ကော့သောင်း သို.တစ်ခေါက်

ပလန် တို. ပလက်တို. ဘာမှ မရှိဘဲနဲ. ရောက်ဖြစ်သွားတဲ့ ၄ရက်ခရီးစဉ်ဖြစ်ပါတယ်။ တစ်ခါမှလည်း ရောက်မယ်လို. စိတ်မကူးဖူးဘူးနဲ. ရောက်ဖြစ်သွားတာပါ။ ရန်ကုန် ကော့သောင်းလေယဉ်မှာသာ လိုက်လာရတယ်။ ငါ ကော့သောင်းကို သွားရမှာပါလား လို. မယုံနိုင်သေးဘူး။ ပြီးခဲ့တဲ့ ၉ လလုံးတောင်ကြီးသွားမယ် လို. ပလန်လုပ်ထား စိတ်ကူးတွေယဉ်ထားပြီးမှ မြန်မာပြည်ပြန်ခါနီး လေးရက်အလိုမှာ ကော့သောင်းကို သွားရမယ်လို. သိရတယ်။ အမလေး ခံစားရတာပေါ့။ တောင်ကြီး အိမ်မက်ပျက်ပြီလေ။ ကလော ကိုသွားမယ်။ ပင်းတယ သွားမယ်။ အပြန်မန္တ္တ္တလေးဝင်ပြီး  မေမြို.တက်မယ် ။ မန်းလေးက ချစ်တနယ်ဂျင်းတွေနဲ. တွေ.မယ်ဆိုပြီး အိမ်မက်တွေ အခါခါ မက်ခဲ့ရတာ။ ရင်ကွဲပက်လက်ပဲ။ အော် ဒါပေမဲ့ မတတ်နိုင်ပါဘူးလေ ဆိုပြီး လိုက်သွားရတာပါ။ လိုက်သာသွားရတယ်။ နဂိုက သတ္တိခဲဖြစ်တော့ ကော့သောင်း ရနောင်းက ထိုင်းနယ်စပ်၊ လူမှောင်ခိုတွေအရမ်းပေါတာ။ အညိုရောင်နယ်မြေနော်လို. လူတိုင်းက ပြောတာနဲ. ကြောက်လိုက်တာ မပြောပါနဲ.။ ညီမက အသက်ကကြီးလှပြီ ဘယ်လူမှောင်ခိုကမှ မကြီးကို မလိုချင်တော့ဘူး ငယ်ငယ်လေးတွေပဲ ကြိုက်တာသူတို.က ဆိုတော့မှ အေး ဟုတ်သားဟ ဆိုပြီး နဲနဲ စိတ်သက်သာရာရပါတယ်။ ဒါပေမယ့် ခပ်လန်.လန်.ပေါ့။

သောကြာနေ. မနက်၆ နာရီကွင်းချိန် လေယဉ်ဟာ အချိန်မှန်ကန်တိကျစွာ( မြန်မာစံတော်ချိန်နဲ.ဆိုရင်ပေါ့လေ) ၈နာရီ အစား ၉နာရီခွဲမှထွက်ပါတယ်။ ထွက်တာတောင် ကျေးဇူးတင်ရအုံးမှာ။ မြန်မာ့လေကြောင်းက တုန်တဲ့ ခါတဲ့နေရာမှာနာမည်ကြီးဆိုပေမယ့် ဒီတစ်ခါ စီးရတာ သိပ်မသိသာပါဘူး။ မြန်မာ့လေကြောင်းကကျွေးတဲ့ ချီးစ် ဆန်းဒဝစ်ခ်ျနဲ. ကွတ်ကီး လေးကို အမ်အေအိုင်က အစားအသောက်ထက် ပိုကောင်းတယ်တောင်ထင်မိသေးတယ်။ ရန်ကုန်ဘက်ကထွက်လာတော့ ရာသီဥတု ကောင်းပေမဲ့ ကော့သောင်းဘက်ရောက်တာနဲ. တိမ်တွေထူလာတာ သတိထားမိတယ်။  ကျွန်းစု ကျွန်းဆွယ်လေးတွေကို လေယဉ်ပေါ်က မြင်နေရတာ တော်တော်လှပါတယ်။ တိမ်ထူတော့ သဲသဲကွဲကွဲတော့  သိပ်မမြင်ရဘူးပေါ့။ တလမ်းလုံး ဒီလေယဉ်မဆိုးပါလားလို. အင်ပရက်ရှင်တက်လာပြီးမှ ရောက်ခါနီး ဝုန်းဆိုတစ်ခေါက်ပြုတ်ကျတာ တစ်ခါတည်း မျက်လုံးက ငယ်ထိပ်ရောက်သွားတယ်။ အဆင်းတော့ ရှောရှောရှူရှူပါ။ လေယဉ်ကွင်းလေးက အရမ်းမသားနားပေမဲ့ သပ်သပ်ရပ်ရပ်ရှိပါတယ်။ လာကြိုတဲ့ လူနဲ.လည်း ဆိုက်ဆိုက်မြိုက်မြိုက်တွေ.ပါတယ်။ ၁၂ခွဲမှာ ကော့သောင်းကို ရောက်ပါတယ်။ သိပ်နေမပြင်းပဲ ရာသီဥတု ကောင်းတယ်။ ၇န်ကုန်လို မပူပါဘူး။ တောင်ကုန်းလေးတွေ ဆင့်ဆင့်ပြီးတွေ.ရတော့ မြောက်ဦးကို သတိရမိပါတယ်။ မိုးခဏ ခဏရွာတယ်တဲ့ ဆောင်းတွင်းမရှိဘူး နွေရယ်မိုးရယ် ပဲလို. ဒရိုင်ဘာဦးလေးကြီးက ပြောပါတယ်။ ခေါင်းမမူး ရင်မတုန်နေမကောင်းမဖြစ်တဲ့အတွက် ဝမ်းသာရပါတယ်။

ပလန်အရ နေ.တွင်းချင်း ရနောင်းဘက်ကို ကူး ဖို.ပါ။ စက်လှေနဲ.ကူးရပါတယ်တဲ့။ စက်လှေလဲ စီစဉ်ထားပြီးပါပြီလို.ပြောပါတယ်။ အဲဒီနောက် မြို.ပတ်ပြီး သဘောင်္ဆိပ်ကို လိုက်ပို.တယ်။ လမ်းတစ်လျှေက်တွေ.ရတာကတော့ တောင်ကုန်းအထပ်ထပ်နဲ. စိမ်းစိမ်းစိုစို မြို.ပါ။ ရန်ကုန်ကို ခြောက်သယောင်း တိုက်ဟောင်းတွေနဲ.မဟုတ်ဘူး။ နှစ်ထပ်အုပ်အိမ်လေးတွေကို သေးသေးကျစ်ကျစ်ဆောက်ထားကြတာတွေ.တယ်။ မြို.အတွင်းပိုင်းရောက်လာတော့ သတိထားမိတာတစ်ခုက မြို.က မြေညီမှာ ဆောက်ထားတာမဟုတ်ဘူး။ အနိမ့်အမြင့်နဲ. တောင်ကုန်းလေးတွေပေါ်မှာမေးတင်ပြီးဆောက်ထားတဲ့ အိမ်နဲ.  လမ်းတွေကလည်း နိမ့်လိုက်မြင့်လိုက်နဲ.ပါ။ မြို.ပြင်မှာပဲတောင်ကုန်းပေါတယ်ထင်တာ။ အမြင့်တနေရာကကြည့်လိုက်ရင် ခေါင်မိုးအထပ်ထပ်နဲ. ကြည့်လို.ကောင်းပါတယ်။ မိတ်ဆွေတော်တော်များများက ဗမာစကားပြောတော့ အဆင်ပြေတယ်။ ထားဝယ်သံ ဝဲဝဲကိုလည်းကြားရတယ်။း)

နောက်တော့ ထိုင်းနဲ. အဓိကရ ဆက်သွယ်ရေးပွိုင့်ဖြစ်တဲ့ သင်္ဘောဆိပ်ကို ရောက်လာပါတယ်။ သမ္မာန်တွေ စက်လှေအသေးတွေကို ရှုတ်ရှက်ခတ်ပြီးတွေ.ရတယ်။ ဆိုင်ကယ်တက္ကစီတွေလည်းတွေ.တယ်။ ဆိုင်ကယ်ကို အသုံးများကြတာတွေ.တယ်။ ဆိပ်ခံတံတားက မြို.မ တံတားလို.ခေါ်တယ်။ ကိုယ်က ငှက်အသေးလေးနဲ.ကူးရမယ်ထင်တာ စက်လှေစီစဉ်ထားပါတယ်လို.ပြောပါတယ်။ ကော့သောင်းနဲ. ၇နောင်းဟာ တစ်ဖက်တစ်ကမ်းဖြစ်ပြီးတော့ စက်လှေနဲ.ကူးရပါတယ်။ ၄၅ မိနစ်လောက်ကြာတယ်လို. ဆိပ်ကမ်းတာဝန်ခံက ရှင်းပြပါတယ်။ မသွားခင် တစ်ခါသုံးပတ်စ်ပို. ပုံစံနဲ. အစိမ်းရောင်း စာအုပ်ကလေးတွေထုတ်ပေးပါတယ်။ ကင်မရာကိုကြည့် လှလှနေ လို.ပြောပြီး ဓါတ်ပုံရိုက်ပြီးတော့ ထုတ်ပေးတယ်။ အဲဒီစာအုပ်နဲ. တစ်ခါသွားရင် ပတ်စ်ပို.ရှိစရာမလိုပါဘူး။ ၇ ရက်အတိ နေလို.ရပါတယ်။ ထိုင်းဘက်ကိုရောက်ရင် ဆိပ်ကမ်းစစ်ဆေးရေးစခန်းမှာ ဝင်ပြီးသူတို.လက်မှတ်ယူပြီးရင်ပြီးပြီ လို.ပြောပါတယ်။ ကိုယ်တိုင်ပိုက်ဆံမပေးခဲ့ရလို. ပိုက်ဆံပေးရတယ် မပေးရဘူး။ ဘယ်လောက်ဘာညာ မသိခဲ့ပါဘူး။ ပေးရတယ်တယ်လို.တော့ ထင်မိတာပဲ။

ဒီလိုနဲ.ပဲ ရနောင်းဘက်ကိုကူးခဲ့ပါတယ်။ ခုကော့သောင်းအကြောင်းကို သတ်သတ်ရေးတာဖြစ်လို. ရနောင်းကအပြန်ပဲတန်းပြီးတော့ ရေးလိုက်တော့မယ်။ အမှန်က ရနောင်းက တနင်္ဂနွေ နေ.နေ.လည် ၃ခွဲလောက် ပြန်ရောက်ပါတယ်။  ရောက်ပြီး သူဌေးကျွန်းကို မိတ်ဆွေတွေက လိုက်ပို.တယ်။ သတ်သတ်ပဲရေးတော့မယ်။ အဲအကြောင်းကို။ အစကတော့ တနင်္လာနေ. မနက်စောစောလေယဉ်နဲ.ထွက်ဖို.ဖြစ်ပါတယ်။ ဒါပေမဲ့ ညတည်းက မိုးတစီစီနဲ. ရွာပြီး မုန်တိုင်းရှိတယ် ဆိုလေတော့ အီးကျယ်ကျယ်ပေါက်ရင်တောင် လေယဉ်ခရီးစဉ်ဖျက်သိမ်းလေ့ရှိတယ် ဆိုတဲ့ မြန်မာ့လေကြောင်း မလာမှာကို စိုးရိမ်ရပါတယ်။ ဒါပေမယ့် လာတော့လာရှာပါတယ်။  ၁၀ နာရီကွင်းချိန်းလေယဉ်ဟာ ၂နာရီခွဲမှရောက်လာတာပါ။ ကိုယ်တွေကတော့ စိတ်စောပြီး မနက်တည်းက ပြင်ဆင်စောင့်နေကြတာမို. အချိန်ရတုန်း ကော့သောင်းကို လည်ရအောင် လို. လိုက်ပို.သူက အကြံပေးတာကြောင့် မိုးတဖွဲဖွဲရွာနေတဲ့ ကြားက လိုက်လည်ခဲ့တာပါ။ ရောက်ဖြစ်ခဲ့တာကို ကျေးဇူးတင်ရပါမယ်။ လည်စရာပတ်စရာ သိပ်မရှိဘူးဆိုပေမယ့် တရက်တည်းနဲ.တော့ ဘယ်လုံလောက်ပမလဲနော်။ နောက်တစ်ရက်လောက် ထပ်နေခဲ့ရရင်စုံမယ်လို. စိတ်ကူးမိပါတယ်။ အခွင့်အရေးရရင် နောက်တစ်ခေါက်သွားချင်ပါသေးတယ်။း) ဓါတ်ပုံတွေ တင်ပေးလိုက်ပါတယ်။

