ဒီတစ်ရက် နှစ်ရက် အတွင်းမှာ မြန်မာသီချင်းအဟောင်းတွေ ကိုတော်တော် နားထောင်ဖြစ်ပါတယ်။ ကိုယ်က Classical Music ကြိုက်တယ်။ ငယ်ငယ်တည်းကပါ။ မြန်မာခေတ်ပေါ်သီချင်းတွေကို Acid အဖွဲ. ပေါ်လာပြီးတည်းက သိပ်နားမထောင်ဖြစ်တော့ပါဘူး။ အခုမြန်မာပြည်နဲ. ဝေးနေတဲ့ အချိန်အတွင်းမှာ မြန်မာပြည်က အသစ်ပေါ်တဲ့ နောက်ပေါက် အဆိုတော်တွေနဲ. သီချင်းတွေကို ပြန်နားထောာင်တဲ့အခါ ဘယ်လိုမှနားထောင်လို. မရတော့ဘူး။ ဒီတလော မြန်မာသီချင်းတွေ အသစ်ရော အဟောင်းရော ပြန်နားထောင်ပြီး ယှဉ်ကြည့်တဲ့ အခါမှ မြန်မာ ဂီတလောက ဘယ်လောက် ကမောက်ကမ ဖြစ်နေလဲဆိုတာ သတိထားမိတယ်။
ကိုယ့်ဘလော့မှာ တခါရေးဖူးတယ်။ ခုရန်ကုန်မှာ အိမ်ထဲကနေလမ်းထိပ်ကို ထွက်ရင် အဆိုတော် ၄ ယောက် ၅ ယောက် ကို ခလုပ်မတိုက်ပဲနဲ. မရောက်ဖူးလို.။ ရက်ပါတွေဆိုတာ ဟောတစ်ယောက် ဟောတစ်ယောက်နဲ. ဇီးသီးပင် ကိုလှုပ်ချလိုက်တဲ့အတိုင်းပဲ တဖြောက်ဖြောက်နဲ.ကြွေကျကြတယ်။ ဘာဆိုလို. ဆိုနေမှန်း ကိုယ်လည်းမသိသလို သူတို.ကိုယ်တိုင်လည်း သိချင်မှသိမယ်။ အဲ သူတို.လုပ်လို. မြန်မာ ဂီတ အဆင့်အတန်းနိမ့်သွားတယ်လို. ပြောရင် လွန်ရကျမယ်။ သူတို.ရေးတဲ့ သီချင်းကို ကွမ်းယာရောင်းတဲ့ ကုလားတောင် စပ်တတ်တယ်။ ပိုက်ဆံမရှိလို. ခွေမထုတ်တာပဲရှိမယ်။ ကိုယ်တို. အလုပ်မှာ Graph Reading လုပ်ရတာရှိတယ်။ Average ကြည့်တဲ့သဘောပေါ့။ အဲဒီ ဂရက်ဖ်ထဲမှာ ဘယ်လောက်ပဲ ကောင်းကောင်း Outlier လို.ခေါ်တဲ့ Low Point (Defect) တွေပါလာလို.ရှိရင် Overall performance ကလျော့သွားပါတယ်။ အခုလဲ မြန်မာ့ဂီတလောကရဲ. Outlier ဆွဲချတွေကို List လုပ်ပြမယ်။
၁။ ခေါတ်ပေါ် ရက်ပါ ၊ဟစ်ဟော့ပါ များ
အခုမှ ဥကပေါက်ခါစ ရှိသေး ဒီဂျေပွတ်မယ် ဆိုတာကြီးပဲ။ လမ်းဘေးမှာပျော်တယ်၊ လမ်းဘေးမှာ သီချင်းစပ်မယ်။ အရက်နဲ. ဆေးခြောက်နဲ. ဒေါ်လာနဲ. Bling Bling နဲ. NYC ဦးထုပ်ဆောင်းပြီးဓါတ်ပုံရိုက်နိုင်ရင် ခေါတ်မီတယ်။ လူမည်း Music ကိုအတုယတာထားတော့ ပြောတာဆိုတာ ဝတ်တာစားတာက အစ အတိအကျလိုက်လုပ်စရာမှ မလိုတာ။ စကားပြောရင်လည်း လူလိုမပြောဘူး။ Yo တို. Mother Fucker တို. ကိုလည်း ထည့်ထည့်ပြောရသေးတယ်။ ဟဲ့ ဟိုက မူရင်းတွေ။ သူတို. ဂိုက်နဲ.ဆိုက်နဲ. ဘောင်းဘီပွပွဝတ်ရင်လည်းကြည့်ကောင်းတယ်။ စွပ်ကျယ်ဝတ်ရင်လည်း ကြည့်ကောင်းတယ်။ ဘလင်းဘလင်း ဝတ်လည်းကြည့်ကောင်းတယ်။ နင်တို.