စင်္ကာပူကို ရောက်ပြီးတည်းက အိမ် ၉ ခါပြောင်းဖူးတယ်။
ဒီလိုပါပဲ။ အမျိုးမျိုးသော အိမ်ငှားဖော်တွေနဲ.လဲ ကြုံရတာပေါ့။ ကိုယ့်အပေါ်ကောင်းတဲ့သူ ကိုယ်အပေါ်ဆိုးတဲ့သူ။ Room mate တွေ ကျေးဇူးနဲ. ရဲစခန်းလဲ ရောက်ဖူးတယ်။ အလိမ်လဲခံရဖူးတယ်။ ရန်တွေလဲ ဖြစ်ရဖူးတယ်။ အိမ်ပိုင် မရှိသေးသရွေ.တော့ ဒီဒုက္ခတွေက ပြေးလို.လွတ်မှာ မဟုတ်ဘူး။
ခုတော့ ကိုယ့်ညီမလေးနဲ. အတူနေတော့ Room mate ပြသနာ သိပ်တော့ မရှိဘူး။ ကိုယ့်ညီမ နဲ.ကိုယ်နဲ.က အကြိုက်တူတယ်။ ဘက်ညီတယ်။ ဒါပေမဲ့ သူကနည်းနည်း ပို တောက်ညင်ကတ်ဖို.ကောင်းတယ် (ကိုယ့်အထင်)။ ကိုယ်တို.အခန်းက တချို.မိန်းကလေးတွေနေတဲ့ အခန်းလို တောက်ပြောင်သန်.ရှင်းနေမှာတော့ မဟုတ်ဘူး။ နှစ်ယောက်စလုံးက စိတ်လိုလက်ရမှ အခန်းကောက်ရှင်းကြတာ။
ဘယ်အချိန်ပဲဝင်ကြည့်ကြည့်ကိုယ့်အခန်းမှာ -
အမြဲတမ်းဖွင့်ထားတဲ့ Lap Top တလုံးကိုတွေ.လိမ့်မယ်။ ဘယ်တော့မှ shutdown မလုပ်ဖူး။ Cooling Fan တွေဘာတွေလဲမသုံးဘူး။ တခါတလေ အပူလွန်ပြီး အော်တို shutdown ဖြစ်သွားတတ်တယ်။ ဗိုင်းရပ်စ်တွေလဲ အများကြီးရှိတယ်။ ခဏခဏလည်း ဖော်မတ်ပြန်ချရတယ်။ တခါတခါ လည်း ကုတင်ပေါ်က ပြုတ်ပြုတ်ကျတယ်။ ဒါပေမဲ့ ခုထိမပျက်သေးဘူး။ ကိုယ် မဟုတ်ရင် ကိုယ့်ညီမ တယောက်ယောက် ကအမြဲသုံးနေလိမ့်မယ်။ ဒါပေမယ့် စာလုပ်လို.ရတဲ့ Microsoft word/excel/powerpoint ဘာမှ install လုပ်မထားဘူး။ အာဂ မိန်းမတွေသုံးတဲ့ အာဂ ကွန်ပျူတာ။ ဟီးဟီး။
လောလောဆယ်ဖတ်နေဆဲ စာအုပ်များ
ဟိုနားတအုပ်နှစ်အုပ် ဒီနားတအုပ်နှစ်အုပ် နဲ. ပျံ.ကြဲနေတဲ့ စာအုပ်တွေတွေ.မယ်။ ကျောင်းစာတော့မဟုတ်ဘူး။ ဝထ္ထုစာအုပ်တွေ။ ကိုယ့်ညီမကလည်း အသေဝယ်။ ကိုယ်ကလည်း လိုင်ဘရီက အသေငှား။ နှစ်ယောက်စလုံးက လှိမ့်ပိမ့်ပြီး စာအုပ်ဖတ်ကြတယ်။ ကိုယ်ဖတ်တဲ့ Fantasy Fiction တွေရှိမယ်။ ညီမဖတ်တဲ့ နာမည်ကြီး စာရေးဆရာတွေရဲ့ စာအုပ်တွေရှိမယ်။ ဘာစာအုပ်ပဲ လာလာ အသကုန်ဖတ်တာပဲ။
အလှပြင်ခုံမှာ ညီညီညာညာစီမထားတဲ့ မိပ်ကပ်တွေတွေ.မယ်။ နှစ်ယောက်လုံးအလှပြင်တာ ဝါသနာပါတယ်။ ကိုယ်က ပြင်ချင်ပေမယ့် ပြင်လို.မရဘူး။ ပြင်လိုက်ရင် ပိုဆိုးသွားတယ်။ Moisturizerတဘူး၊ Eye Liner တခု၊ Mineral Powder တဘူး၊ Blusherတခု၊ Lipstickတခုဆိုရင် ကိုယ်အလှပြင်လို.ရတဲ့ အတိုင်းအတာကုန်သွားပြီ။ ဒါပေမယ့် လှလိုလှငြား ဆင်ကြည့်ဖို. ဝယ်ထားတဲ့ ပစ္စည်းတွေ တပုံတပင် ရှိတယ်။ သုံးလို.လည်းမရ ပစ်ဖို.လည်းနှမြော ပေးဖို.လည်းနှမြောနဲ.။ အဟီး။