လေယဉ်ပေါ်က လှမ်းရိုက်ထားတာပါ။ မစီးလှတာ ကြာပြီဖြစ်တဲ့ မြန်မာ့လေကြောင်း။း)


ရောက်ပါပြီရှင်။


စည်ကားတဲ့ ကော့သောင်းဆိပ်ကမ်း


မြို.မတံတားကိုသွားမယ် ဆိုလို. အကြီးကြီးမှတ်တာ။ ဒါလေးပဲ။ အထင်မသေးနဲ.။ နာမည်ကြီးတံတားနော် ။ သေးတာ ကြီးတာ အဓိကမဟုတ်ဘူး။ သင်္ဘောကပ်လို.ရရင် ပြီးတာပဲ။


ရနောင်းအထွက် စက်လှေပေါ်ကမြင်ရတဲ့ ကော့သောင်း။း)
မြန်မာနိုင်ငံရဲ.တောင်ဖက်အဖျား က ဘုရင့်နောင် (ယခင်ဝိတိုရိယ အငူ)။ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကိုယ်က အနောက်ဖက်က လာပြီး တောင်ဖက် ဆုံးအပိုင်းကိုရောက်ခဲ့ပြီ။ မြောက်နဲ.အရှေ. ကိုရောက်အောင်သွားပါအုံးမယ်။း)

အဖျားလေးကိုသွားပြီး အမှတ်တရရိုက်တာပါ။ နောက်ကကျွန်းကတော့ သူဌေးကျွန်းဖြစ်ပါတယ်။

ကော့သောင်း ပြည်တော်အေးဘုရား။ တောင်ကုန်းလေးပေါ်မှာရှိပြီးအလွန်သာယာပါတယ်။ ကော့သောင်းမြို.ရှုခင်းကိုကြည့်ချင်ရင် အလှဆုံးမြင်နိုင်တဲ့နေရာပါ။ ထိုင်းဘက်ကလာရင် မြစ်ဝကနေ ရွှေရောင်ဝင်းနေတဲ့ ဘုရားကြီးကို အရင်ဆုံးမြင်ရတာ အလွန်ကျက်သရေရှိပါတယ်။ 
စေတီကနေ N 97 ဟန်းဖုန်းနဲ.ရိုက်တာပါ။ ဖုန်းနဲ.ရိုက်တယ်လို.တောင်ထင်ရဘူး။ ကြည်နေတာပဲ။ ဒါကြောင့် အိုင်ဖုန်းမသုံးတာပေါ့။ အဟင်း။း)
ဘုရားရင်ပြင်နဲ. ရပ်တော်မူစေတီတော်။ မိုးတဖွဲဖွဲရွာနေတဲ့ကြားက ဒီလောက်ကြည်ကြည်လင်လင်မြင်ရတာ ကံကောင်းလို.။
တောင်ပိုင်းရှင်မယ်တော်ကြီးကို သော့ပိတ်ထားပါတယ်။ မယ်တော်ကြီးခမျာသနားစရာ။

သော့ပိတ်ထားလည်း မယ်တော်ကြီးကို အလွတ်မပေးပဲ သံတံခါးကြားလက်သွင်းပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ်။ ဟီးဟီး။ မယ်တော်ကြီးကတော်တော်ကို ချောပါတယ်။

 ဘုရင့်နောင်နှင့်အမှတ်တရ။ ဘုရင့်နောင်ပန်းခြံက ဘုရင့်နောင်အငူရှိတဲ့ နေရာအနီးက တောင်ကုန်းပေါ်မှာ လုပ်ထားတာပါ။ ထိုင်းဘက်ရှိတဲ့ ပင်လယ်ဝကို မျက်နှာမူထားပြီး  ဓါးဆွဲထုတ်တဲ့ပုံလုပ်ထားတာကြောင့် ထိုင်းကို လာမထိနဲ. ချမှာနော်လို.ပြောနေသလိုပဲ။ ဟိုကတော့ သူတော့ကို သရော်တယ်လို.ခံစားရတော့မှာပဲ။ (ခုတော့ ကိုယ်တို.က ခံလှည့်ပေါ့လေ) အတိတ်ကတော့ သူတွေက ခံရတာကိုး။ ဒါကတော့ကိုယ့်အမြင်ပေါ့လေ။ ဟီးဟီး။ အင်မတန်ခန်.ညားပါတယ်။ ကော့သောင်းဘက်မြစ်ကမ်းကို လှေကပ်တာနဲ. ထီးထီးကြီးမြင်ရတာပါ။ ပုံမှာ အရမ်းဝနေတယ်။ ဝမှာပေါ့။ ရောက်ပြီးကတည်းက ၁၂ ပေါင်တိုးလာတာကိုး။

 ကျန်တဲ့တချို.နေရာတွေကို ရောက်ခဲ့ပေမယ့် ဓါတ်ပုံမရိုက်ဖြစ်တာရယ်။ သိပ်ပြီးတော့ အရေးမပါတဲ့နေရာတွေဖြစ်တာရယ်ကြောင့် မဖော်ပြတော့ပါဘူး။ ရေပူစမ်းရှိတယ်၊ရေတံခွန်ရှိတယ်လို.ပြောပါတယ်။ ထိုင်းဖက်မှာရေပူစမ်းကို ကြီးကြီးကျယ်ကျယ်လုပ်ထားတာမို. ဒီဖက်မှာမလုပ်ထားဘူးလားမေးတော့ ဘာမှရှိဘူးတဲ့။ တောနက်ထဲမှာလို.ပြောတယ်။ ရေတံခွန်ကလည်း ဝေးတယ်တဲ့။ နောက် ပုလုံးတုံးတုံး ကမ်းခြေဆိုတာရှိသတဲ့။ နာမည်ကြားတာနဲ.သွားချင်နေပြီး။ တံတားရှည်ကြီး ဆောက်နေတယ်တဲ့။ ဘာလို.ဆောက်မှန်းတော့ မသိရဘူး။ မရောက်ဖြစ်ခဲ့ပါဘူး။

မနက်စာ စားခဲ့ရတဲ့ ရဲစခန်းနာက လဖက်ရည်ဆိုင်ကို အမှတ်ရပါတယ်။ ဆိုင်နာမည် မသိပါ။ အဲဒီမှာ လဖက်ထမင်းကြော် (ကောင်းမှကောင်း) ၊ ဝက်သားပေါက်စီ၊ အမဲကင်နဲ. အာပုံ စတာတွေကို အသကုန်တီးခဲ့တာပေါ့။ နေ.လည်စာ စားခဲ့တဲ့ ဆိုင်နာမည်က စမိုင်းပါ။ အရမ်းဖော်ရွေပြီး စားပွဲထိုးအားလုံးက လက်အုပ်လေးတွေချီပြီး ထိုင်းလိုနှုတ်ဆက်ပါတယ်။ ဗွီအိုင်ပီအခန်းမှာ မိတ်ဆွေတွေက ဧည့်ခံကျွေးမွေးပါတယ်။ ဖော်ရွေမှုကို အသိအမှတ်ပြုပေမဲ့ အစားအသောက်အပိုင်းမှာတော့ ပုဇွန်တုတ်ကြီးဟင်း ကလွဲရင် သိပ်ပြီးခံတွင်းမတွေ.ပါဘူး။ ကမ်းနားမြို.ဖြစ်တာကြောင့် ပင်လယ်စာ အရမ်းပေါပါတယ်။ ဒါပေမဲ့ ထမင်းဟင်းချက်တဲ့အခါကျတော့ ထိုင်းလိုလို ဗမာလိုလို ရောကုန်ပြီးတော့ ချိုတိုတိုကြီးတွေဖြစ်ကုန်တယ်ထင်တယ်။ တစ်ညတည်းခိုခဲ့တာက သင်္ဘောဆိပ်က Honey Bear ဆိုတဲ့ တည်းခိုခန်းမှာပါ။ သန်.သန်.ရှင်းရှင်းသပ်သပ်ရပ်ရပ် ရှိတဲ့ အတွက် စိတ်ချမ်းသာရပါတယ်။ ဒါပေမဲ့ အိမ်သာထဲမှာ အမျိုးသမီးသုံးပစ္စည်းထည့်ရင် ၅ သိန်း။ မှန်ကွဲရင် ၁သိန်း၊ ဘေစင်ရေပိုက်ပျက်လျင် ၂ သိန်း။ အိပ်ရာခင်းပြဲလျင် ၂ သောင်း၊ မွေ.ရာအထူပျက်လျင် ၇သောင်းစသည်ဖြင့် စာရင်းတစ်ခုကို ခေါင်းရင်တည့်တည့်ကပ်ပေးထားတဲ့အတွက် သိပ်မလှုပ်ရဲပါ။ စောင်ကို ကိုယ်ပေါ်တင်ပြီး အသာလေးပဲအိပ်ရတယ်။ တော်ကြာပြဲသွားရင် လျော်နေရမှာစိုးလို.။း(

အလာလေယဉ်ကတော့ မိုးတွေရွာနေတဲ့ကြားက ဆင်းပြီးတိမ်နဲ.တိုက်လိုက် ပြုတ်ကျလိုက်နဲ. ဆိုးရွားတာကြောင့် ၁ နာရီခွဲတိတိ ကိုယ့်အသက်ကလွဲပြီး ဘယ်ဒင်းကိုမှ စိတ်ထဲမရောက်ပါဘူး။ တစ်သက်လုံးပေါင်းရင်တောင် ဒီလောက်ဘုရားစာများများမဆိုဖူးဘူးထင်တာပဲ။ ရန်ကုန်ကို အသက်နဲ.ရောက်လာတာ ကံကောင်းပါ။ တိုက်ရိုက် ကားလမ်းမရှိဘူး။ ကားစီးချင်ရင် ကော့သောင်းကနေ ဘိတ် သို.မဟုတ် ထားဝယ်ကို ရေကြောင်းကသွားလို.ရပါတယ်တဲ့။ ပြီးမှအဲဒီကနေ မွန် ကိုဖြတ်ပြီး ၇န်ကုန်ဘက်ဝင်တာပါ။ လမ်းမှာ ဓါးမြပြောတယ်လို. ဝန်ထမ်းတစ်ယောက်က ပြောပြတယ်။ မြန်မာ့လေကြောင်း လေယဉ်ကြီးကြီးလေး ဝယ်နိုင်ပါစေ လို.သာဆုတောင်းပေးရတော့မှာပဲ။