က အပွား။ မြန်မာက ဟာတွေက အရပ်က တစ်ထွာ တစ်မိုက်နဲ. ခွေးပစ်တဲ့ တုတ်တွေက ဘောင်းဘီ ဂွမြေလူးဝတ် ပြီး အရောင်ထွက်ပြီးရော ဆွဲကြိုးအတုတွေဝတ်၊ နံကြားပိန်လေးတွေနဲ. စွပ်ကျယ်ဝတ်တာကတော့ လူမြင်လို. မကောင်းဘူး။ ကိုယ်နဲ. လိုက်မှန်းမသိ မလိုက်မှန်းမသိ။
ဂျေမီကတော့ ထားလိုက်ပါတော့။ လုပ်ပြနေတယ်။ ကြိုးစားနေတယ်ပေါ့။ ကောင်းပါတယ်။ ဒါပေမယ့် စကား၂ခွန်းပြောတာ Fuck အခါတရာလောက်ထည့်ပြနေဖို. မလိုအပ်ဘူး။
အက်ဆစ်ပေါ်တဲ့အထိ လိုက်မီပါသေးတယ်။ ခံစားလို.ရတယ်။ ကျော်သူစိုးဆိုရင် လည်း အင်း ဒီလိုဆိုတော့လည်း ဟုတ်ပေသားပဲလို.။ သားစိုးက ကဂျိုးကဂျောင် ဟစ်ဟော့နဲ. မြန်မာသံ ပေါင်းတာလည်း ကိုယ့်လမ်းကိုယ်ဖောက်ကြည့်တာပဲ လို. နားလည်ပေးနိုင်သေးတယ်။ ဒါပေမဲ့ ဒါလက်ကုန်ပဲ။ Examplex ထွန်းထွန်း တို.ပေါ်လာတော့ စိတ်ကုန်သွားပြီ။ အသံရယ်လို.လည်း မကောင်း၊ သံစဉ်စာသားရယ်လို.လဲ အဓိပ္ပါယ်မရှိဘဲနဲ. ကော်ပီလေးတွေဆိုပြီး အဆိုတော်ဖြစ်သွားကြတာ။ နောက်တော့ ဘာတွေမှန်းလဲမသိတော့ဘူး။ Punk Rock လားဘာလားမသိတဲ့ Antibiotic တို. နောက်ပေါ်လာတဲ့ ကြက်ဖလားဘာလား ရှိပါသေးတယ်။ ဒီလောက်ပဲ ဟစ်ဟော့လောက ကိုငုံ.ကြည့်နိုင်မယ်။ ခုနောက်ပေါက်လေးတွေကတော့ လာမမေးနဲ.။ ဟိုးအောက်ကိုရောက်သွားတော့ မငုံ.နိုင်တော့ဘူး။ အသက်ကြီးလာတော့ ငုံ.ရင် သွေးတက်တယ်။
အဲမိန်းမတွေကလည်း မညံ့ပါဘူး။ လာသေးတယ်။ လိမ္မာလိုက်တဲ့ ငါ့သမီးလေးဆိုတဲ့ စန္ဒီမြင့်လွင်။ အသံက ဘယ်ကီးနဲ.မှ မကိုက်ဘူး။ အေးလေ စင်ပေါ်တက်ပြီး စကားပြောရုံ ပြောရတာဆိုတော့လည်း အသံကောင်းစရာ မှမလိုတာ။ လျှောက်အော်နိုင်ရင် ပြီးတာပဲ လို.သဘောထားလိုက်ရတယ်။
အဲ အဆိုးတွေကြားက အကောင်းနည်းနည်းပြောမယ်။ မျိုးကျော့မြိုင် ရှိသေးတယ်။ နောက်ပေါ်တဲ့အထဲမှာ ရသ မဆိုးဘူး။ ကျန်တဲ့ဟာတွေက ဖွတ်ရွှတ်ဒိုင်း။
၂။ သီချင်းဆိုချင်သော မော်ဒယ်များ
တချို.လည်း အောင်မြင်တယ်။
ဥပမာ - စိုင်းစိုင်း ၊ ဝိုင်းစုခိုင်သိန်း (အတိုင်းအတာ တစ်ခုထိ)
ဖွတ်ချီး
ဥပမာ - နန်းစုရတီစိုး (လက်လျှော့ပုံမရဘူး၊ ဟိုနားတက်ဆို ဒီနားတက်ဆို လုပ်တုန်း)
