အိမ်းအဲဒါနဲ. စီစဉ်လိုက်ကြတာ (ကိုယ်မပါဘူး) နံသာသွေးလဲဖြစ်သွားတယ်။ မဏ္ဍပ်လည်းဖြစ်သွားတယ်။ မုန်.တီစတုဒီသာလည်းကျွေးဖြစ်သွားမယ်။ ကိုယ်ကတော့ ဟိုလုပ်ပေးမလိုလို ဒီလုပ်ပေးမလိုလိုနဲ. မဏ္ဍပ်လည်း မဝင် ပိုက်ဆံလည်း မထည့် ကျောက်ပျဉ်လည်း မပေးဖြစ် (နံသာသွေးဖို.) နဲ.ထုံးစံအတိုင်း လုပ်တဲ့ နေ.မှ ယောင်လည်လည်နဲ.ရောက်သွားပါတယ်။ အိပ်ရာထတာနောက်ကျလို. မုန်.တီငတ်သွားတယ် (နည်းတောင်နည်းသေး)။ သင်္ကြန်နဲ.ပတ်သတ်ရင် နဂိုတည်းက သိပ်စိတ်လှုပ်ရှားတတ်သူမဟုတ်လေတော့ Gathering လုပ်တဲ့ သဘောမျိုးပဲ သဘောထားရတယ်။
ကိုယ်တသက်လုံး မဏ္ဍပ် မဝင်ဖူးဘူး။ ၇ခိုင်မှာ မိန်းကလေးများ အပျိုအရွယ် ရောက်လာရင် အားလုံးမဏ္ဍပ်ဝင် ရတယ် သင်္ကြန်အတွင်းမှာ။ အများစုကဝင်ကြတာပေါ့။ ရခိုင်ဓလေ့ကို နည်းနည်းရှင်းပြပါ့မယ်။ ရခိုင်သင်္ကြန်ကျရင် မဏ္ဍပ်ကြီးချပြီး လှေနဲ.ရေလောင်းကြပါတယ်။ ဒါထုံးစံပဲ။ မဏ္ဍပ်တစ်ခုမှာ မဏ္ဍပ်ဝင် ရေလောင်းမဲ့မိန်းကလေး ၁၀ယောက် အယောက် ၂၀ စသည်ဖြင့်ရှိတယ်။ မဏ္ဍပ်တစ်ခုမှာ မဏ္ဍပ်ရှင် လို.ခေါ်တဲ့ ဦးစီးတဲ့ အမျိုးသမီးကြီးပေါ့ ဒါမှမဟုတ် မိန်းစပွန်ဆာလို ပိုက်ဆံထုပ်ပေးတဲ့လူ ပုံစံမျိုး လူတွေရှိတယ်။ ခန်.ခန်.ကြီးထိုင်ပြီးကွပ်ကဲတာပေါ့။ ပြီးတော့ မဏ္ဍပ်ထိန်းလို.ခေါ်တဲ့ ရေလောင်းတဲ့ မိန်းခလေးတွေကို လိုက်ပြီး ကာကွယ် ပေးရတဲ့ အမျိုးသမီးများရှိပါတယ်။ ရေလောင်းချင်တဲ့လူတွေက ရေကိုတစ်ပုံး ဘယ်လောက်နှုန်းစသည်ဖြင့် သတ်မှတ်ဈေးနှုန်းနဲ.ဝယ်ရတယ်။ မဏ္ဍပ်ဖွင့်ပြီဆိုတာနဲ. ရေလောင်းမဲ့ကောင်လေးတွေက မဏ္ဍပ်ရှေ.တန်းစီနေတာပေါ့။ မဏ္ဍပ်သူတွေက သူတို.ကို ကျောပေးပြီး တန်းစီပြီးထိုင်ရတယ်။ လောင်းနောက်ဖက်မှာပေါ့။ ကောင်လေးတွေက လောင်းချင်တဲ့ ကောင်မလေးကို ရေလှမ်းပက်ရတယ်။ တချို.ကတော့ ဘယ်သူ ဘယ်ဖက်မှာထိုင်နေလဲဆိုတာ သိပြီးသားပေါ့။ တချို.ကလည်း သိဘူး ရတဲ့လူ လှမ်းပက်တာ။ တချို.