အနောက်သို. ခရီးသွား ဖိုတိုအက်ဆေး အပိုင်း (၂)

၃နာရီကျော်ကျော်မှ စတဲ့ ဘုရားဖူးခရီး။ မာန်ငါးပါးကို အစုံဖူးဖို. မှီပမလားလို. စိတ်ပူမိတယ်။ ဘယ်လောက်ပဲ အစွဲမရှိဘူး ဆိုဆို မာန်ငါးပါးကို စုံအောင် တရက်တည်းနဲ.ဖူးရင် ဆုတောင်းပြည့်တဲ့ဆိုတဲ့ စိတ်က စွဲတုန်းပဲ။ ဆုတောင်းပြည့်တာ မပြည့်တာထက် မစုံလိုက်ရင် ကံမကောင်းဘူးလားမသိဆိုတဲ့ စိတ်တွေဝင်ချင်နေလို. အတင်းဖယ်ထုတ်ရတယ်။ ကိုယ် အစွဲ မကြီးချင်လို. ဘာသာတရားကိုတောင် စွန်.တယ်လို. ခံယူထားတာပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ အစွဲဆိုပါ ချွတ်ဖို. မလွယ်ရေးချ မလွယ်ပါဘူး။ ဘုရားမြင်ရင် ရှစ်ခိုးချင်သလို ဗုဒ္ဓံသရနံ ဂစ္ဆာမိ လေးရွတ်ပြီးသား အပိတ်မှာဆုလေးကလဲ တောင်းပြီးသား အမျှကလဲဝေပြီးသား ကြေးစည်ကလဲတီးပြီးသားဖြစ်ဖြစ်နေတယ်။

ထားပါတော့။ အဲဒါနဲ. ပထမဆုံး ဘယ်ငါးပါးကို အယင်သွားမလဲဆိုတော့ အနီးဆုံး စန္ဒာမုနိကို အယင်သွားပါမယ်တဲ့။ အင် မာန်ငါးပါးဆိုပြီးတော့ မုနိငါးဆူ ဘယ်လိုလုပ်ရောက်သွားလဲတော့မသိ။ အယင်ဆုံးသွားဖြစ်တဲ့နေရာက ဗန္ဒုလ ကျောင်းတိုက်မှာ စံပယ်နေတဲ့ စန္ဒာမုနိ ရုပ်ပွားတော်ဆီကိုပါ။ စန္ဒာမုနိကိုသွားဖို. ဗန္ဒုလ တံတားကို အယင်ဖြတ်ရတယ်။ ကိုယ်တို.နေခဲ့တုန်းက တံတားအဟောင်းက ပြိုကျပျက်စီးလို. ဘေးမှာတံတားသစ် ထပ်လုပ်ထားတယ်။ ကြည့်ရတာ အဲဒါလဲ သိပ်ခံမဲ့ပုံ မပေါ်ပါဘူး။ ဒီကတံတားတွေကို ခိုင်ခိုင်ခံ့ခံ့မှမဟုတ်တာ။ ကားဒရိုင်ဘာက ပြောပြတယ်။ အယင်တံတားပေါ်ကနေ ကုန်တင်ကားတစီး ဝုန်းဆိုကျွံကျသွားတာ လူ၂ယောက်သေသွားပါတယ်တဲ့။ အဲ့ကြောင့် တံတားသစ်ဆောက်လိုက်ရတာတဲ့။  ဒီချောင်းအသေးလေးကို ဖြတ်ဆောက်တဲ့ တံတားလေးကို သေချာမဆောက်ပေးဘူးလို. တာဝန်ရှိသူတွေကို စိတ်က လှမ်းဆဲမိတယ်။

မခိုင့်တခိုင် တံတားသစ်

ရစရာမရှိတော့တဲ့ တံတားဟောင်း

စန္ဒာမုနိရောက်တော့ တောင်ပေါ်ကို လှေကားတထစ်ချင်းတက်ရင်းနဲ. အယင်တုန်းက ကိုပြေးတက်ခဲ့တာတွေ စဉ်းစားမိတယ်။ ပြေးတက်ပြီးဘာရယ်လို. မဟုတ်ဘူး ဘုရားကို ဦးသုံးကြိမ်ချပြီးရင် ကြာပွင့်ကြည့်ကြတယ်။ အဲ့တုန်းက ဘုရားရင်ဘတ်တော်မှာ ကြာပွင့်တယ် ဆိုလို. နေ.တိုင်းသွားကြည့်တာ။ ကိုယ်က မမြင်ရဘူး။ မြင်ရတာက ရီဖလက်ရှင် ဖြစ်သလိုမျိုး ကိုယ်က ကြာပွင့်ပုံ ကြီး မြင်ရမယ်ထင်တာ။ ရီဖလက်ရှင်က ကိုယ်နောက်ဆုတ်ရင် ကြီးလိုက် ရှေ.တိုးရင် ငယ်လိုက် အဲလိုဖြစ်နေတာ။ နိုင်ငံခြားသားတွေကလဲပြောတယ် ရီဖလက်ရှင် တဲ့။ ကိုယ်က ကြာပွင့်မမြင်ရတော့ ဘုရားဂေါပက ကိုသွားပြောတာ။ အဘ ကြာပွင့် သမီးမမြင်ရဘူးဆိုတော့ သမီးက အကုသိုလ်များလို. မမြင်ရတာနေမယ် လို.ပြောလိုက်တယ်။ အဲ့တည်းက ကိုယ်က အကုသိုလ်အတုံးအခဲမရယ်လို. စိတ်စွဲသွားတယ်။ ကြာပွင့်ကို မမြင်ရမချင်း ၃ လလောက် ဆက်တိုက် သွားကြ ည့်တယ်။ နောက်တော့ အဲဒီရီဖလက်ရှင်ကိုပဲ ကြာပွင့်လို. ခေါ်တာဖြစ်မယ်လို. တွေးလိုက်တော့ ကိုယ့်စိတ်သက်သာသွားတာပေါ့။ ကြာပွင့်ကြီး အကြီးကြီးပဲ ငါမြင်ရတယ်တို. ဘာတို.လျှောက်ပြောတော့တာ။ အဲလိုဆက်တိုက်သွားကြည့်လို.ထင်ပါတယ်။ ကိုယ်ဘုရားကို အာရုံပြုရင် ဒီဘုရားတပါးပဲ ပေါ်လာတော့တယ်။  အယင်တုန်းက ဘုရားမှ မိန်းမ ယောက်ျား ထိုင်တဲ့နေရာမတူဘူး။ စည်းခြားထားတယ်။ ခုတော့ ဂေါပကတွေ ခေတ်မီတိုးတက်ကုန်ပြီ စည်းတွေမခြားတော့ဘူး။ သိမ်တွေ ပလ္လင်တွေ အားလုံး အသစ်ဖြစ်သွားတယ်။ အယင်တုန်းက ပလ္လင်ကြီးမှ အကြီးကြီးပဲ။ ရှေ.မှာလဲ ဖယောင်းတိုင်ထွန်းဖို. စင်က ၃ဆင့် ရှေ.မှား ပန်းအိုး ညောင်ရေအိုးထားဖို.စင်သုံးလေးခုရှိတယ်။ ခု ဘုရား အပြင်အဆင်က downgrade လုပ်ထားခံရပုံပေါက်နေတယ်။ ပလ္လင်ကလဲနိမ့်နိမ့်လေး။ ရှေ.မှာလဲ စင်လေးတခုပဲရှိတယ်။ ရခိုင်ပြည်နိမ့်ပါးနေတဲ့ လက္ခဏာ။ စန္ဒာမုနိသည် ရခိုင်ပြည် နိမိတ်ကို ပြတယ်လို. လူတွေပြောလေ့ရှိတယ်။ အစွဲမဟုတ်ပေမဲ့ တိုက်ဆိုင်နေတာလေးကို စဉ်းစားကြည့်တာပါ။