ဘယ်တစ်ယောက်ကမှ မကောင်းပါဘူး။ စိုင်းစိုင်းကကော ဘယ်လောက်ကောင်းနေလို.လဲ။ စာသားလေးတွေ ကတော့ မဆိုးပါဘူး။ ကိုယ်ပိုင်ဘယ်နှစ်ပုဒ်ရှိလဲ။ ကော်ပီတွေကို စာသားထည့်ထားတာပဲ ရှိတယ်။ အသံကတော့ ၁၀ ပေးရင် ၅ သာသာပဲရှိတယ်။ ကော်ပီဆိုတာချင်းအတူတူ ချစ်ကောင်းကို မီလား။ အောင်မြင်တာတော့ အောင်မြင်တာပေါ့။ အောင်မြင်တိုင်း အရည်အချင်းရှိတာမဟုတ်ဘူး။
မော်ဒယ်တွေရဲ. သီချင်းတစ်ပုဒ် ကို ဥပမာထည့်ပေးထားတယ်။ နားထောင်ကြည့်ပေါ့။
၃။ ဝါသနာပါပြီး ပိုက်ဆံပေါတဲ့လူတွေ
ဝါသနာ (ရှိ)
ပိုက်ဆံ (ရှိ)
အရည်အချင်း (မရှိ)
ဥပမာ - နေရဲမာန်
ကြားဖူးကြရဲ.လားမသိဘူး။ ပရိုမိုးရှင်းတွေအကြီးအကျယ်လုပ်တယ်။ အမ်တီဗွီ ရိုက်ရင် နာမည်ကြီးပေ့ဆိုတဲ့ မင်းသားတွေကို ၆ ယောက်လောက်ပြိုင်သုံး။ Billboard အကြီးကြီးတွေထောင်။ ခွေရောင်းတဲ့နေ.ကျရင် မင်းသားတွေကို လက်မှတ်ထိုးခိုင်းတယ်။ တီဗွီတွေ ကတ်ဆတ်တွေ ကံစမ်းမဲဖောက်တယ်။ တချို.သီချင်းလေးတွေ မဆိုပါဘူး။ ဒါပေမယ့် ခြုံကြည့်လိုက်ရင်တော့ သူလည်း သင်္ကြန်အမြှောက်ပါပဲ။
ကြိုးစားရှာပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ ဒါခဏပဲရမယ်။ ရေရှည်ထိ ပရိတ်သတ်ကို ထိန်းထားချင်ရင် အနုပညာ အရည်အချင်းနဲ.မှရမယ်။ ပရိုမိုးရှင်းနဲ. မရပါဘူး။ နားထောင်ကြည့်ပေါ့ နေရဲမာန်ကို မသိရင်
၎။ ပေါပေါလောလော မြန်မာသံစဉ်များ
တွံတေးစိုးအောင် ခေတ်တည်းက စပါတယ်။ သူက အရည်အချင်းမရှိတာမဟုတ်ဘူးနော်။ ရှိတယ်။ မယ်ဒလင် တလက်နဲ. ဖြစ်အောင် လုပ်ပြသွားတာ။ ရက်ပါတွေ ရှက်တက်ရင် လဲတောင်သေဖို.ကောင်းတယ်။ သူတို.မှာ ဒီလောက် ဝတ်စားရတာ နည်းတဲ့ ငွေမဟုတ်ဘူး။ စိုးအောင် အသံကလည်း မဆိုးပါဘူး။ တွံတေး သိန်းတန်တို. ခေတ်က ဆိုတော့ ဒီလိုင်းက ဒီအသံမျိုးနဲ.ပဲ ရတာကိုး။ သူက ယောင်ဝါးသွားတာ။ သူနာမည်ကြီးတာ ၃နှစ်လောက်ရှိမယ်။ သီချင်းကို အားချင်းထိုင်ရေးပြီး ခွေကို စက်နဲ.ထုတ်သလို လှည့်ထုပ်သွားတယ်။ နောက်ဆုံးတော့ သံစဉ်ထပ်သွားတယ်။ တခါလာလည်း ခပ်ဆင်ဆင် ဒီသံစဉ် ဒီစာသားပဲဖြစ်သွားတာ။ ငသိုင်းများပြီး ဟင်းဟုန်သွားတဲ့သဘော။ နောက်ဆုံးကျတော့ တွံတေး သိန်းတန်သီချင်းက တင်တယ်။ တွံတေး စိုးအောင်သီချင်း မတင်ဘူး။ ပျောက်ထွက်သွားတယ်။ နောက်ပိုင်းပေါ်တာတွေကတော့ အမည်ချပြလို.တောင် မရပါဘူး။ ပေါက်တာ ဘယ်နှစ်ခွေပါလဲ။ အရင်တလောတုန်းကတော့ မြန်မာသံ နတ်သီချင်းတွေကို Techno နဲ.ရောထားတဲ့ သီချင်းတစ်ခွေတွေ.