ကလည်း ပက်တဲ့လူကတခြား ထိတဲ့လူကတခြား။ လိုချင်တဲ့လူကို ထိထိမထိထိ ဆောရီးပြောလို.မရဘူး။ ရေပက်ခံထိတဲ့ ကောင်မလေး က ထပြီး ရေပက်ရတယ်။ အဲဒီမှာ ရေတစိမ့်စိမ့်လောင်းပြီး အနီးကပ် စကားတွေပြော။ အပြောမတတ် အနေမတတ်ရင် ကောင်မလေးဆီမှာလည်း ခွက်နဲ.ထုခံရမယ်။ မဏ္ဍပ်ထိန်းဆီမှာလည်း ရေပုံးနဲ.ထုခံရမယ်။ မဏ္ဍပ်ထိန်းက ရေပုံးယူပေး ဘာပေးနဲ. ကောင်မလေးဘေးမှာ အချိန်ပြည့်ရှိနေတာ။ တချို.ကလည်း ဒီလိုနဲ.ပဲ သင်္ကြန်ဇာတ်လမ်းတွေရှိခဲ့တာပေါ့။ အဲဒီမှာ ရေရောင်းလို.၇တဲ့ ပိုက်ဆံနဲ. သင်္ကြန်ပြီးရင် မဏ္ဍပ်သူ မဏ္ဍပ်သားတွေ ပစ်ကနစ်ထွက်ကြတယ်။ ချစ်စရာကောင်းတဲ့ ဓလေ့ပါ။ ခု ရန်ကုန်ခါတော်မီ မဏ္ဍပ်များလို သရုပ်ပျက်နေတဲ့ ဟာတွေမဟုတ်ဘူး။ Culture ဆိုတာ အဲဒီမှာကွာသွားတာပဲ။ မန်းလေးက မဏ္ဍပ်တွေလည်း တချို.သန်.တဲ့ မဏ္ဍပ်တွေ ရှိသေးတယ်။ ရန်ကုန်ကတော့ ပျက်သွားပြီ။
ကိုယ်ကတော့ ဘယ်တော့မှ မဏ္ဍပ်မဝင်ဘူး။ ရုပ်ဆိုးတော့ ရေလောင်းမဲ့သူ မရှိမှာကြောက်လို.။ အိမ်ကို ရေလာလောင်းမှပဲ အလောင်းခံတယ် (တစ်ယောက်လား ၂ယောက်လားပဲလာလောင်းဖူးကြောင်းး( ။ ) အိမ်ထဲကနေ သူများလောင်းတာတွေပဲ ထိုင်ကြည့် မဟုတ်ရင် ကလေးတွေနဲ. အိမ်ရှေ.မှာ စည်ပိုင်းနဲ. ရေပက်။ အဲလိုပဲ။ ၈ တန်းနှစ်မြောက်ဦးမှာနေတုန်းကတော့ ရေလောင်းဖူးတယ်။ ကိုယ့်အဖေက အရမ်းရေလောင်းစေချင်တယ်။ သမီးမပူနဲ. အဖေ့တပည့်တွေကို ပြောထားမယ် သမီးကို ရေမလောင်းမနေရလို. မဏ္ဍပ်ဝင်နော် စသည်ဖြင့် ဆွဲဆောင်တယ်။ သမီးက ဟင့်အင်း ဟင့်အင်း။ ဒါပေမဲ့ သင်္ကြန်အတက်နေ. မြောင်းဘွေ ကိုသွားတော့ (မြောက်ဦးနယ်က မြို.နယ်တစ်ခု) အမေ့သူငယ်ချင်း အရီးဘုမရဲ.