ခိုင်ဝေဇံ

ပြည်တော်ပြန် ခရီးမှတ်တမ်းဂျီး (ဇာတ်သိမ်းပိုင်း)

အီ ပြည်တော်ပြန် ခရီးမှတ်တမ်းဂျီးကို စင်္ကာပူမှ ရန်ကုန်သို. အသွားတွင် စရမည်ဖြစ်ပေသိ မရှောင်သာမလွှဲသာသော အကြောင်းကြောင့် အလွန်တရာမှပင် အမှတ်တရ ဖြစ်ဖွယ် ရှိလှသဖြင့် ရန်ကုန်မှ စင်္ကာပူသို. အပြန်ခရီးဖြင့် အစဖွင့်လိုက်ရတော့သတည်း။ WTF!! :(


ရက်ကား ၁၄ လကား ဒီဇင်ဘာ အနည်းငယ်ချမ်းအေးစပြုလာသည်မှာ မိုးရွားပြီးတည်းကဖြစ်၍ ၂ ရက်နှင့် တပိုင်းရှိပြီ။ အကျွနုပ်သည် မသွားခင်၂ရက်ကမှ သံချဆေး အတင်း force လုပ်၍ အတိုက်ခံထားရဖြင့် သံ ကို မြွေထက်ကြောက်သူဖြစ်သည့်အတိုင်း  သံများပါးစပ်မှ မထွက်စေရန် အလို.ငှာ ရခိုင်တို.ထုံးစံအတိုင်း လည်ပင်းတွင် ထုံးနှင့် ဆနွင်း ရော၍ စည်းသုံးချက်ထားပြီးသကာလ ဒုတိယ အရံအတားအဖြစ် သော့ ၃ ချောင်းကို လည်ပင်းမှာ ဆွဲ၍ တစ်ညလုံးထိုင်နေရ်ခဲ့သည်ဖြစ်ရာ မသွားခင်တနေ.တွင် နုံးချိ၍ နေမကောင်းဖြစ်လျက်ရှိ ၏ ။ လေယဉ်ကွင်းဆင်းချိန်မှာ နေမပွင့်သေးသော မနက်စောစောဖြစ်သောကြောင့် ၄နာရီမှထက ဟိုထုပ် ဒီသိမ်းစသည်များကို ပြုလုပ်ရ ၏ ။ သို.နှင့် ၅ နာရီအတိတွင်  အိမ်မှ ထွက်ခွာရာ ၆ နာရီ မထိုးခင် မင်္ဂလာဒုံ အင်တာနေရှင်နယ် အဲယားပို. ကြီးသို. ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေတော့သည်။  လူအများမှာလည်း တဖွဲဖွဲရောက်ရှိလာကြပြီ ဖြစ်၏။ ပြသနာအစမှာ ဝင်ရမည့် အပေါက်ကို ရှာရခြင်းဖြစ် ၏ ။ အလိုအလျောက်ပွင့်သော အော်တို တံခါးမှ ဝင်မည်ကြံရာ တံခါးမပွင့်သောကြောင့် လူအများရှေ. ရှိုးတိုးရှန်းတန်း အတန်ငယ်ဖြစ်ရ ၏ ။ မော်၍ကြည့်သောအခါ ”တံခါးပေါက်ပျက်နေသည်၊မသုံးရ” ဟူ၍ ရေးထားကြောင်းတွေ.ရဧ။်။ ကွေ.ပတ်ခါ တခြားတစ်ပေါက်မှ ဝင်သွားရဧ။်။ လူများရောက်ရှိနေသော်လည်း ကောင်တာ မဖွင့်သေး။ လူများစုစုရုံးရုံး ရှိနေသောနေရာကို သွား၍  ထိုင်ကြဧ။်။ ထိုင်ရာအနီး တွင် ကောင်တာ တစ်ခုကို တွေ.မိသော်လည်း ဘာသိဘာသာ မေ့မော၍ တောင်တောင်အီအီပြောနေကြလေဧ။်။ လူများ ထိုကောင်တာကို ပိုက်ဆံလေးတွေ ကိုင်လျက် ဝင်သည်ကို မြင်မှ ထိုကောင်တာဖက်ကို တစ်ခေါက်လျှောက်ကာ ကပ်ထားသော စာများကို ဖတ်ကြည့်မိဧ။် ။ ကောင်တာတွင်  "AirPort Service Charge" ဟု စာလုံးကြီးကြီးဖြင့် ရေးကပ်ထားဧ။်။ နောက်ထပ်ကပ်ထားသော စာတစ်ရွက်ကို ဖတ်ကြည့်မိရာ အင်္ဂလိပ်လို  ယူအက်စ် ဒေါ်လာကို စုတ်လျင်၊ ညစ်နွမ်းနေလျင်၊ မှင်စွန်းနေလျင်၊ တိပ် ကပ်ထားလျှင် လက်မခံ ဟု ရေးထားသည်ကို တွေ.ဧ။် ။ တခြားဘာစာမှ မကပ်ထားသဖြင့် မိမိတို. လူမျိုးများ လုပ်ရန်မလို နိုင်ငံခြားသားအတွက်သာဖြစ်သည်ဟု ကိုယ့်ဟာကို ကောက်ချချဧ။်။ နောက်မှ အားလုံးလုပ်ရမည်။ မြန်မာပိုက်ဆံသုံးထောင်ကျသင့်သည်ဟု ကြားမှ နဖူးရိုက်ကာ ဖတ်သီဖတ်သီဖြင့် ပြေးလုပ်ရလေဧ။်။

ထိုနောက် Boarding Pass ရယူရန် အမ်အေအိုင်ကောင်တာသို. တန်းစီသွားရာ ပစ္စည်းများကို စစ်ဆေးသော ကောင်တာကို ဖြတ်ရ၏။ လေဆိပ်သစ်ကြီးပြုပြင်ပြီးမှ ပထမဆုံးရောက်သွားသည်ဖြစ်ရာ အမောင်တောင်မှန်း မြောက်မှန်းမသိ မျက်စိသူငယ်ဖြစ်နေ၏။ စစ်ဆေးသော ကောင်တာ မရောက်ခင် အမင်္ဂလာ ခွေးဟောင်သံ တစ်သံ ကြားရ၏။ ဂိန်ညောင် ဂိန်ညောင်အော်လျင်တောင် ကြားရတာ ကျက်သရေရှိအုံးမည် အနှီ ပဂ္ဂိုလ်သည် အထုတ်များကို စစ်ဆေးသော စက်ထဲသို. ထည့်နေသော ကောင်လေးတစ်ယောက်ကို သံကုန်အော်နေလေ၏။ ဟေ့ကောင် မင်းဘာကောင်လဲ ဘယ်ကလဲ အဲယားပို.စ်ပတ်စ် ပါလို.လား ထွက်သားစမ်း ခွေးမသား စသည်ဖြစ့် လေဆိပ်ကို မှအားမနာ ဆဲရေး၏။ ထို.နောက် ဝတ်ထားသော အင်္ကျီ အကွက်ကို လူအများရှေ.တွင်ပင် ချွတ်ချ၍ စီကျူရတီ ယူနီဖောင်းနှင့်လဲလှယ်ဝတ်ဆင်လေ၏။ နိုင်ငံခြားသား ဧည့်သည်သုံးယောက်မှာ အံ့သြောထိတ်လန်.ကာ လှည့်ကြည့်ကြ၏။ ထိုစဉ် ခွေးဘီလူးကို နက်ကတိုင်ဆွဲထားသော ရုပ်ရည်ရှိသည့် လူဝကြီးတစ်ယောက် လာကာ ညီလေး ဒါအကို.လု အကို တို.အထုပ်တွေဆွဲခိုင်းထားတာ ဟုလှမ်းပြောရာ ထိုခွေးသည် တဝုတ်ဝုတ်အသံ မှချက်ချင်း တအီအီ အစာတောင်းသံလေးကို ပြောင်း၍ နတ်သံနှောကာ အော် ညီလေး မသိလို.ပါအကိုကြီး စိတ်မရှိပါနဲ. တာဝန်အရ မို.လို.ပါ  ညီလေး ဝင်သွားဝင်သွားဟူ၍ သွားဖြဲကာ ပြော၏။ ရုပ်ရှင်ရိုက်လျင် အကယ်ဒမီများရှင် ဖြစ်နိုင်ခြေရှိပေ၏။ နောက်တယောက်မှာ အကျွနုပ်အလှည့်ဖြစ်သည့်အားလျော်စာ ပစ္စည်းများကို တင်လိုက်ရာ အသလွတ်လှမ်းကာ နင်ဘယ်ကလဲ သွားမှာလား လိုက်ပို.တာလား ဘယ်မှာတုံး ပတ်စ်ပို.စသည်ဖြင့် ယဉ်ကျေးစွာ လှမ်းနှုတ်ဆက်လေ၏။ အိတ်ကို ပြန်ယူ၍ ပတ်စ်ပို.ထုတ်မည်ပြုရာ အိတ်တောင် မကိုင်ရသေး အေး ပါရင် ပြီးတာပဲ သွားတော့ ဟုပြောသဖြင့် အလွန်တော်သော် စီကျူရတီဟု မှတ်ချက်ချရ၏။ သို.သော်လည်း ကြည်လင်နေသော စိတ်မှာ ခွေးဟောင်သံ ကြောင့် နောက်ကျိသွားပြီဖြစ်၏။ အမ်အေအိုင်ကောင်တာတွင် တန်းစီနေခိုက် ခုနက ခွေးဘီလူး နက်ကတိုင်ဆွဲကြီးသည် အရှေ.လျှောက်လိုက် အနောက်မျှော်လိုက်ဖြင့် ဟန်ရေးပြလျက်ရှိ၏။ နောက်မှ သေချာကြည့်မိရာ ဒါရိုက်တာကြီး စင်ရော်မောင်မောင် ဖြစ်ပေတော့၏။ ခုမှ မျက်မြင်ကိုယ်တွေ. ရုပ်ရည်မြင်ဖူးသည်ဖြစ်ရာ မေသန်းနုကို အင်မတန်သနားမိလေ၏။  အနှီ စင်ရော်မောင်မောင်သည် အကျွနုပ်ဘေးမှ တန်းစီနေကြသော လူများကို ဗွီဒီယို ရိုက်ရန် ကင်မရာမင်းအား မှာကြားလျက်ရှိ၏။ အပြောကို နားစွင့်ရာ အမ်အေအိုင် ကြော်ငြာရိုက်ကူးရန်အတွက်ဖြစ်ကြောင်းသိရ၏။  အမ်အေအိုင်လေယဉ်မှ ကောင်တာထိုင်မမတို.မှာ နဂိုမျက်နှာကြောက တင်းတင်းကနေ ဗွီဒီယို ရိုက်နေကြောင်းသိ၍ အတင်းမျက်နှာချိုထားသော်လည်း ချိုပုံမကျ သဖြင့် ဒါရိုက်တာမှ ညီမလေး နည်းနည်းပြုံးလေ ဟု ၃ ခေါက်တိတိ ပြောယူရ၏။ ခရီးသည်မှာ ဘုမသိ ဘမသိ ရိုက်ခွင့်လည်းမတောင်း ပဲ မျက်နှာနားကပ်၍ ကင်မရာကြီး ဗြုန်းခနဲရောက်လာသဖြင့် တောင်ပြေးရမလိုလို မြောက်ပြေးရမလိုလို ဖြစ်ကုန်၏။ ဒါရိုက်တာမ အန်တီ ပြုံးပြုံးလေး နေပါအုံး ဟု လိုအပ်သည်များကို ညွှန်ကြားပြသနေရာ ခရီးသည်မှာ စိတ်ပိန်ကာ ပြုံးမဲ့မဲ့ကြီးဖြစ်နေလေ၏။