လိုက်တယ်။ ဒီလိုပါပဲ။ လမ်းအသစ်ထွင်ကြည့်တာတော့ နားလည်ပေးလို.ရတယ်။ မြန်မာသံက နောက်ပိုင်းထွက်တဲ့ ကိုယ်ပိုင်သံစဉ်အခွေတွေက လက်ချိုးရီလို.ရတယ်။ ထွက်တော့လည်း မပေါက်ဘူးလေ။ အားလုံးက ပြန်ဆိုတွေချည်းပဲ။ ကြည်ကြည်ဌေးတို.ခေတ်က ဟာကို တင်တင်မြတို.ကဆို။ တင်တင်မြခေတ်ကဟာကို ဟေမာနေဝင်းတို.ကဆို၊ ဟေမာနေဝင်းဆို.ခေတ်ကဟာကို ရေဘက်ကာဝင်းတို.ကဆိုနဲ. ပတ်ချာလည်ရိုက်နေကြတယ်။ ခုနာမည်ကြီးတဲ့ သီချင်းအားလုံးကိုကြည့်ရင် အရင်သီချင်း ဆိုကောင်း လေးတွေကို ရက်ပ် တစ်ပိုဒ်စီထည့်ထားတာ။ ဒီလောက်ပြန်ဆိုရင်လဲ တော်ကြရောပေါ့။
၅။ နောက် ဆွဲချတွေကတော့ ပိုက်ဆံမြင်ရင် ထုတ်ပေးတဲ့ ပရိုဂျူဆာတွေ၊ ဖြစ်သလိုရေးပေးတဲ့ တေးရေးတွေ၊ ဖြစ်သလိုရိုက်ပေးတဲ့ ဒါရိုက်တာတွေ၊ ကိုယ့်သားသမီး အရည်အချင်းမသိ ပရိသတ်ကို နားဒုက္ခပေးလို.ရအောင် ပိုက်ဆံထုတ်ပေးတဲ့ မိဘတွေလည်းပါပါလိမ့်မယ်။
ဒီအကြောင်းအရာတွေအားလုံးက ကိုယ့်ရဲ. လူပိန်းအမြင်လေးနဲ.ရေးတာနော်။ Music အကြောင်းကို နားလည်လွန်းလို.မဟုတ်ဘူး။ သီချင်းတွေကို ခံစားဖို.အတွက် ဒီဂရီမလိုဘူးလေ။ လူပိန်းတောင်မှ ဒီလောက် Impressed မဖြစ်ရင် တကယ်တတ်တဲ့သူတွေဆိုရင် ဘယ်လောက်များ ခေတ်ပေါ်တေးဂီတနဲ. ပေါ်ပင်သမားတွေကို မြင်ပြင်းကတ်လိုက်မလဲမသိဘူး။
ခုကိုယ်တို.ဘဝက နင်တို. မြန်မာသီချင်းတစ်ပုဒ်လောက်ဖွင့်ပြစမ်းပါဆိုရင် တကယ်ဘာကို ပြလို.ပြရမှန်းမသိဘူး။ ဇော်ဝင်းထွဋ် တို.ခေတ်ကတည်းက ကူးချထားကြတာဆိုတဲ့ နိုင်ငံကျော် ရောခ့်ကာတွေကို လုံးဝချမပြရဲပါဘူး။ ဒီဘက်ခေတ်ရက်ပါတွေကလည်း အသုံးမကျ၊ ဟစ်ဟော့တွေကလည်း အမြီးအမောက်မတည့်။ အင်း မိုးညှင်းသံမ္ဗုဒေ ပဲ ဖွင့်ပြစရာကျန်တော့တယ်။
ဝင်းဦးတို.လို ရုပ်ချော အသံကောင်း စာရေးတတ်တဲ့ ပရိုဂျူတာ ဒါရိုက်တာ တွေဘယ်တော့များမှပေါ်လာပါတော့မလဲ။ ခုပေါ်တဲ့ ထွန်းထွန်းကို ဝင်းဦးနဲ. နှိုင်းတဲ့လူကရှိသေးတယ်။ အမလေး နံသာဆီနဲ. အီး။ ဘာမှ မဆိုင်ဘူး။ ထွန်းထွန်းဆိုတာ ပေမမီ ဒေါက်မမီ၊ အသံကမကောင်း၊ ရုပ်ရည်ကလည်း မရှိနဲ. ဟာကို။
ထားလိုက်ပါတော့။ မကောင်းတာတွေပြောရရင် ပြောလို.တောင် ဆုံးမှာမဟုတ်ဘူး။ ခုခေတ်ပေါ်တွေထဲက ကောင်းတဲ့လူတွေကိုတော့ ရေးပေးလိုက်ပါတယ်။
၁။ blackhole (နာမည်ပေးပုံကိုတော့ သဘောမကျပါဘူး။ ဘလက်ဟိုး ဆိုပဲ။း( ....)