သား ကျော်ခိုင်ဖြိုးကို ရေလောင်းချင်တယ်လို. အဖေ့ကို ပြောလိုက်တယ်။ အမေက လှမ်းဆူတာပေါ့ ဟဲ့ ဘယ့်နှယ် သူများမိန်းကလေးတွေကို မဏ္ဍပ်ထဲမှာ အိနြေ္ဒရရ မလောင်းဘူး။ ယောက်ျားလေးအိမ်သွားချင်တယ် ငါတခါမှ မကြားဖူးဘူး စသည်ဖြင့်။ ပါပါက ဘာမှာမပြောဘူး ရော့တဲ့ ငွေဖလားတစ်လုံး ၊ ရေမွှေးတစ်ပုလင်းပေးတယ်။ သွားလောင်းချည်တဲ့။ အဖော်အဖြစ် မမသိန်းချေကို ထည့်ပေးလိုက်တာပေါ့။ အဲဒါနဲ. ရွာလယ်က ကျော်ခိုင်ဖြိုးတိုအိမ်ကို ချီတက်သွားတယ်။ ကျော်ခိုင်ဖြိုး ငါရေလာလောင်းတယ်လို .အိမ်အောက်က အော်တာပေါ့။ ကျော်ခိုင်းဖြိုးခမျာ ရှက်ကလည်းရှက်နဲ. ဒူးတွေတုန်ပြီး အိမ်ပေါ်ကဆင်းလာတယ် မျက်လုံးလေး ကလယ်ကလယ်နဲ.။ အိမ်နီးချင်းတွေကလည်း ပြုံးစိပြုံးစိနဲ. ဝိုင်းပြီးကြည့်ကြတာပေါ့။ ကိုယ်က သူတို.အိမ်က ရေခပ် ငွေဖလားထဲ ရေမွှေးဘာညာ အဆင်သင့် ဆွတ်ပြီး မိန်.မိန်.ကြီး စောင့်တာပေါ့။ သူက ရှက်လို.။ ပြောင်းပြန။် အဲဒီတစ်ခါပဲကောင်းကောင်းရေလောင်းဖူးတယ်။ ပြောသာပြောရတယ်။ ကျော်ထူးအောင်များ စိတ်ဆိုးနေမလားမသိ။ စိတ်မဆိုးပါနဲ.ကွယ်။ နောက်နှစ် စပရိန်းဖီးကိုအဲလိုရေလာလောင်းပါ့မယ်။း) ဟီးဟီး
အန်းနီးဝေး ကိုယ့်အကြောင်းတော်ပြီ။ ဓါတ်ပုံတွေပဲ ကြည့်တော့။
ထုံးစံအတိုင်း ကိုယ့်ပုံကို တစ်ပုံလောက်ဖြစ်အောင်တင်လိုက်ရမှဆိုတော့ တင်လိုက်ပါအုံးမယ် တာဝန်အရ။ အီိဂို တွေ အီဂိုတွေ။

ဒါကတော့ သတ်သတ်မဲ့ လက်စွပပ်ြကိုကြွားတာ (ညီမဟာ) နာမည်ထည့်မပြောရင် ဘလော့ လာပြီး အရှက်ခွဲမှာလည်း စိုးရသေးတယ်။ ငါ့ဘဝနှယ်။ ကြွားတဲ့လို.ဆိုရအောင်လည်း အဖိုးကမတန်တော့ ဂွကျသား။
ဟောရောက်ပါပြီ ဆန်ဘာဝမ် သင်္ကြန်။ ပြဇာတ် အငြိမ့် သင်္ကြန်အကတွေရှိတယ်။ စင်ကြီးထိုးထားတယ်။ စတုဒီသာ စားနေကျတဲ့ လူတွေနဲ. ကျိတ်ကျိတ်တိုး။
ကိုယ်လာတော့ ပြဇာတ်ကနေတယ်။ ဒါက စတုဒီသာလည်စားတုန်း ကြုံလို.ရိုက်ခဲ့တာ။
မဏ္ဍပ်ဝင်လှပျိုဖြူများ။ အချောလေးတွေပါပါတယ်။ ထမိန်ပါးလို. ကိုယ်တို.တွေ နောက်က ရင်နည်းနည်းတုန်ရတာကလွဲရင် မဏ္ဍပ်ဆင်ကလှပါတယ်။ ဓညဝတီကအမ ဆင်ပေးတာ။ ရိုးရိုးရှင်းရှင်းနဲ.ကြည့်လို.ကောင်းတယ်။ ကိုယ့်အတွက် အပိုတစ်စုံခြုပ်ထားပေးတယ်လို.