ထိုနောက် ကံကောင်းလှစွာသော အကျွနုပ် အလှည့်သို.အရောက်တွင် အဲယားပို. ကြီးတစ်ခုလုံး မီးပျက်သွားတော့၏။ မျက်ထားတင်းသော ကောင်တာ မမသည် မာန်အနည်းငယ်လျှော့ကာ ဆောရီးနော် မီးပြတ်သွားလို. စစ်စတမ်ကျသွားတယ် ဟု တောင်းပန်စကားဆိုလေ၏။ ၂ မိနစ်ခန်. အကြာတွင် မီးပြန်လည် ရလာ၏။ ၄င်းနောက် အကျွနုပ် မှာ အလွန်တရာ ခေါင်းခဲဖွယ်ကောင်းသော ပြသနာနှင့် ထိပ်တိုက်ကြုံရတော့လေသတည်း။ ဖြစ်ပုံမှာ ဒီဖောင်း ( D Form) လုပ်မလာမိခြင်းဖြစ်၏။ မိမိပေါ့လျော့မှုနှင့်ဆိုင်သော်လည်း မြန်မာပြည်ကို မပြန်သည်မှာ ကျောင်းသားဘဝတည်းက ဖြစ်၍ ပြန်သောအခါတိုင်း ဒီဖောင်းလုပ်ရန်မလိုခဲ့။ သတိလည်းမထားမိဘဲ မေ့မေ့လျော့လျော့နေခဲ့သည်ဖြစ်ရာ ထိုကျမှ ပြသနာတက်ပြီဖြစ်ကြောင်းသိ၏။ အနည်းငယ်စိတ်ပူလာကာ ပတ်ဝန်းကျင်ကို သတိ မထားနိုင်ပဲ ဟိုမေးဒီစမ်းနှင့် ပြသနာကို ဘယ်လိုဘယ်ပုံ ရှင်းရမည့်အကြောင်းကို မေးမြမ်းစုံစမ်းမိ၏။ ထူးဆန်းသည်မှာ ကောင်တာမမသည် မေးသမျှကို ဖြေ၍  မျက်နှာက သကာကဲ့သို.ချိုထားကြောင်းဖြစ်၏။ အင်မီဂရေးရှင်း အော့ဖစ်စ်ကို သွားပါဟူ၍  ဖြေလိုက်၏။ သူတို.သဘောတူက Boarding Pass ထုတ်ပေးမည် မတူလျှင် ထုတ်၍ မရဟူ၏။ စိတ်တွေမူးဝေနောက်ကျိလာပြီး အလောသုံးဆယ် လှည့်ထွက်လိုက်ရာ မျက်စိမှာ စူးရှသွား၍  ဘယ်တုန်းက ဘယ်လို ရောက်နေ မှန်းမသိသော ကင်မရာကြီးကိုတွေ.ရ၏။ သည်တော့မှာ ကောင်တာ မမ မျက်နှာချို ရခြင်းအကြောင်းရင်းကို သဘောပေါက်လေ၏ ။

သို.သော်လည်း Boarding Pass မရသေးသဖြင့် ဘာကိုမှ ဂရုမစိုက်နိုင် ဗိုက်ကလေးကိုတောင် ရှပ်အောင် အသက်မအောင့်နိုင်ပဲ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် အင်မီဂရေးရှင်း အော့ဖစ်စ်သို.ပြေးရလေ၏။ အင်မီဂရေးရှင်း ဝန်ထမ်းတစ်ယောက်နှင့်လမ်းတွင်တွေ.ရာ သူကရှင်းပြ၏။ ဒီလိုလေ ဒီဖောင်းဆိုတာက စသည်ဖြင့် ရာဇဝင်ကို စာတင်၍ ရှင်းပြရာ တရားနာရလေ၏။ နောက်ဆုံးမှ လိုရင်းကို ရောက်၏။ ဦးတို.ကူညီနိုင်တယ် နှစ်သောင်း ဟူ၏။  သို.နှင့် သူခေါ်သွား၍ သူ.ရုံးခန်းကို ရောက်ရှိသွားရာ အိမ်သာနား အကြိုအကြားတွင် လေးပေပတ်လည်မျှရှိသည်ဟု ခန်.မှန်းရသော ခမ်းနားလှသည့် အင်မီဂရေးရှင်း အော့ဖစ်စ်တော်ကြီးကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ.ရလေ၏။ ဝင်သွားရာ ” ဆရာ ဒီမှာ ပါလာပြီ စောစောစီးစီး ဒီဖောင်းလုပ်မလာလို.တဲ့” ဟူ၍ အရေးတယူမိတ်ဆက်ပေးခြင်းကို ခံရလေ၏။ အောဖစ်ဆာ ဟုထင်ရာသူမှာ ဥပဓိရုပ်ကောင်း၏။ ညီမက ဘာလို. မလုပ်လာရတာလဲ ဟုအေးအေးဆေးဆေးပြောသဖြင့် အားတက်ကာ မသိနားမလည်ကြောင်းရှင်းပြရလေ၏။ ထိုနောက် မိမိကိုယ်ကို အသက်သိပ်မကြီးသေးဟု ထင်သော လူမျိုးဖြစ်သည့်အားလျော် အမှန်တကယ် လူသက်နှင့်တွက်လျင် ကိုယ့်ထက် ၄ နှစ်လောက်ကြီးမည်ထင်ရသောသူကို ဦးဟု ခေါ်မိရာ ဒီရုပ်နဲ. ဒီရုပ်နဲ.ကိုများ ဦးဟုခေါ်ရဲသလားဟု စဉ်းစားမိ၍လား မဆိုနိုင် မျက်နှာမှာ နေထိသောပန်းသို. နွမ်းသွားလေတော့၏။ ထိုမှ အစပြု၍ စကားပြောအဆင်မပြေတော့။ လိုရင်းမှာ လိုက်ပို.သောသူများ မပြန်သေးလျှင် ပြန်ခေါ်လာရန် ဖြစ်၏။ ထိုနောက် နားမလည်၍ ပြန်မေးမိလျှင် ငါခုနက ညဉ်းကို ပြောထားတယ်လေ မမှတ်မိဘူးလားဟူ၍ ပြန်ပြော၏။ ဘာမှလည်းသူက ရေရေရာရာ မပြောပြသဖြင့် လူမှာ ကိုယ့်ကိုယ်ကို နလပိန်းတုံးသကဲ့သို. ခံစားရလေ၏။ ထိုနောက် ဖတ်သီဖတ်သီ ပြေးကာ အမေ့ကို ပြန်ခေါ်ရ၏။ ကိုယ့်သမီး အကြောင်းကိုယ်သိ သောမိခင်မှာ လေယဉ်ထွက်မှ ပြန်လေ့ရှိသဖြင့် စောင့်နေမည်ကို သိပြီးသားဖြစ်၏။ ထုံးစံအတိုင်း အပူလွှမ်းသော ဘာပြသနာဖြစ်ပြန်ပြီလဲမသိဘူး ဆိုသော မျက်နှာပန်းဖြင့်ပြေးလာ၏။ ထို.နောက် လေယဉ်ကွင်း အတွင်းထဲကို ဝင်ရသော ဝမ်းတူး ကဒ် ဆိုသော ကဒ်ပြားကို မှတ်ပုံတင်နှင့် လဲလှယ်ရယူရန်ဖြစ်၏။ ထိုမှာ အရစ်ခံရသေး၏။ ဝန်ထမ်းကဒ်ပါမှ ပေးမယ် လုပ်နေသဖြင့် အင်မီဂရေးရှင်း နှင့် ကိုင်ပေါက်မှ ကဒ်ကို စွန်.ကြဲတော်မူ၏။ ထိုနောက် အင်မီဂရေးရှင်း အော့ဖစ်စ် ကို ပြန်ပြေးရပြန်၏။ အောဖစ်ဆာမှ ဘာကြောင့် Boarding Pass မယူလာရသလဲ ဟု မာန်တော်မူ၏။ အမေကပါ ဝိုင်းဆဲသဖြင့် သူမှ မပြောတာ ယူရမယ်လို. ဆိုတော့ အမေ့ကို ပြန်ပြောရာ ကိုယ်တော်ချောမှာ ဆတ်ဆတ်ခါူ၍ နာတော်မူက ”နင့်ကို ငါတို.က လက်မှတ်မထိုးပေးရင် နင်ငိုယိုပြီးပြန်သွားရမယ် နားလည်လား“ စသည်ဖြင့် ချိုချိုသာသာပြောလေသည်။ ထိုနောက် Boarding Pass ကိုပြေးယူကြရပြန်သည်။ ပြီှးမှ အပေါ်ပြန်တက်၍ ရုံးပြန်သွားရပြန်ရာ ဒီမှာ ခဏစောင့်ဟုပြောကာ တခွန်းမှပင်မဟ လှည့်လည်းမကြည့်ဘဲ အမျက်တော်ရှနေလေတော့၏။ အကျွနုပ်က လည်း ပါးစပ်ဆတ်ဆော့ကာ ဘယ်လောက်ထိ စောင့်ရအုံးမှာလဲ လေယဉ်က ၈ နာရီနော် ဟုသွားမေးရာ လူကြီးကို စောင့်ရအုံးမှာ သူ.လက်မှတ်ပါမှဖြစ်မှာ ဟု ခပ်ထန်ထန်ပြော၏။ လူကြီး ဘယ်သူလဲဟု မေးလိုက်ရာ ဦး xx နင်သိလို.လား ဟု ခပ်ရွဲ.ရွဲ.မေး၏။ သိဘူးဟု ပြန်ဖြေလိုက်ရာ ကြောင်ကြည့်နေလေ၏။ 

အမေ့မှာ ဘယ်လိုလုပ်ပေးရမလဲ မသိဘူး သား စသည်ဖြင့် မြန်မာပြည်သူ ပီသ်စွာ မျက်နှချိုသွေးနေလေသည်။ မရတော့ ပြီ လူကြီးနှင့် ကိုင်ပေါက်ချင်သည်ဟု အထင်ရသွားသဖြင့် ဘုကြီးပဲ ကျနေတော့သည်။ အမှန်က ကိုယ်က ပါးစပ်ဆော့ပြီး သွားမေးတာ။ လူကြီးဘယ်တော့လာမလဲဟု သွားမေးရာ မသိဘူး ဟုဖြေ၏။ လေယဉ်အချိန်မီပမလားဆိုတော့  မပြောတတ်ဘူးဟု ဆို၏။ အမေကား မျက်နှာပျက်နေပြီ။ သည်အချိန်တွင် လူကြီးဝင်လာလေ၏။ ဘာဖြစ်ကြတာလဲ ဟုဆို၏။ ထိုနောက် ပတ်စ်ပို. အားကြည့်ကာ အော် စစ်တွေကလားဟု မေး၏။ စစ်တွေအိမ်နှင့်ကပ်လျက် လဝက ခြံဝင်းကြီးဖြစ်ကြောင်း သတိရလာ၏။ အမေက ဒီိထိပ်ပြောင်ကို မြင်ဖူးတယ် ဟူသောအကြည့်နှင့် လက်ကုတ်၏်။ အေးအေးဆေးဆေးပဲ ပြောကာ လက်မှတ်ထိုးပေးလိုက်၏်။ စစ်တွေဘယ်မှာနေလဲ ဆိုတော့ ဂေါက်ကွင်းနားမှာ ဟုဖြေရာ ခေါင်းတညိတ်ညိတ်နှင့် လုပ်နေကာ ကဲကဲ နောက်ကျနေမယ်သွား ဟုပြော၏။ အမေ့ဖက်သို.လှည့်ကာ တွေ.လား လူကြီး က သဘောကောင်းပါတယ်  အောက်ကလူတွေကသာ မပြည့်အိုးဘောင်ဘင်ခတ်တာ ဟူ၍ ရသလောက်နှက်ပြီး လူကြီးကန်မထုတ်မီ ကော့ကော့ ကော့ကော့နှင့် ရှေ.က ပြေးနှင့်၏။ အမေကား မျက်နှာ ထားစရာမရှိ မျက်နှာငယ်အောင်လုပ်သွားသော သမီးဖြစ်သူကို လက်ပင်မပြပဲ အမျက်တော်ရှကာ ပြန်သွားလေတော့၏။