၂။ L မောင်နှမ ( L လွန်းဝါနဲ. L ဆိုင်းဇီ)
၃။ ရသ
၎။ သားစိုး
၅။ ဗညားဟန် (မြန်မာသံ)
ရေးရတာ မောတယ်။ ရော့ နားထောင်ကြည့်။ မြို.မငြိမ်းရေးတဲ့ ကသစ်ပန်း။ အခုခေတ် ရက်ပါခေါင်း အလုံးတသောင်းပေါင်းပြီး ရေးရင်လည်း ဒီလို စာသားတွေ ဒီလိုသံစဉ်တွေ မရတော့ဘူး။
ရေးရတာ ရှည်တော့ မောတယ်။ ထမင်းသွားစားအုံးမယ်။
စားနိုင်ရင် ကိုယ့်ဖို.ပဲ။
ခိုင်ဝေဇံ
အမေနေ. အမှတ်တရ ညစာ
ကဲ မရေးတာကြာလို. ဘာရေးရမှန်းတောင် မသိဘူး။ ဖြစ်နေတယ်။
အမေက ဘလော့ရေးတာမကြိုက်ဘူး။ အိမ်မှာရေးရင် အဆူခံထိတော့ ရေးလို.မရဘူး။ လက်ပ်တော့ပ် ကလည်း ပျက်နေတယ်။ အလုပ်က ကွန်ပျူတာကလည်း မြန်မာဖောင့် အင်စတော လုပ်လို.မရဘူးဆိုလို. ဘလော့နဲ. အဆက်အသွယ်ပြတ်သွားတာ ခုမှပဲ ပြန်စရမှာပါ။ ဖတ်နေကျ လူတွေတောင်မှ အသစ်မတင်တာကြာလို. လာဖတ်ဖြစ်တော့မှာမဟုတ်ဘူး ထင်တယ်။
ပုံမှန်တင်နိုင်အောင်တော့ ကြိုးစားရမယ်။ ရခိုင်ဘလော့ တခုလည်း လုပ်နေတယ်။ ရခိုင်အစားအသောက်နဲ. ပတ်သတ်ပြီးပဲလုပ်ချင်တာဆိုတော့ ကိုယ်ကလည်း မချက်တတ်တာနဲ. ဓါတ်ပုံ source က ဘယ်က ရှာရမှန်း မသိဘူး။ ဖြည်းဖြည်းတော့ လုပ်ယူရမယ်။ ရခိုင်ဘလော့ကိုတော့ နောက် ၃ လလောက် အချိန်ယူရမယ်။ ရခိုင်စာဖတ် ပရိသတ်ကလည်း မများဘူး။ ကိုယ့် အသိအကျွမ်းကလည်း မရှိဘူးဆိုတော့ လုပ်သာလုပ်ရမှာ အားမရှိပါဘူး။ ဒီမှာ လုပ်ထားတဲ့ ရခိုင်ပို.စ်တွေကိုလည်း ဟိုဘက်ပြောင်းရမယ်။
လောလောဆယ်တော့ Mother's day တုန်းက ဆူရှီတေးမှာ သွားစားဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်တယ်။ မှတ်မိသေးလား Tatsuya ဆူရှီမှာ မစားရမချင်း ဆူရှီအကြောင်းမရေးဘူး လို.ပြောခဲ့တာ။ မစားဖြစ်ပါဘူး။ ဒီလလည်း စားဖြစ်မယ် မထင်ဘူး။ အလုပ်၊ vacation၊ စာမေးပွဲ ရယ် အမေ ရောက်နေတာရယ် ပေါင်းတော့ ယားရင်ကုတ်ဖို. လက်တောင် ငှားရမဲ့သဘောရှိတယ်။
ဘာပဲ ပြောပြော အမေနေ.မှာ အမေရောက်လို. အမေနဲ. အတူစားရတာကိုက ကံကောင်းလို.ပါ။း)
အမေက ဘလော့ရေးတာမကြိုက်ဘူး။ အိမ်မှာရေးရင် အဆူခံထိတော့ ရေးလို.မရဘူး။ လက်ပ်တော့ပ် ကလည်း ပျက်နေတယ်။ အလုပ်က ကွန်ပျူတာကလည်း မြန်မာဖောင့် အင်စတော လုပ်လို.မရဘူးဆိုလို. ဘလော့နဲ. အဆက်အသွယ်ပြတ်သွားတာ ခုမှပဲ ပြန်စရမှာပါ။ ဖတ်နေကျ လူတွေတောင်မှ အသစ်မတင်တာကြာလို. လာဖတ်ဖြစ်တော့မှာမဟုတ်ဘူး ထင်တယ်။
ပုံမှန်တင်နိုင်အောင်တော့ ကြိုးစားရမယ်။ ရခိုင်ဘလော့ တခုလည်း လုပ်နေတယ်။ ရခိုင်အစားအသောက်နဲ. ပတ်သတ်ပြီးပဲလုပ်ချင်တာဆိုတော့ ကိုယ်ကလည်း မချက်တတ်တာနဲ. ဓါတ်ပုံ source က ဘယ်က ရှာရမှန်း မသိဘူး။ ဖြည်းဖြည်းတော့ လုပ်ယူရမယ်။ ရခိုင်ဘလော့ကိုတော့ နောက် ၃ လလောက် အချိန်ယူရမယ်။ ရခိုင်စာဖတ် ပရိသတ်ကလည်း မများဘူး။ ကိုယ့် အသိအကျွမ်းကလည်း မရှိဘူးဆိုတော့ လုပ်သာလုပ်ရမှာ အားမရှိပါဘူး။ ဒီမှာ လုပ်ထားတဲ့ ရခိုင်ပို.စ်တွေကိုလည်း ဟိုဘက်ပြောင်းရမယ်။
လောလောဆယ်တော့ Mother's day တုန်းက ဆူရှီတေးမှာ သွားစားဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်တယ်။ မှတ်မိသေးလား Tatsuya ဆူရှီမှာ မစားရမချင်း ဆူရှီအကြောင်းမရေးဘူး လို.ပြောခဲ့တာ။ မစားဖြစ်ပါဘူး။ ဒီလလည်း စားဖြစ်မယ် မထင်ဘူး။ အလုပ်၊ vacation၊ စာမေးပွဲ ရယ် အမေ ရောက်နေတာရယ် ပေါင်းတော့ ယားရင်ကုတ်ဖို. လက်တောင် ငှားရမဲ့သဘောရှိတယ်။