ပြောတယ်။ အားနာလိုက်တာ။ ကိုယ်က အမည်းရောင် အညိုရောင် ခဲရောင် အစရှိတဲ့ (အမေ့အခေါ် ဖွတ်ရောင်) လေးတွေကိုသာ ဝတ်တတ်တာမို. ခုလို အဝါရောင်တောက်တောက်ကလေး ဝတ်ခိုင်းတဲ့အခါ ကိုယ့်ခါးလေးကိုယ်မြင်ယောင်ပြီး အတင်းငြင်းမိတာပါ။ ဓညဝတီသွားရမှာ အားတောင်နာတယ်။
ရေလောင်းရန် Q နေသူများ
ရေလောင်းကြပြီ။နား နားပြီးလောင်းရတယ်။ ရေလောင်းတယ်ဆိုတာ တော်တော်မောတာကိုး။ ရှေ.ဆုံးက ပြုံးပြုံးကြီးဘယ်သူလဲလို.ကြည့်လိုက်တော့ ကိုယ့်ဦးလေးဖြစ်နေတယ်။ ဟီးဟီး။
ပရိတ်သတ်များကတော့ တာလပတ်လေးခင်းတဲ့အပ်ါမှာထိုင်ရင်း ဟိုလူ.လှမ်းကြည့်ဒီလူ.လှမ်းကြည့်ပေါ့။ စတုဒီသာလည်စားဖို.ကြိုးစားတော့လည်း နောက်ကျလို.ကုန်သွားပြီ။ ဆမ်ဘာဝမ် ပန်းခြံကြီးတစ်ပတ် ဒေါက်ဖိနပ် တဂွက်ဂွက်နဲ. စတုဒီသာ အကျန်လေးတွေ လိုက်ရှာစားရတာကို မပြောပြတော့ဘူး။ ပရိတ်သတ်များ မျက်ရည်ကျသွားမှာစိုးလို.။ ကျူရှင်ဆရာမဖြစ်တဲ့ညီမက သူ.ကလေးတွေနဲ.ပေါင်းပြီး ရေသွားပက်တာ ပေါ်မလာတော့ဘူး။ တော်တော်တော်တဲ့ ဆရာမ။
ခဏကြာတော့ ရေပက်တဲ့ကောင်မလေးတွေမောလို. မဏ္ဍပ်ရှင်ကနေပြီးတော့ ရသမျှ လူကိုဆွဲပြီးပက်ခိုင်းပါလေရော။ ကိုယ်တွေက အကြောင်းပြချက်ခိုင်လုံတော့ မလိုက်ရဘူး။ အဲ ထိုင်ကြည့်နေတဲ့ လူတွေအားလုံးနီးပါး ပါသွားကြတယ်။ ကိုယ်တွေကတော့ ဓါတ်ပုံရိုက်ဖို. အကွက်ကောင်းဆိုပြီး တပြုံးပြုံးပေါ့။း)

ရတနာကျော်ဆန်းကတော့ သိပ်မပျော်ဘူး။ စိုးမိုးညီမလေး ကို ဖင်ဒရွတ်တိုက်ပြီးဆွဲခေါ်သွားတာ။ ကိုယ်တွေက ဗလတောင့်ပြီး သိုင်းသမားလိုလို ခါးပတ်နက်ကြီးပတ်ထားတော့ အရီးခင်ခင်ညွန်.လက်လျှော့သွားတာ။ ဟီးဟီး။
ရခိုင်သူများ အမှတ်တရ။