စန္ဒမုနိရဲ့ ရာဇဝင်ကလည်း ရခိုင်ရာဇဝင်နဲ.ဆက်စပ်နေတာပါပဲ။ ဘုရားတွေထဲမှာ ကန်တော့ ကန်တော့ ဘုရားမင်းသားပါ။ အဆင်းအင်မတန် တင့်တယ်ပါတယ်။ ကြေးနဲ.ရွှေရောပြီး ထုထားတာလို.ဆိုပါတယ်။ ရန်အောင် နဲ.မေသန်းနုရိုက်တဲ့ ဓညဝတီ ဇာတ်ကားမှာ ရေထဲက ဆယ်ထားတဲ့ ဘုရားကြီးဟာ ဒီဘုရားကြီးပေါ့။ ဒီဘုရားကြီးကို ရေထဲက ဆယ်ပြီးတော့ အင်္ဂလိပ်တွေ လက်နက်လုပ်ဖို. ကြေးဘုရားတွေ အရည်ဖျော်တဲ့ ရန်ကကာကွယ်ရအောင် ဘုရားဂေါပကတွေက အင်္ဂတေနဲ. မံပြီး ဗန္ဒုလကျောင်းက မထင်မရှားသိမ်တဆောင်မှာ ဖွက်ထားခဲ့ကြပါတယ်တဲ့။ အဲ့ဒီကိစ္စကို ဂေါပက အချင်းချင်းပဲသိပြီး ဘယ်သူ.မှ မပေါက်ကြားစေခဲ့ဘူးလို. ဆိုပါတယ်။ ဒါပေမဲ့ သားမြီးတွေ မျိုးဆက်တွေကိုတော့ ဒီလိုပဲ ဝှက်ထားတယ်လို.ပြောပြီး ဘယ်မှာဝှက်ထားလဲမပြောပါဘူးတဲ့။ ဒီတော့ ဘုရားတဆူဝှက်ထားတာပဲသိပြီးတော့ ဘယ်ရောက်နေမှန်းမသိဘူးပေါ့။ ယခင် ဗန္ဒုလဆရာတော်ကြီးကိုလည်း ဆရာကျောင်းထိုင်ဆရာက မိန်.ခဲ့ဖူးပါတယ်တဲ့။ တရက်ဂေါပကတယောက် သိမ်မှာ ဘုရားရေသပ္ဗယ်တုန်း အင်္ဂတေ မျက်လုံးတော်တဖက်ပြုတ်ကျလာတယ်တဲ့။ သေချာကြည့်တော့ အထဲမှာ ကြေးရောင် ဝင်းနေတာနဲ. ဆရာတော်ကို ပြေးလျှောက်ပြီး ခွာကြည့်တဲ့အခါမှာ အင်မတန်သပ္ဗယ်တဲ့ ရုပ်ပွားတော်ကို တွေ.တာနဲ. ဒါဟာ ဝှက်ထားတဲ့ စန္ဒမုနိပဲလို. ချက်ချင်းသိပြီး သိမ်ဆောက်ကိုးကွယ်ခဲ့တယ်လို.ပြောပါတယ်။ ရုပ်ပွားတော်ကို ထုထားတာက အင်မတန် အချိုးအစားကျပြီး ကိုယ်လိုအကုသိုလ်တုံးကတောင် အင်မတန်သပ္ဗယ်တယ်လို.မြင်ပါတယ်။ ဒါကြောင့် ဘုရားမင်းသားလို.ပြောတာပေါ့။

သိမ်နားမှာရှိတဲ့ မျှော်စင်တောင်ကိုတော့ အချိန်မရလို.မတက်ခဲ့ရဘူး။ အဲဒါကတော့ ကျောင်းပြေးရင်သွားနေကျနေရာပါ။ အဲ့တောင်ပေါ်ကနေ မြောက်ဦးတမြို.လုံးနီးပါး စီးပြီးတော့ မြင်ရတယ်။ နေဝင်ဆည်းဆာဆိုရင် ကြည့်ရတာ သိပ်လှတာ။ တောင်ကလည်း နည်းနည်းမြင့်တော့ အဘွားကြီးကိုယ်က မတက်နိုင်ခဲ့တော့ဘူးပေါ့။ အဲဒါနဲ. ဗန္ဒုလ ကျောင်းပေါ်တက်ပြီး ရှေးဟောင်းဘုရားရုပ်ပွားတော်တွေ ရခိုင်ခေတ်ငွေဒင်္ဂါးတွေ ကိုကြည့်ခဲ့ကြပါတယ်။ အဲ့ကျောင်းဟာ ရှေးဟောင်းပြတိုက် အသေးစားလို.ပြောလို.ရပါတယ်။ ပစ္စည်းတော်တော်များများက စေတီဋ္ဌာပနာတိုက်တွေပြိုကျပြီး တွေ.တဲ့ ပစ္စည်းတွေကို ဆရာတော်ဆီ လာလာအပ်ထားကြတာပါ။ ခုတော့ မြန်မာ့ယဉ်ကျေးမှုပြတိုက်မှူးတွေ တိုင်းမှူးတွေလာလာပြီး ခဏလေးငှားပါ ခဏလေးငှားပါနဲ. ငှားသွားပြီး ပြန်မပေးလို. ပစ္စည်းတွေတော်တော် လျော့သွားပြီလို.ပြောပါတယ်။ ခုဝန်ကြီးတယောက် (နာမည်ပြောလိုက်ပါတယ် မေ့နေလို.) ဆို ဘုရားတဆူကို ငှားပါဆိုပြီး ရှမ်းပြည်ဘက်ပင့်ပြီး သူ.အိမ်မှာကိုးကွယ်ပါတယ်။ အိမ်မက်ဆိုးတွေမက်လွန်းလို. ဘုရားကို မြောက်ဦးထိ ကျောင်းတိုင်ရာရောက် ပြန်လာပို.သွားတယ်လို.ပြောပါတယ်။ ဋ္ဌာပနာပစ္စည်းတော်တော်များများဟာ မသူတော်စေတီဖောက်သမားလောဘသားများလက်ထဲကို ရောက်မှာစိုးလို. စေတီတည်သူများက ကျိန်စာတိုက်ထားပြီးသား ဖြစ်ပါတယ်။ ကိုယ်တယောက်တည်း ကိုးကွယ်လိုမှုလောဘေ၇ှးဟောင်းဘုရားပိုင်ဆိုင်လိုတဲ့ လောဘ ဒီဘုရားကိုးကွယ်ရွေ. စီးပွားတက်ပါစေဆိုတဲ့ မစင်ကြယ်တဲ့လောဘတွေနဲ. ကိုးကွယ်ကြတော့ ဖြစ်တာတောင်နည်းပါသေးတယ်။ အသက်ပါထွက်သွားရမှာ။