ဘာပဲ ပြောပြော အမေနေ.မှာ အမေရောက်လို. အမေနဲ. အတူစားရတာကိုက ကံကောင်းလို.ပါ။း)
Tradational Sumo Hotpot
Salmon Belly
Sushi Platter
Sushi ကတော့ အကောင်းဆုံးပါပဲ။ အစိမ်းအတိုင်းမဟုတ်ပဲ light grilled လေးလုပ်ပေးထားတယ်။ ဒါမျိုးကတော့ ၁၀ ပွဲလောက် အသာလေး။း)
Phoenix sushi roll
juicy lobster wrapped with rice and topped with big chunk of unagi and some sprinkle of fish roe... Nom Nom Nom
The last but not the least, the one and only
ME
Preparing to dig in
း)
စားနိုင်ရင် ကိုယ့်ဖို.ပဲ။
ခိုင်ဝေဇံ
Been to ' Henderson waves'
I am not sure about others but it is not so long ago that I know this place exists. Want to get in touch with green? Why dont we take a walk over the bridge??
Henderson waves @ night
Photo source;https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpyWLDpt4ATe3agzsQNXBkwiLJnWuJdhPpLCcuNyc5zVm2FTCZFqokfsZNVddzICxeoIoFpgRF28GT_-hBX5SAyqKCaBvtwuouZz53frM9CJPHgF1XuZ1FECjzxkDsBieRJ4N5Ox960BEi/s400/henderson-wave-bridge.jpg
@day
photo credit; https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo_F59YHAHoP-pY0-acH4_lkHySVKtuDC0fL88XcJ1SS_8EgfzExLsWx179BWW01WzFrehnzOTi-xyquHjieUA-3NNp-58swYewiEuw6rCuKyXP_ieqfA7zOhYmvbzaYUSSL7luIh0CwBc/s400/normal_southern-ridges-henderson-waves-9.jpg
Mom taking a walk
Scene from the bridge
The bridge is connected to Hort Park, Telok Blangah hills park, Mount Faber Park, and Kent Ridges park. Its good to get in touch with green sometimes. :)
@ Telok Blangah hills park
That particular spot makes you feel like you are on vacation @ some European countries' hillside.
Can spot me and mom waving???? :D @ That walk is awesome.
Singapore doesnt have much green spots which makes you feel like you are home @ Rakhine but I am glad I found some. Pity on those Yangon thu/thar as they might not have much memory of Scenery like this. I grew up in Rakhine which wall is Rakhine Roma Mountains on one side and endless ocean, Bay of Bengal on the other side. I grew up breathing the fresh sea breeze everyday and playing up and down the hills. I had my time as a kid and I considered myself as very lucky to grow up in that environment and in that society. I wish I could go back on coming 2012. I swear I would make a Travel documentary out of the trip.
Khine Wai Zan
I-SOMETHING
With Apple I phone/I pod/ I pad taking over the world, I present you things that I belong from 'I - something' Series.
Khine Wai Zan
1. I pod shuffle
2. I pad
3. I PooP
hehe.Khine Wai Zan
Too precious not to upload!!
