ရခိုင်ထွက်ပစ်စည်း စစ်စစ်တွေပဲ အားပြုရောင်းတော့မယ်လို. ဆိုင်ရှင်ကပြောပါတယ်။ ဆိုင်မှာ မရွတ်စိ ၊ ဂုံး ၊ ကျောက်ကျောမျှင် ( အချိုတည်းတဲ့ ကျောက်ကျောမဟုတ်ဘူးနော်) ခြောက်စသည်ဖြင့် စုံစုံလင်လင်တွေ.ခဲ့ပါတယ်။ ရခိုင်ဝက်အူချောင်း၊ တောင် ပိန်းနှဲစေ့ (ပြုတ်စား၊ ချက်စားလို.ရ)၊ ငါးခြောက်တွေလည်းရှိတယ်။ ရခိုင်ငပိထောာင်း တွေလည်း မြင်ခဲ့တယ်။ လူတိုင်းဆိုင်မှာတင်နေတဲ့ ပစ်စည်းတွေ တင်လို.ဘာထူးမှာလဲ။ ရခိုင်ထွက် စစ်စစ်တွေပဲတင်မယ်လို. ပြောလိုက်တယ်။ ကိုယ်ကတော့ အကြံပေးခဲ့တယ်။ ရခိုင်အလံလေးတွေ တင်ရောင်းပါလားလို. ဝယ်ချင်လို.။ ခေါင်းရင်းချိတ်ထားလည်း ရတယ်။ နံရံကပ်ထားလည်းရတယ်။ စတိတ်ရှိုးသွားတုန်းက သူများတွေ အလံသေးသေးလေးကိုင်လာတော့ ကိုယ်မှာ ကိုင်ချင်ရက် စက်စက်ယို ကိုယ့်အလိုနဲ.ကိုယ် တိုက်တွန်းကြည့်တာပါ အဟီး။
တော်တော်များများ ပြောင်းသွားတာ မသိလိုက်ကြလို. ဆော်သြလိုက်တာပါ။ သွားလည်တုန်းရိုက်လာတဲ့ ပုံလေးတွေလည်း တင်ပေးလိုက်တယ်။း)
ဆိုင်သစ်ပုံ
ငပိထောင်းနဲ. တောင်ပိန်းနှဲစေ့
မရွတ်စိခြောက် ဒီမှာ LaLa လို.ခေါ်တယ်ထင်တယ်။
ပုံလေး ဝါးသွားတာ ခွင့်လွှတ်ကြပါ။ အဲလို ဝါးသွားရင် စိတ်တယ်မကောင်းဘူး။ ဖုန်းကင်မရာစုတ်လေးနဲ. ရိုက်ပေမဲ့ ထင်းထင်းလင်းလင်းပဲတင်ချင်တာ။ ဧည့်သည်တွေ ဆိုင်မှာ ရောက်နေတာနဲ. အားနာလို. သေချာမရိုက်ခဲ့ရဘူး။ မင်းပြားဝက်အူချောင်းကို သတိရလို. ဝယ်ခဲ့တယ်။ တထုတ် ၅ ကျပ်ပေးရတယ်။ စားကြည့်တော့ တော်တော်ကောင်းပါတယ်။ ကိုယ်က ဆီနဲ. မကျော်ဘူး ဝက်အူချောင်းကို။ ဆီနဲ.ကျော်ရင် မာသွားတယ်။ ရေဖင်ကပ်လေးနဲ. ပြုတ်တာ။ ရေကုန်သွားတော့ ဝက်အူချောင်းကလည်း ဆီတွေထွက်သေးတယ်လေ။ ကိုယ့်ဆီနဲ.ကိုယ်ပြန်ကျော်ပေါ့။ ဒီတော့မှ နူးအိ ပြီး စားလို.ကောင်းတာ။
ကဲ တော်လောက်ပြီ။ ဆိုင် ရီဗျူးတွေ ရေးစရာရှိတာကို ပျင်းနေတာနဲ. မရေးရသေးဘူး။ ခုလည်း အိပ်လိုက်အုံးမယ် တေ၇းလောက်။ မျှစ်ပြုတ်နဲ. ငပိထောင်း (စပ်တာပြဲနေတာပဲ ငရုတ်သီးလက်ဆနည်းနည်းပြင်းသွားလို.) စားပြီးတော့ သွေးလေးတွေတက်ပြီး ဗိုက်လေးတွေ နာနေတယ်။ ညနေ ကိုးရီးယား ဘာဘီကျူးသွားစားရအုံးမယ်။
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ





No comments:
Post a Comment