ရခိုင်ရုပ်ပွားတော် အများစုက မင်းတွေက နန်းတက်ပွဲအတွက် ရည်မှန်းထုလုပ်ကိုးကွယ် တဲ့ မင်းဝတ်မင်းစားနဲ. ပလ္လင်နဲ.မုဒြာတွေများပါတယ်။ အဲ့မုဒြာနာမည်မေ့သွားတဲ့အတွက် ခွင့်လွှတ်ပါ။ မြန်မာပြည်ဘက်က ဘုရားတွေ ပြတိုက်တွေမှာ တခါက မတွေ.ဘူးတဲ့ မုဒြာတွေ အမျိုးမျိုးကိုတွေ.ပါတယ်။ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ဒီကျောင်းတိုက်မှာ ရွှေဘု၇ား မြဘုရား အပ်ဖျားသာသာလောက်ရှိတဲ့ ဘုရားရုပ်ပွားတော် (တကယ့်အပ်အရွယ်လောက်ပဲရှိပြီး မှန်ဘီလူးနဲ.ဖူးမှမြင်ရပါတယ်) စသည်ဖြင့် ထူးထူးဆန်းဆန်း မျိုးစုံဖူးရမှာဖြစ်ပါတယ်။ အဲဒီဘုရားတွေကတော့ ဖူးချင်ရင် ဆရာတော်ကို တရက်ကြိုတင်ပြီး အကြောင်းပါတယ်။ ဆရာတော်ကပဲ တိုက်၇ိုက်သော့ကိုင်ပြီး ဖွင့်ပေးမှ ဖူးလို.ရတာပါ။ အရင်တုန်းက ဖူးဖူးပေမဲ့ ဒီတခေါက် အကြောင်းမကြားတော့ မဖူးရပါဘူး။ ဆရာတော် အပြင်ကြွသွားလို.ပါ။ တခြားဘုရားတွေ ဖူးရအုံးမှာဆိုပေမဲ့ စိတ်ဝင်စားစရာတွေက များနေတော့ ဒီကျောင်းတိုက်မှာ အချိန်အတော်ကြာပါတယ်။

ဒါက ဘုရားဗိုက်ပူ (ရခိုင်အခေါ် ဘုရားဝမ်းပူ) ဖြစ်ပါတယ်။ တရုတ်တွေမှာသာ ရှိတယ်ထင်တယ် ခုမှပဲမြင်ဖူးပါတယ်။ လက်နဲ.ထိပြီးဆုတောင်းရင် ဆုတောင်းပြည့်တယ် သားဆုပန်ရင်ပြည့်တယ်လို. နာမည်ကြီးပါတယ်။

ဘုရား ဒုက္ခစရိယာကျင့်နေတဲ့မုဒြာပါ လက်ရာအလွန်မြောက်တာကို သတိထားမိပါတယ်။

ဒီလိုမင်းဝတ်မင်းစားနဲ. မုဒြာကိုတော့ ဘုရင်တွေ ဘိသိက်မြှောက်ပြီးလို. အမှတ်တရစေတီတည်တဲ့အခါ ထည့်သွင်းတတ်ကြတယ်ဆိုပါတယ်။

ဒါကတော့ ဝန်ကြီးတပါး မ သွားတယ်ဆိုတဲ့ ဆင်းတုတော်ပါ။ ကိုယ်လိုစိတ်နဲ.ဆို အိမ်ကို မပင့်ပါဘူး။ တွေ.ဘူးသမျှရုပ်ပွားတော်များဟာ မျက်လွှာချ မျက်စိမှတ် အနေအထားဖြစ်ပေမဲ့ ဒီရုပ်ပွားတော်ကတော့ မျက်လုံးတော်ဖွင့်ထားကို သတိထားမိပါတယ်။မင်းဝတ်တန်ဆာနဲ. ဦးသျှောင်ပါပါတဲ့အတွက် မင်းတပါးပါးထုလုပ်တဲ့ ဘိသိက်ခံဘုရားဖြစ်ပါလိမ့်မယ်။  နောက်က ပလ္လင်ကို အင်မတန်ကြီးကျယ်အောင် ထုထားတာကို တွေ.တော့ စိတ်ထဲမှာ ထုလုပ်သူသည် ကိုယ့်ရဲ. စည်းစိမ်း ဥစ္စာမင်းအာဏာကို အလွန် ဂုဏ်ယူပြသချင်တယ်လို.တွေးမိပါတယ်။  ဂရုဏာသက်တဲ့ မျက်နှာတော်မပေါ်ပဲ မျက်လုံးတော်ဖွင့် နှတ်ခမ်းတော်ပြုံးယောင်မသန်းတဲ့အတွက် မာနသက်နေဟန်ပေါ်ပါတယ်။ ထုသူအပြစ်ပဲဆိုဆို ဖူးလိုက်ရတဲ့အခါ ကြည်ညိုစိတ်ထက် ကြောက်စိတ်အယင်ပေါ်မိပါတယ်။ အင်မတန်ကျိန်စာပြင်းတဲ့ဘုရားလို.ပြောတော့ ခြွင်းချက်မရှိ ယုံပါတယ်။

ဒါကတော့ မြတ်စွာဘုရား နှစ်ကိုယ်ခွဲပြီး တန်ခိုးပြနေတာကို ထုထားတဲ့ မုဒြာဖြစ်ပါတယ်။ ခုမှ တွေ.ဘူးတာပါ။

ဒါကတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခါနီး စုန္ဒ ကပ်တဲ့ ဝက်သားဟင်း စားလို. ဝမ်းကိုက်ဝေဒနာခံစားနေရတာကို ထုထားတာဖြစ်ပါတယ်။ ဘယာသောက မုဒြာလို.ခေါ်ပါတယ်။