ထိုင်းအစားအစာ (၁)
ကဲ
ခုမှ အားရပါးရ ရေးရတော့ယ်။ ရေးမယ်ရေးမယ်နဲ. ဓါတ်ပုံတွေမရသေးလို. စောင့်နေရတာ။ ထိုင်းမှာ စားခဲ့သမျှ အစားအစာတွေ အားလုံးထဲကမှ အကြိုက်ဆုံး Top 5 ကိုရွေးတင်ပေးလိုက်တယ်။
၁။ အမဲဝမ်းတွင်းသား စွပ်ပြုတ်
နေရာတိုင်းမှာတွေ.ရတဲ့ အစားအသောက်ပါ။ အမဲသား အအူ ကလီစာ အရိုး အရွတ်တွေကို ကြက်သွန်မြိတ်၊ ရှမ်းနံနံ နဲ. ပင်စိမ်းရွက် နိုင်နိုင်ထည့်ပြီးတော့ ပြုတ်ထားတာ။ အတွဲအစပ်ကတော့ ဝက်အသည်းသုပ်မှာလိုက်တယ်။ အဲဒီ ဟော့ပေါ့က မီးသွေးအိုးလေးနဲ. မြေအိုးနဲ. သေချာနှပ်ထားတာ။ အူတွေက နူးပြီးတော့ အိနေတာပဲ။ စပ်စပ်ကလေးလုပ်ပေးထားတယ်။ အဲဒီ အမဲအူပြုတ်နဲ. တွဲစားဖို. ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေ တပုံကြီးပေးထားတယ်။ ကောင်းသလားလို.မမေးနဲ.။ တစ်ပွဲကိုမှ ဘတ် ၃၀ (စင်္ကာပူ ၁ကျပ်သာသာ) ပဲပေးရတယ်။ ဒီလိုဆိုတော့လဲ ဘန်ကောက်က နေချင်စရာကြီးပဲ။း)
၂။ ထိုင်းမုန်.တီ
ကျန်တာတွေက တော့ ဖြည်းဖြည်းမှပဲ တင်ပါတော့မယ်။ လောလောဆယ် ဒါအမြည်းပေါ့။ ဟီး။
ခုမှ အားရပါးရ ရေးရတော့ယ်။ ရေးမယ်ရေးမယ်နဲ. ဓါတ်ပုံတွေမရသေးလို. စောင့်နေရတာ။ ထိုင်းမှာ စားခဲ့သမျှ အစားအစာတွေ အားလုံးထဲကမှ အကြိုက်ဆုံး Top 5 ကိုရွေးတင်ပေးလိုက်တယ်။
၁။ အမဲဝမ်းတွင်းသား စွပ်ပြုတ်
၂။ ထိုင်းမုန်.တီ
ထိုင်းရောက်ပြီးမှ တခုနားလည်လာတာက ထိုင်းတွေက စပ်တယ်လို.ပြောရင် သွားမစားပါနဲ.။ သူတို.စပ်တာက ရခိုင်သူဖြစ်တဲ့ ကိုယ် စပ်တယ် ဆိုတာထက်တောင်အပုံကြီးသာတယ်။ ကိုယ်ဒီ ဟင်းရည်ကို မယူခင် ဆိုင်က စားပွဲထိုး ကရင်လေးက သတိပေးတယ်။ အမ စပ်တယ်နော်တဲ့။ ကိုယ်က ဒါများအပျော့ ဆိုတဲ့ မခို.တရို.အပြုံးလေးပြုံးပြလိုက်တယ်။ အဲ စားလဲပြီးရော မပြုံးနိုင်တော့ပါဘူး။ သေအောင်ကောင်းသလို သေအောင်လဲစပ်ပါတယ်။ ဟင်းသီးဟင်းရွက်ကတော့ ထုံးစံအတိုင်း ပေါပေါလောလောပေးထားတယ်။ ကြက်သွေးတုံးတွေနဲ. လက်ပံပွင့်တွေလဲ ပါသေးတယ်။း) ဟဲဟဲ စပ်တာခံနိုင်ရင်တော့ စားပေါ့နော်။ ကိုယ် ၂ ခေါက်စားဖြစ်တယ်။
ကိုယ် ၃ ရက်တိတိ လူမသိ သူမသိဝမ်းသွားခဲ့တယ်။ အစားကြိုက်တဲ့လူက ဗိုက်နာ ဗိုက်အောင့် ဝမ်းကိုက် တာမျိုးတွေကို ရောဂါလို.သတ်မှတ်လို.မရဘူး။ လူကိုမနိုင်တော့ ဗိုက်ကလည်းအလိုလိုက်ရတယ်ထင်တယ်။ ကိုယ်ဘယ်လောက်စားစား ဝမ်းကိုက် ဝမ်းသွားဖြစ်ခဲတယ်။ ဖြစ်လည်းသိပ်ဂရုစိုက်တာမဟုတ်ဘူး။ ဘာဆေးမှလဲ မသောက်ဘူး။ အချိန်တန်ရင် သူ.ဟာနဲ.သူကောင်းသွားတာပဲ။ ဝမ်းမကောင်းဘူးလို. ညည်းတဲ့ လူငယ်လူရွယ် လူလတ်တွေကို မုန်းတယ်။ လူကြီးကိုတော့ မပြောပါဘူး။ ကဲ ပြောရင်နဲ. တော့ပစ်က မဆိုင်တာတွေရောက်ကုန်ပြီ။
၃။ ကင်းမွန်ကင်
