကောင်းဆုံးပဲ။ ကိုယ်ကတော့ extra chilli နဲ.မှာတယ်။ နဂိုကလည်း တော်တော်စပ်ပါတယ်။ ပုဇွန် ငါး ကင်းမွန် ခရု Crayfish  စသည်ဖြင့် စုံစုံလင်လင်ပါတယ်။ အဓိကကတော့ Soup တော်တော်ကောင်းတယ်။ ရောက်ရင် မှာစားဖို.မမေ့ပါနဲ.။း)
ဘာပဲရေးရေး အစားအသောက်ပုံလေးနဲ. ဇာတ်သိမ်းရတာ အရမ်းကို အရသာရှိတာပဲ။း)

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