 တခြားလက်ရာမြောက်ဆင်းတုတော်များ

 ကျောင်းတိုက်မှာ ကိုရင်လေးများက အမြဲမပြတ်ဖုန်သုတ် တံမြက်လှည်းနဲ. ပြုပြင်စောင့်ရှောက် နေတာတွေ.ပါတယ်။ ဦးဇင်းကိုရင်များကို နေ.လည်စာဆွမ်းကပ်ဖို. တနပ်ကို ၅၀၀၀ ဆိုတဲ့အတွက် ဆွမ်းတထပ်စာလှူခဲ့ပါတယ်။ ကျောင်းကပြန်အဆင်းမှာ အသစ်ပြုပြင်ထားတဲ့ စောင်းတန်းကျောက်တိုင်များ ကွဲထွက်နေတာကို ခုလို.တွေ.ရပါတယ်။ တောင်ပေါ်မှာဆောက်ထားတဲ့ ကျောင်းဟာ ထောက်ထားတဲ့ ကျောင်းတိုင်မှ မခိုင်ရင် ရေရှည်မှာ ပြိုကျရင်အခက်လို.တွေးမိပါတယ်။

 အထဲမှာကျောက်စရစ်ခဲချည်းပဲ။ ကြားဖူးပါဘူး။ကွန်ကရစ်တိုင်မှာ ကျောက်စရစ်ခဲ ဋ္ဌာပနာထည့်ရတည်လို.။

စန္ဒမုနိ ဖူးပြီးထွက်လာတာ့ ၄နာ၇ီကျော်သွားပါပြီ။ ဒါနဲ. အနီးဆုံးဘာရှိလဲဆိုတော့ ဇိနမာန်အောင်ရှိပါတယ်တဲ့။ သွားကြစို.ဆိုတော့ ဇိနမာန်အောင်မရောက်ခင် လက်ဆည်ကန်ကြီးကို ဘွားခနဲတွေ.တော့တာပါပဲ။ ဝမ်းသာလုံးတွေဆို.ပြီး ဆင်းမယ်ဆင်းမယ် ဆိုပြီး ဓါတ်ပုံတွေ ရိုက်ကြပါလေရော။ လက်ဆည်ကန်ကြီးက အမြဲတမ်း လှနေပါပဲ။ ဘေးနားမှာ စိုက်ခင်းတွေနဲ.။ ဟိုဘက်က အနူမကန်ကိုလည်း လှမ်းမြင်နေရတယ်။ ရေလယ်မှာစေတီလေးတဆုနဲ. တံတားလေးနဲ.ရှိတယ်။ လက်ဆည်ကန်က သောက်ရေကန်လို.သတ်မှတ်ပြီး အနူမကန်က သုံးရေကန်လို. သတ်မှတ်ပြီး ရေကူးလို.ရပါတယ်။ ဒါပေမဲ့ကန်၂ခုက ဆက်နေတာပါ။ အဲဒီ အဆက်နေရာလေးမှာ ရေသွားကူးလို. ရေနစ်ခဲ့တာ သတိရသေးတယ်။ မြောက်ဦးက ကလေးတွေဟာ ဘာသာဘာဝ ကစားနေကြပြီးတော့ ဧည့်သည်တွေလာတယ်ဆိုပြီး ပိုက်ဆံတောင်းတာတို. ဘာတို.လုံးဝမရှိပါဘူး။ ပြုံးပြုံးလေးနဲ. ငေးငေးလေးကြည့်နေကြတယ်။ အားလုံးက စကားပြောအင်မတန်လိမ္မာပြီး ဟုတ်ပါရေ မဟုတ်ပါ နဲ. လူကြီးလေးတွေလို အဖက်လုပ်စကားပြောဖော်ရပါတယ်။ 

ဒါကတော့ လက်ဆည်ကန်ရှေ. ကနေမြင်ရတဲ့ ဇိနမာန်အောင်စေတီနဲ. ပန်နိုရာမား ဗျူးပေါ့။ 

လက်ဆည်ကန်ရှုခင်း

ပြီးတော့ မာန်ငါးပါးထဲမှာပထမဆုံး ဇိနမာန်အောင်ကိုစဖူးရပါတယ်။ ဇိနမာန်အောင်ဘုရားက စကားပင်တွေ တတောင်လုံးဝေနေတာပါ။ စကားပွင့်ချိန်ဆိုရင် အရမ်းကိုလှတယ်။ စကားတွေဝေပြီးတော့ ဖွေးကို နေတာပါ ။ လက်ဆည်ကန်ကြီးကိုလည်း စီးပြီမြင်နေရတယ်။ တောင်ကတောင်အမွှာပေါ့။ တောင်နှစ်လုံးဆက်နေတာ။ 



 ဒါကတော့ တောင်ရှုခင်းလေးပါ။ ဘယ်ဘက်မှာ ဆက်နေတဲ့တောင်အသေးလေးတခုရှိသေးတယ်။ နည်းနည်းပိုနိမ့်တယ်။
တောင်ကြီးကနေ တောင်အသေးဘက်ကိုလှမ်းရိုက်ထားတာ။ အဲက ကြည့်လိုက်ရင် လက်ဆည်ကန်ကို မျက်စိတဆုံးမြင်ရပါတယ်။ 

 ကလေးတအုပ် တောင်အောက်မှာဆော့နေတာတွေ.တော့ ဓါတ်ပုံရိုက်ရအောင် လာခဲ့ပါလားလို. ကလေးတယောက်ကို လှမ်းခေါ်လိုက်တယ်။ နေအုံးတဲ့ ခင်စိန်.ကို မေးလိုက်အုံးမယ် ဆိုပြီးတော့ ပြေးဆင်းသွားတယ်။ ခင်စိန်က ခေါင်းဆောင်နဲ.တူပါတယ်။ ခင်စိန်က ပါမစ်ပေးပြီးတော့သူ ရှေ.ဆုံးက ဦးဆောင်ပြီး ရောက်ချလာကြပါတယ်။ ခေါင်းဆောင် ခင်စိန်ဆိုတာ အမည်းဝမ်းဆက်နဲ. မို.လို. ရယ်ရသေးတယ် ကိုယ်နဲ.အကြိုက်တူနေလို.။


အဲဒီ ဓါတ်ပုံဆရာနောက်က ဆရာကြီးစတိုင် ခါးထောက်ပြီး  ဓါတ်ပုံကြည့်နေတာ ခေါင်းဆောင် ခင်စိန်ပါ။ နာမည်ကလည်း မိုက် လူကလည်းမိုက်။ ဒါမျိုးဖြစ်နေရမှာ။ ခေါင်းဆောင်ဆိုတာ။း)