အင်မီဂရေးရှင်း ကောင်တာတွင် တန်းစီရပြန်၏။ ကောင်တာရှိ ကိုကို မများမှာ တလောက လုံးသူ.ဆန်စားနေရသောမျက်နှာများဖြင့်ဖြစ်၏။ ပေါင်မုန်.စားသော အင်္ဂလိပ်များကို မူ အထူးတလည် ပြုံးပြကြ၏။  ထိုငရဲခန်းကို ဖြတ်ကျော်ပြီးသောအခါ အမ်အေအိုင် လေယဉ် ဂိတ်အထိကို သွားလို.ရပြီဖြစ်၏။ စောင့်၍ မကြာမီ အချိန်အတွင်းမှာပင် ပုတု ကွတ ခြေသိမ်ဖင်လိမ် နှာယောက်ကောက် နာဖူးမောက်သော အမ်အေအိုင် လေယဉ်မယ်တို.သည် အလိမ့်လိမ့်အလူးလူးဖြင့် လှိုင်းမူးသကဲ့သို.  လမ်းလျှောက်လာကြကုန်၏။ မကြာသော ကာလအတွင်းမှာပင် လေယဉ်တက်ခွင့်ရရှိရာ လေယဉ်တက်သော လမ်းတလျှေက်တွင် ဝန်ထမ်းသုံးဦးတို.အား ၃ ခေါက် လေယဉ်မောင်မယ်များကို နှစ်ခေါက်ခန်.စီ မိမိတို. ကိုင်ဆောင်လာသော ပတ်စ်ပို. နှင့် လေယဉ် ခုံနံပါတ်ကို ပြသကြရလေ၏။ အားလုံးကလည်း လေယဉ်လက်မှတ်ကို ကြည့်ကာ လေယဉ်အတွင်းဘက်သို. လက်ပြ၍ ဒီဘက်မှာပါရှင် ဒီဘက်မှာပါခင်ဗျာဟူ၍ ပြောကြကုန်၏ ။ အံ့ဘွယ် ဆားဗစ်ပင်ဖြစ်တော့၏။

ထူးထူးဆန်းဆန်း လေယဉ်မောင် ၃ယောက်တွေ.သဖြင့် အံ့သြမိသေး၏။ မြန်မာလေယဉ်မောင်များမှာ ထူးဆန်းလှသည်။ ချောတဲ့တစ်ယောက်က ပေမမီ ဒေါက်မမီ၊ ပေမီဒေါက်မီတယောက်က မချောစသည်ဖြင့်လက်ရွေးစင်တွေ ရွေးထားပုံရသည်။ မြန်မာပြည်မှာ ချောတဲ့သူ ဒီလောက်ရှားရော့သလားဟု ကြားထဲက ရင်နာမိသေး၏။ တယောက်သော လေယဉ်မောင်မှာ စိတ်ပုတီးစက်ကလေး တချပ်ချပ်ဖြင့် လေယဉ်ကို သုံးပတ်ပတ်၍ လမ်းလျှောက်ကာ ပြန်ဝင်သွား၏။ အော် ဘေးအန္တရာယ်ကင်းအောင်နေမှာပေါ့ကို သာဓုခေါ်ရ၏။  လေယဉ်မောင်၊မယ် တို.သည် အလွန်ထူးဆန်းသော နားထောင်၍ ကောင်းသည့် အင်္ဂလိပ်စကား တစ်မျိုးဖြင့် လေယဉ်တွင် announcement များပြုလုပ်ကြ၏။ အင်္ဂလိပ်များကို တိုင် စူးစူးစိုက်စိုက် ကြီးနားထောင်လျင်တောင် နဝေတိမ်တောင် ဖြစ်နေပုံ ပေါ်ကြသဖြင့် အတော်အဆင့်မြင့်သော အင်္ဂလိပ်စကားပေပဲဟု  ကောက်ချက်ချရ၏။ တစ်ခါ ဘေးနားမှ အညာသား မြန်မာရုပ် စစ်စစ်ကြီးနှင့် ကွမ်းစားတတ်သော ဦးလေးက ငပိသံဖြင့် အင်္ဂလိပ်ကို ပြောကာ လေယဉ်မယ်လေးမှလည်း ငပိသံဖြင့် ပြန်၍ပြောကာ ဘာလိုမှန်းမသိ ပတ်ချာလည်ရိုက်ကုန်ကြ၏။ ဘီယာတစ်ခွက်လို.ပြောပါက ပြီးမည့်ကိစ္စကို အနှီဦးလေးမှ one cup of beer ဟုပြောကာ ဂေါ်လီရိုက်ကုန်ကြသည်မှာ မနေနိုင်သော ကိုယ်က ဝင်၍ ဥိးလေးက ဘီယာသောက်ချင်တာတဲ့ အမဟု ဗမာနှစ်ယောက်ကို ဗမာလို ဘာသာပြန်ပေးလိုက်တော့မှ ရပ်သွားကြ၏။ အံ့ဘွယ်သုတပဲ။ ဒီဒုက္ခတွေကို ဘယ်နှစ်နှစ်လောက် ကြာကြာခံရအုံးမလဲမသိ။ တခေါက်သွားရင်တစ်ခေါက် စိတ်ကုန်ရ၏။ အိမ်း ဒီလောက်နဲ.ပဲ ပြန်တော်ပြန်ခန်း ဇတ်လမ်းရဲ. ဇာတ်သိမ်းပိုင်းကို အရင်တင်ပြပေးလိုက်ပါ၏။ ဇာတ်လမ်းအစကတော့ နောက်များမှ ပေါ့နော။း)

ခိုင်ဝေဇံ

စာမေးပွဲလား လာထား။

သန်ဘက်ခါ စာမေးပွဲ စစ်တော့မယ်။ စိတ်ဓါတ်ပဲကျရမလား ဂုဏ်ပဲယူရမလားတော့ မပြောတတ်ဘူး။ စာတစ်လုံးမှ မလုပ်ရသေးပဲနဲ. လုံးဝ စိတ်ပူခြင်း Stress ရခြင်း မရှိပါဘူးခင်ည။ အလုပ်မယ် စက်ပြင်နေတုန်းဆိုရင်တော့ ဟာ ဒီအချိန်ကြီး ငါစာလုပ်ရမှာကွာ လို.စိတ်ပေါက်ပြီးတော့ တကယ့် တကယ် အချိန်ရ ရင်တော့ ငါ CSI လေး ကြည့်လိုက်ပါအုံးမယ်လေး ဘဲဘဲဆီ ဖုန်းဆက် ချင်သေးတယ်လေး (တစ်နေ. ၁၀ ခါလောက်) နဲ. အချိန်ကုန်ပါတယ်။ အဲဒါတွေ ပြီးလို. စာအုပ်ကလေး ကိုင်လို. ငါးမိနစ် ၁၀ မိနစ်များပြည့်ရင် သေးပဲ ပေါက်ချင်သလိုလို အီးပဲ ပါချင်သလိုလို ဟိုနားက ယားသလိုလို ဒီနားက ကိုက်သလိုလို  ဗိုက်ပဲဆာသလိုလို နဲ. ဖြစ်လာပြီး ဖင်ဂဏှာမငြိမ်တော့ပါဘူး။ အဲ စာလုပ်တာ နာရီဝက်များပြည့်သွားလို.ကတော့ တခါတည်း မောပန်းပြီး ၈နာရီ ၉နာရီလောက်အိပ်ပါတော့တယ်။ ဘ၇န်းကြက်ပေါင်းရည်သောက်လို.လဲ အားလွန်ပြီး သေတော့မယ် သောက်ပြီးစာလုပ်တယ်ဆိုတာ မရှိဘူး။ သောက်ပြီးရင် တန်းအိပ်တော့တာပဲ။ စားလို.တယ် ကောင်း အိပ်လို.တယ်ကောင်း (စာအုပ်ကိုတော့ အမြဲတမ်းခေါင်းခုအိပ်တယ်၊ အလေးထားတယ် ဆိုတဲ့ သဘော၊ တရေးနိုးရင်ချက်ချင်းစာအုပ်ကောက်ကိုင်မယ်ဆိုတဲ့ သဘော၊ တရေးကလဲ ဘယ်တော့မှမနိုး) ။

ခုမနက်ထိ စိတ်မပူသေးပါဘူး။ မနက်ဖြန်ညနေဆိုရင်တော့ ခေါင်းမီးနည်းနည်းတောက်မယ် ထင်တယ်။ သဘက်ခါ စာမေးပွဲဆိုတော့ မနက်ဖြန်မှ ခေါင်းမီးမတောက်လဲ သေဖွယ်သာ ရှိကြောင်း။ ကိုယ်စာမေးပွဲ ဖြေသရွေ. ကျမယ်လို. မယုံတာက ခက်တယ်။ အဟင်း။  (ဖင်ခေါင်းကျယ်တာမဟုတ်)   အမေ့ကို ယတြာချေခိုင်းထားတယ်။  အမေကလဲ စာမေးပွဲနီးတာနဲ. ယတြာကိစ္စ ပြောစရာမလို အဆင်သင့် စီစဉ်ပြီးသား။ အဲဒါ ဆယ်တန်းကတည်းက အကျင့်။ ဆယ်တန်း တုံးကတော့ ဘယ်ပြောကောင်းမလဲ။ လုပ်လိုက်ရတဲ့ ယတြာတွေများ အမေ့မှာဆို အားကို မအားပါဘူး။ တလလောက်တည်းက ကြိုလုပ်တာလေ။ ကိုယ်က မလုပ်စေချင်ဘူး။ ကိုယ်ထူးထူးချွန်ချွန်အောင်ခဲ့ရင် ယတြာကောင်းလို. အောင်တာလို. အပြောမခံချင်လို.။ အမေကတော့ စာမေးပွဲမတိုင်မီ အနှောက်အယှက် အက်စီးဒင့်တွေ မဖြစ်အောင်လို. အကြောင်းပြတယ်။

