Fake Eyelashes


မျက်တောင်တု ၁ စုံဝယ်ခဲ့တယ်။ The Face Shop က။ ပြောပြန်ရင်လည်း ဇာတ် က စားမလို.လား အမေးခံရမယ်။ အခုခေတ်မှာ မိန်းကလေးတိုင်း မျက်တောင်တု တပ်နေကြတာ သူသူ ကိုယ်ကိုယ်။ လိုက်မလိုက် စမ်းကြည့်ချင်တာပေါ့။

ကိုယ့်မျက်စိ အကြောင်းတော့ ကိုယ်သိပါတယ်။ မျက်ကွင်းကြီးက ရေတောင်ခပ်သောက်လို.ရနေတာကို။ ဒီထက်မျက်ကွင်းညိုလာရင်လဲ Singapore Zoo ထဲသွားပြီး ပန်ဒါရုံထဲ ဝင်နေဖို.ပဲရှိတော့တယ်။ အမှန်က ဒီလို မျက်ကွင်းညိုတဲ့ လူမျိုးက မျက်လုံးကို သူများအာရုံစိုက်မိအောင် မလုပ်ရဘူး။ ကိုယ့်မျက်တောင်ကို လူမမြင်ဘဲနဲ. မျက်တွင်းဟောက်ပတ်ကြီးပဲ မြင်သွားတတ်တယ်။

ဒါပေမယ့် စမ်းကလည်း ကြည့်ချင်သေးတယ်။ ဘူပြောလဲ မလှဘူးလို.။ ကိုယ် မလုပ်ကြည့်ပဲနဲ. လှမလှ ဘယ်လို သိမလဲ။ အဲဒါနဲ. ပဲ ၄.၉၀ ဒေါ်လာနဲ. မျက်တောင်တု ဝယ်လိုက်တယ်။ မလိုက်လဲ ဘာအရေးလဲ ၄.၉၀ လောက်များ။ ငွေရေးကြေးရေး ခွေးချေးပေါ့။
ဝတ်ကြည့်တော့ တကယ်မလိုက်ပါဘူး။ ကိုယ့်မျက်တောင်ကလည်း သိပ်အပါးကြီးမဟုတ်ဘူး။ ဝယ်လာတဲ့ မျက်တောင်က နည်းနည်းထူနေတယ်။ ဒီတော့ ဇာတ်မင်းသမီးနဲ.တူနေတယ်။ ဒီထက်ပါးပါး လျားလျားလေး သုံးရင်တော့ လိုက်လောက်တယ်ထင်တယ်။
ဓါတ်ပုံတွေ တင်ပေးလိုက်တယ်။  ဓါတ်ပုံကိုကြည့်ပြီး လှတယ်လို.တော့ လာမပြောနဲ.။ အပုံ ၅၀ကျော် ရိုက်တာကို မှ လှတဲ့ပုံ အဲလောက်ပဲပါတာ။ လက်တော့ မလျှော့ပါဘူး။ နောက်တစုံ စမ်းကြည့်အုံးမယ်။ ဟီး။


 




ခိုင်ဝေဇံ

2 comments:

  1. ဆိုလိုတာက မျက်တောင်အတုကြီးနဲ့ လှနေတယ်ပေါ့... ရိုက်ပေးလိုက် ရတဲ့ ဓာတ်ပုံ..အကောင်းလည်းအပြောမခံရဘူး..

    ReplyDelete
  2. အထက်ကပုံ ပိုလို့ကြည့်ကောင်းရေပိုင်မြင်ရေ..ပုံ့ပုံ့ရိုက်ချက်ပါ့..

    ReplyDelete