အဲ ဆန်ဘာဝမ်းကို အသွားတုန်းက တက်ကစီလေးနဲ. ပဲလေးနဲသွားပြီးတော့ အပြန်ကျတော့ နေပူကြီးထဲ လမ်းလျှောက်ပြီးပြန်လာရတယ်။ နေ.လည်နေပူကျက်ကျက်ဆူမှာ အမည်းဝမ်းဆက်ဝတ် ခါးပတ်မည်းကြီးပတ် ဒေါက်ဖိနပ်အမည်းကြီးစီးပြီး လမ်းလျှောက်ရတဲ့ဒုက္ခကို မျှဝေခံစားသာကြည့်ကြတော့ ပရိတ်သတ်တို.။ ဘော်ဘော်သရဲတွေနဲ.ဆိုတော့ နည်းနည်းတော်သေးတာပေါ့။ အဲဒါနဲ. အမ်အာရ်တီမရောက်ခင် လမ်းတဝက်မှာ ရေဆာပြီး ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ကြပါလေရော။


စားရင်းသောက်ရင်းနဲ. စားဖို.သောက်ဖို.တိုင်ပင်ကြပါတယ်။ ဘာလုပ်စားကြရင် ကောင်းမလဲပေါ့။ အောင်မျိုးဥက ဟောင်ကောင်ခေါက်ဆွဲကြီးစားပြီးပြောတယ် အိမ်မပြန်ချင်ဘူးတဲ့ တစ်ခုခုလုပ်စားရအောင်တဲ့။ မြတ်ရှင်က ကြက်ပေါင်ကြီးကိုက်ပြီးတော့ ငှက်ပျောအူလေးသုပ်စားကြရင်ကောင်းမယ်တဲ့။ ကိုယ်က ခေါက်ဆွဲကျော်ပလုပ်ပလောင်းနဲ. လုပ်မဲ့လုပ်တော့ ထုံးစံအတိုင်း မုန်.တီနဲ. သင်္ဘောသီးသုပ်ပြီးတော့ ဟင်းခါးပါချက်လိုက်မယ်တဲ့။ အဲဒါနဲ.အားလုံး စုပြီး ထုံးစံအတိုင်း ရတနာကျော်ဆန်းတို.အိမ်ရောက်သွားကြတယ်။ စားပွဲသောက်ပွဲကြီးစလေသတည်းပေါ့။
ငှက်ပျောအူ နွှာပြီ။ သင်္ဘောသီးနေရာမှာ ငှက်ပျောအူ ထည့်သုပ်တာပါပဲ။ ဗမာပြည်ဖက် စားမစားတော့ မသိဘူး။ ကိုယ်တွေ ရခိုင်ဘက်မှာငှက်ပျောပင်ပေါတော့ အားယားနေရင် ခုတ်စားလိုက်ကြတာပဲ။
ငရုတ်သီး စထောင်းပြီ။
သုပ်မယ်။
စားရန်အဆင်သင့် ငှက်ပျောအူသုပ်။
ထမင်းဖြူလေးနဲ. ဟင်းခါးတော့ မလုပ်လိုက်ရဘူး။ မိုးအေးအေးမှာ သင်္ဘောသီးသုပ်စပ်စပ်လေးစားလိုက်၊ စပ်ရင် စပရိုက်ဘူးလေးသောက်လိုက်၊ လူပျိုကြီး ကိုဇော်ရီက ရေနွေးကြမ်းလေးမှုတ်သောက်လိုက်နဲ. စားလို.သောက်လို. ဝင်သလားမမေးနဲ.း)
သင်္ကြန်အကြောင်းသက်သက်ရယ်လို.မဖြစ်တော့ဘူး။ ဒါပေမဲ့ တော်တော်ကို စားရသောက်ရတဲ့ နေ.တစ်နေ.ပါ။း) ဘော်ဘော်သရဲများကို အဆိုပြုလိုက်မယ်။ သင်္ကြန်မကျလည်း သင်္ဘောသီးသုပ် နောက်တစ်ရက်စားကြအုံးမယ်။ နော် နော် နော်။
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ














နောက်တစ်ခါ မခိုင်နဲ့ တွိ့ကေ မုန့်ကျွေးပါဖို့ . ဟီးးး :)
ReplyDelete