ကို်ယ်တွေကလည်း ၁၂မှ ဒီ၁ခါရောက်တာဆိုတော့ ရိုက်လိုက်ကြတဲ့ ဓါတ်ပုံသောက်သောက်လဲ။
သူ.ကိုယ်ရိုက် ကိုယ့်သူရိုက်နဲ. ရှုတ်ရှက်ကို ခပ်နေတာပဲ။ 

နောက်သွားဖြစ်ကြတာက လောကမာန်အောင် စေတီပါ။ သူက မြို.ထဲလူနေအိမ်ခြေနဲ.နီးပြီး ကျောင်းဝင်းထဲ ကြည့်စရာ သိပ်မရှိတာကြောင့် ရုပ်ပွားတော်ပဲဓါတ်ပုံရိုက်ခဲ့ပါတယ်။




နောက်တမာန်ကတော့ မင်္ဂလမာန်အောင်ပေါ့။ မင်္ဂလ မာန်အောင် က အယင်တည်းက ရောက်ခဲတယ်။ ဝေးလို.။ ပြီးတော့ နည်းနည်းခေါင်တယ်။ ရောက်တာနဲ. ကျောင်းအဝမှာ ရောင်းနေတဲ့ ခရမ်းရောင် ကြာပန်းကြီးတွေကိုတွေ.ပါတယ်။ မိန်းမလို.မပြောရဘူး သိပ်ကဗျာမဆန်တတ်တဲ့မိန်းမတောင် ပန်းလှလှမြင်လိုက်တော့ စိတ်က လန်းသွားတယ်။ ကြာပန်းတွေ အားရဝမ်းသာ ဝယ်ပြီး ဘုရားမှာ ကပ်ခဲ့ပါတယ်။ ဒီနားက ခူးတာလား ဆိုတော့ မဟုတ်ဘူးတဲ့ အဝေးကြီးတောထဲ သွားခူးရတာတဲ့။ ဘုရား ဂေါပက က ဧည့်အလွန်ပါးတယ် တရက်လုံးမှ ဒီတဖွဲ.ပဲ လာဖူးသေးတယ်လို.ပြောပြတယ်။ ဘုရားမှာ  ဆီမီးလေး တတိုင်တောင်မှ မရှိပါဘုး။ ပန်းအိုးချောက်တီးချောက်ချက် ၂အိုးပဲတွေ.လို.  ကြာပန်းကပ်ရင်းနဲ. စိတ်မကောင်းဖြစ်ရသေးတယ်။ ဟိုးအရင်တုန်းကဆို ဝင်လိုက်ရင် အမွှေးတိုင်နဲ.တသင်းသင်း မီးတဝင်းဝင်းနဲ.ပါ။ ခုများ မီးတောင် ဧည့်သည်လာလို. မီးလှူမှ ထွန်း၇တယ်တဲ့။ ဘယ်ပူဇော်နိုင်ပါ့မလဲ ရန်ကုန်လို မီတာခ တယူနစ် ၂၀ မဟုတ်ဘူးလေ တယူနစ်ကို ၅၀၀ ပေးရတာကိုး။ ထုံးစံအတိုင်း တာဝန်ရှိသူများကို ဆဲပေါ့။






 ပန်းကိုက လှတော့ ဘယ်လိုရိုက်ရိုက် ကလန်ဒါရှော့ ပဲ။ ဟီးဟီး။ ကလန်ဒါရှော့ ကလန်ဒါရှော့ ဒါတောင်မှမသိဘူးလား (Calender Shot)း)

အဲဒီကနေ နောက်မာန်တပါးဖြစ်တဲ့ ရတန မာန်အောင်ကို ပြေးကြပါတယ်။ ပြေးပါတယ်ဆိုနေမှ လမ်းမှာ ဒုက္ကံသိမ်နားအကွေ.မှာ ဟယ်ခနဲဆိုဖြစ်ကြတော့ ကားသမားက ကားရပ်ပေးပါတယ်။ ဒါ နိုင်ငံခြားသားတွေ ဖေးဗရိတ် စပေါ့ လို.ပြောပါတယ်။ အမြဲတမ်းကားရပ်ပေးရတာချည်းပဲ။ ရိုက်ကြပါ ရိုက်ကြပါ ဆိုတာနဲ. ဘယ်ရမလဲ ဆင်းပြီး ရိုက်ထည့်လိုက်ကြတာပေါ့။ မြင်မြင်သမျှ လွမ်းစရာပါ။ခု ဓါတ်ပုံ ပြန်ကြည့်တော့လည်း လွမ်းလာရော။


ပုထိုးတော်တွေထဲမှာ ဒုက္ကံသိမ်လောက် စိတ်ကို ဖမ်းစားနိုင်တဲ့ စေတီ ရှားပါတယ်။ အရမ်း mysterious ဖြစ်ပြီး ဘုရားပေါ်ကိုတက်လိုက်ရင်ကို လွမ်းသလိုလို ဆွေးသလိုလို  သလိုလိုပေါင်းများစွာ ခံစားရတယ်။ ဘယ်ဘက်က ကြည့်လိုက်ကြည့်လိုက် အဲဘုရားအနီးတဝိုက် အားလုံး ကြည့်လို.လှတယ်။ ရောက်ဖူးတဲ့လူတွေ ခံစားလို.ရလိမ့်မယ်ထင်တယ်။

ငေးတာမောတာဖြတ်ပြီး နောက် ရတနာမာန်အောင်ကို ပြေးတဲ့အချိန်ကျတော့ ၅နာရီခွဲပါပြီ။ ဆောင်းဦးလည်းဆောင်းဦးဆိုတော့ နေလည်းနည်းနည်းရိပ်သွားပြီ။ မာန်ငါးပါး ၆နာရီမှ ပိတ်တယ်ဆိုလို. ဆက်သွားကြတော့ စေတီပရဝုဏ် ပိတ်သွားပါပြီ။ စိတ်ထဲမှာတော့ မာန်ငါးပါး တပါးပျက်ပြီလို. စိတ်မကောင်းဖြစ်သွားတယ်။ စေတီတံခါးပျက်နေတဲ့အတွက်နဲ. စေတီတံခါးကနေဝင်ပြီး လက်ယာရစ်တပတ်ပတ် ဖူးခဲ့ပါတယ်။

ရတနမာန်အောင် စေတီတော်ကြီး

နောက်သကျမာန်အောင် ဆက်သွားတော့ သိပ်တော့ မျှော်လင့်မထားပါ။ ထင်တဲ့အတိုင်း ဘုရားပိတ်သွားပြီး အထဲမဝင်၇တော့ပါဘုး။ ဒါပေမဲ့ ဘီလူးညီနောင် ကျေးဇူးနဲ. ဆိုင်တွေဆက်ဖွင့်နေသေးလို. အဲမှာပဲ ရွှေကပ်ခဲ့ပါတယ်။