ကင်းမွန်ကို ဒီလို ကင်စားလို.ရတယ် ဆိုတာ ခုမှပဲသိတော့တယ်။ ကင်းမွန်လတ်လတ်ဆတ်ဆတ်တွေက တကောင်တကောင်ကို မနည်းပါဘူး။ အကြီးကြီးတွေ။ တခုမှ ဘတ် ၁၀ပဲ ပေးရတယ်။ ပေးတဲ့ ဆော့စ်က မြန်မာကြိုက် ငရုတ်သီးမကျီးချဥရည် မှာ နံနံပင်လေး ညှပ်ထည့်ထားတာ။ ချဉ်ချဉ်စပ်စပ်နဲ.။ မီးသွေးနဲ. မီးအေးအေးမှာ စိမ်ကင်တဲ့ အကင်မျိုးကလည်းဖြစ်၊ ကင်းမွန်ကလည်းလတ်ဆိုတော့ ချိုလိုက်တာ မပြောပါနဲ.တော့။ ၂ပတ်ကျော် ဘန်ကောက်မှာ နေခဲ့တာ နေ.တိုင်းနီးပါးကို စားဖြစ်ပါတယ်။
၎။ သင်္ဘောသီးသုပ်
ထိုင်းသင်္ဘောသီးသုပ်ကို မြန်မာမှာ နေတုန်းကရော၊ စင်္ကာပူမှာပါ အကြိမ်တော်တော်များမျာစားဖူးပါတယ်။ ဒါပေမယ့် ခုမှပဲ ထိုင်းသင်္ဘောသီးသုပ် အစစ်အမှန်ကို မျက်မြင်ကိုယ်တွေ. တွေ.ဖူး စားဖူးတာပါ။ ကိုယ်စားခဲ့ဖူးသမျှတွေနဲ. တခြားစီပဲ။ သူတို.က ကျောက်ဆုံလိုမျိုး ထည့်ထောင်းတဲ့ နယ်တဲ့ ဆုံတခုကို သုံးတယ်။ ပုဇွန်ခြောက်နဲ. သုပ်တာတို. မြေပဲနဲ. သုပ်တာတို. အမျိုးမျိုးရှိတယ်။ ကိုယ့်အကြိုက်ကတော့ ဆားရည်စိမ် ဂဏန်းအသေးလေး ထည့်ထောင်းတာပါ။ ငရုတ်သီးကိုထောင်း၊ ဆားအချိုမှုန်. ငံပြာရည်နိုင်နိုင်ထည့်၊ ငပိရည်နိုင်နိုင်ထည့်၊ သံပုရာသီးတခြမ်းညှစ်ထည့်၊ ပြီးရင် သင်္ဘောသီးဖတ်ထည့်၊ ခရမ်းချဉ်သီးအသေးလေး တလုံးညှပ်ထည့်ပါတယ်။ ပြီးတော့ ထူးထူးဆန်းဆန်း ခရမ်းသီး အသေးလေးတွေလည်း ညှပ်ထည့်သေးတယ်။ ပြီးတော့ ဂဏန်း လေးဖဲ့ခြွေပြီးထည့်။ ပြီးရင် နည်းနည်းကြေသွားအောင်ထောင်း ပြီး မုန်.ဖတ်နဲ. ရောမယ်ဆို မုန်.ဖတ်ထည့်ထောင်းပါတယ်။ ပါတဲ့ပစ္စည်းတွေကြည့်ပေါ့။ မကောင်းဘယ်နေပါ့မလဲ။ ဒီမှာရောင်းတဲ့ သင်္ဘောသီးသုပ်တွေနဲ.ဆို ခွေးချီးန. နတ်သုဒ္ဒါလို ကွာမယ်ထင်တယ်။
ထူးဆန်းတာက သင်္ဘောသီးသုပ် တခုတည်းပေးတာမဟုတ်ပါဘူး။ ဆလတ်ရွက် နံနံပင် ကန်စွန်းရွက် သခွားသီး ဂေါ်ဖီရွက်တွေ တထွေးကြီးပါထည့်ပေးတာပါ။ ဘေးမှ အရွက်လတ်လတ်ဆတ်ဆတ်တွေ တောင်းကြီးနဲ. အပြည့်ချထားတယ်။ လာဝယ်တဲ့သူက ကြိုက်သလောက် ကောက်သွားလို.ရပါတယ်။
၅။ တုန်ယမ်း
တုံယမ်းကတော့ ဘယ်မှာ မှာမှာ ဘယ်မှာ စားစား စားလို.မဝင်မှာ စိတ်ပူစရာမလိုပါဘူး။ တုံယမ်းမှာ ပါတဲ့ အဆာပလာတွေက လည်း စုံနေတာပါပဲ။ အထူးချီးကျူးစရာ မလိုပါဘူး။ တုံယမ်းအနှစ်ကလေး နည်းနည်းထည့်ပြီး ချက်ထားတဲ့ မဖြစ်ညစ်ကျယ် တုံယမ်းတွေနဲ. ကွာပ။
Here is the bonus for you. BUGS.... Remember I wrote here that I wanted to try all the bugs in Thailand. Well, my wish came true. I found one small small that sells bugs.. I was not able to pose and take pic biting it as our group was in a hurry. I took pic of some of the items and tried some of it. I bought the crispy crikets and as a bonus, found one fried coakroach amonth them. Win lotto. hehe.
Fried Crickets Fried Dragon Fly
Fried silk warms
Fried small frogs
ကျန်တာတွေက တော့ ဖြည်းဖြည်းမှပဲ တင်ပါတော့မယ်။ လောလောဆယ် ဒါအမြည်းပေါ့။ ဟီး။
ခိုင်ဝေဇံ

























