ခုမနက်ထိ စိတ်မပူသေးပါဘူး။ မနက်ဖြန်ညနေဆိုရင်တော့ ခေါင်းမီးနည်းနည်းတောက်မယ် ထင်တယ်။ သဘက်ခါ စာမေးပွဲဆိုတော့ မနက်ဖြန်မှ ခေါင်းမီးမတောက်လဲ သေဖွယ်သာ ရှိကြောင်း။ ကိုယ်စာမေးပွဲ ဖြေသရွေ. ကျမယ်လို. မယုံတာက ခက်တယ်။ အဟင်း။ (ဖင်ခေါင်းကျယ်တာမဟုတ်) အမေ့ကို ယတြာချေခိုင်းထားတယ်။ အမေကလဲ စာမေးပွဲနီးတာနဲ. ယတြာကိစ္စ ပြောစရာမလို အဆင်သင့် စီစဉ်ပြီးသား။ အဲဒါ ဆယ်တန်းကတည်းက အကျင့်။ ဆယ်တန်း တုံးကတော့ ဘယ်ပြောကောင်းမလဲ။ လုပ်လိုက်ရတဲ့ ယတြာတွေများ အမေ့မှာဆို အားကို မအားပါဘူး။ တလလောက်တည်းက ကြိုလုပ်တာလေ။ ကိုယ်က မလုပ်စေချင်ဘူး။ ကိုယ်ထူးထူးချွန်ချွန်အောင်ခဲ့ရင် ယတြာကောင်းလို. အောင်တာလို. အပြောမခံချင်လို.။ အမေကတော့ စာမေးပွဲမတိုင်မီ အနှောက်အယှက် အက်စီးဒင့်တွေ မဖြစ်အောင်လို. အကြောင်းပြတယ်။
မှတ်မိပါသေးတယ်။ စာမေးပွဲမတိုင်မီတစ်ပတ်လောက်ထဲက ခေါင်းအုံးထဲမှာ ဘာအရွက်တွေမှန်းမသိ အရွက်ခြောက်တွေ ထည့်အိပ်ရတယ်။ ဟိုဘက်လှိမ့်လိုက်ရင်လည်း ဂျိုးဂျိုးဂျွတ်ဂျွတ် ဒီဘက်လှည့်လိုက်တော့လည်း ဂျိုးဂျိုးဂျွတ်ဂျွတ် နဲ. ကိုယ့်မှာ လည်ပင်းအရိုးကျိုးတယ်လို. ခဏခဏ အိပ်မက်မက်သေးတယ်။ ပြီးတော့ အနောက်ဘက်ကိုလား မြောက်ဘက် လားမသိဘူး လှည့်ပြီး စာကျက်ရတယ်။ နေဘယ်ကလာလာ မရဘူး အဲဘက်ကိုပဲ လှည့်ရမယ် ညနေစောင်းတော့ အခန်းက နေရောင်ရှိသေးရက်နဲ. နေရိပ်လို. ကွယ်နေရင် ဖယောင်းတိုင် ထွန်းပြီး ငုတ်တုတ်ကျက်ရတာ။ ဆယ်တန်းစာမေးပွဲ တုန်းကဆို ကိုယ့်ထက်အမေတို.က ပိုပြီး စိတ်လှုပ်ရှားတယ် ထင်တာပဲ။ အဲဒီတုန်းက သွားဖြေရတာ အထက ၂ လား ဘာလားမသိပါဘူး စစ်တွေမှာ။ ဂျစ်ကားကို ၅ ရက်လုံးငှားထားတာ။ ကိုယ့်အိမ်မှာ ကားမရှိတော့ သွားရေးလာရေး ကြန်.ကြာမှာကြောက်လို.။ တက္ကစီရှိတဲ့ ခေတ်မဟုတ်ဘူးနော်။ ကားငှားတယ်ဆိုတာ သင်္ကြန်တို. ခရီးသွားတို.မှ ငှားကြတဲ့ခေတ်။
အဲဒီတုန်းကတောင်သိပ်စိတ်လှုပ်ရှားခဲ့တာ မဟုတ်တော့ ခုလို ခြောက်လတစ်ခါ စာအုပ်ဖွင့်ဖြေရတဲ့ စာမေးပွဲ အတွက် ရင်ခုန်ဖို.ဆိုတာ ဝေးရောပေါ့။ ဟိုတစ်နေ.က မေးခွန်းဟောင်းတစ်စုံဖြေကြည့်တာ ၂ ရက်ကြာတယ်။ ဖြေရမှာက ၂နာရီ စာမေးပွဲ။ ဟုတ်နေတာပဲ။ ဒါလည်း အကြောက်အလန်.မရှိသေးဘူး။ ကိုယ်စာမေးပွဲဖြေတဲ့အခါ စာရ မရသိချင်ရင် စာမေးပွဲဖြေခါနီး ၁နာရီလောက်အလိုမှာ ကိုယ့်ကို လာကြည့်ပါ။ Condition ၃ ခုတွေ.နိုင်တယ်။