သကျမာန်အောင် စေတီတော်ကြီး မှာ ဘီလူးညီနောင် နှစ်ပါးရှိပါတယ်။ အဲ့ဒီဘီလူးတွေဟာ သာမျင်ညောင်ည ဘီလူးတွေမဟုတ်ပါဘူး။ မြောက်ဦး မြို.စောင့်ဘီလူးတွေဖြစ်ပါတယ်။ အဖိုးသျှင် (ဘိုးဘိုး) လို. ခေါ်ရပါတယ်။ မြောက်ဦးမြို. အန္တရာယ်ရှိတိုင်း ညဘက် ညဘက်မှာ အဖိုးသျှင် ဘီလူးတွေ မြင်းဖြူစီးပြီး မြို.စောင့်တယ် လို. အဆိုရှိပါတယ်။ မြောက်ဦးမြို.တည်တည်းက မြို.ဦးခေါင်း မြို.လက် မြို.ခြေစသည်ဖြင့် အခင်းအကျင်းနဲ.တည်ထားတဲ့အတွက် မြို.စောင့် ထားခဲ့တယ်လို. ပြောပါတယ်။ အဖိုးသျှင်တွေဆီမှာလည်း ရွှေကပ် ဆီမီး ပူဇော်လို.ရပါတယ်။ အဲရှေ.ကို သွားပြီး ပါးစပ်ကြမ်း မထွက်ရပါဘူး။ ဘီလူးဆိုပေမဲ့ တမြို.လုံးချစ်ခင်လေးစားတာကို ခံရတဲ့ ဘီလူးတွေဖြစ်ပါတယ်။ 
 အကိုတော် တာနောယက္ခနဲ. ညီတော် ပီဋ္ဌိယက္ခ

၆နာရီကျော်သွားပြီ ဖြစ်တဲ့အတွက် နေကလည်း ကျလာပါတယ်။ နောက်နေ.မှပဲ ဖူးပါတော့မယ်လေလို. စိတ်လျှော့ပြီး ပြန်လာခဲ့ကြပါတယ်။ စိတ်ထဲမှာ နောက်ထပ် တရက် ၂ရက် တဝကြီးနေပြီး ဓါတ်ပုံရိုက်ချင် လည်ချင်တဲ့ စိတ်တွေ ဖြစ်နေတယ်။ ၈နာရီ ညမထွက်ရအမိန်.ရှိတဲ့အတွက် မြို.ထဲပြန်လာပြီး အမျိုးအိမ်တအိမ်ဝင်လည်ကြတယ်။ ကုလားကိစ္စမှာလည်း အဖိုးသျှင်တွေ မြင်းစီးထွက်လာပြီး ရှင်းပစ်ရင်ကောင်းမယ်လို. တွေးမိသေးတယ်။ သူတို.လုပ်လို. ညမထွက်ရဖြစ်သွားတာလေ။ အမျိုးအိမ်မှာ ရေပိုးကြော် နဲ. အုန်းရည် ကျွေးပါတယ်။ ဟိဟိ။ 


အဲတာ ပိုးဟပ်မဟုတ်ဘူးနော်။ ရေပိုးလို.ခေါ်တယ်။ ဗမာပြည်မှာ မရှိပါ။ မြောက်ဦးမှာပဲ ရတာ။ ကြွပ်နေအောင် ကျော်လိုက်ရင် ဆိမ့်သလို မကျည်းနု နဲ. ငရုတ်သီးခြောက်နဲ. ချဉ်ချဉ်စပ်စပ်လည်း စားကောင်းတယ်။ အမျိုးလည်ရတာ တန်တယ်ဆိုတာ အဲဒါကိုပြောတာ။ ဟီးဟီး။

ဒီလိုနဲ.ပဲ ဖုတ်ပူမီးတိုက် မာန်ငါးပါး ပြေးဖူး ပွဲကြီး ပြီးဆုံးပါတယ်။ လူတွေလည်း ခြေကုန်လက်ပမ်းကျ ဇက်ကျိုးပြီး ဟိုတယ်ပြန်ရောက်လာကြတယ်။ နောက်နေ.တော့ တခြားဘုရားတွေနဲ. မဟာမြတ်မုနိ ကိုသွားဖူးမယ်လို. စီစဉ်ကြတယ်။ ကားခက တရက်ကို ၃သောင်းထင်ပါတယ်။ တရက်လုံးကိုမှနော်။ အဲခရီးကိုတော့ နောက်မှ အပိုင်းသုံးဆက်ရေးတော့မယ်။ မောထှာ။

ခိုင်ဝေဇံ

အနောက်သို.ခရီးသွား ဖိုတို အက်ဆေး ၁

အေး လိုက်တဲ့ အအေး။ အရိုးထဲတောင် စိမ့်ပြီးဝင်တယ်။ အင်းကျီ ၃ ထပ် ခေါင်းစွပ် မာဖလာ လက်အိတ် ဝတ်ထားတာတောင် ရခိုင်ဆောင်းကို အံမတုနိုင်ဘူး။ ရန်ကုန်မှာ ပူသမျှ စစ်တွေကျမှ ခိုက်ခိုက်တုန်။ ခုလို မနက်စောစောစီးစီး သုံးဘီးဆိုင်ကယ် ပေါ်မှာဆို မပြောနဲ.တော့။ လေက ဝှီးဝှီးနဲ.  အသားကို ဖြတ်ခုတ်နေသလားမှတ်ရတယ်။ သွားရတဲ့ ခရီးက မြောက်စံပြကနေ သင်္ဘောဆိပ် ကိုသွားတာ။ အဲဒါ စစ်တွေမှာ မြို.အစနဲ. အဆုံးပဲ။ ဆိုင်ကယ်တဝုန်းဝုန်းနဲ.ဆောင့်တာ ကလဲ ရှိသေးတယ်။ မြောက်ဦးကို သွားမယ်လေ။ ချောင်းဆိုးလွန်းလို. အသံတောင်မထွက်ဘူး။ ဒီအအေးနဲ. ဒီအဆုပ်နဲ.ကတော့ တွေ.နေပြီ။ သူများတွေက အသည်းနုတယ်တဲ့ ကိုယ်တွေက အဆုပ်နုတယ်လေ။ လေလေး ဝှီးခနဲကို ချောင်းက ဆိုးပြီးသား နှာက စီးပြီးသားပဲ။