မှတ်မိပါသေးတယ်။ စာမေးပွဲမတိုင်မီတစ်ပတ်လောက်ထဲက ခေါင်းအုံးထဲမှာ ဘာအရွက်တွေမှန်းမသိ အရွက်ခြောက်တွေ ထည့်အိပ်ရတယ်။ ဟိုဘက်လှိမ့်လိုက်ရင်လည်း ဂျိုးဂျိုးဂျွတ်ဂျွတ် ဒီဘက်လှည့်လိုက်တော့လည်း ဂျိုးဂျိုးဂျွတ်ဂျွတ် နဲ. ကိုယ့်မှာ လည်ပင်းအရိုးကျိုးတယ်လို. ခဏခဏ အိပ်မက်မက်သေးတယ်။ ပြီးတော့ အနောက်ဘက်ကိုလား မြောက်ဘက် လားမသိဘူး လှည့်ပြီး စာကျက်ရတယ်။ နေဘယ်ကလာလာ မရဘူး အဲဘက်ကိုပဲ လှည့်ရမယ် ညနေစောင်းတော့ အခန်းက နေရောင်ရှိသေးရက်နဲ. နေရိပ်လို. ကွယ်နေရင် ဖယောင်းတိုင် ထွန်းပြီး ငုတ်တုတ်ကျက်ရတာ။ ဆယ်တန်းစာမေးပွဲ တုန်းကဆို ကိုယ့်ထက်အမေတို.က ပိုပြီး စိတ်လှုပ်ရှားတယ် ထင်တာပဲ။ အဲဒီတုန်းက သွားဖြေရတာ အထက ၂ လား ဘာလားမသိပါဘူး စစ်တွေမှာ။ ဂျစ်ကားကို ၅ ရက်လုံးငှားထားတာ။ ကိုယ့်အိမ်မှာ ကားမရှိတော့ သွားရေးလာရေး ကြန်.ကြာမှာကြောက်လို.။ တက္ကစီရှိတဲ့ ခေတ်မဟုတ်ဘူးနော်။ ကားငှားတယ်ဆိုတာ သင်္ကြန်တို. ခရီးသွားတို.မှ ငှားကြတဲ့ခေတ်။ 

အဲဒီတုန်းကတောင်သိပ်စိတ်လှုပ်ရှားခဲ့တာ မဟုတ်တော့ ခုလို ခြောက်လတစ်ခါ စာအုပ်ဖွင့်ဖြေရတဲ့ စာမေးပွဲ အတွက်  ရင်ခုန်ဖို.ဆိုတာ ဝေးရောပေါ့။  ဟိုတစ်နေ.က မေးခွန်းဟောင်းတစ်စုံဖြေကြည့်တာ ၂ ရက်ကြာတယ်။ ဖြေရမှာက ၂နာရီ စာမေးပွဲ။ ဟုတ်နေတာပဲ။  ဒါလည်း အကြောက်အလန်.မရှိသေးဘူး။ ကိုယ်စာမေးပွဲဖြေတဲ့အခါ စာရ မရသိချင်ရင် စာမေးပွဲဖြေခါနီး ၁နာရီလောက်အလိုမှာ ကိုယ့်ကို လာကြည့်ပါ။ Condition ၃ ခုတွေ.နိုင်တယ်။

  1.  ဂုဏ်ထူးရှင်လိုလို စကောလားသမားလိုလို သိပ်ပြီးအရေးမစိုက်သလိုလို အေးအေးဆေးဆေး လက်လေးပိုက်ပြီး ရယ်လိုက်မောလိုက် ဆရာကြီးစတိုင် ဆိုရင်တော့ အဲဒါသေချာတယ် စာမလုပ်ထားလို.ပါ။ လက်လျှော့ထားတာ။ ဘာလာလာ ညာလာလာ ထင်ရာ မြင်ရာ ဖြေမယ် ဆိုတဲ့သဘော။ အောင်ချင်အောင် မအောင်ချင်ကျ ကျရင် ထပ်ဖြေမယ် ဆိုတဲ့ သဘော။
  2. အတင်းအားဒမ ဟိုစာအုပ်ကို ဗြန်းဗြန်းကွဲ လှန် ဒီစာအုပ်ကို ဗြန်းဗြန်းကွဲလှန်၊ တတွတ်တွတ်နဲ. နတ်ကတော် နတ်ပူးသလို ပါးစပ်က ပွစိ ပွစိ၊ လက်တွေကလဲ တစ်ချောင်းထောင်လိုက် နှစ်ချောင်းထောင်လိုက် သုံးချောင်းထောင်လိုက်ဆိုရင် အဲဒါ စာနည်းနည်းရတာ။ ဘီ ဂရိတ်လောက်လုပ်ထားလို. အေလေးရလိုရညား တက်ကုန်ဖွင့်နေတာ။ ကိုယ့်ဦးနှောက်က နီးလာလေ ပွင့်လာလေ ဆိုတဲ့အမျိုး ဆိုတော့ မှတ်မိတယ်ဗျား။ 
  3. အဲ တပြုံးပြုံးနဲ. စာရွက်လေး တစ်ရွက် နှစ်ရွက် လောက်ကို ကိုင်ပြီး ဟိုနားလေး လှန်လိုက် စကားလေး လှမ်းပြောလိုက်နဲ. ဟိုကြည့်ဒီကြည့် ဆိုရင်တော့ အဲဒါ စာလုပ်ထားတယ် ငါအပီပဲ ဆိုတဲ့ သဘော။ စာရွက်လေးက နုတ်စ်လေးတွေ ထုတ်ထားတာ။ စာအုပ်တွေ ဘာတွေလှန်စရာမလိုဘူး။း) ပိုင်တယ် လို.ဆိုလိုတယ်။
အဲလို အဲလိုတွေဖြစ်နိုင်နကီးပါတယ်။  အဲလို Conditionသာကွဲသွားတယ် ထွက်လာတဲ့ Result ကတော့ သိပ်မထူးဘူး။ ဘီလောက် ပဲ။ ဟီးဟီး။ သူများတွေလိုသာ အသေလုပ်ကြည့်ပါလား Flying rainbow Color တွေနဲ. အမှတ်တွေ ထွက်လာလိမ့်မယ်။ ကိုယ်စာလုပ်တယ် ဆိုတာ သူများတွေ စာအုပ်ကိုင်ကြည့်တာလောက်ပဲရှိတာ (ဂရိတ်တွေသာ သိပ်မကောင်းတာ ကိုယ့်ဟာကိုယ် အထင်ကြီးတာက တပြားဖို.မှ မလျော့သွားကြောင်း တွေ.ရှိရ)

အင်းခုလဲ  စာမေးပွဲ ပဲ အယင်ပြီးချင်နေတယ်။ ဂရိတ်တွေဘာတွေတောင် သိပ်ဂရုမစိုက်ချင်တော့ပါဘူး။ ဂရိတ်ထွက်လာ ယင်လဲ ပြောပြဖို.  စိတ်ကူးမရှိဘူး ဟီး ရှက်လို.။ ဘီလောက်မရယင်တော့ ဘဲဘဲ ကိုဒီစင်မန်စတာ ဘီရအောင်လုပ်မယ် လို. ပေးထားတဲ့ ဂတိလေး ပျက်တော့မှာ လို.တော့ တွေးမိသား။ ဒီကနေ. အဖို.ကတော့  သင်္ချာတွေနဲ. နပန်းလုံးရ အုံးမပေါ့ကွယ်။

ဟဟ အရှေ.က ဂျီးနီးယပ်စ်တွေ လုပ်သွားတာ အဲဒါ။ ကိုယ်လဲ အခု အဲဒီကိန်း ဆိုက်ပြီနဲ. တူတယ်။ ဒီဖော်မြူလာ သုံးပြီး တွက်နေရတာ မို.ပါ။
 စာသာမရတယ် ဒီနှစ် သင်္ချာ  ၃ ဘာသာ ယူထားတာနော်။ သိပ်ခေတာ မဟုတ်ဖူး။ အောင်မအောင်တော့ မပြောတတ်။း)

ကဲ အားလုံးပဲ သာမီး စာမေးပွဲ အောင်အောင် ဝိုင်းဝန်းပြီး မေတ္တာပို.သပေးကြစေလိုပါတယ်ရှင်။

ခိုင်ဝေဇံ

Super Duper Romper


I am dying to get my hands on cute cute rompers. I love them. Singapore has best weather to wear rompers all the time.  Singapore weather is so unpredictable but most of the time,  its spring all year round. No winter dresses will be needed for sure. I like wearing shorts. No miniskirt. I hate the feeling of insecurity when I wear miniskirt. Why not shorts instead of miniskirt? At least you dont have to worry about exposing ur crotch lah. But  I hate daisy duke kinda shorts as well cuz that's too short for me (almost exposing butt cheeks and trust me that's not a pretty sight) and kinda make you look like a bar girl and cheap. Hot pants are not designed for all women, okie?  Some girls can rock it, some just sink to the pit. But when you are myanmar girl, trust me, you dont want to wear  a denim hot pants. How spectacular is your legs? How even is your skin tone around your upper thigh and butt area? I seldom see any Myanmar girl wearing hot pants and looking good so please dont try if possible. 
Even thou, I dont like wearing skirts, I like easy breezy feeling of wearing them and the comfy that comes with it. So the perfect option for me is the romper. Those floral rompers, I have one cheapstake one from Bugis Street Village. Honestly, I dont think it is a perfect fit for me but it is just too comfortable not to wear in a bright sunny day. And I also dont think that a short girl can look that good in romper but when you are short, you wont look good in almost everything so I dont even care the fact that I am only 5" 2'.  I really really want a shopping tour around Singapore to look for rompers when my sis got time and of cuz, when I have some extra budget.  I was browsing  thru Lulus online shop and Here I present My fav rompers that I wish I have.
























The first one is my favorite and really the cuteness to die for.  Haiz, When 's my pay day ah?  :( Now only 10th of Nov. :(


Khine Wai Zan

Maid from Hell??? No, Employer from hell!!

It has been such a long time I last wrote a post in english. Well today, as I cant wait untill I go back home to write in burmese, I will just write in english.

I once wrote a blog post about my concern regarding the increasing number of Myanmar girls coming to Singapore to work as maids.  Nothing wrong with working as a maid but I believe that most of the girls are cheated by agents and forced to work as maids. Most of them have degrees and are well educated. But of cuz, their english competency is not that up to the standard and they would probably have difficulty to communicate with their employers. Most of the employers describe Myanmar Maids as irresponsible and rather dumb and that they have attitude problem.  Communication and cultural difference must be a real problem between the two parties I guess.

I read an article in stomp.com.sg about a young Myanmar Maid who is posting sexy photos of herself in Facebook. She is only 22. Her racy photos are posted by her employers in newspaper together with one sided story claiming she is giving her employer addresses and her employer schedules to everyone. Employer mentioned that the maid claimed herself as University Student in her facebook profile. She used her employer 's 10 years old son hand phone to take picture of herself and to post @ facebook using their laptop. Her name is mentioned in the post as Sarad.

Let me tell you why I think this story is rubbish.

  •  If her name really is Sarad, I am very sure she is not Myanmar. Who the hell in Myanmar have a name called Sarad?  Possible name should be Sandar, Sandra(rare). If the spelling is wrong, shame on that employer not even knowing their own maid's name .
  • She is only 22, young and pretty. We girls always like to take photo of ourselves for some unexplainable reasons. It is normal for her to take pic of herself. Camwhoring should I say! I am not even defending her. I am just saying it is just girls' natural habit.
  • If she happens to be Myanmar, I believe she wont post her photo  wearing a bra in Facebook. Which Myanmar girls does?? Wearing sexy clothing is something possible but a bra?? NOOOOO WAYYYY!  So why is her photo with a bra posted in Newspaper.. By the employer of cuz. She just had fun @ one silly moment and took some stupid pics. But it is very unethical of the employer to humiliate the poor girl  in public like that. This is not the first time the employers purposely posted their maid photos to humiliate them. I found quite a couple of times and usually the newspaper will proudly present with two full pages article about the one sided story.
  • It is mentioned that she claimed in facebook that she is a university student. If that is true, how on earth will she expose her employer address and schedules?? Dont you find those points very contradicting? If she told others that that's her address then it makes sense. 
  • The story said she was having a fling in facebook with somebody she never met before. Dont we all have internet love fling??? So have I. So have other girls. This is not her fault. This is natural call for her age.  I am sure no Myanmar maid will flirt with workers and security guards. I am glad that she has higher standard. 
  •  I feel really upset whenever this kind of intentional public humiliation happened to defenseless girls who are working alone in oversea. May be they are silly but they are definitely getting bullied. I am OK with the story even when it sounds one sided. But to expose her photos?? I am extremely disgusted by that kind of behavior.
  • Let me share the photos of the girl because she is hella cute in my opinion.  I got the photos from STOMP. I am not trying to defame her. I believe she does nothing wrong other than some silly mistakes that all youngsters does at times. I wish for her all the best and want to urge her to stay strong.