- ဂုဏ်ထူးရှင်လိုလို စကောလားသမားလိုလို သိပ်ပြီးအရေးမစိုက်သလိုလို အေးအေးဆေးဆေး လက်လေးပိုက်ပြီး ရယ်လိုက်မောလိုက် ဆရာကြီးစတိုင် ဆိုရင်တော့ အဲဒါသေချာတယ် စာမလုပ်ထားလို.ပါ။ လက်လျှော့ထားတာ။ ဘာလာလာ ညာလာလာ ထင်ရာ မြင်ရာ ဖြေမယ် ဆိုတဲ့သဘော။ အောင်ချင်အောင် မအောင်ချင်ကျ ကျရင် ထပ်ဖြေမယ် ဆိုတဲ့ သဘော။
- အတင်းအားဒမ ဟိုစာအုပ်ကို ဗြန်းဗြန်းကွဲ လှန် ဒီစာအုပ်ကို ဗြန်းဗြန်းကွဲလှန်၊ တတွတ်တွတ်နဲ. နတ်ကတော် နတ်ပူးသလို ပါးစပ်က ပွစိ ပွစိ၊ လက်တွေကလဲ တစ်ချောင်းထောင်လိုက် နှစ်ချောင်းထောင်လိုက် သုံးချောင်းထောင်လိုက်ဆိုရင် အဲဒါ စာနည်းနည်းရတာ။ ဘီ ဂရိတ်လောက်လုပ်ထားလို. အေလေးရလိုရညား တက်ကုန်ဖွင့်နေတာ။ ကိုယ့်ဦးနှောက်က နီးလာလေ ပွင့်လာလေ ဆိုတဲ့အမျိုး ဆိုတော့ မှတ်မိတယ်ဗျား။
- အဲ တပြုံးပြုံးနဲ. စာရွက်လေး တစ်ရွက် နှစ်ရွက် လောက်ကို ကိုင်ပြီး ဟိုနားလေး လှန်လိုက် စကားလေး လှမ်းပြောလိုက်နဲ. ဟိုကြည့်ဒီကြည့် ဆိုရင်တော့ အဲဒါ စာလုပ်ထားတယ် ငါအပီပဲ ဆိုတဲ့ သဘော။ စာရွက်လေးက နုတ်စ်လေးတွေ ထုတ်ထားတာ။ စာအုပ်တွေ ဘာတွေလှန်စရာမလိုဘူး။း) ပိုင်တယ် လို.ဆိုလိုတယ်။
အင်းခုလဲ စာမေးပွဲ ပဲ အယင်ပြီးချင်နေတယ်။ ဂရိတ်တွေဘာတွေတောင် သိပ်ဂရုမစိုက်ချင်တော့ပါဘူး။ ဂရိတ်ထွက်လာ ယင်လဲ ပြောပြဖို. စိတ်ကူးမရှိဘူး ဟီး ရှက်လို.။ ဘီလောက်မရယင်တော့ ဘဲဘဲ ကိုဒီစင်မန်စတာ ဘီရအောင်လုပ်မယ် လို. ပေးထားတဲ့ ဂတိလေး ပျက်တော့မှာ လို.တော့ တွေးမိသား။ ဒီကနေ. အဖို.ကတော့ သင်္ချာတွေနဲ. နပန်းလုံးရ အုံးမပေါ့ကွယ်။
ဟဟ အရှေ.က ဂျီးနီးယပ်စ်တွေ လုပ်သွားတာ အဲဒါ။ ကိုယ်လဲ အခု အဲဒီကိန်း ဆိုက်ပြီနဲ. တူတယ်။ ဒီဖော်မြူလာ သုံးပြီး တွက်နေရတာ မို.ပါ။
စာသာမရတယ် ဒီနှစ် သင်္ချာ ၃ ဘာသာ ယူထားတာနော်။ သိပ်ခေတာ မဟုတ်ဖူး။ အောင်မအောင်တော့ မပြောတတ်။း)
ကဲ အားလုံးပဲ သာမီး စာမေးပွဲ အောင်အောင် ဝိုင်းဝန်းပြီး မေတ္တာပို.သပေးကြစေလိုပါတယ်ရှင်။
ခိုင်ဝေဇံ