ဒုန်းဒိုင်းဘုန်းဘိုင်းနဲ. နာရီဝက်လောက်နေတော့ သင်္ဘောဆိပ်ကိုရောက်လာတယ်။ လွန်ခဲ့တဲ့ ၁၄နှစ်က နောက်ဆုံး ခရီးသွားခဲ့စဉ်ကနဲ. တူတူပါပဲ။ ဘာအဆောက်အအုံအသစ်မှ လုပ်ထားတာ မတွေ.ဘူး။ ရေပေါ်လျှပ်ပြေးယဉ်ဆိုလား ဘာလားနဲ. သွားချင်ပေမဲ့ လိုချင်တဲ့ဒိတ်မရတဲ့အတွက် ရိုးရိုးသင်္ဘော (နာမည်မေ့ကုန်ပြီ) နဲ.သွားရမှာ။ နေ.တဝက်ကြာမယ်တဲ့။ မတတ်နိုင်ဘူး။ ဒီဘက်တခေါက်ရောက်ပြီးမှ မြောက်ဦး မရောက်ဘူးဆိုမကောင်းဘူးလေ။ သွားမယ်ဟဲ့ ၂ ညအိပ်ကြာပေ့စေ ဆိုပြီးသွားတာ။ အခန်းတခန်းရတယ် ဆိုလို. ၆၀၀၀ နဲ.ယူလိုက်တယ်။ အခန်းသွားကြည့်လိုက်တော့ ခုတင်လေးတလုံးပဲပါတယ်။ ဒီတိုင်း ငုတ်တုတ်ထိုင်ရတာထက်စာရင် ဆိုပြီး အခန်းယူလိုက်တယ်။

ရနာရီခွဲမှာ သင်္ဘော စထွက်ပါတယ်။ အချိန်ကတော့ တိကျတယ်။ ခရီးသွားတွေထဲမှာ တောင်းတွေခြင်းတွေ တပုံကြီးနဲ. အမေကြီး အဖွားကြီး များတာ သတိထားမိတယ်။ အားလုံးနီးနီးက ဘေထုတ်က အနွေးထည် အထူတထည်စီနဲ. ရိုးရိုးထမီလေးနဲ. စောင်ပါးလေးတထည်လောက်ပဲ ခြုံထားတယ်။ ဘယ်လိုလုပ်များ နွေးပါ့မလဲ လို.ကြားက စိတ်ပူမိပြန်တယ်။ သင်္ဘောက ဆွေးမြေ.နေတဲ့ သင်္ဘော အအိုအဟောင်းကြီး။ အောက်က ကြမ်းခင်းသံပြား တွေတောင် သံချေးကိုက်ပြီး ပြတ်ကျမတတ် ပါးနေတယ်။ ဝိတ်များတဲ့ ကိုယ့်ဘိုးတော် လမ်းလျှောက်ရင်း ဂျွတ်ဆို ရေထဲပြုတ်ကျသွားမှာ စိုးရိမ်နေရတယ်။












ထွက်တာနဲ. ဟိုဘက်ကမ်းက ဆန်စက် အအေးခန်းစကရုံတွေကို ဖြတ်အပြီးမှာ ဆတ်ရိုးကျ ချောင်းဝကို မြင်ရတယ်။ မြစ်ဝကို ထွက်လိုက်တာနဲ. စင်ရော်အုပ်ကို သတိထားမိတယ်။ မပွင့်တပွင့်နေရောင်အောက်မှာ စင်ရော်လေးတွေပျံနေတာကို ကြည့်ရတာ ကဗျာ တပုဒ်ဖတ်ရသလိုပဲ။


ကိုယ်က ရေသာမကူးတတ်တာ ရေလမ်းခရီးသွားရတာ ကြိုက်တယ်။ မြစ်ကြောင်းတလျှောက်ပြောပါတယ်။ ပင်လယ် သမုဒ္ဒရာ ဆိုရင်တော့ ဟင့်အင်း။ မြစ်ကမ်းဘေးလေးကို ကြည့်ပြီး သင်္ဘောစီးရတာ ပျင်းစရာကောင်းတယ် လို. မထင်ဘူး။ စိတ်အရမ်းအေးချမ်းတယ်။

ဒီပုံကိုဆို ပန်းချီကားလားတောင် ထင်မိတယ်။ ဓါတ်ပုံထဲမှာ ပဲ အရာရာဟာ ပိုလှနေသလားမသိ။ ဒါပေမဲ့ အပြင်မှာလည်း အလှက မလျော့ပါဘူး။ 
ဒါကတော့ ပုဏ္ဏားကျွန်း အဝင်ဝမှဖူးရတဲ့ ဦးရာဇ်တောင် စေတီမြင်ကွင်းပါ။ စိမ်းစိုပြီး မြင်ရတာ ကျက်သရေရှိတယ်။




သင်္ဘောက ကျွန်းပတ်ဆိုတော့ ပုဏ္ဏားကျွန်းမှာရပ်တယ်။ ကားလမ်းနဲ.တခါသွားတုန်းကပဲ ဖြတ်သွားဖူးပြီး သင်္ဘောနဲ. မရောက်ဘူးသေးဘူး။ တခေါက်တော့ ရောက်ချင်သေးတယ်။ ခုတော့ သင်္ဘောဆိပ်ကိုပဲ ဓါတ်ပုံရိုက်ခဲ့ရတာပေါ့။


ဆောင်းဦးမြစ်ပြင်မို.လားမသိ။ သင်္ဘောကလဲ ငြိမ့်တယ်။ ဒီရေတက်နဲ.တိုးတော့ မြန်မြန်ရောက်မယ်ဆိုလို. ဝမ်းသာရသေးတယ်။ အေးအေး ငြိမ့်ငြိမ့်ဆိုတာ အဲတာမျိုးနေမှာ။ ကိုယ်အိပ်ပျော်သွားတယ်။ နိုးတော့ ပတဲ ကိုရောက်နေပြီတဲ့။ ဒါဆို ပတဲဆိပ်ကမ်းမှာ ငါးကင်နဲ. ဂြိတ်ချေ (ခရုအသေးတမျိုး) ဝယ်စားရတော့မယ်။ စဉ်းစားတာတောင်နောက်ကျသေး ယောင်းမက ဝယ်လာပြီးနေပြီ။ ခရုအသေးလေးကို ကလော်ပြီး စားဖို. ရှောက်ပင်က ဆူးအရှည် အကြီး တချောင်း ထည့်ထားပေးတယ်။း) အဲဒါက ပတဲကို ဝင်ရင် စားကိုစားရမဲ့ ဒေသအစားအစာပဲ။ ဝမ်းသွားတာ မသွားတာ နောက်ထား။ ငါးက ချိုချက်ကတော့ ပြောမနေနဲ.။ မြစ်ငါးချိုချိုကို ဆား နနွင်းလေးလူးပြီး ထင်းမီးမှာ ကင်ထားတာ။ ဘယ်က ဘာဘီကျူးနဲ.မှ မလဲနိုင်ဘူးကော။