Original story can be read @  http://singaporeseen.stomp.com.sg/stomp/sgseen/caught_in_the_act/468076/maid_from_hell_she_posts_sexy_pics_and_employers_details_online.html#commentSection

 Khine Wai Zan

တွေးမိသမျှ

ဘယ်ခွေးမှလူမထင်ဘူးကွဆိုတော့ ရိုင်းတယ်တဲ့။ ဒါဆို လူအားလုံး ခွေးထင်တယ်ကွာဆိုတော့ စော်ကားတာတဲ့။ ဒါဆိုခွေးအားလုံးကို လူထင်တယ်ကွာဆိုတော့ အဓိပါယ်မရှိတာတဲ့။ အော် လူတွေလူတွေ။ အကောင်းကို မမြင်တတ်ကြဘူးကိုး။း)

ပထမဆုံးခြေလှမ်း xxx Skin Care သင့် မ Care သင့်

အင်း  ဒီရုပ်ဒီရည်လေးနဲ. Skin care အကြောင်းကိုရေးမယ် ဆိုလို. လန်.မသွားကြပါနဲ.အုံး။ ဟီးဟီး။ မှီငြမ်းကိုးကားပြီးတော့ရေးတာပါ။ ဘလိုင်းကြီးမရေးဘူး။

ကိုယ်က မိတ်ကပ်မပြင်တတ်ပါဘူး။ သိပ်လည်း ဝါသနာမပါသလို မိတ်ကပ်ပြင်ရင်လည်း ထူးခြားပြီး လှမလာတဲ့ အတွက်ပါ။ ဒါပေမယ့် Skin care ကိုတော့ မိန်းကလေးတွေအားလုံး ( ယောက်ျားလေးတွေတာ တတ်နိုင်ရင်ပေါ့) အတိုင်းအတာ တစ်ခုအထိ လုပ်သင့်တယ် လို.ထင်တယ်။ အရေးလေး နည်းနည်း ပိုစိုက်ပေးတာလောက်ပေါ့။ အသားအရေ ဘယ်လိုထိမ်းသိမ်းမယ်။ အဆီမပြန်အောင် သို. မခြောက်အောင် သို. အရေးအကြောင်းတွေမပေါ်အောင်ဘယ်လိုလုပ်မယ် ဘာညာစသည်ဖြင့်ပေါ့လေ။ ခုခေတ်မှာ အဲလိုမျိုးဟာတွေကို အရမ်းအရေးစိုက်လာတာ တွေ.ရပါတယ်။  မြန်မာပြည်က မဂ္ဂဇင်းတိုင်းမှာ ဘယ်စာအုပ်လှန်ကြည့်ကြည့် မျက်နှာအသားအရေ ကိုဘယ်လိုလုပ်မယ် ညာလိုလုပ်ရမယ်နဲ. လတိုင်းလတိုင်း ဒီအကြောင်းကိုပဲ ထပ်တလဲလဲ ရေးနေကြတာတွေ.ပါလိမ့်မယ်။ အင်တာနက်မှာ ရှာကြည့်လဲဒီအတိုင်းပါပဲ။ မထူးဘူး။


 By right ပေါ့ မိန်းကလေးတွေအပြင်ထွက်တော့မယ်ဆိုရင် လုပ်ရမဲ့အဆင့်တွေကတော့

  1. Makeup remover (not necessarily have to be the first step)
  2. Cleanser
  3. Facial Foam
  4. Toner
  5. Facial Essence
  6. Moisturizer (day cream/ night cream)
  7. Foundation
  8. Concealer 
  9. Make up
  10. Eye make up
  11. Bronzer
  12. Lipstick

အဲဒီအထဲမှာ နံပါတ် ၁ ကနေ ၆ အထိက Skin care ထဲမှာပါပါတယ်.။ ကျန်တာကတော့ မိတ်ကပ်ဖြစ်သွားပြီ။  အဲ သူတို.ပြောတဲ့အဆင့်အတိုင်းသာလုပ်မယ်ဆိုရင်တော့ ကိုယ်အလုပ်တောင်ပြုတ်သွားလိမ့်မယ်။ ဒီလောက် မနက်စောစောစီးစီး ပြေးလွှားပြီး ရထားမှီအောင် မနည်းလုပ်နေရတာ။ ဒါတောင်ကျန်ပါသေးတယ်။ Scrubbing ရယ် ပြီးတော့ Facial mask ရယ်တောင်မပါသေးဘူး။ ဒါတွေက မျက်နှာအတွက် ။ ဘော်ဒီမပါသေးဘူးနော်။း) ဒီတော့ သဘောပေါက်တယ် မဟုတ်လား။ ဘာလို.မိန်းကလေးတွေ ဒီလောက် ဘီးစီးလဲ ဆိုတာကို။

 တစ်ခါတလေ စာအုပ်ကြီးထဲက လုပ်ရမဲ့ အဆင့်တွေက ကိုယ်တို. အတွက်သိပ်ပြီး ပရက်တီကယ် မကျဘူးလို.ထင်တယ်။ မလိုအပ်ဘူးပေါ့။ ပြီးတော့ အလှကုန်ပစ္စည်းကလည်း ဈေးစုံ တံဆိပ်စုံနဲ. ဆိုင်ထဲဝင်ရင် ပြန်မထွက်ချင်အောင် ရောင်းနေကြတာဆိုတော့ ဘယ်ကိုဝယ်လို.ဝယ်ရမှန်းမသိဘူးဖြစ်ကုန်တယ်။ ဘယ်ဟာကောင်းမလဲ ဈေးကြီးတဲ့ဟာသုံးရင်ကောင်းမလား ပေါပေါလောလောပဲ ဝယ်ရရင်ကောင်းမလားပေါ့လေ။  ဒီတော့ တဆင့်ချင်းလိုအပ်တယ် မလိုအပ်ဘူးဆိုတာကို Justify လုပ်ချင်တယ်။ ကိုယ့်အမြင်ပေါ့။ အားလုံးအကုန် လိုက်လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ အချိန်မရှိသော သို. အချိန်ရှိရဲ.သားနဲ. အပျင်းထူသူများအတွက် ဆိုပါစို.။

၁.   Makeup remover
      မော်ဒယ်တို. မင်းသမီးတို. တချိန်လုံးမျက်နှာမှာ မိတ်ကပ်တစ်ပိသာလောက် နေ.စဉ်နဲ.အမျှလိမ်းတဲ့ ကောင်မလေးတွေက လွဲရင် Makeup remover ဟာအဲဒီလောက်အထိအရေးမပါပါဘူး။ ပုံမှန်အသင့်အတင့် ခပ်ပါးပါး မိတ်ကပ်လိမ်းသူများအတွက် အရေးတကြီး မလိုအပ်ပါဘူး။ ပုံမှန် မျက်နှာသစ်ဆေးကို သုံးရုံနဲ. လုံလောက်ပါတယ်။ ဈေးကြီးစရာ မလိုပါဘူး။ ပေါပေါလောလော (Nivea/ Olay/ Loreal/ Neutrogena) Watson တို.လောက်မှာရောင်းတဲ့  တစ်ဆယ် နှစ်ဆယ်အောက် ဈေးလောက်ရှိတဲ့ ပစ္စည်းတွေကို သုံးရင်ဖြစ်ပါတယ်။


၂.  Cleanser
     Cleanser နဲ. Facial Foam ကအတူတူပါပဲ။ Cleanser က အသားအရေခြောက်သူများအတွက် သုံးရတာဖြစ်ပြီးတော့ ပိုပြီး Creamy ဖြစ်ပါတယ်။ သုံးရင် အမြုပ်သိပ်မထွက်ဘူး။ ဒါကိုတော့ ပစ္စည်းကောင်းကောင်းထဲက ဝယ်သုံးပေးပါ။ Drug Store ပစ္စည်းတွေနဲ. သုံးရင် ရေရှည်မှာ အရမ်းသိသာပါတယ်။ ကိုယ်ထိုင်းကိုသွားတော့ ကိုယ့် Facial Wash ကျန်ခဲ့လို. ထိုင်းက ပေါပေါပဲပဲ Nivea တစ်ခုဝယ်သုံးတာ မျက်နှာကတော်တော် ကြမ်းသွားပါတယ်။ အိမ်ပြန်ရောက်တော့ နည်းနည်းလေးဂရုစိုက်လိုက်တော့ ခုသက်သာသွားပြီ။


၃. Facial Foam
    အထက်မှာပြောထားတဲ့အတိုင်း မျက်နှာသစ်ဆေးပါပဲ။ အဆီပြန်တဲ့အသားအရေတွေအတွက်ပါ။ ကိုယ်က အသားခြောက်ပေမဲ့ မြန်မာတို.ထုံးစံအတိုင်း အမြုပ်တစ်ဖွားဖွားနဲ.မှ သန်.ပြီး ပြောင်သွားတယ်ထင်တဲ့  စိတ်ကလေးရှိလို. Facial Foam ကိုပဲသုံးပါတယ်။ ဘယ်တော့မှ ပစ္စည်းကောင်းကောင်း Brand ကောင်းကောင်း Facial Foam တစ်ခုကို ဝယ်ဖို.မနှမြောပါနဲ.။


၎. Toner
     တစ်ခုသိထားရမှာက Toner ကို အဆီပြန်တဲ့အသားအရေ ရှိသူများပဲ မဖြစ်မနေ သုံးဖို.လိုပါတယ်။ အသားခြောက်သူများက Skip လုပ်လို.ရပါတယ်။ ဝယ်တဲ့အခါမှာ Alcohol Free ဖြစ်တဲ့ Toner လေးကို တကူးတက ရှာဝယ်ပေးပါ။ ဈေးကြီးစရာမလိုပါဘူး။ Watson မှာရောင်းတဲ့ Brand တွေက ဝယ်လဲရပါတယ်။

၅. Facial Essence
    Essence ကိုတော့ ကိုယ်တိုင်မသုံးဖြစ်ပါဘူး။ ဒါပေမယ့် သုံးရင်ကောင်းတယ်လို.တော့ လက်ခံပါတယ်။ ဈေးအသင့်အတင့်ကို ဝယ်သုံးရင် ရပါပြီ။ သူအဓိက လုပ်ပေးတာက Toner နဲ. တူပါတယ်။ သူကပိုပြီး မျက်နှာကို Brighten ဖြစ်စေတယ်ပေါ့။  Dull မဖြစ်အောင်လုပ်ပေးတယ်လို.ပြောတယ်။ ကိုယ်တိုင်မသုံးဖူးတဲ့အတွက် သိပ်မပြောနိုင်ပါဘူး။  SK II Facial Treatment Essenceကတော့ တော်တော်လူပြောများပါတယ်။