ဘယ်တော့မှ ရှင်းလို.မရတဲ့ ကေဘယ်ကြိုးတွေရှိတယ်။ ဘယ်တော့မှ ရှင်းလို.မရဘူး။ ၅မိနစ်ဆိုပြန်ရှုပ်သွားတယ်။
၁၂.၉၀ ဒေါ်လာနဲ. ကိုယ့်စိတ်ကြိုက်ဝယ်ထားတဲ့ အိပ်ရာခင်းရှိတယ်။ ကိုယ်နဲ. ကိုယ့်ညီမက ဆိုက်ကို အထာ။ ကိုယ့် အိပ်ရာခင်းက ဆင်တူခေါင်းအုံးစွပ်ကို သူသုံးပြီးတော့ ၊သူ.ခေါင်းအုံးစွပ်က ကိုယ့်ဆီရောက်နေတယ်။ ကြည့်ရတာ ကိုးရို.ကားရားပေမယ့် ခုထိမလဲရသေးဘူး။ လျှော်ပြီးလဲ အဲဒီအတိုင်းပဲပြန်ဖြစ်သွားတာပဲ။ ကိုယ်လဲပြောမနေတော့ဘူး။
ကိုယ်အမြဲတမ်း ဖက်အိပ်တဲ့ ကိုယ့်အရုပ်ကလေး ကိုလတ်ကိုတွေ.မယ်။ ကိုလတ်ဆိုတာ အရင်တုံးက ကိုယ်တဖတ်သတ်ကြိုက်ဖူးတဲ့ ကောင်လေးနာမည်ဆိုပါတော့။ ဟီးဟီး။ အဲဒါကြောင့် ပေးထားတာ။ ကိုယ့်ဘဲကတော့ သိပ်မနာလိုဘူး။ ဒါပေမယ့် သူ.နာမည်ကိုပေးရင် သူခွေးဖြစ်သွားမှာပေါ့။ ဟုတ်တယ်ဟုတ်။ ကိုယ် တာကာရှီမာယာမှာ cashier လုပ်တုန်းက ဝယ်ထားတာ။ ဘယ်အိမ်ပြောင်းပြောင်းသူပါတယ်။း)
အင်း ဒါမှမဟုတ် အိပ်ရင်အိပ်၊ မအိပ်ရင် ကွန်ပျူတာသုံး၊ မသုံးရင် စာအုပ်ဖတ်၊ မဖတ်ရင် ကိုယ့်ဟာကိုယ် ဓါတ်ပုံရိုက်နေတဲ့ ကိုယ့်ကိုတွေ.မယ်။ တခုခုစားရင်စားနေမယ်။ ကာတွန်းတွေ လျှောက်ဖတ်ပြီးပြီ တဟားဟား ရယ်ရင်လဲ ရယ်နေလိမ့်မယ်။ ကရင် ထကနေမယ်။ ဂိမ်းဆော့မယ်။ Chatting ဝင်မယ်။ ဘဲနဲ.စကားပြောမယ်။ ၃လမှာတခါလောက်တော့ အရူးမီးဝိုင်းစာတွေလုပ်ရင်လဲ လုပ်နေလိမ့်မယ်။ အဲ ၅လမှာတခါလောက် ငါအ၇မ်းဝနေပြီ ငါအရမ်းဝနေပြီ ဆိုပြီးတော့ အရူးထပြီး လေ့ကျင့်ခန်းတွေ ကောက်လုပ်ရင် ကောက်လုပ်နေမယ်။
ဒါမှမဟုတ်ရင် နေမကောင်းဖြစ်နေတဲ့ ကိုယ့်ညီမကိုတွေ.မယ်။ သူက တနေ.မှာ တခါ အမြဲတမ်းနေမကောင်းဖြစ်တယ်။ သူ.ရဲ့ tradation ပေါ့။ ခေါင်းမူးနေမယ်။ အံချင်နေမယ်။ လေတက်ရင်တက်နေမယ်။ ဆရာခိုတွေ ကောက်လိမ်းနေလိမ့်မယ်။ သူကွန်ပျူတာ သုံးရင်တော့ ဖက်ရှင်ဘလော့ တွေ၊ LV တို. Prada တို. chanel တို.က အိပ်တွေ ပစ္စည်းတွေကို ကြည့်ပြီး သရေယိုနေမယ်။ ဒါတွေမှမလုပ်ရင် သူ.ဘဲနဲ.၇န်ဖြစ်နေလိမ့်မယ်။
ဒီလိုပါပဲ။ အခန်းလေးက မှောင်မှောင်မဲမဲလေး။ ကော်ရစ်ဒါဘက်က ကျတဲ့အခန်းဆိုတော့ ပြတင်းပေါက်ကို ဘယ်တော့မှာ မဖွင့်ဘူး။ ခမ်းခမ်းနားနားလဲ မဟုတ်ဘူး။ ပျော်လားဆိုတော့ ပျော်ပါတယ်။ ကိုယ်က စိတ်မှ အဲလောက်မညစ်တတ်တာ။ အခန်းရှင်းနေလဲ ပျော်တယ်၊ ရှုတ်နေလဲ ပျော်တယ်။ လင်းနေလဲ ပျော်တယ် မှောင်နေလဲ ပျော်တယ်။ ဘာပဲပြောပြော ပျော်တယ် မပျော်ဘူးဆိုတာ အခန်းနဲ. မဆိုင်ဘူး။ အခန်းထဲမှာ နေတဲ့လူနဲ.ပဲဆိုင်တာပဲ။ ကိုယ့်အခန်းထဲမှာ ကိုယ်ပျော်အောင်နေကြပေါ့။
ခိုင်ဝေဇံ