သိပ်မကြာပါဘူး။ မြောက်ဦးကိုရောက်ပါတယ်။ ရှေးဟောင်းယဉ်ကျေးမှု မြောက်ဦးမြို.ဆိုတဲ့ စာတန်းကို တွေ.တည်းက နည်းနည်း မျက်ရည်က ဝိုင်းချင်တယ်။ မြောက်ဦးနဲ. ပတ်သက်၇င် လွမ်းစရာတွေသိပ်များတယ်။ မြောက်ဦးက ပြောင်းတဲ့နေ.တုန်းက  ကားဂိတ်မှာ မျက်ရည်တွေတွေကျပြီး တဗြဲဗြဲ ငိုခဲ့တာ သတိရသေးတယ်။ သွားမဲ့ လူကလဲ ငိုသလို ကျန်ခဲ့တဲ့ လူတွေကလည်း ငိုကြတယ်။ ခုတော့ တခေါက်ပြန်ရောက်လာပြီ။ ၈ တန်းနှစ်တနှစ်တည်း တက်ခဲ့တယ်ဆိုပေမဲ့ သံယောဇဉ်အမျှင်တွေ တသီတတန်းကြီးနဲ. မြို.။ စက်ဘီးတစီးနဲ. ရွာရိုးကိုးပေါက် လျှောက်ကျောင်းပြေးခဲ့တဲ့မြို.။ မကြီးမငယ်နဲ. လက်ဆည်ကန်မှာ ရေနစ်ခဲ့တဲ့မြို.။





မြောက်ဦးကို ချစ်ပေမဲ့ မြောက်ဦးက အစားအသောက်တွေ မကောင်းတာတော့ အတင်းပြောရမယ်ထင်တယ်။ ဟိုတည်းကိုက ဒီရောက်ရင် ဘယ်ဆိုင်မှာ ဘာက ကောင်းတာရယ်လို. ထောက်ပြ လို.ရတဲ့ဆိုင် တဆိုင်မှ မရှိဘူး။ စားသောက်ဆိုင် ကောင်းကောင်းမရှိတာကိုပြောပါတယ်။ နေ.လည်စာကို သင်္ဘောဆိပ်က ဆိုင်တဆိုင်မှာ ဖြစ်သလို စားလိုက်တယ်။ ရောက်တာနဲ. ဟိုလုပ်ဒီလုပ်နေတာနဲ. အချိန်က ၂နာရီလောက်ဖြစ်သွားတယ်။ ၈နာရီ ညမထွက်ရ အမိန်.ရှိတယ်တဲ့။ ဒီတော့ မာန်ငါးပါးဖြစ်ဖြစ် မြန်မြန်သွားဖူးရအောင် ဆိုပြီးတော့ ဟိုတယ်မှာ check-in သွားလုပ်ကြတယ်။

တည်းတဲ့ဟိုတယ်က ရွိုင်ရယ် ပဲလေ့စ် ဟိုတယ်ပါ။ ခုမှ အသစ်စဖွင့်ခါစ ပဲရှိပါသေးတယ်။ မြို.ထဲနဲ. မနီးမဝေးမှာရှိပြီးတော့ ဟိုတယ်ကို မြောက်ဦးထုံးစံ နှစ်ဆောင်တွဲ အိမ်ခန်းလေးတွေ ဆောက်ထားတာပါ။ တညကို တသောင်း ၂ ထောင်လားပဲ ပေးရတဲ့ အတွက် အရမ်းဈေးချိုတယ်လို.ပြောလို.ရပါတယ်။ ဟိုတယ်က ရေပူရေအေး အဲယားကွန်း ဟီတာ အားလုံးပါတယ်လို.ဆိုပါတယ်။ အဲဒါတွေအားလုံးပါလဲ ပါပါတယ်။ ဖွင့်လို.မရတာ ပဲရှိတာ။ ဟိုတယ်က အသစ်စဆောက်ပြီးတည်းက ရခိုင် အရေးအခင်းဖြစ်ပြီး နီုင်ငံခြားသား  ဧည့်သည်တွေကို လာခွင့် ပိတ်လိုက်တော့ တည်းတဲ့လူ အရမ်းနည်းပြီး အဆင်မပြေဖြစ်နေပါတယ်တဲ့။ ဒုက္ခရောက်ကြတာတော့ တမြို.လုံးပါပဲတဲ့။ ရေနွေး ရေအေး စက်တွေပါပေမဲ့ Central Heating System နဲ.ဆိုတော့ သုံးချင်တယ်ဆိုရင် မီးစက်အကြီးတလုံးနှိုးရမှာတဲ့ အဲ့တော့ ဧည့်သည်က ၂ခန်းတည်းကို မီးစက်ကြီးနဲ.ဆို မကိုက်လို. ရေနွေးမပေးနိုင်ပါဘူးတဲ့။ ရေနွေးလိုချင်တယ်ဆိုတော့ ဓါတ်ဗူးလေးနဲ. ပလက်စတစ်ပုံးလေးနဲ.တော့ လာပေးရှာပါတယ်။ ရေနွေးလေးစပ်ပြီး ချိုး၇အောင်ပေါ့။ ညဘက်ချမ်းတော့ လည်း ဟီတာ မဖွင့်ပေးနိုင်ပေမဲ့ မီးပုံလေး နဲ. မီးလှုံလို. ရအောင် စီစဉ်ပေးတယ်။ ဝန်ထမ်းတွေလည်း ဆက်ဆံရေးကောင်းတဲ့အတွက် ရောက်ရင် သွားတည်းဖို. recommend ပေးလိုက်ပါတယ်။
မော်ဒယ်ကတော့ ယောင်းမ ပေါ့။း)

စင်္ကာပူမှာ ပြွတ်သိပ်ကျပ်တည်းနေရတာကြောင့် ခုလိုကျယ်ကျယ်ဝန်းဝန်းကို တသောင်းကျော်ကျော်လေးနဲ. နေလို.ရတာ အင်မတန် တန်တယ် လို.ခံစားပြီး အင်မတန် အားရပါတယ်။ ရေချိုးခန်းတောင် စလုံးက အိပ်ခန်းလောက်ကျယ်တယ်။  ဧည့်သည် အနည်းအများကို လိုက်ပြီး ဈေးနှုန်းပြောင်းရင် ပြောင်းပါလိမ့်မယ်။

မာန်ငါးပါးကို ဖူးဖို. စထွက်တော့ ၃နာရီထိုးနေပီ။ ဘယ်အရင်သွားမလဲဆိုတော့ စန္ဒာမုနိတဲ့။း) ဒီလိုနဲ. ပဲ မာန်ငါးပါးကို ဖုတ်ပူမီးတိုက် နောက်ကကျားလိုက်သလို ဖူးခဲ့ရတဲ့ ၅နာရီကြာ ဘုရားဖူးခရီးစပါတော့တယ်။

အပိုင်း(၂) ကနောက်နေ.ပေါ့။

ခိုင်ဝေဇံ