၆. Moisturizer
   Moisturizer အကြောင်းကိုပြောရင် Day cream, Night Cream. Eye cream တွေအကြောင်းပါထည့်ပြောသွားပါမယ်။ Moisturizer ဝယ်ဖို.ကိုလည်း ဘယ်တော့မှ မနှမြောပါနဲ.။ အဆီပြန်တဲ့အသားအရေရော၊ အသားခြောက်သူများရော သုံးဖို.လိုအပ်ပါတယ်။ Moisturizer က skin's hydration(water-content of the skin) ကိုပဲ ပြင်ပေးတာပါ။ အဆီပိုပြန်တယ်။ မျက်နှာကပြောင်ပြောင်ကြီးဖြစ်နေတယ် ဆိုပါ မဟုတ်ပါဘူး။  Oil free moisturizer တွေအများကြီးရှိပါတယ်။ Night Cream နဲ. Day cream တွေကို တံဆိပ်တစ်ခုတည်းက သုံးရင်ပိုကောင်းပါတယ်။  အသားအရေ အမျိုးမျိုးအတွက် မတူတဲ့ Moisturizer တွေရှိတယ် ဆိုတာ မမေ့ပါနဲ.။ ကိုယ်ကတော့ နိုက်ကရင်မ် ကို အလေးထားပြီးသုံးဖြစ်ပါတယ်။  ဈေးနှုန်း အသင့်အတင့်ထဲက သုံးချင်တယ် ဆိုရင် Olay Regenerist Micro-sculpting Cream ရှိပါတယ်။ အလွယ်တစ်ကူ ဝယ်လို.ရပါတယ်။ ၃၀ ကျော်လောက်ပေးရမယ်ထင်တယ်။ သူက Best review တွေရထားပြီးတော့ ဆုတွေလည်းတော်တော်များများရထားပါတယ်။

 An Allure Magazine 2010 Readers' Choice Award winner
ဒီထက်နည်းနည်းကောင်းတဲ့ တံဆိပ်သုံးချင်ရင်တော့ Top Review ရထားတဲ့ Lancôme Absolue Night Precious Cells Advanced Regenerating and Restoring Night Cream ရှိပါတယ်။ SK II ကလည်းဆုတွေ တော်တော်များများရထားတာတွေ.ပါတယ်။  ဒါလည်း ကိုယ်မသုံးဖြစ်ပါဘူး။ ၁၈၅ ဒေါ်လာက ကိုယ့်အတွက် ဈေးကြီးတဲ့အထဲမှာပါလို.။
၇. Body Lotion
    ဒါကတော့ မသုံးရင် မဖြစ်တဲ့ အရာပါ။ ဘယ်လောက်ပျင်းပျင်း ဒါကိုတော့ တစ်နေ.တစ်ခါ လိမ်းဖို.ကို မမေ့နဲ. လို.ပြောချင်ပါတယ်။ ဒါပေမယ့် ဈေးကြီးတာ ဝယ်သုံးဖို.မလိုပါဘူး။ ပုံမှန်သုံးပေးရင်တော်ပါပြီ။ ကိုယ် ငယ်ငယ်တုံးက ခြင်ကိုက်လို.အနာတွေဖြစ်တယ်။ ခြေထောက်တစ်ခုလုံးက မိန်းကလေး ခြေထောက်နဲ.ကို မတူဘူး။ အနာရွတ်အသေးလေးတွေအပြင် ဆိုင်ကယ် အက်ဆီးဒန်. နှစ်ခေါက်သုံးခေါက်ဖြစ်လို. ရထားတဲ့ အမာရွတ်တွေက ခြေထောက်မှာ အပြည့်ပါ။ စကပ်တို ဝတ်ရဲဖို.နေနေသာသာ ထမီကိုတောင် ဒရွတ်ဆွဲပြီးဝတ်ရတယ်။ ပေါ်မှာစိုးလို.။ ဒီရောက်တော့ မီနီစကပ်ဝတ်ချင်လာပါတယ်။ ဒါနဲ. Nivea Extra Whitening Milk Repair တစ်ဘူးဝယ်ချလာပါတယ်။ Nivea ကိုလက်ဟောင်းကတည်းက သုံးလာတာ။ ဒါပေမယ့် ပုံမှန်မသုံးဖြစ်ပါဘူး။ အဲဒီတုန်းကတော့ ညအိပ်ခါနီးတိုင်း လက်မှာ တစ်ပုံကြီးထည့်ပြီး ခြေထောက်တစ်ချောင်းလုံး ကို နှံ.နေအောင်လိမ်းပါတယ်။ ၁၀ မိနစ်လောက်ကို စိတ်ရှည်လက်ရှည် လိမ်းတယ်။ ၂လခွဲလည်းကြာ အဲဒီဘူးလည်းကုန်ရော တော်တော်များများ အမာရွတ်အကုန်ပျောက်သွားတယ်။  ခြေထောက်လည်း သိပ်ကြည့်ရမဆိုးတော့ဘူး။ ဒီတော့မှ စကပ်အတို စဝတ်ရဲတာ။ အဲလိုအမြဲတမ်းသုံးလာပေမယ့် Nivea လိမ်းရတာ ကပ်စီးကပ်စီးနဲ. Creamy ဖြစ်တယ်။ အဲဒါနဲ. ပြောင်းသုံးကြည့်မယ်ဆိုပြီး လိုက်ရှာတော့ Vaseline ကိုတွေ.ပါတယ်။ ခုသုံးနေတာ အဆင်ပြောတယ်။ လုံးဝ Sticky မဖြစ်ဘူး။ သူက Moisturizing Effect ကိုပေးတာပါ။ အနံ. ကလည်း Nivea လောက်မဆိုးပါဘူး။ ပြောခဲ့တဲ့အတိုင်း လိမ်းဖြစ်အောင်လိမ်းပါ။ ဒါပေမဲ့ ဈေးကြီးဖို.မလိုဘူး။
၈. Facial Scrub/ Body Scrub
    ဒါကတော့ လုပ်နိုင်ရင်ကောင်းတယ်လို.ထင်ပါတယ်။ ဈေးသိပ်ကြီးစရာမလိုပါဘူး။ ဈေးချိုချိုနဲ. ကောင်းတဲ့ ပစ္စည်းတွေရှိပါတယ်။ တကယ်တန်း အသားအရေညီချင်တယ်ဆိုရင်တော့ လုပ်ပေးဖို.လိုပါတယ်။ နေ.တိုင်းမဟုတ်ပါဘူး။ တစ်ပါတ်မှာ အများဆုံး ၂ ခေါက်အထိလုပ်ပေးလို.ရပါတယ်။ Body Scrub လုပ်တဲ့အချိန်မှာ တံတောင်ဆစ်တို. ဒူးခေါင်းတို. ခြေမျက်စိတို.လို. မည်းတတ်တဲ့ နေရာတွေကို များများလုပ်ပေးရပါတယ်။  အဆီပြန်တဲ့ အသားအရေ ရှိသူတွေက Facial Scrub လုပ်ပေးဖို.လိုပါတယ်။ ဈေးအသင့်အတင့်နဲ. ကောင်းတဲ့ Scrub လေးတွေကို Bodyshop မှာ ရနိုင်ပါတယ်။


၉. Facial Mask
    သူများတော့ မသိဘူး။ ကိုယ်ကတော့ ပုံမှန် ၁လမှာ ၂ခေါက်လောက် လုပ်ပါတယ်။ ၁ ပတ်မှာ တစ်ခေါက် ၂ ခေါက်လုပ်သင့်တယ် လို. Facial Mask ဘူးတွေမှာ ဆိုပေမယ့် ကိုယ်ကမအားတော့ ပုံမှန်မလုပ်ဖြစ်ပါဘူး။ သတိထားရမှာက အဆီပြန်ရင် ရိုးရိုး မျက်နှာမှာ ကပ်ရတဲ့ Mask မသုံးပါနဲ.။ အဲဒါ အသားအရေ ခြောက်တဲ့လူတွေအတွက်များပါတယ်။ အဆီပြန်တဲ့လူတွေက Mud လိုမျိုး Pasty ဖြစ်တဲ့ ဘူးလိုက်လာတဲ့ Mask တွေနဲ. Peel Off Mask တွေသုံးသင့်ပါတယ်။ ကိုယ့်ဟာကို အိမ်မှာ သခွားသီး သို. ခရမ်းချဉ်သီးတို. ကပ်ရင်လည်း ရပါတယ်။ ထောပတ်သီးကိုခြေပြီးတော့လည်း ကပ်ကြပါတယ်။ ကိုယ်ကတော့မရဘူး။ ထောပတ်သီးဝယ်ရင် ကပ်ရမှာ နှမြောလို. နို.လေး သကြားလေး ထည့်ပြီးဖျော်သောက်လိုက်တယ်။ အခုဒီမှာ ပေးထားတဲ့ ဗွီဒီယိုကတော့ ကိုယ်အမြဲလုပ်တတ်တဲ့ Home Facial Treatment ပါ။ ကိုယ်လုပ်လာတာ နှစ်နဲ.ချီနေပြီ။ အမြဲတမ်းတော့ မလုပ်ဖူးပေါ့။ အရမ်းကို အသုံးဝင်ပါတယ်။ အိမ်မှာ မျက်နှာပေါင်းတင်တာပေါ့။ ဘာထူးထူးခြားခြား ပစ္စည်းမှလဲ သုံးစရာမလိုပါဘူး။ လုပ်ကြည့်ဖို. တိုက်တွန်းချင်တယ်။ ဒီတော့ Facial mask ဝယ်မယ်ဆိုရင် ဈေးကြီးတာ မလိုပါဘူး။ အသင့်အတင့်ကို ဝယ်သုံးလို.ရပါတယ်။



ဒီလောက်ဆိုရင်တော်တော်လေး စုံသလောက်ရှိသွားပြီ။ မိတ်ကပ်ဆိုတာက အဖျားအနား Skin care လုပ်ပေးမှ အရောင်နည်းနည်းထွက်တာပါ။ Skin ကောင်းလေ မိတ်ကပ်လိမ်းရသက်သာလေ ပါပဲ။ မိတ်ကပ်အများကြီးလိမ်းရင် အရေတွေတွန်.လွယ်တယ်။ မြန်မာမိန်းကလေးတွေ လိမ်းတတ်တဲ့ ပရိုမီနာ တို.အာချီတို.ဆိုတာ အမြဲတမ်းစွဲသုံးရင်မကောင်းပါဘူး။ အဲဒါတွေအလိမ်းများရင် မျက်နှာက အသားအရေကို စားသွားပြီးတော့ မျက်နှာကြီးကွက်ပြီး ဖြူနေတဲ့ မိန်းကလေးတွေအများကြီးပါ။ သနပ်ခါးလိမ်းတာကလည်းလိမ်းပေါ့။ ဒါပေမဲ့ အနည်းဆုံး ညအိပ်တဲ့အခါမှာတော့ သနပ်ခါးပိန်းနေအောင်လိမ်းပြီး အိပ်တာထက် Night Cream ပါးပါးလေးတစ်ခု လိမ်းပြီးအိပ်တာက ပိုပြီး Skin အတွက်ကောင်းပါတယ်။ အိမ်ကလူတွေကို အဲလိုသွားပြောရင် အကန်တောင်ခံရလိမ့်မယ် ထင်တယ်။ သူတို.က သနပ်ခါးချစ်သူတွေ။း)

ပထမဆုံး Skin Care အကြောင်းကတော့ မထင်မှတ်ပဲနဲ.တော်တော်ရှည်သွားတယ်။

ဘာမှတော့မဆိုင်ပေမဲ့ မနေ.က နိုက်ဂျူတီမှာ စားခဲ့တဲ့ ငှက်ကင်လေးကို တင်ပေးလိုက်ပါတယ်။ အဟီး။ မနေနိုင်လို.။ အတင်းကို ချိုတာပဲ အသားက။ မလေးရှား ကိုသွားတဲ့ ရထားဘူတာ မှာသွားစားတာ။ အဲဒီလို ထူးထူးဆန်းဆန်းဟင်းလေးတွေ ရတတ်ပါတယ်။ ဒီနေ.လည်း သွားစားရင် စားအုံးမယ်။း)
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